သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းေထာက္ေတြ အေၾကာက္တရားကင္းစြာ လုပ္ကိုင္ခြင့္ ကန္သံ႐ံုးေတာင္းဆို


မီဒီယာလြတ္လပ္ခြင့္ေတာင္းဆိုဆႏၵျပပြဲတခုမွာ၀တ္ဆင္ၾကတဲ့ တီရွပ္ (ဓာတ္ပံု - CJ)

(Zawgyi/Unicode)

သတင္းေထာက္ေတြ သူတို႔အလုပ္ သူတို႔လုပ္ရင္း အေရးယူခံရတဲ့အေၾကာင္းေတြ ၾကားသိရတဲ့အတြက္ တုန္လႈပ္ ေခ်ာက္ခ်ားမိေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးက ဒီကေန႔ ေၾကညာခ်က္ထုတ္ ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာသာမကဘဲ ကမာၻတလႊားက ျပည္သူလူထုဟာ မိမိတို႔ယုံၾကည္ရာကို လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ရွိၾကရမွာျဖစ္ၿပီး သတင္းအခ်က္အလက္နဲ႔ ေတြးေခၚ ယူဆမႈေတြကိုလည္း လြတ္လပ္စြာ ရွာေဖြ၊ ရယူ၊ မွ်ေ၀ခြင့္ရွိသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ သတင္းေထာက္ေတြဟာ အေၾကာက္တရားကင္းမဲ့စြာ သတင္းေတြကို လြတ္လြတ္လပ္လပ္ တင္ျပခြင့္ ရွိရမယ္လို႔လည္း အေမရိကန္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗီြအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ ခံစားၾကည့္ အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္တို႔ကို စစ္ေကာင္စီက ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ဖမ္းဆီးလိုက္ၿပီးတဲ့ေနာက္ပိုင္း အေမရိကန္သံ႐ုံးရဲ႕ အခုေၾကညာခ်က္ ထြက္လာတာပါ။

Frontier Myanmar သတင္းဌာနက အေမရိကန္ႏုိင္ငံသား အယ္ဒီတာတဦးျဖစ္သူ Danny Fenster ကိုျပန္လႊတ္ေပးဖို႔ အေမရိကန္အစိုးရက အႀကိမ္ႀကိမ္ေတာင္းဆိုထားေပမယ့္ စစ္ေကာင္စီက ဆက္လက္ဖမ္းဆီးထားဆဲရွိပါတယ္။
အခုခ်ိန္ထိဆိုရင္ သတင္းေထာက္ ၉၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရတဲ့အေၾကာင္း သတင္းလြတ္လပ္ခြင့္ဆိုင္ရာ အဖြဲ႔ေတြက ေတာင္းဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျပည္တြင္းမီဒီယာ ၈ ခုကို ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲဆိုတာ၊ ၿခိမ္းေခ်ာက္တာ စတဲ့ ဖိႏွိပ္မႈမ်ဳိးစုံသုံးၿပီး သတင္းမီဒီယာလြတ္လပ္ခြင့္ကို ကန္႔သတ္ ထိန္းခ်ဳပ္လာခဲ့ပါတယ္။

....................................................................................................

တိုက္႐ိုက္ လင့္ခ္


သတင်းထောက်တွေ အကြောက်တရားကင်းစွာ လုပ်ကိုင်ခွင့် ကန်သံရုံးတောင်းဆို

(Unicode)

သတင်းထောက်တွေ သူတို့အလုပ် သူတို့လုပ်ရင်း အရေးယူခံရတဲ့အကြောင်းတွေ ကြားသိရတဲ့အတွက် တုန်လှုပ် ချောက်ချားမိကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက်ထုတ် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာသာမကဘဲ ကမ္ဘာတလွှားက ပြည်သူလူထုဟာ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိကြရမှာဖြစ်ပြီး သတင်းအချက်အလက်နဲ့ တွေးခေါ် ယူဆမှုတွေကိုလည်း လွတ်လပ်စွာ ရှာဖွေ၊ ရယူ၊ မျှဝေခွင့်ရှိသင့်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သတင်းထောက်တွေဟာ အကြောက်တရားကင်းမဲ့စွာ သတင်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့် ရှိရမယ်လို့လည်း အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီးတဲ့နောက်ပိုင်း အမေရိကန်သံရုံးရဲ့ အခုကြေညာချက် ထွက်လာတာပါ။

Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာတဦးဖြစ်သူ Danny Fenster ကိုပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲရှိပါတယ်။
အခုချိန်ထိဆိုရင် သတင်းထောက် ၉၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမီဒီယာ ၈ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ ခြိမ်းချောက်တာ စတဲ့ ဖိနှိပ်မှုမျိုးစုံသုံးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ် ထိန်းချုပ်လာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG