သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ အေမရိကန္သတင္းေထာက္ လႊတ္ေပးဖို႔ စစ္ေကာင္စီကို ကန္ ေတာင္းဆို


Danny Fenster, Frontier Myanmar အယ္ဒီတာ

[ Zawgyi ]

ျမန္မာ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားသူေတြကို ဖမ္းထားတဲ႔ အက်ဥ္းေထာင္ေတြထဲမွာ Covid-19 ကူးစက္ ျဖစ္ပြားမႈေတြကို ပိုၿပီး စိုးရိမ္မကင္း ျဖစ္လာရတာနဲ႔ အတူဘဲ ေထာင္ခ်ထားတဲ႔ အေမရိကန္ သတင္းသမားကို စစ္ေကာင္စီက ျပန္လႊတ္ေပးဖို႔ ေသာၾကာေန႔မွာ အေမရိကန္က ထပ္မံ ေတာင္းဆိုေၾကာင္း AFP သတင္းက ေဖာ္ျပပါတယ္။

Forntier Myanmar သတင္းဌာနရဲ႕ အုပ္ခ်ဳပ္မႈ အယ္ဒီတာ Danny Fenster ကို ေမလ ၂၄ ရက္ေန႔မွာ စစ္ေကာင္စီက ဖမ္းဆီးခဲ႔တာ ျဖစ္ၿပီး ေထာင္ဒဏ္ ၃ ႏွစ္ထိ ျပစ္ဒဏ္ခ်မွတ္ခံရေလာက္တဲ႔ ဥပေဒနဲ႔ စြဲဆိုထားတာပါ။ Fenster လြတ္ေျမာက္ေရး အတြက္ အေသအခ်ာ ပိုင္းျဖတ္ထားပါေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က Fenster ရဲ႕ ေနရပ္ ျဖစ္တဲ႔ Michigan ျပည္နယ္က အုပ္ခ်ဳပ္ေရးမွဴး Gretchen Whitmer နဲ႔ တယ္လီဖုနး္ဆက္ ေျပာဆိုခဲ႔ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာနက ေျပာဆိုထားပါတယ္။

Danny Fenster ကို ဇူလိုင္လ ၁၅ ရက္ေန႔က တရားရံုး ၾကားနာမႈမွာေတာ့ ေကာင္စစ္ဆိုင္ရာ ကူညီခြင့္ ရခဲ႔ေၾကာင္းနဲ႔ လာမယ့္ ဗုဒၶဟူးေန႔မွာ သူ႔ကို ထပ္မံရံုးထုတ္ဖို႔ ရွိေနေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Jalina Porter က ေျပာပါတယ္။

Danny Fenster ရဲ႕ အမႈကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း၊ တိုးတက္ ၾကံ့ခိုင္ၿပီး လြတ္လပ္တဲ႔ လူမႈအဖြဲ႔အစည္းေတြ ျဖစ္ေရး မရွိမျဖစ္ လိုအပ္ခ်က္ ျဖစ္တဲ႔ လြတ္လပ္ၿပီး အမွီအခိုကင္းတဲ႔ မီဒီယာ အျဖစ္ အၿမဲတမ္း တိုက္တြန္းသြားမွာ ျဖစ္ေၾကာင္းလည္းက ေျပာခြင့္ရ Proter က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ဖမ်းဆီးခံ အမေရိကန်သတင်းထောက် လွှတ်ပေးဖို့ စစ်ကောင်စီကို ကန် တောင်းဆို

မြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားသူတွေကို ဖမ်းထားတဲ့ အကျဉ်းထောင်တွေထဲမှာ Covid-19 ကူးစက် ဖြစ်ပွားမှုတွေကို ပိုပြီး စိုးရိမ်မကင်း ဖြစ်လာရတာနဲ့ အတူဘဲ ထောင်ချထားတဲ့ အမေရိကန် သတင်းသမားကို စစ်ကောင်စီက ပြန်လွှတ်ပေးဖို့ သောကြာနေ့မှာ အမေရိကန်က ထပ်မံ တောင်းဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

Forntier Myanmar သတင်းဌာနရဲ့ အုပ်ချုပ်မှု အယ်ဒီတာ Danny Fenster ကို မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရလောက်တဲ့ ဥပဒေနဲ့ စွဲဆိုထားတာပါ။ Fenster လွတ်မြောက်ရေး အတွက် အသေအချာ ပိုင်းဖြတ်ထားပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က Fenster ရဲ့ နေရပ် ဖြစ်တဲ့ Michigan ပြည်နယ်က အုပ်ချုပ်ရေးမှူး Gretchen Whitmer နဲ့ တယ်လီဖုန်းဆက် ပြောဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုထားပါတယ်။

Danny Fenster ကို ဇူလိုင်လ ၁၅ ရက်နေ့က တရားရုံး ကြားနာမှုမှာတော့ ကောင်စစ်ဆိုင်ရာ ကူညီခွင့် ရခဲ့ကြောင်းနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ သူ့ကို ထပ်မံရုံးထုတ်ဖို့ ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Jalina Porter က ပြောပါတယ်။

Danny Fenster ရဲ့ အမှုကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ တိုးတက် ကြံ့ခိုင်ပြီး လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ ဖြစ်ရေး မရှိမဖြစ် လိုအပ်ချက် ဖြစ်တဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာ အဖြစ် အမြဲတမ်း တိုက်တွန်းသွားမှာ ဖြစ်ကြောင်းလည်းက ပြောခွင့်ရ Proter က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG