(Zawgyi/Unicode)
ကမာၻအ၀န္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြ ခ်မွတ္လာရာက သတင္းလြတ္လပ္ခြင့္မွာပါ ထိခိုက္မႈေတြ ရွိခဲ့ၿပီး ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံမွာသာ လြတ္လပ္တဲ့အေျခအေနေတြကို ေတြ႕ခဲ့ရတယ္လို႔ ျပင္သစ္ႏိုင္ငံအေျခစိုက္ နယ္စည္းမျခား သတင္းသမားမ်ားအဖဲြ႕ (RSF) ရဲ႕ အဂၤါေန႔က ထုတ္ျပန္တဲ့ အၫႊန္းကိန္းက ေဖာ္ျပလိုက္ပါတယ္။ ကပ္ေရာဂါကာလမွာ ႏိုင္ငံအားလုံးရဲ႕ ၇၅ ရာခိုင္ႏႈန္းေလာက္ဟာ မီဒီယာေတြအေပၚ အနည္းနဲ႔အမ်ား ကန္႔သတ္မႈေတြ ရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။
“ႏိုင္ငံေပါင္း ၁၈၀ က သတင္းလြတ္လပ္ခြင့္ အေျခအေနေတြကို ေလ့လာျပဳစုထားတဲ့ ဒီႏွစ္အၫႊန္းကိန္းမွာ သတင္းမွားဆိုတဲ့ ဗိုင္းရပ္စ္ပိုးကို တိုက္ဖ်က္ရာမွာ အေကာင္းဆုံး ကာကြယ္ေဆးျဖစ္တဲ့ သတင္းမီဒီယာကို လုံး၀၊ ဒါမွမဟုတ္ရင္လည္း ဆိုးဆိုးရြားရြား ထိန္းခ်ဳပ္ခဲ့တာ ေတြ႕ရပါတယ္။ ကမာၻတ၀န္းမွာ က်မတို႔ ေလ့လာျပဳစုခဲ့တဲ့ ႏိုင္ငံေတြ အားလုံးရဲ႕ ၄ ပုံ ၃ ပုံေလာက္ ရွိပါတယ္။” လို႔ RSF ေျပာခြင့္ရ Pauline Ades-Mevel ကေျပာဆိုသြားတာပါ။
မေလးရွားႏိုင္ငံကေတာ့ သတင္းမွားေတြအတြက္ ဥပေဒျပဌာန္းတာ အပါအ၀င္ တျခားကန္႔သတ္မႈေတြ၊ ဖမ္းဆီးအေရးယူမႈေတြေၾကာင့္ သတင္းလြတ္လပ္ခြင့္ က်ဆင္းမႈ အမ်ားဆုံး ႏိုင္ငံတႏိုင္ငံအျဖစ္ စာရင္း၀င္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားကေတာ့ အရင္လိုပဲ အၫႊန္းကိန္းေအာက္ဆုံးေနရာမွာသာ ရွိခဲ့တာပါ။ စစ္တပ္နဲ႔ အာဏာပိုင္ေတြကို ေ၀ဖန္ေရးသားေဖာ္ျပသူေတြကို အျပစ္ေပး အေရးယူတာေတြ လုပ္ေလ့ရွိတဲ့ ျမန္မာႏိုင္ငံကေတာ့ မႏွစ္ကထက္ ေနာက္ထပ္ ၁ ဆင့္ထပ္မံက်ဆင္းခဲ့ၿပီး အဆင့္ ၁၄၀ မွာ ရွိခဲ့ပါတယ္။
...........
ကိုဗစ်ကာလ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ကျဆင်း
(Unicode)
ကမ္ဘာအဝန်း ကိုဗစ်ကပ်ရောဂါကြောင့် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်လာရာက သတင်းလွတ်လပ်ခွင့်မှာပါ ထိခိုက်မှုတွေ ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာသာ လွတ်လပ်တဲ့အခြေအနေတွေကို တွေ့ခဲ့ရတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။ ကပ်ရောဂါကာလမှာ နိုင်ငံအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ မီဒီယာတွေအပေါ် အနည်းနဲ့အများ ကန့်သတ်မှုတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။
“နိုင်ငံပေါင်း ၁၈၀ က သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာပြုစုထားတဲ့ ဒီနှစ်အညွှန်းကိန်းမှာ သတင်းမှားဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရာမှာ အကောင်းဆုံး ကာကွယ်ဆေးဖြစ်တဲ့ သတင်းမီဒီယာကို လုံးဝ၊ ဒါမှမဟုတ်ရင်လည်း ဆိုးဆိုးရွားရွား ထိန်းချုပ်ခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာတဝန်းမှာ ကျမတို့ လေ့လာပြုစုခဲ့တဲ့ နိုင်ငံတွေ အားလုံးရဲ့ ၄ ပုံ ၃ ပုံလောက် ရှိပါတယ်။” လို့ RSF ပြောခွင့်ရ Pauline Ades-Mevel ကပြောဆိုသွားတာပါ။
မလေးရှားနိုင်ငံကတော့ သတင်းမှားတွေအတွက် ဥပဒေပြဌာန်းတာ အပါအဝင် တခြားကန့်သတ်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် ကျဆင်းမှု အများဆုံး နိုင်ငံတနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အရင်လိုပဲ အညွှန်းကိန်းအောက်ဆုံးနေရာမှာသာ ရှိခဲ့တာပါ။ စစ်တပ်နဲ့ အာဏာပိုင်တွေကို ဝေဖန်ရေးသားဖော်ပြသူတွေကို အပြစ်ပေး အရေးယူတာတွေ လုပ်လေ့ရှိတဲ့ မြန်မာနိုင်ငံကတော့ မနှစ်ကထက် နောက်ထပ် ၁ ဆင့်ထပ်မံကျဆင်းခဲ့ပြီး အဆင့် ၁၄၀ မှာ ရှိခဲ့ပါတယ်။