သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးစည္သူေအာင္ျမင့္္နဲ႔ မထက္ထက္ခုိင္တုိ႔ ေအာက္တိုဘာလဆန္းမွာ အမႈရင္ဆိုင္ရမယ္


ဦးစည္သူေအာင္ျမင့္ / မထက္ထက္ခိုင္

(Zawgyi/Unicode)

ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးၿပီး တရားစြဲခံထားရတဲ့ ဗြီအိုေအျမန္မာပိုင္း ျပင္ပေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ "ခံစားၾကည့္" အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္တုိ႔ရဲ႕ အမႈေတြအတြက္ ႐ံုးခ်ိန္းေတြ ထပ္ေပးလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲကစလို႔ သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ေနသူေတြ၊ အရင္က သတင္းေထာက္ လုပ္ခဲ့ဖူးတဲ့ သတင္းမီဒီယာသမားေတြ ထပ္မံဖမ္းဆီးခံခဲ့ရၿပီး ျပင္းထန္တဲ့ပုဒ္မေတြတပ္ တရားစဲြလာတာေတြ႔ေနရတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးခံခဲ့ရတဲ့ ဗီအိုေအျမန္မာပိုင္းရဲ႕ ျပင္ပေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္အေပၚ တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ အမႈႏွစ္မႈဖြင့္ခံထားရတဲ့ထဲက တမႈအတြက္ ဒီေန႔ ႐ံုးထုတ္ပါတယ္။ Video conferencing နဲ႔ေနာက္ထပ္ ရက္ခ်ိန္းေပးလိုက္တဲ့အေၾကာင္း ဦးစည္သူေအာင္ျမင့္ရဲ႕ေရွ႕ေန ေဒၚႏွင္းဝင္းေအာင္က ဗီအိုေအကို ခုလိုေျပာပါတယ္။

"ဆရာ့႐ုံးခ်ိန္းက ေအာက္တိုဘာ ၁ ရက္ေန႔ကိုျပန္ခ်ိန္းတယ္။ အင္းစိန္ အထူးတရား႐ုံးေတြက ျပန္မဖြင့္ေသးေတာ့ေလ ဆရာနဲ႔ေတာ့မေတြ႕ရဘူး ႐ုံးခ်ိန္းကို တရား႐ုံးနဲ႔ follow up လုပ္တာက်ေတာ့ ၁ ရက္ေန႔ကို ၁ ရက္ေန႔ျပန္ခ်ိန္းတယ္သိရပါတယ္။ ပုဇြန္ေတာင္မွာလည္း ၅၀၅-က နဲ႔ ဖြင့္ထားတယ္လို႔သိရတယ္ ဒါမယ့္ ရမာန္မယူရေသးေတာ့ အမႈ စြဲမတင္ရေသးဘူးေပါ့။"

ပုဇြန္ေတာင္ၿမိဳ႕နယ္မွာ ၅၀၅-က နဲ႔တရားစြဲတဲ့ အမႈအတြက္ေတာ့ ဘယ္ေန႔ ႐ံုးခ်ိန္းလဲဆိုတာ မသိရေသးပါဘူး။ ဦးစည္သူေအာင္ျမင့္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြကို တပ္မေတာ္နဲ႔ အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းလိုက္ တာျဖစ္တယ္လို႔ စစ္ေကာင္စီက စြပ္စဲြထားပါတယ္။

ဦးစည္သူေအာင္ျမင့္နဲ႔အတူ ဖမ္းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ႕ခံစားၾကည့္ အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္ကိုလည္း ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က၊ မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၁ တို႔နဲ႔ တရားစြဲထားပါတယ္။ သူ႔အမႈေတြ အေျခအေနနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ေရွ႕ေန ဦးခင္ေမာင္ျမင့္က ခုလိုေျပာျပပါတယ္။

"မဂၤလာေတာင္ၫြန႔္မွာစြဲထားတဲ့ ၁၇/၁ ရဲ႕ ႐ုံးခ်ိန္းယူတယ္။ အထဲက အထူးတရား႐ုံးကမဖြင့္လို႔။ မဖြင့္ရတာကလည္း အင္းစိန္က ကိုဗစ္အတြက္ stay home ျဖစ္ေနေတာ့ တာေမြမွာ မေန႔က ႐ုံးခ်ိန္းယူရတယ္ ယူလိုက္ေတာ့ စက္တင္ဘာ ၃၀ ရက္ေန႔ တကယ္လို႔ အင္းစိန္အတြင္းမွာ အထူးတရား႐ုံးဖြင့္ရင္ အတြင္းမွာစစ္မယ္ မဟုတ္လို႔ရွိရင္ အဲေန႔က်ရင္ မဂၤလာေတာင္ၫြန႔္မွာပဲ ႐ုံးထုတ္စစ္မယ္။ ဒီေန႔ကဗဟန္းမွာ ပုဒ္မ ၅၀၅-က အတြက္ က အင္းစိန္မွာ video နဲ႔ဘဲ တရားသူႀကီးက မထက္ထက္ခိုင္ကိုေခၚၿပီး ႐ုံးခ်ိန္းယူတယ္။ သူကေတာ့ လာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ စစစ္ ျဖစ္မယ္ေပါ့။"

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ၾသဂုတ္လ ၁ ရက္ေန႔မွာ ျပန္လည္ျပင္ဆင္ကာ ထပ္တိုးပုဒ္မခြဲေတြ ထည့္သြင္းခဲ့တဲ့ေနာက္ ျမန္မာႏိုင္ငံတြင္းမွာရွိတဲ့ သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ေနသူေတြ၊ အရင္က သတင္းေထာက္လုပ္ခဲ့ဖူးတဲ့ သတင္းမီဒီယာသမားေတြ ေလးေယာက္ထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။

ဖမ္းခံရသူေတြကို မတရားအသင္းနဲ႔ဆက္သြယ္မႈ ပုဒ္မ ၁၇/၁ ၊ အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္ျခင္း ရာဇသတ္ႀကီး ပုဒ္မ ၁၂၄ (က) တို႔နဲ႔ပါ တရားစြဲဆိုထားပါတယ္။

သတင္းမီဒီယာ ေကာင္စီဝင္ေဟာင္း ျဖစ္ခဲ့ၿပီး အလြတ္တန္းသတင္းေထာက္လုပ္ကိုင္ေနတဲ့ မသူဇာကို စက္တင္ဘာ ၁ ရက္ေန႔က ကမာ႐ြတ္ၿမိဳ႕နယ္အတြင္း ျပည္ရိပ္မြန္အိမ္ရာအနီးမွာ အရပ္ဝတ္နဲ႔ လူတစုက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔အထိ ဘယ္မွာ ဖမ္းဆီးထိန္းသိမ္းထားတယ္ဆိုတာ မသိရပါဘူး။

သတင္းေထာက္ မသူဇာဟာဆိုရင္ အရပ္သားအစိုးရလက္ထက္မွာ ဖြဲ႕စည္းခဲ့တဲ့ သတင္းမီဒီယာအဖြဲ႕ရဲ႕ ေကာင္စီဝင္ေဟာင္းျဖစ္သလို ဆဲဗင္းေဒး၊ ဧရာဝတီ စတဲ့ မီဒီယာေတြမွာ သတင္းေထာက္ အလုပ္လုပ္ကိုင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၅ ရက္ေန႔ကလည္း မႏၲေလးၿမိဳ႕အေျခစိုက္ ခ်န္နယ္မႏၲေလးသတင္းဌာန သတင္းေထာက္ခ်ဳပ္ ကိုဝင္းႏိုင္ဦးကို ပုဒ္မ ၅၀၅ -က နဲ႔ အမႈဖြင့္ခဲ့ပါတယ္။

စက္တင္ဘာ ၁၅ ရက္ေန႔ ညပိုင္းမွာလည္း မဇၥိဳမသတင္းဌာနမွာ အယ္ဒီတာ လုပ္ကိုင္ခဲ့သူ ကိုမ်ိဳးသန႔္ဖမ္းခံရပါတယ္။ သူဟာ လက္႐ွိ သတင္းေထာက္အလုပ္ေတြ လုပ္မေနဘဲ ဇာတိကို ျပန္လည္ေနထိုင္ခ်ိန္ သူ႔ဇာတိနယ္ေျမမွာ ဝင္ေရာက္ဖမ္းဆီးတာခံခဲ့ရပါ တယ္။
ဒီအေျခအေနေတြအေပၚ ဥပေဒအက်ိဳး ေဆာင္တဦးက ခုလိုသံုးသပ္ပါတယ္။

"ဇြန္ ၃၀ ေနာက္ပိုင္းေပါ့။ ဇူလိုင္ ၁ ရက္ေန ဒီေနာက္ပိုင္းမွာ ဒီ မီဒီယာသမားေတြကို ဖမ္းဆီးတာေတြ ခပ္စိပ္စိပ္ လုပ္လာတာေတြ႕တယ္။ ခပ္စိတ္စိတ္ဖမ္းလာသလို စြဲတဲ့ပုဒ္မေတြကလည္း ျပစ္ဒဏ္ ျမင့္ျမင့္မားမားေတြနဲ႔ စြဲဆိုတာေတြ ဆရာတို႔ေတြ႕တယ္။ ၿပီးရင္တမႈထဲမဟုတ္ဘဲနဲ႔ အမႈေတြခြဲၿပီးေတာ့ လူတေယာက္ထဲကိုပဲ ၂ မႈ ၃ မႈ စသည္အားျဖင့္ ခြဲစြဲတဲ့ပုံေတြေတြ႕တယ္။ ေနာက္တခါ ရဲစခန္းတခုထဲကေနမွ တရားစြဲတာမ်ိဳး မဟုတ္ဘဲနဲ႔ သူသြားလာလႈပ္ရွားခဲ့တဲ့ နယ္ေျမေတြက စခန္းအသီးသီးကေန ပုဒ္မေတြတပ္ တရားစြဲလာတာေတြ႕တယ္။ ျပန္သုံးသပ္လိုက္ေတာ့ မီဒီယာေတြအေပၚမွာ အေရးယူလာတာ ပိုျပင္းထန္လာတယ္။ ပိုၿပီးေတာ့ စိုးရိမ္ဖြယ္ရာ အေျခအေနရွိတယ္လို႔ သုံးသပ္လို႔ရပါတယ္။"

စစ္အာဏာသိမ္းၿပီးခ်ိန္ ဆန္႔က်င္ဆႏၵျပပဲြေတြ ႐ွိခဲ့ခ်ိန္ကလည္း စစ္ေကာင္စီက သတင္းေထာက္တခ်ဳိ႕ကို ဖမ္းဆီးခဲ့တာေတြ႐ွိသလို သတင္းဌာန ၈ ခုကိုလည္း ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့ပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ သတင္းသမား ၁၀၀ နီးပါး႐ွိခဲ့ၿပီး ၈ ေယာက္ ေထာင္ခ်ခံခဲ့ရပါတယ္။ ၅၆ ေယာက္ကေတာ့ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ လက္႐ွိမွာ သတင္းသမား အေယာက္ ၅၀ ထက္မနည္း အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ဖမ္းဆီး ထိန္းသိမ္းခံထားရဆဲ ျဖစ္ပါတယ္။

...................................................................................

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ အောက်တိုဘာလဆန်းမှာ အမှုရင်ဆိုင်ရမယ်

(Unicode)

သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးပြီး တရားစွဲခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်း ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ "ခံစားကြည့်" အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ရဲ့ အမှုတွေအတွက် ရုံးချိန်းတွေ ထပ်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲကစလို့ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင်က သတင်းထောက် လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတွေ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ပြင်းထန်တဲ့ပုဒ်မတွေတပ် တရားစွဲလာတာတွေ့နေရတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဗီအိုအေမြန်မာပိုင်းရဲ့ ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်အပေါ် တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုနှစ်မှုဖွင့်ခံထားရတဲ့ထဲက တမှုအတွက် ဒီနေ့ ရုံးထုတ်ပါတယ်။ Video conferencing နဲ့နောက်ထပ် ရက်ချိန်းပေးလိုက်တဲ့အကြောင်း ဦးစည်သူအောင်မြင့်ရဲ့ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ဗီအိုအေကို ခုလိုပြောပါတယ်။

"ဆရာ့ရုံးချိန်းက အောက်တိုဘာ ၁ ရက်နေ့ကိုပြန်ချိန်းတယ်။ အင်းစိန် အထူးတရားရုံးတွေက ပြန်မဖွင့်သေးတော့လေ ဆရာနဲ့တော့မတွေ့ရဘူး ရုံးချိန်းကို တရားရုံးနဲ့ follow up လုပ်တာကျတော့ ၁ ရက်နေ့ကို ၁ ရက်နေ့ပြန်ချိန်းတယ်သိရပါတယ်။ ပုဇွန်တောင်မှာလည်း ၅၀၅-က နဲ့ ဖွင့်ထားတယ်လို့သိရတယ် ဒါမယ့် ရမာန်မယူရသေးတော့ အမှု စွဲမတင်ရသေးဘူးပေါ့။"

ပုဇွန်တောင်မြို့နယ်မှာ ၅၀၅-က နဲ့တရားစွဲတဲ့ အမှုအတွက်တော့ ဘယ်နေ့ ရုံးချိန်းလဲဆိုတာ မသိရသေးပါဘူး။ ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက် တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ့ခံစားကြည့် အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ တရားစွဲထားပါတယ်။ သူ့အမှုတွေ အခြေအနေနဲ့ပတ်သက်လို့ သူ့ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ခုလိုပြောပြပါတယ်။

"မင်္ဂလာတောင်ညွန့်မှာစွဲထားတဲ့ ၁၇/၁ ရဲ့ ရုံးချိန်းယူတယ်။ အထဲက အထူးတရားရုံးကမဖွင့်လို့။ မဖွင့်ရတာကလည်း အင်းစိန်က ကိုဗစ်အတွက် stay home ဖြစ်နေတော့ တာမွေမှာ မနေ့က ရုံးချိန်းယူရတယ် ယူလိုက်တော့ စက်တင်ဘာ ၃၀ ရက်နေ့ တကယ်လို့ အင်းစိန်အတွင်းမှာ အထူးတရားရုံးဖွင့်ရင် အတွင်းမှာစစ်မယ် မဟုတ်လို့ရှိရင် အဲနေ့ကျရင် မင်္ဂလာတောင်ညွန့်မှာပဲ ရုံးထုတ်စစ်မယ်။ ဒီနေ့ကဗဟန်းမှာ ပုဒ်မ ၅၀၅-က အတွက် က အင်းစိန်မှာ video နဲ့ဘဲ တရားသူကြီးက မထက်ထက်ခိုင်ကိုခေါ်ပြီး ရုံးချိန်းယူတယ်။ သူကတော့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ စစစ် ဖြစ်မယ်ပေါ့။"

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လည်ပြင်ဆင်ကာ ထပ်တိုးပုဒ်မခွဲတွေ ထည့်သွင်းခဲ့တဲ့နောက် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတွေ လေးယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းခံရသူတွေကို မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ အကြည်ညိုပျက်အောင်ပြုလုပ်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) တို့နဲ့ပါ တရားစွဲဆိုထားပါတယ်။

သတင်းမီဒီယာ ကောင်စီဝင်ဟောင်း ဖြစ်ခဲ့ပြီး အလွတ်တန်းသတင်းထောက်လုပ်ကိုင်နေတဲ့ မသူဇာကို စက်တင်ဘာ ၁ ရက်နေ့က ကမာရွတ်မြို့နယ်အတွင်း ပြည်ရိပ်မွန်အိမ်ရာအနီးမှာ အရပ်ဝတ်နဲ့ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် ဒီကနေ့အထိ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရပါဘူး။

သတင်းထောက် မသူဇာဟာဆိုရင် အရပ်သားအစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ သတင်းမီဒီယာအဖွဲ့ရဲ့ ကောင်စီဝင်ဟောင်းဖြစ်သလို ဆဲဗင်းဒေး၊ ဧရာဝတီ စတဲ့ မီဒီယာတွေမှာ သတင်းထောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း မန္တလေးမြို့အခြေစိုက် ချန်နယ်မန္တလေးသတင်းဌာန သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးကို ပုဒ်မ ၅၀၅ -က နဲ့ အမှုဖွင့်ခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာလည်း မဇ္စိုမသတင်းဌာနမှာ အယ်ဒီတာ လုပ်ကိုင်ခဲ့သူ ကိုမျိုးသန့်ဖမ်းခံရပါတယ်။ သူဟာ လက်ရှိ သတင်းထောက်အလုပ်တွေ လုပ်မနေဘဲ ဇာတိကို ပြန်လည်နေထိုင်ချိန် သူ့ဇာတိနယ်မြေမှာ ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရပါ တယ်။
ဒီအခြေအနေတွေအပေါ် ဥပဒေအကျိုး ဆောင်တဦးက ခုလိုသုံးသပ်ပါတယ်။

"ဇွန် ၃၀ နောက်ပိုင်းပေါ့။ ဇူလိုင် ၁ ရက်နေ ဒီနောက်ပိုင်းမှာ ဒီ မီဒီယာသမားတွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် လုပ်လာတာတွေ့တယ်။ ခပ်စိတ်စိတ်ဖမ်းလာသလို စွဲတဲ့ပုဒ်မတွေကလည်း ပြစ်ဒဏ် မြင့်မြင့်မားမားတွေနဲ့ စွဲဆိုတာတွေ ဆရာတို့တွေ့တယ်။ ပြီးရင်တမှုထဲမဟုတ်ဘဲနဲ့ အမှုတွေခွဲပြီးတော့ လူတယောက်ထဲကိုပဲ ၂ မှု ၃ မှု စသည်အားဖြင့် ခွဲစွဲတဲ့ပုံတွေတွေ့တယ်။ နောက်တခါ ရဲစခန်းတခုထဲကနေမှ တရားစွဲတာမျိုး မဟုတ်ဘဲနဲ့ သူသွားလာလှုပ်ရှားခဲ့တဲ့ နယ်မြေတွေက စခန်းအသီးသီးကနေ ပုဒ်မတွေတပ် တရားစွဲလာတာတွေ့တယ်။ ပြန်သုံးသပ်လိုက်တော့ မီဒီယာတွေအပေါ်မှာ အရေးယူလာတာ ပိုပြင်းထန်လာတယ်။ ပိုပြီးတော့ စိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ သုံးသပ်လို့ရပါတယ်။"

စစ်အာဏာသိမ်းပြီးချိန် ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိခဲ့ချိန်ကလည်း စစ်ကောင်စီက သတင်းထောက်တချို့ကို ဖမ်းဆီးခဲ့တာတွေရှိသလို သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ နီးပါးရှိခဲ့ပြီး ၈ ယောက် ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာ သတင်းသမား အယောက် ၅၀ ထက်မနည်း အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG