သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္လြတ္လပ္မႈက်ဆင္းတာေၾကာင့္ ေန႔စဥ္ဘ၀ထိခိုက္ 


ျမန္မာနိုင္ငံမွ အမ်ိဳးသမီးတဦး ဖုန္းအသံုးျပဳစဥ္. (Photo by STR / AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အင္တာနက္ လြတ္လပ္ခြင့္ က်ဆင္းလာတာက၊ ကမာၻမွာ အဆိုးဆံုးအဆင့္ မၾကံဳစဖူးကို ေရာက္သြားၿပီလုိ႔ Freedom House အဖြဲ႔က သတ္မွတ္လိုက္ပါတယ္။

Freedom House ႏိုင္ငံတကာလြတ္လပ္မူအကဲျဖတ္အဖြဲ႔ႀကီးက ဒီႏွစ္အစီရင္ခံစာ မေန႔ကထုတ္ရာမွာ၊ ျမန္မာမွာ အခုလို က်ဆင္းႏႈန္းက မၾကံဳစဖူးအဆိုးဆံုးျဖစ္ၿပီး၊ Belarus နဲ႔ Uganda တို႔က ေနာက္က လိုက္ခဲ့ၾကပါတယ္။

ဘာေၾကာင့္အခုလိုျဖစ္ခဲ့ရၿပီး၊ ဘယ္လို သက္ေရာက္မူရွိတာကို ဆက္သြယ္ေရးနည္းပညာကၽြမ္းက်င္သူ ကိုမ်ိဳးႏိုင္နဲ႔ ျမန္မာ့အေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

အေမရိကန္အေျခစိုက္ Freedom House က အခုေလာက္ထိ သပ္မွတ္ခံခဲ့ရတဲ့အေပၚ အဓိကတံု ့ျပန္ခ်က္ကို အင္တာနက္ဆက္သြယ္ေရးက်ြမ္းက်င္သူ ကိုမ်ိဳးနိုင္က လက္ေတြ ့နဲ ့အခုလိုစရွင္းျပပါတယ္။

ကိုမ်ိဳးနိုင္။ ။ ေဖေဖာ္၀ါရီလ (၁) ရက္ေန ့အာဏာသိမ္းျပီးေနာက္ပိုင္းမွာ အင္တာနက္ကို ျဖတ္ခ်လိုက္တယ္။ အဲဒီအခ်ိန္မွာ လူေတြက အရမ္းၾကီးေၾကာက္လန္ ့သြားတာေပါ့ေနာ္။ ေနာက္ပိုင္းမွာ လူေတြက အင္တာနက္သံုးတဲ့အခါက်ရင္ Facebook ေတြ ပိတ္တာတို ့၊ ေက်ာ္ျပီးမွ သံုးလို ့ရတာတို ့ေတြျဖစ္လာတယ္။ ဒီထက္ပိုဆိုးတာက ဆိုရွယ္မီဒီယာေတြမွာ စစ္အစိုးရနဲ ့ပက္သက္တာတို ့၊ ဆႏၵျပတာနဲ ့ပက္သက္တာတို ့ေတြတင္ထားတာပဲျဖစ္ျဖစ္၊ Like ထား၊ ရွယ္ထားတာပဲျဖစ္ျဖစ္ အခ်ိန္မေရြးသူတို ့က လမ္းမွာ တားတားျပီးစစ္မယ္တဲ့။ သူတို ့ စစ္လို ့ေတြ ့ရင္ အိုင္ဖုန္းကိုလည္းသိမ္းမယ္။ လူကိုလည္း အေရးယူမယ္။ ေနာက္ပိုင္းေတာ့ အင္တာနက္လြတ္လပ္ခြင့္ေတြပါ ပိတ္ပင္ခံရတယ္။ ေနာက္ဆံုးျဖစ္သြားတဲ့ဟာက NUG ရဲ့ Profile Change တာ တရက္ထဲ သံုးသန္းေက်ာ္သြားလို ့NUG Profile တာကို ဖမ္းပါမယ္ဆိုျပီးေတာ့မွ စာေတြဘာေတြထုတ္ျပီးသြားေတာ့မွ၊ အဲလိုေတြျဖစ္လာျပီးေတာ့ တခ်ိဳ ့ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္ ၊ ျပည္တြင္းကလူေတြ တရက္နွစ္ရက္ေလာက္ပဲခ်ိန္းထားျပီးေတာ့ ျပန္ေျပာင္းၾကတာေပါ့ေနာ္။ ေနာက္ျပီး အင္တာနက္လိုင္းေတြကို္လည္း ေစာင့္ၾကည့္ေနတယ္လို ့။ အင္တာနက္လိုင္းကို Speed ေလွ်ာ့တယ္တို ့။ အခုဆို အထက္ျမန္မာျပည္ရဲ့ ျမိဳ ့နယ္ေတာ္ေတာ္မ်ားမ်ားကို အင္တာနက္ေတြ ျဖတ္ထားတာေပါ့ေနာ္။

ဘာ့ေၾကာင့္အခုလိုထိျဖစ္လာရပါလဲလို ့ေမးျမန္းရာမွာ ျမန္မာအေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက အခုလို ေျပာပါတယ္။

ဦးေမာင္ေမာင္စိုး။ ။ အခု အင္တာနက္ျဖတ္ေတာက္မႈကို စစ္မက္ျဖစ္ပြားတဲ့ ေဒသေတြမွာ ေတြ ့ရပါတယ္။ အဓိကက အင္တာနက္ကို အသံုးျပဳျပီးေတာ့ တေယာက္နဲ ့တေယာက္ ဆက္သြယ္တဲ့ ကိစၥေတြကို ျဖတ္ေတာက္ခ်င္တဲ့အတြက္ လုပ္တာေပါ့။ အရပ္ဘက္က PDF တို ့ဘာတို ့ေပါ့။ အရပ္ဘက္ကလူေတြ ဖုန္းေျပာမယ္ဆို အင္တာနက္ကို အသံုးျပဳရတာ။ ရိုးရိုးတယ္လီဖုန္းလိုင္းကို အသံုးျပဳရင္ ၾကား ျဖတ္ျပီးေတာ့ ဖမ္းယူနားေထာင္ရတာ လြယ္ကူတယ္။ အင္တာနက္က်ေတာ့ Application မ်ိဳးစံုကို အသံုးျပဳျပီးဆက္သြယ္တယ္ဆိုေတာ့ ၾကားျဖတ္ဖမ္းယူဖို ့ ခက္တယ္ေပါ့။ တဘက္ကေျပာမယ္ဆိုရင္ေတာ့ ၈၈ နဲ ့မတူတာက ကမၻာကို၊ နိုင္ငံတကာကို ၀ါဒျဖန္ ့ခ်ီတဲ့ေနရာမွာ ျမန္တာေပါ့ဗ်ာ။ အျမန္ဆံုးပဲ၊ ဓာတ္ပံုေတြ၊ ဗြီဒီယိုဖိုင္ေတြကစျပီးေတာ့ ခ်က္ခ်င္းတင္လို ့ရတာကိုး။ အဲဒီေတာ့ တခုခုျဖစ္ရင္ ဖံုးကြယ္ဖို ့ခက္တယ္။ အဲဒီေတာ့ ဒီျမန္ဆန္တဲ့ဟာကို ေႏွးေကြးေအာင္လုပ္တယ္ေပါ့။

ဒါ့အျပင္ ကိုမ်ိဳးနိုင္ကလည္း အဓိကအေၾကာင္းအရင္းကို အခုလို ရွင္းျပပါတယ္။
ကိုမ်ိဳးနိုင္။ ။ အဓိကကေတာ့ သတင္းစီးဆင္းမႈကို သူတို ့ပိတ္ခ်င္တာေပါ့ဗ်ာ။ ဘာလဲဆိုေတာ့ အင္တာနက္မွာဆိုလို ့ရွိရင္ သတင္းတခုကိုျဖန္ ့လို္က္တာနဲ ့တစကၠန္ ့အတြင္း အကုန္လံုး တန္းေရာက္သြားတယ္။ တေနရာရာမွာ တခုခုျဖစ္ျပီဆိုလို ့ရွိရင္ လူေတြအကုန္လံုးကို ခ်က္ခ်င္းသိနိုင္တဲ့အခါက်ေတာ့ တေယာက္ကေန တေယာက္ သူတို ့က အင္ေဖာ္ေမးရွင္းကို ေပးမသိေစခ်င္ဘူး။ သတင္းအမွန္ကိုေပါ့ သက္ေသအေထာက္အထားနဲ ့ ေတာ္ေတာ္မ်ားမ်ားက evidence ေတြ စုသြားၾကတယ္။ ဓာတ္ပံုေတြ၊ ဗြီဒီယိုေတြနဲ ့တကြေပါ့။ အခုေနာက္ပိုင္း Location ေတြေပါ့။ အခုေနာက္ပိုင္း ဓာတ္ပံုတပံုရိုက္လိုက္ရင္ Location ေတြ ေန ့စြဲေတြ တခါထဲ တန္းပါတယ္ေပါ့။ အဲလိုမ်ိဳးအထိေပါ့။ သူတို ့အေနနဲ ့နည္းပညာပိုင္းကို လိုက္လို ့မမီတဲ့အခါက်ေတာ့ သူတို ့က အေကာင္းဆံုးက အကုန္လံုးပိတ္လိုက္တယ္။ သူတို ့ေျပာတဲ့ သတင္းပဲနားေထာင္၊ အဲလိုမ်ိဳးျဖစ္ေစခ်င္တဲ့ အတြက္ သူတို ့က အားလံုး ျဖတ္ေတာက္လိုက္တာ။ သတင္းအေမွာင္ခ်ခ်င္တာေပါ့ဗ်ာ။

အဲဒီေတာ့ သတင္းလြတ္လပ္ခြင့္ဆံုးရွုံးတာေၾကာင့္ ဘယ္လိုသက္ေရာက္ခြင့္ရွိနိုင္ပါလဲလို ့ေမးျမန္းရာမွာ ဦးေမာင္ေမာင္စိုးက အခုလို ဆက္ေထာက္ျပပါတယ္။
ဦးေမာင္ေမာင္စိုး။ ။ အင္တာနက္သည္ က်န္တဲ့ လူမႈစီးပြားလုပ္ငန္းေတြမွာ အမ်ားၾကီးသံုးတာကိုး။ ရခိုင္မွာလည္း အင္တာနက္ျဖတ္ရင္ အင္တာနက္သံုးတဲ့ လူမႈစီးပြားစနစ္ေတြ၊ ဘဏ္စနစ္ေတြ အကုန္ပ်က္တယ္။ ဒါ့အျပင္ ပညာေရးနဲ ့ပက္သက္တဲ့ ကိစၥေတြလည္း ဒီအင္တာနက္မွာ ၾကည့္လို ့၊ သင္ယူလုို ့မရ ျဖစ္သြားတာေပါ့။ အဲဒီေတာ့ သတင္း ျပတ္ေတာက္ေအာင္(အင္တာနက္) ျဖတ္ေတာက္တာျဖစ္ေပမယ့္ အင္တာနက္အသံုးျပဳတဲ့၊ လူမႈစီးပြားနယ္ပယ္ေတြ၊ ပညာေရးနယ္ပယ္ေတြ အားလံုးကို သြားထိခိုက္တာေပါ့။

ဒီသက္ေရာက္မႈအေပၚ ကိုမ်ိဴးနိုင္ကလည္း အခုလို ဆက္ျပီးရွင္းျပပါတယ္။
ကိုမ်ိဴးနိုင္။ ။အြန္လိုင္း Transition ေတြေပါ့ေနာ္။ ပစၥည္းေတြမွာမယ္၊ အြန္လိုင္း Transition ေပးမယ္ဆိုရင္။ ဒီကေန ေအာ္ဒါမွာ၊ ဟိုကေနပိုက္ဆံလႊဲ၊ လႊဲျပီးေတာ့ ျပန္ပို ့ဆိုရင္ အဲဒီလိုမ်ိဳးေတြမွာ ကုန္သြယ္ေရးမွာ သြားျပီးေတာ့ ထိခုိက္လာတာေပါ့။ ေနာက္ျပီး နိုင္ငံျခားနဲ ့ဆက္သြယ္တာေတြလည္း အဆင္မေျပဘူး။ ေနာက္ က်န္းမာေရးအပိုင္းေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားဟာ ဒီက်န္းမာေရးအတြက္ကို observation ေတြယူရပါတယ္။ နိုင္ငံျခားက အၾကံျပဳခ်က္ေတြ ေတာင္းရပါတယ္။ အဲဒီလိုမ်ိဳးက်ရင္ data ေတြ ေတာင္းရတယ္ေပါ့ေနာ္။ အဲဒီအခ်ိန္က်ရင္ အင္တာနက္မရွိတဲ့အခါက်ရင္ ပို ့လို ့မရဘူး။ ဖုန္းနဲ ့လည္း သြားေျပာလို ့မရဘူး ေပါ့ေနာ္။ အဲဒီလိုမ်ိဳး အျဖစ္မ်ိဳးမွာက်ရင္ အခက္အခဲေတြ အမ်ားၾကီးေတြ ့ရတယ္။ ဘာမွာလုပ္လို ့မရဘူးေပါ့ေနာ္။ အျပင္ကလူအျပင္ အတြင္းကလူပါ လုပ္လို ့မရဘူးေပါ့ေနာ္။ အဲလိုအဆင့္ ေရာက္သြားတာေပါ့ေနာ္။ နိုင္ငံျခားကလူေတြေပါ့ေနာ္ ၊ တခ်ိဳေ့တြက ေနမနိုင္ေလာက္ေအာင္ျဖစ္တယ္ေပါ့။ အရမ္းကို ေၾကာက္စရာေကာင္းတဲ့နိုင္ငံတခုလို အဆင့္နိမ့္သြားတာေပါ့။

တကယ္ေတာ့ ဒီ Freedom House ရဲ့ အစီရင္ခံစာထဲမွာ နိုင္ငံေပါင္း ၃၀ ရဲ့ အင္တာနက္လြတ္လပ္ခြင့္ က်ဆင့္လာခဲ့ျပီး ျမန္မာနို္င္ငံအေနနဲ ့က အရင္နွစ္ကထက္ ၁၄ မွတ္အထိ က်ဆင္းသြားတာက အဖြဲ ့စတင္ခဲ့ရာကေန အခုထိ စံခ်ိန္တင္က်ဆင္းတာလို ့သံုးနွုန္းခဲ့ပါတယ္ ခင္ဗ်ာ။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


အင်တာနက်လွတ်လပ်မှုကျဆင်းတာကြောင့် နေ့စဉ်ဘဝထိခိုက်

(Unicode)

မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့် ကျဆင်းလာတာက၊ ကမ္ဘာမှာ အဆိုးဆုံးအဆင့် မကြုံစဖူးကို ရောက်သွားပြီလို့ Freedom House အဖွဲ့က သတ်မှတ်လိုက်ပါတယ်။

Freedom House နိုင်ငံတကာလွတ်လပ်မူအကဲဖြတ်အဖွဲ့ကြီးက ဒီနှစ်အစီရင်ခံစာ မနေ့ကထုတ်ရာမှာ၊ မြန်မာမှာ အခုလို ကျဆင်းနှုန်းက မကြုံစဖူးအဆိုးဆုံးဖြစ်ပြီး၊ Belarus နဲ့ Uganda တို့က နောက်က လိုက်ခဲ့ကြပါတယ်။

ဘာကြောင့်အခုလိုဖြစ်ခဲ့ရပြီး၊ ဘယ်လို သက်ရောက်မူရှိတာကို ဆက်သွယ်ရေးနည်းပညာကျွမ်းကျင်သူ ကိုမျိုးနိုင်နဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

အမေရိကန်အခြေစိုက် Freedom House က အခုလောက်ထိ သပ်မှတ်ခံခဲ့ရတဲ့အပေါ် အဓိကတုံ့ပြန်ချက်ကို အင်တာနက်ဆက်သွယ်ရေးကျွမ်းကျင်သူ ကိုမျိုးနိုင်က လက်တွေ့နဲ့အခုလိုစရှင်းပြပါတယ်။

ကိုမျိုးနိုင်။ ။ ဖေဖော်ဝါရီလ (၁) ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်တာနက်ကို ဖြတ်ချလိုက်တယ်။ အဲဒီအချိန်မှာ လူတွေက အရမ်းကြီးကြောက်လန့်သွားတာပေါ့နော်။ နောက်ပိုင်းမှာ လူတွေက အင်တာနက်သုံးတဲ့အခါကျရင် Facebook တွေ ပိတ်တာတို့၊ ကျော်ပြီးမှ သုံးလို့ရတာတို့တွေဖြစ်လာတယ်။ ဒီထက်ပိုဆိုးတာက ဆိုရှယ်မီဒီယာတွေမှာ စစ်အစိုးရနဲ့ပက်သက်တာတို့၊ ဆန္ဒပြတာနဲ့ပက်သက်တာတို့တွေတင်ထားတာပဲဖြစ်ဖြစ်၊ Like ထား၊ ရှယ်ထားတာပဲဖြစ်ဖြစ် အချိန်မရွေးသူတို့က လမ်းမှာ တားတားပြီးစစ်မယ်တဲ့။ သူတို့ စစ်လို့တွေ့ရင် အိုင်ဖုန်းကိုလည်းသိမ်းမယ်။ လူကိုလည်း အရေးယူမယ်။ နောက်ပိုင်းတော့ အင်တာနက်လွတ်လပ်ခွင့်တွေပါ ပိတ်ပင်ခံရတယ်။ နောက်ဆုံးဖြစ်သွားတဲ့ဟာက NUG ရဲ့ Profile Change တာ တရက်ထဲ သုံးသန်းကျော်သွားလို့NUG Profile တာကို ဖမ်းပါမယ်ဆိုပြီးတော့မှ စာတွေဘာတွေထုတ်ပြီးသွားတော့မှ၊ အဲလိုတွေဖြစ်လာပြီးတော့ တချို့ တော်တော်များများပေါ့နော် ၊ ပြည်တွင်းကလူတွေ တရက်နှစ်ရက်လောက်ပဲချိန်းထားပြီးတော့ ပြန်ပြောင်းကြတာပေါ့နော်။ နောက်ပြီး အင်တာနက်လိုင်းတွေကိုလည်း စောင့်ကြည့်နေတယ်လို့။ အင်တာနက်လိုင်းကို Speed လျှော့တယ်တို့။ အခုဆို အထက်မြန်မာပြည်ရဲ့ မြို့နယ်တော်တော်များများကို အင်တာနက်တွေ ဖြတ်ထားတာပေါ့နော်။

ဘာ့ကြောင့်အခုလိုထိဖြစ်လာရပါလဲလို့မေးမြန်းရာမှာ မြန်မာအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။

ဦးမောင်မောင်စိုး။ ။ အခု အင်တာနက်ဖြတ်တောက်မှုကို စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ တွေ့ရပါတယ်။ အဓိကက အင်တာနက်ကို အသုံးပြုပြီးတော့ တယောက်နဲ့တယောက် ဆက်သွယ်တဲ့ ကိစ္စတွေကို ဖြတ်တောက်ချင်တဲ့အတွက် လုပ်တာပေါ့။ အရပ်ဘက်က PDF တို့ဘာတို့ပေါ့။ အရပ်ဘက်ကလူတွေ ဖုန်းပြောမယ်ဆို အင်တာနက်ကို အသုံးပြုရတာ။ ရိုးရိုးတယ်လီဖုန်းလိုင်းကို အသုံးပြုရင် ကြား ဖြတ်ပြီးတော့ ဖမ်းယူနားထောင်ရတာ လွယ်ကူတယ်။ အင်တာနက်ကျတော့ Application မျိုးစုံကို အသုံးပြုပြီးဆက်သွယ်တယ်ဆိုတော့ ကြားဖြတ်ဖမ်းယူဖို့ ခက်တယ်ပေါ့။ တဘက်ကပြောမယ်ဆိုရင်တော့ ၈၈ နဲ့မတူတာက ကမ္ဘာကို၊ နိုင်ငံတကာကို ဝါဒဖြန့်ချီတဲ့နေရာမှာ မြန်တာပေါ့ဗျာ။ အမြန်ဆုံးပဲ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကစပြီးတော့ ချက်ချင်းတင်လို့ရတာကိုး။ အဲဒီတော့ တခုခုဖြစ်ရင် ဖုံးကွယ်ဖို့ခက်တယ်။ အဲဒီတော့ ဒီမြန်ဆန်တဲ့ဟာကို နှေးကွေးအောင်လုပ်တယ်ပေါ့။

ဒါ့အပြင် ကိုမျိုးနိုင်ကလည်း အဓိကအကြောင်းအရင်းကို အခုလို ရှင်းပြပါတယ်။
ကိုမျိုးနိုင်။ ။ အဓိကကတော့ သတင်းစီးဆင်းမှုကို သူတို့ပိတ်ချင်တာပေါ့ဗျာ။ ဘာလဲဆိုတော့ အင်တာနက်မှာဆိုလို့ရှိရင် သတင်းတခုကိုဖြန့်လိုက်တာနဲ့တစက္ကန့်အတွင်း အကုန်လုံး တန်းရောက်သွားတယ်။ တနေရာရာမှာ တခုခုဖြစ်ပြီဆိုလို့ရှိရင် လူတွေအကုန်လုံးကို ချက်ချင်းသိနိုင်တဲ့အခါကျတော့ တယောက်ကနေ တယောက် သူတို့က အင်ဖော်မေးရှင်းကို ပေးမသိစေချင်ဘူး။ သတင်းအမှန်ကိုပေါ့ သက်သေအထောက်အထားနဲ့ တော်တော်များများက evidence တွေ စုသွားကြတယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့တကွပေါ့။ အခုနောက်ပိုင်း Location တွေပေါ့။ အခုနောက်ပိုင်း ဓာတ်ပုံတပုံရိုက်လိုက်ရင် Location တွေ နေ့စွဲတွေ တခါထဲ တန်းပါတယ်ပေါ့။ အဲလိုမျိုးအထိပေါ့။ သူတို့အနေနဲ့နည်းပညာပိုင်းကို လိုက်လို့မမီတဲ့အခါကျတော့ သူတို့က အကောင်းဆုံးက အကုန်လုံးပိတ်လိုက်တယ်။ သူတို့ပြောတဲ့ သတင်းပဲနားထောင်၊ အဲလိုမျိုးဖြစ်စေချင်တဲ့ အတွက် သူတို့က အားလုံး ဖြတ်တောက်လိုက်တာ။ သတင်းအမှောင်ချချင်တာပေါ့ဗျာ။

အဲဒီတော့ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတာကြောင့် ဘယ်လိုသက်ရောက်ခွင့်ရှိနိုင်ပါလဲလို့မေးမြန်းရာမှာ ဦးမောင်မောင်စိုးက အခုလို ဆက်ထောက်ပြပါတယ်။
ဦးမောင်မောင်စိုး။ ။ အင်တာနက်သည် ကျန်တဲ့ လူမှုစီးပွားလုပ်ငန်းတွေမှာ အများကြီးသုံးတာကိုး။ ရခိုင်မှာလည်း အင်တာနက်ဖြတ်ရင် အင်တာနက်သုံးတဲ့ လူမှုစီးပွားစနစ်တွေ၊ ဘဏ်စနစ်တွေ အကုန်ပျက်တယ်။ ဒါ့အပြင် ပညာရေးနဲ့ပက်သက်တဲ့ ကိစ္စတွေလည်း ဒီအင်တာနက်မှာ ကြည့်လို့၊ သင်ယူလို့မရ ဖြစ်သွားတာပေါ့။ အဲဒီတော့ သတင်း ပြတ်တောက်အောင်(အင်တာနက်) ဖြတ်တောက်တာဖြစ်ပေမယ့် အင်တာနက်အသုံးပြုတဲ့၊ လူမှုစီးပွားနယ်ပယ်တွေ၊ ပညာရေးနယ်ပယ်တွေ အားလုံးကို သွားထိခိုက်တာပေါ့။

ဒီသက်ရောက်မှုအပေါ် ကိုမျိူးနိုင်ကလည်း အခုလို ဆက်ပြီးရှင်းပြပါတယ်။
ကိုမျိူးနိုင်။ ။အွန်လိုင်း Transition တွေပေါ့နော်။ ပစ္စည်းတွေမှာမယ်၊ အွန်လိုင်း Transition ပေးမယ်ဆိုရင်။ ဒီကနေ အော်ဒါမှာ၊ ဟိုကနေပိုက်ဆံလွှဲ၊ လွှဲပြီးတော့ ပြန်ပို့ဆိုရင် အဲဒီလိုမျိုးတွေမှာ ကုန်သွယ်ရေးမှာ သွားပြီးတော့ ထိခိုက်လာတာပေါ့။ နောက်ပြီး နိုင်ငံခြားနဲ့ဆက်သွယ်တာတွေလည်း အဆင်မပြေဘူး။ နောက် ကျန်းမာရေးအပိုင်းပေါ့နော်။ တော်တော်များများဟာ ဒီကျန်းမာရေးအတွက်ကို observation တွေယူရပါတယ်။ နိုင်ငံခြားက အကြံပြုချက်တွေ တောင်းရပါတယ်။ အဲဒီလိုမျိုးကျရင် data တွေ တောင်းရတယ်ပေါ့နော်။ အဲဒီအချိန်ကျရင် အင်တာနက်မရှိတဲ့အခါကျရင် ပို့လို့မရဘူး။ ဖုန်းနဲ့လည်း သွားပြောလို့မရဘူး ပေါ့နော်။ အဲဒီလိုမျိုး အဖြစ်မျိုးမှာကျရင် အခက်အခဲတွေ အများကြီးတွေ့ရတယ်။ ဘာမှာလုပ်လို့မရဘူးပေါ့နော်။ အပြင်ကလူအပြင် အတွင်းကလူပါ လုပ်လို့မရဘူးပေါ့နော်။ အဲလိုအဆင့် ရောက်သွားတာပေါ့နော်။ နိုင်ငံခြားကလူတွေပေါ့နော် ၊ တချိုေ့တွက နေမနိုင်လောက်အောင်ဖြစ်တယ်ပေါ့။ အရမ်းကို ကြောက်စရာကောင်းတဲ့နိုင်ငံတခုလို အဆင့်နိမ့်သွားတာပေါ့။

တကယ်တော့ ဒီ Freedom House ရဲ့ အစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၃၀ ရဲ့ အင်တာနက်လွတ်လပ်ခွင့် ကျဆင့်လာခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့က အရင်နှစ်ကထက် ၁၄ မှတ်အထိ ကျဆင်းသွားတာက အဖွဲ့စတင်ခဲ့ရာကနေ အခုထိ စံချိန်တင်ကျဆင်းတာလို့သုံးနှုန်းခဲ့ပါတယ် ခင်ဗျာ။




၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG