သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“မတရားဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြကို အျမန္ဆံုးလႊတ္ေပးပါ”( ဗြီအိုေအဌာနမွဴး ဦးသန္းလြင္ထြန္း)


ဗီြအိုေအ ဌာနမႉး ဦးသန္းလြင္ထြန္းနဲ႕ဗီြအိုေအ ပင္တိုင္ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ (ဝဲမွယာ)

Zawgyi/Unicode

ဗြီအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့့္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနမ်ားသို႔ တပ္မေတာ္နဲ႔အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့သတင္း ေဆာင္းပါးမ်ားေရးသားေပးပို႔တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္က ဦးစည္သူေအာင္ျမင့္ကို ပုဒ္မ ၅၀၅ (က)၊ ပုဒ္မ ၁၂၄ (က) တို႔နဲ႔ တရားစြဲဆိုထားပါတယ္။ အခုလိုမ်ိဳး စစ္ေကာင္စီဘက္က ဗြီအိုေအေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္တဲ့အေပၚ ဗြီအိုေအျမန္မာပိုင္းရဲ႕ဌာနမွဴး ဦးသန္းလြင္ထြန္းရဲ႕ သေဘာထားအျမင္ကို က်မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးသန္းလြင္ထြန္း။ ။ ဟုတ္ကဲ့။ က်ေနာ့္အေနနဲ႔ ပထမဦးဆုံးေျပာရရင္ေတာ့ "ဗြီအိုေအဟာ သတင္းေတြကို အမွန္ကန္ဆံုးနဲ႔ အမွ်တဆုံးျဖစ္ေအာင္ စိစစ္ ေဖာ္ျပေပးေနတဲ့ သတင္းဌာန တခုပဲျဖစ္တယ္ဆိုတာပဲ" ျဖစ္ပါတယ္။ "က်ေနာ္တို႔ ဘယ္ဘက္ကိုမွ မလိုက္ပါဘူး"။ အဲ့ဒီ့ေတာ့ ျမန္မာႏိုင္ငံက အလြတ္တန္း သတင္းသမားတေယာက္ျဖစ္တဲ့ ဦးစည္သူေအာင္ျမင့္- ဗြီအိုေအကို ေပးပို႔တဲ့သတင္းသံုးသပ္ခ်က္ေဆာင္းပါးေတြဆိုရင္လည္း အခ်က္အလက္ကို အေျခခံၿပီး သံုးသပ္ေရးသားထားတာေတြ ျဖစ္ေစဖို႔ပဲ က်ေနာ္တို႔ အဓိကထား စိစစ္ၿပီးေတာ့ အသံလႊင့္ေပးေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္မို႔လို႔ “ဦးစည္သူေအာင္ျမင့္ကို စစ္ေကာင္စီအစိုးရက ဖမ္းဆီးတယ္” ဆိုတဲ့ေနရာ မွာ "ဗြီအိုေအကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔-ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ဒါဟာ သတင္းသမားတေယာက္ကို မတရားဖမ္းဆီးတာပဲျဖစ္တယ္"လို႔ ေျပာခ်င္ပါတယ္။

“ျဖစ္ပ်က္ေနတဲ့အေျခအေနေတြကို ေထာက္ျပေရးသားဖို႔ဆိုတာဟာ သတင္းသမားေတြရဲ႕ အဓိက တာဝန္ပဲျဖစ္ပါတယ္။ အဲဒီေတာ့ အဲဒီလို မွန္မွန္ကန္ကန္ေထာက္ျပေရးသားေနတဲ့ သတင္းသမားေတြကေနတဆင့္ ျပည္သူေတြၾကားကအသံကို သိေအာင္နားေထာင္ဖို႔ဆိုတာ လိုအပ္လိမ့္မယ္"လို႔ပဲ က်ေနာ္ အာဏာပိုင္ေတြကိုေျပာခ်င္ပါတယ္။ ေနာက္ထပ္ေျပာခ်င္တာကေတာ့ ဦးစည္သူေအာင္ျမင့္ကို အျမန္ဆုံးလႊတ္ေပးပါလို႔ပဲ ေတာင္းဆိုခ်င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနများသို့ တပ်မတော်နဲ့အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့သတင်း ဆောင်းပါးများရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲဆိုထားပါတယ်။ အခုလိုမျိုး စစ်ကောင်စီဘက်က ဗွီအိုအေဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တဲ့အပေါ် ဗွီအိုအေမြန်မာပိုင်းရဲ့ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သဘောထားအမြင်ကို ကျမဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ကျနော့်အနေနဲ့ ပထမဦးဆုံးပြောရရင်တော့ "ဗွီအိုအေဟာ သတင်းတွေကို အမှန်ကန်ဆုံးနဲ့ အမျှတဆုံးဖြစ်အောင် စိစစ် ဖော်ပြပေးနေတဲ့ သတင်းဌာန တခုပဲဖြစ်တယ်ဆိုတာပဲ" ဖြစ်ပါတယ်။ "ကျနော်တို့ ဘယ်ဘက်ကိုမှ မလိုက်ပါဘူး"။ အဲ့ဒီ့တော့ မြန်မာနိုင်ငံက အလွတ်တန်း သတင်းသမားတယောက်ဖြစ်တဲ့ ဦးစည်သူအောင်မြင့်- ဗွီအိုအေကို ပေးပို့တဲ့သတင်းသုံးသပ်ချက်ဆောင်းပါးတွေဆိုရင်လည်း အချက်အလက်ကို အခြေခံပြီး သုံးသပ်ရေးသားထားတာတွေ ဖြစ်စေဖို့ပဲ ကျနော်တို့ အဓိကထား စိစစ်ပြီးတော့ အသံလွှင့်ပေးနေတာဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ “ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီအစိုးရက ဖမ်းဆီးတယ်” ဆိုတဲ့နေရာ မှာ "ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့-ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ဒါဟာ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲဖြစ်တယ်"လို့ ပြောချင်ပါတယ်။

“ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ထောက်ပြရေးသားဖို့ဆိုတာဟာ သတင်းသမားတွေရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို မှန်မှန်ကန်ကန်ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် ပြည်သူတွေကြားကအသံကို သိအောင်နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်"လို့ပဲ ကျနော် အာဏာပိုင်တွေကိုပြောချင်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်။

#စည်သူအောင်မြင့်#သန်းလွင်ထွန်း#၅၀၅(က)#၁၂၄(က)#ဇော်မင်းထွန်း#ဆုမွန်#MilitaryCoup#SithuAungMyint#ThanlwinHtun#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG