သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်လွတ်လပ်မှုမရှိလို့ သတင်းမီဒီယာတွေပါထိခိုက်


ရန်ကုန်မြို့က အင်တာနက် ကဖေးတခု September 16, 2011. (ဓာတ်ပုံ- Reuters)
ရန်ကုန်မြို့က အင်တာနက် ကဖေးတခု September 16, 2011. (ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)

စစ်အုပ်ချုပ်ရေး ကောင်စီ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အခြေ အနေ ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက် နေတယ်လို့ Freedom House အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ အခုလို အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာတာကြောင့်၊သတင်းမီဒီယာလုပ်ငန်းတွေအပေါ်မှာပါ ဘယ်လို သက်ရောက်လာသလဲ.. ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မခင်ဖြူထွေးပြောပြပါမယ်။

စစ်အုပ်ချုပ်ရေး ကောင်စီ အာဏာသိမ်းပြီးနောက်မှာ အင်တာနက်တွေ ကန့်သတ်ပိတ်ပင်တာ၊ လူမှုကွန်ယက် အသုံးပြုမှုတွေကို စောင့်ကြည့်တာ၊ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ရုပ်သိမ်း တာတွေ လုပ်ခဲ့ပါတယ်။ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့် အပေါ်မှာ ပါ သက်ရောက်မှုရှိလာပြီး၊ အင်တာနက်စောင့်ကြည့်မှုတွေတိုးလာတာကြောင့်လည်း သတင်းသမား တွေလုံခြုံ ရေး စိုးရိမ်စရာဖြစ်လာတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ သတင်းမီဒီယာသမားတဦးက ပြောပါတယ်။

"သတင်းသမားတွေ အတွက် နံပါတ် ၁အခြေခံ အကျဆုံးပြောမယ်ဆိုရင် သတင်းသမားတွေ အလုပ်လုပ်ရတာပိုခက်ခဲစေတယ်။ နောက်တချက်ကတော့ သတင်းသမားတွေ ဆိုရှယ်မီဒီ ယာ အင်တာနက်ကနေ စသဖြင့်ပေါ့ ဆက်သွယ်ပြောဆိုတာတွေမှာလဲ မလုံခြုံတဲ့ အနေအထားဖြစ်လာတာပေါ့။ ကိုယ့် အန္တရာယ်ကော ကိုယ့်သတင်းရင်းမြစ်အန္တရာယ်လဲရှိလာတာပေါ့နော်။ တစုံတရာမသင်္ကာလို့ဖမ်းဆီးစစ် ဆေးတယ်ဆိုရင် ဖုန်းကွန်ပျူတာစစ်ခံရရင် သတင်းသမားတွေဆိုတာ အွန်လိုင်းပေါ်က save လုပ်ထားတာတွေ ကိုယ်အချက်အလက်အတွက်သော်လည်းကောင်း၊ ကိုးကားဖို့သော်လည်းကောင်း ဘယ်လိုဒေတာတွေက ကိုယ့် ကို အန္တရာယ်ဖြစ်စေမလဲ အဲဒါမျိုးက စိုးရိမ်နေရ သတိထားနေရတဲ့ အခြေအနေတွေဖြစ်လာတယ်။"

တချိန်တည်းမှာ အင်တာနက်သုံးစွဲနိုင်မှု ပမာဏကို လျှော့ချကန့်သတ်လိုက်တာကြောင့် အင်တာနက်ကို အခြေ ပြုလုပ်ရတဲ့ မီဒီယာတွေအတွက် အတော်လေး အခက်ကြုံပါတယ် ။ သတင်းရရှိမှုအကန့် အသတ် ဖြစ်သွားသလို၊ တချိန်တည်းမှာ စားဝတ်နေရေးကိစ္စမှာလည်း ထိခိုက်တယ်လို့ လက်ရှိမှာအင်တာနက် အပိတ်ခံထားရတဲ့နေရာက ဒေသခံတဦးက ပြောပါတယ်။

"ဒီဘက်မှာကတော့ အင်တာနက်တွေပြတ်သွားတော့ ဝိုင်ဖိုင်တွေက အစ အကုန် ဖျက်တာ။ အဲလိုဖျက်တော့ အကုန်လုံးသတင်းတွေ မရောက်ဘူး။ မသိရတော့ဘူးပေါ့ နောက်အွန် လိုင်းပေါ်က အလုပ်လုပ်တဲ့ သူတွေအတွက်ကတော်တော်လေးခက်ခဲတယ်။ ကျမဆို အွန်လိုင်းပေါ်ကနေ ဈေးရောင်းတယ်။ အဆင်မပြေတော့ဘူးပေါ့ အလိုလိုမှလုပ်ရတာလည်း ခက်ခဲနေတယ်။ ရတုန်းလေး ကိုယ့်ဘက်လေးငြိမ်နေ တယ်ဆိုပြီး လုပ်လို့ရတုန်းလေးလုပ်ရမလားလုပ်နေတုန်းအခုလိုဖြစ်တော့ ဘာမှ လုပ်မရ မိသားစုအကုန် စီးပွားရေးခက်ခဲတယ်။ အရမ်းဖြစ်နေရတာပါ။ ကားတွေဘာတွေလည်းမထွက် ဆိုတော့ ပိုပြီးခက်ခဲနေတာပေါ့"။

Freedom House အစီရင်ခံစာထဲမှာပါသလို အင်တာနက်တွေ ကန့်သတ်လိုက်တာအပြင်၊ အင်တာနက်တွေကို စောင့်ကြည့်တာ နိုင်ငံခြားနည်းပညာတွေသုံးပြီး အင်တာနက်ပေါ်ကတဆင့် သတင်းအချက်အလက်တွေ ဖောက် ယူတာတွေ လုပ်တာကြောင့်လည်း သတင်သမားတွေရဲ့ လုံခြုံရေးထိခိုက်မှုတွေရှိတယ်လို့ သတင်းသမား တွေ အမှုကိုလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

"အရင်တုန်းက သတင်းမီဒီယာသမားတွေကို အရေးယူရင် ၅၀၅-က နဲ့ဘဲ အရေး ယူတယ် ခုကျတော့ အဲဒါနဲ့လည်းအရေးယူတယ်။ NUG , CRPH, PDF တို့နဲ့ဆက်သွယ်တာမျိုး တွေ့ရင် မတရား အသင်းဥပဒေပုဒ်မ ၁၇/၁ နဲ့လည်းအရေးယူတယ်။ နောက်PDF နဲ့ဆက်သွယ်မိတယ် အဲPDF ကအဖမ်းခံရ တယ် ဆိုရင် သတင်းမီဒီယာသမားကို ပေါက်ကွဲ ၃၊ ပေါက်ကွဲ ၅ ဥပဒေတွေနဲ့ ပါအရေးယူတယ်။ နောက် လူ တ ယောက် ထဲကို ၂မှု ၊ ၃မှုနဲ့ အရေးယူတယ် ပြီးရင်ရဲစခန်းတခုထဲက မဟုတ်ဘဲ သတင်းသမားသွားလာ ခဲ့တဲ့ နေရာ တွေက နယ်မြေခံ ရဲစခန်းတွေကပါ အမှုတပ်အရေးယူ လာတာတွေလုပ်တယ်။ ဆိုတော့ သတင်းမီဒီ ယာ တွေကို အရေး ယူတာပြင်းထန်လာတယ်။ ကြီးကြီးမား မားစိုးရိမ်ဖွယ်ရာအခြေအနေတွေဖြစ်လာတယ်။"

အာဏာသိမ်းယူလိုက်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီဟာ မြန်မာပြည်သူတွေနဲ့ အာဏာသိမ်း ဆန့်ကျင် ရေးလှုပ်ရှား သူတွေကို ထိန်းချုပ်နိုင်ဖို့ အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေးအပ်ဖို့ တယ်လီကွန်း ဆက် သွယ် ရေး ကုမ္ပဏီတွေကို ဖိအားပေးနေတာစတဲ့လုပ်ရပ်တွေကိုလည်း လုပ်ခဲ့ တယ်လို့ Freedom House အဖွဲ့က ထောက်ပြထားပါတယ်။

ဆန္ဒပြသူတွေသာမက အင်တာနက်အသုံးပြုတဲ့ သာမန်လူတွေပါ အွန် လိုင်းပေါ်မှာ ပြောဆို ရေးသားတာ တွေ ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာ၊ လက်စ ဖျောက်ခံရတာတွေ ရှိခဲ့တယ်လို့ Freedom House အဖွဲ့ရဲ့ အစီရင်ခံ စာမှာ ဖော်ပြ ထားပါတယ်။

အခုလောလောဆယ် မှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ် ၁၀ ခုဟာ စစ်ကောင်စီရဲ့ အင်တာ နက် ဖြတ်တောက်မှုကို ခံနေရသလို ကျန် နေရာတွေမှာလည်း အင်တာနက်သုံးစွဲနိုင်မှု ပမာဏ ကိုလျော့ချကန့် သတ်ခံထားရတာပါ။

.....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG