သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာလူသားခ်င္းစာနာမႈ အကူအညီကိစၥ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား စည္းေဝးမည္


အင္ဒုိနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕ရွိ အာဆီယံအတြင္းေရးမွဴးခ်ဳပ္႐ုံးေရွ႕မွာ လႊင့္ထူထားတဲ့ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံ အလံမ်ား။ (ဧၿပီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံကို လူသားစာနာမႈ အကူအညီေပးေရးကိစၥ ေဆြးေႏြးဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႔ (ASEAN) ႏုိင္ငံျခားေရးဝန္ႀကီးေတြ ေနာက္လမွာ စည္းေဝးၾကမယ္လို႔ အာဆီယံရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံက ဒီကေန႔ ေျပာပါတယ္။

အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီး အစည္းအေဝးကို ဒီလအတြင္းက်င္းပဖို႔ အေစာပိုင္းက စီစဥ္ခဲ့ေပမယ့္ ဝန္ႀကီးတခ်ဳိ႕က တက္ေရာက္ဖို႔ အခက္အခဲရွိတယ္လုိ႔ ေျပာခဲ့ၾကတာေၾကာင့္ အစည္းအေဝးကို ေရႊ႕ဆိုင္းထားတာပါ။ အခုေတာ့ ေဖေဖာ္ဝါရီလ ၁၆ ရက္နဲ႔ ၁၇ ရက္ေန႔ေတြမွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္၊ ကေမာၻဒီးယား ႏုိင္ငံျခားေရးဝန္ႀကီး Prak Sokhonn ျမန္မာႏိုင္ငံကိုသြားဖို႔ ျပင္ဆင္ေနတယ္လုိ႔လည္း ကေမၻာဒီးယား ႏုိင္ငံျခားေရးဌာနရဲ႕ ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ဝန္ႀကီး Sokhonn ရဲ႕ အဓိက ဦးစားေပးလုပ္ငန္းေတြက "အားလံုးသေဘာတူထားတဲ့ ငါးခ်က္ပါ ဘံုသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေရးျဖစ္ၿပီး အာဆီယံ ႏုိင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ လာမယ့္အစည္းအေဝးမွာ ေဆြးေႏြးသြားမွာျဖစ္တယ္လုိ႔ ကေမၻာဒီးယား ႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ျမန္မာ့အေရး အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ ျမန္မာႏုိင္ငံကို ပထမဆံုးအႀကိမ္ သြားေရာက္မယ့္ ဝန္ႀကီး Sokhonn ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္လို႔ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ခရီးစဥ္အတြင္း ေဆြးေႏြးခဲ့တယ္ဆိုတာ ကေမၻာဒီးယား ႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒီခရီးစဥ္ဟာ တိုက္႐ိုက္ သက္ဆိုင္သူအားလံုးၾကား ေဆြးေႏြးညႇိႏႈိင္းမႈ ျဖစ္လာေအာင္ ၾကားဝင္ေစ့စပ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ လူသားစာနာမႈ အကူအညီ အလိုအပ္ဆံုး သူေတြအတြက္ အကူအညီေတြ အႏၲရာယ္ကင္းကင္းနဲ႔ အျမန္ဆံုးေပးႏုိင္ေအာင္ လုပ္ဖို႔ျဖစ္တယ္လုိ႔ ကေမၻာဒီးယား ႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာလူသားချင်းစာနာမှု အကူအညီကိစ္စ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးမည်

မြန်မာနိုင်ငံကို လူသားစာနာမှု အကူအညီပေးရေးကိစ္စ ဆွေးနွေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေ နောက်လမှာ စည်းဝေးကြမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဒီလအတွင်းကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် ဝန်ကြီးတချို့က တက်ရောက်ဖို့ အခက်အခဲရှိတယ်လို့ ပြောခဲ့ကြတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းထားတာပါ။ အခုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဝန်ကြီး Sokhonn ရဲ့ အဓိက ဦးစားပေးလုပ်ငန်းတွေက "အားလုံးသဘောတူထားတဲ့ ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးဖြစ်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ လာမယ့်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မယ့် ဝန်ကြီး Sokhonn ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်ဆိုတာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီခရီးစဉ်ဟာ တိုက်ရိုက် သက်ဆိုင်သူအားလုံးကြား ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာအောင် ကြားဝင်စေ့စပ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားစာနာမှု အကူအညီ အလိုအပ်ဆုံး သူတွေအတွက် အကူအညီတွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးပေးနိုင်အောင် လုပ်ဖို့ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG