သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ႏိုင္ငံသား သတင္းသမား၂ ဦးကိုျပန္လႊတ္ဖို႔ ကန္အစိုးရ ထပ္မံေတာင္းဆို


ျမန္မာ သတင္းသမားတဦးအား လံုျခံဳေရးတပ္ဖြဲ ့၀င္တို ့ဖမ္းဆီးစဥ္ (ဓာတ္ပံု-AFP)

(Zawgyi/Unicode)
အေမရိကန္ႏိုင္ငံသားေတြျဖစ္တဲ့ Frontier ျမန္မာသတင္းဌာန အယ္ဒီတာ Daniel Fenster နဲ႔ ကမာရြတ္မီဒီယာက ကိုေနသန္ေမာင္တို႔ကို စစ္ေကာင္စီက အခုထိ ဖမ္းဆီးထားတာ အတြက္ စိုးရိမ္ေၾကာင္းနဲ႔ သူတို႔ကို အျမန္ျပန္လႊတ္ေပးဖို႔ ထပ္မံေတာင္းဆိုလိုက္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ သတင္းသမားေတြ အျဖစ္အလုပ္လုပ္ေနတဲ့ အေမရိကန္ႏိုင္ငံသား Daniel Fenster နဲ႔ ေနသန္ေမာင္တို႔ ၂ ဦး အဖမ္းဆီးခံေနရတာနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ အထူးစိုးရိမ္ပါတယ္။ သူတို႔ ၂ ဦးစလံုးကို အျမန္ဆံုးျပန္လႊတ္ေပးေရးအတြက္ စစ္အာဏာပိုင္ေတြကို တိုက္တြန္းခဲ့သလို သူတို႔မိသားစုေတြဆီ သူတို႔ ျပန္မေရာက္မခ်င္း ဆက္လက္တြန္းအားေပးေနမွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။

သတင္းလြတ္လပ္ခြင့္ဟာ သာယာဝေျပာၿပီး ခိုင္ခိ္ုင္မာမာနဲ႔ လြတ္လပ္မႈရွိတဲ့ လူမႈအသိုင္းအဝိုင္း တည္ေဆာက္ေရးအတြက္ သိပ္ကို အေရးပါေပမယ့္ စစ္တပ္က မၾကာခင္ရက္ေတြအတြင္း ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္ေတြ လြတ္လပ္စြာ စုရံုးခြင့္ေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာ ေတြ႕ရေၾကာင္းလည္း ေျပာပါတယ္။ ဒါဟာ ျမန္မာလူထုကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္တဲ့ အတြက္ ျမန္မာႏိုင္ငံတြင္း အဖမ္းဆီးခံေနရတဲ့ သတင္းေထာက္ေတြကို ျပန္လႊတ္ေပးဖို႔ အေမရိကန္က ဆက္လက္ ဖိအားေပးေနမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ရန္ကုန္ ေကာင္စစ္ရံုးက ေမလ ၂၄ ရက္ေန႔မွာ ကိုေနသန္ေမာင္ကို ေတြ႕ခဲ့ရခဲ့ေပမယ့္ Frontier ျမန္မာ သတင္းအယ္ဒီတာ Daniel Fenster နဲ႔ေတာ့အခုထိ ေတြ႕ခြင့္ မရေသးဘူးလို႔လည္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံသား သတင္းေထာက္ ၂ ဦးအျပင္ ျမန္မာႏိုင္ငံတြင္းအဖမ္းဆီးခံေနရတဲ့ သတင္းသမားမ်ားအားလံုးလြတ္ေျမာက္ေစေရး အတြက္ အေမရိကန္က ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း Ned Price က ေျပာပါတယ္။

တခ်ိန္ထည္းမွာပဲ ျမန္မာႏိုင္ငံမွာ အဖမ္းခံေနရတဲ့ အေမရိကန္ႏိုင္ငံသားး Danny Fenster နဲ႔ ကိုေနသန္ေမာင္တို႔ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ အေမရိကန္လႊတ္ေတာ္ သတင္းလြတ္လပ္ခြင့္ဆိုင္ရာအဖြဲ႔ (Congressional Freedom of the Press Caucus) က ဇြန္လ ၃ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

အခုလို ဖမ္းဆီးထားတာဟာ လူ႔အခြင့္ေရးကို ခ်ိဳးေဖါက္မႈ ဆိုတာကို စစ္အာဏာပိုင္ေတြ နားလည္ရမွာ ျဖစ္ေၾကာင္းနဲ႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ အင္းစိန္အက်ဥ္းေထာင္မွာ အဖမ္းခံေနရတဲ့ Danny Fenster ကို အေမရိကန္ ေကာင္စစ္ရံုးနဲ႔ပါ ေတြ႕ခြင့္မေပးတဲ့ စစ္အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ဟာ လက္ခံႏိုင္စရာ မရွိသလို သတင္းလြတ္လပ္ခြင့္ ကို ခ်ိဳးေဖါက္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ ပတ္သက္ၿပီး ကမာၻက တုန္႔ျပန္ေဆာင္ရြက္ၾကဖို႔လည္း ေတာင္းဆိုထားပါတယ္။

အာဆီယံႏိုင္ငံေတြကို ခရီးလွည့္ေနတဲ့ အေမရိကန္ ဒုတ္ိယ ႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ကလည္း သူတို႔ ၂ ဦးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ဘန္ေကာက္ၿမိဳ႕ကို ေရာက္စဥ္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

အမေရိကန်နိုင်ငံသား သတင်းသမား၂ ဦးကိုပြန်လွှတ်ဖို့ ကန်အစိုးရ ထပ်မံတောင်းဆို
အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Frontier မြန်မာသတင်းဌာန အယ်ဒီတာ Daniel Fenster နဲ့ ကမာရွတ်မီဒီယာက ကိုနေသန်မောင်တို့ကို စစ်ကောင်စီက အခုထိ ဖမ်းဆီးထားတာ အတွက် စိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေ အဖြစ်အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသား Daniel Fenster နဲ့ နေသန်မောင်တို့ ၂ ဦး အဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ သူတို့ ၂ ဦးစလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် စစ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့သလို သူတို့မိသားစုတွေဆီ သူတို့ ပြန်မရောက်မချင်း ဆက်လက်တွန်းအားပေးနေမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

သတင်းလွတ်လပ်ခွင့်ဟာ သာယာဝပြောပြီး ခိုင်ခိုင်မာမာနဲ့ လွတ်လပ်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးအတွက် သိပ်ကို အရေးပါပေမယ့် စစ်တပ်က မကြာခင်ရက်တွေအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ လွတ်လပ်စွာ စုရုံးခွင့်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့ရကြောင်းလည်း ပြောပါတယ်။ ဒါဟာ မြန်မာလူထုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံတွင်း အဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်က ဆက်လက် ဖိအားပေးနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရန်ကုန် ကောင်စစ်ရုံးက မေလ ၂၄ ရက်နေ့မှာ ကိုနေသန်မောင်ကို တွေ့ခဲ့ရခဲ့ပေမယ့် Frontier မြန်မာ သတင်းအယ်ဒီတာ Daniel Fenster နဲ့တော့အခုထိ တွေ့ခွင့် မရသေးဘူးလို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦးအပြင် မြန်မာနိုင်ငံတွင်းအဖမ်းဆီးခံနေရတဲ့ သတင်းသမားများအားလုံးလွတ်မြောက်စေရေး အတွက် အမေရိကန်က ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း Ned Price က ပြောပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားး Danny Fenster နဲ့ ကိုနေသန်မောင်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်လွှတ်တော် သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့ (Congressional Freedom of the Press Caucus) က ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အခုလို ဖမ်းဆီးထားတာဟာ လူ့အခွင့်ရေးကို ချိုးဖေါက်မှု ဆိုတာကို စစ်အာဏာပိုင်တွေ နားလည်ရမှာ ဖြစ်ကြောင်းနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ Danny Fenster ကို အမေရိကန် ကောင်စစ်ရုံးနဲ့ပါ တွေ့ခွင့်မပေးတဲ့ စစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိသလို သတင်းလွတ်လပ်ခွင့် ကို ချိုးဖေါက်နေတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီး ကမ္ဘာက တုန့်ပြန်ဆောင်ရွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

အာဆီယံနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ကလည်း သူတို့ ၂ ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဘန်ကောက်မြို့ကို ရောက်စဉ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG