သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးဘံုသေဘာတူညီခ်က္ေတြကိုလိုက္နာဖို႔ အာဆီယံေခါင္းေဆာင္တ ခ်ဳိ႕တိုက္တြန္း


အင္ဒိုနီးရွားႏိုင္ငံ Bintan ကြၽန္းမွာက်င္းပတဲ့ စကၤာပူနဲ႔ အင္ဒိုနီးရွားေခါင္းေဆာင္မ်ားညီလာခံတက္ေရာက္လာတဲ့ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို၀ီဒိုဒို (ယာ)နဲ႔ စကၤာပူ၀န္ႀကီးခ်ဳပ္ လီရွန္လြန္း (ဇန္၀ါရီ ၂၅၊ ၂၀၂၂)

စစ္အာဏာသိမ္းတာ တႏွစ္နီးပါးရွိလာၿပီျဖစ္ေပမဲ့ ျမန္မာ့အေရး ထိထိေရာက္ေရာက္ မေျဖရွင္းႏုိင္ေသးတဲ့အတြက္ အာဆီယံအသင္း၀င္ ႏုိင္ငံေတြနဲ႔ ျမန္မာ့အေရး အကဲခတ္ေတြ သတိေပးေနၾကပါတယ္။ ျမန္မာ့အေရး ေျဖရွင္းဖုိ႔ အာဆီယံက ၿပီးခဲ့တ့ဲႏွစ္ထဲ ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ အေရးႀကီးတယ္လုိ႔လည္း အာဆီယံႏုိင္ငံက ေခါင္းေဆာင္တခ်ဳိ႕က ေျပာဆုိေနၾကတာပါ။

မအင္ၾကင္းႏိုင္က အေၾကာင္းစုံကို ေျပာျပမွာပါ။

အင္ဒိုနီးရွားႏိုင္ငံ Bintan ကြၽန္းမွာ အဂၤါေန႔က က်င္းပတဲ့ စကၤာပူနဲ႔ အင္ဒိုနီးရွားေခါင္းေဆာင္မ်ားညီလာခံမွာေတာ့- စစ္အာဏာသိမ္းထားတဲ့ ျမန္မာ့အေရး ေဆြးေႏြးခဲ့ၾကသလို၊ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြဘက္က တူညီတဲ့ သေဘာထားရွိေနဆဲျဖစ္ေၾကာင္း စကၤာပူဝန္ႀကီးခ်ဳပ္နဲ႔ ပူးတြဲျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုကေျပာသြားပါတယ္။

"အာဆီယံရဲ႕ ညီၫြတ္မႈ၊ အခန္းက႑၊ အဖြဲ႕အစည္းနဲ႔ ပတ္သက္လို႔ ခိုင္မာအားေကာင္းေစေရး အေရးႀကီးတယ္ဆိုတဲ့ အခ်က္အေပၚမွာ အင္ဒိုနီးရွားနဲ႔ စကၤာပူႏွစ္ႏိုင္ငံလုံး တူညီတဲ့ သေဘာထားအျမင္ေတြရွိပါတယ္။ ဒါမွလည္း အနာဂတ္ မွာရင္ဆိုင္ရမယ့္ အမ်ဳိးမ်ဳိးေသာ စိန္ေခၚမႈေတြအတြက္ အာဆီယံက အဆင့္သင့္ရွိႏိုင္မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္ေတာ့ လတ္တေလာ ႏိုင္ငံတြင္းျဖစ္ေနတဲ့ အေျခအေနေတြအေပၚ က်ေနာ္တို႔ အရမ္းစိုးရိမ္ေနၾကပါတယ္။ ဒါအျပင္ အာဆီယံ အဆင့္ျမင့္အစည္းအေဝးက ဆုံးျဖတ္ခဲ့တဲ့ အခ်က္ငါးခ်က္ကို အေကာင္အထည္ေဖၚဖို႔ အေရးႀကီးၿပီး ဒီအခ်က္ေတြကို အားလုံးက မျဖစ္မေန ေလးစားလိုက္နာရမွာျဖစ္ပါတယ္။"


စစ္အာဏာသိမ္းထားတဲ့ ျမန္မာနဲ႔ ပတ္သက္လို႔ အာဆီယံရဲ႕ရပ္တည္ခ်က္ ညီညြတ္ဖို႔ဆိုတဲ့သေဘာမ်ဳိး အင္ဒိုနီးရွားသမၼတ ဂ်ဳိကို၀ီဒိုဒိုက ေျပာလာခ်ိန္မွာ အာဆီယံအလွည့္က် ဥကၠဌျဖစ္တဲ့ ကေမၻာဒီးယားႏိုင္ငံ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က ျမန္မာစစ္ေခါင္းေဆာင္နဲ႔ အနီးကပ္ဆက္ဆံေရးလိုလားတဲ့သေဘာထားကို ထင္ထင္ရွားရွားျပသလာေနခ်ိန္လည္းျဖစ္ပါတယ္။

ေဒသတြင္း ကၽြမ္းက်င္သူေတြ စုေပါင္းေရးသားထားၿပီး ထုိင္းႏုိင္ငံထုတ္ ဘန္ေကာက္ပုိ႔စ္ သတင္းစာမွာ အဂၤါေန႔က ေဖာ္ျပခဲ့တဲ့ သေဘာထားအျမင္ ေဆာင္းပါးမွာေတာ့ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတာ ၁ ႏွစ္ေလာက္ ရွိလာတဲ့အခ်ိန္အထိ အာဆီယံက ထိထိေရာက္ေရာက္ မကုိင္တြယ္ႏုိင္တာဟာ အဖဲြ႔၀င္ႏိုင္ငံအခ်င္းခ်င္း ကဲြျပားတဲ့ သေဘာထားေတြရွိေနတယ္ဆိုတဲ့အခ်က္ကို ေထာက္ျပခဲ့ၾကပါတယ္။ အထူးသျဖင့္ ပထမအႀကိမ္ ျမန္မာ့အေရး အာဆီယံအထူးသံတမန္ခန္႔အပ္တဲ့ကိစၥနဲ႔ သူ႔ရဲ႕ ျမန္မာခရီးစဥ္အေရး သတ္မွတ္ခ်က္ေတြအတြက္ အာဆီယံအတြင္း သေဘာထားမတူညီတဲ့အျပင္ စစ္ေကာင္စီဘက္က ကန္႔ကြက္ တုန္႔ျပန္ခဲ့တဲ့ရလာဒ္၊ ေနာက္ ဟ ဇန္န၀ါရီလ အေစာပိုင္းက ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္ စတာေတြဟာ အဖဲြ႔၀င္ႏိုင္ငံေတြၾကား ျမန္မာနဲ႔ပတ္သက္လို႔ စိတ္၀မ္းကဲြျပားမႈ ဘယ္ေလာက္ ျပင္းထန္သလဲဆိုတာျပသခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းႀကီးကို စတင္ထူေထာင္ခဲ့တဲ့ စကၤာပူ၊ မေလးရွား၊ အင္ဒိုနီးရွားႏိုင္ငံေတြကေတာ့ လက္ရွိအခ်ိန္မွာ ျမန္မာ စစ္အာဏာသိမ္းမႈန႔ဲပတ္သက္လို႔ ရပ္တည္ခ်က္သေဘာထား တူညီေနတာေတြ႕ရပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို အာဆီယံဘုံသေဘာတူညီခ်က္ ငါးခ်က္ထဲက ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို တိုးတက္ေအာင္လုပ္ႏိုင္တယ္ဆိုရင္ ျခြင္းခ်က္နဲ႔ အာဆီယံထိပ္သီးေဆြးေႏြးပဲြေတြကို တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့ေၾကာင္း ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က မေန႔က ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီတရက္ထဲမွာပဲ အင္ဒိုနီးရွားသမၼတနဲ႔ပူးတဲြျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ စကၤာပူ၀န္ႀကီးခ်ဳပ္ လီရွန္လြန္းက- မႏွစ္က ဆံုးျဖတ္ခဲ့တဲ့ အာဆီယံဘံုသေဘာတူညီခ်က္ ငါးခ်က္အတိုင္း အားလံုးပါ၀င္ပတ္သက္ေရး အာဆီယံဥကၠဌနဲ႔ အထူးသံတမန္တို႔မွာ တာ၀န္ရွိေၾကာင္း သတိေပးေျပာဆိုသြားပါတယ္။

"ေဒသတြင္း လက္ရွိျဖစ္ေနတဲ့ ကိစၥေတြ အထူးသျဖင့္ အေျခအေနဆိုးရြားေနေသးတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ ေဆြးေႏြးခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလကတည္းက ဂ်ကာတာမွာ ေဆြးေႏြး ခ်မွတ္ခဲ့တဲ့ အာဆီယံ ဘံုသေဘာတူညီခ်က္ ငါးရပ္ကို သိသိသာသာ အေကာင္အထည္ေဖၚေဆာင္ရြက္ရမယ့္အပိုင္းမွာ တိုးတက္မႈ မရွိခဲ့ဘူးဆိုတာ က်ေနာ္တို႔ သတိျပဳမိပါတယ္။ ျမန္မာျပည္သူေတြရဲ႕ အက်ဳိးစီးပြားအတြက္ တာရွည္ခံၿပီး ၿငိမ္းခ်မ္းတဲ့ အေျဖရရွိေရး အကူအညီေပးဖို႔ က်ေနာ္တို႔ ကတိျပဳထားတာပါ။ ဒါေပမယ့္ သက္ဆိုင္သူအားလံုးပါ၀င္ဖို႔အေရး ညွဳိႏႈိင္းေပးဖို႔ အာဆီယံဥကၠဌနဲ႔သူ႔ရဲ႕ အထူးသံတမန္မွာ တာ၀န္ရွိပါတယ္။ ဒါအျပင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးအပ္တဲ့ကိစၥမွာလည္း တုိးတက္မႈရွိတာကို ျမင္ေတြ႕လိုပါတယ္။"

ဒီကေန႔ ဗုဒၶဟူးေန႔ မွာေတာ့- ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ အြန္လိုင္း ဗြီဒီယို က တဆင့္ စကားေျပာမယ္လို႔ ကေမၻာဒီးယား၀န္ႀကီးဟြန္ဆန္က သူရဲ႕ ေဖ့စ္ဘုတ္ခ္ မွာေျပာထားပါတယ္။ ဒါအျပင္ သူနဲ႔ မေလးရွား ဝန္ႀကီးခ်ဳပ္ တို႔ ျမန္မာ့အေရး ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ ေဖၚျပထားရာမွာ- သူရဲ႕ အထူးကုိယ္စားလွယ္ကို ျမန္မာႏိုင္ငံကို ေစလႊတ္တဲ့အခါ သက္ဆိုင္သူအားလံုးနဲ႔ ေတြ႕ဆံုခြင့္ေပးဖို႔ စစ္ေကာင္စီကို အတိအက်ေျပာဆိုထားေၾကာင္းလည္း သူက အသိေပးခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေျဖရွင္းေရး အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ငါးရပ္ ခ်မွတ္ခဲ့တာ ၉ လ ၾကာျမင့္လာေပမယ့္ ဒီအခ်က္ေတြ အေကာင္အထည္ေပၚလာဖို႔ အာဆီယံဘက္က မေဆာင္ရြက္ႏုိင္တာဟာ ျမန္မာ့အက်ပ္အတည္းကုိ ပုိမုိနက္ရႈိင္းလာေစႏုိင္သလုိ၊ အာဆီယံရဲ႕ သိကၡာနဲ႔စြမ္းေဆာင္ရည္အေပၚမွာလည္း ထိခုိက္ႏုိင္တယ္လုိ႔ အကဲခတ္ေတြကေတာ့ သုံးသပ္ထားၾကပါတယ္။

---------------------------

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ အာဆီယံခေါင်းဆောင်တချို့တိုက်တွန်း

စစ်အာဏာသိမ်းတာ တနှစ်နီးပါးရှိလာပြီဖြစ်ပေမဲ့ မြန်မာ့အရေး ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးတဲ့အတွက် အာဆီယံအသင်းဝင် နိုင်ငံတွေနဲ့ မြန်မာ့အရေး အကဲခတ်တွေ သတိပေးနေကြပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ပြီးခဲ့တဲ့နှစ်ထဲ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်လို့လည်း အာဆီယံနိုင်ငံက ခေါင်းဆောင်တချို့က ပြောဆိုနေကြတာပါ။

မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

အင်ဒိုနီးရှားနိုင်ငံ Bintan ကျွန်းမှာ အင်္ဂါနေ့က ကျင်းပတဲ့ စင်္ကာပူနဲ့ အင်ဒိုနီးရှားခေါင်းဆောင်များညီလာခံမှာတော့- စစ်အာဏာသိမ်းထားတဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသလို၊ နှစ်နိုင်ငံခေါင်းဆောင်တွေဘက်က တူညီတဲ့ သဘောထားရှိနေဆဲဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကပြောသွားပါတယ်။

"အာဆီယံရဲ့ ညီညွတ်မှု၊ အခန်းကဏ္ဍ၊ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ခိုင်မာအားကောင်းစေရေး အရေးကြီးတယ်ဆိုတဲ့ အချက်အပေါ်မှာ အင်ဒိုနီးရှားနဲ့ စင်္ကာပူနှစ်နိုင်ငံလုံး တူညီတဲ့ သဘောထားအမြင်တွေရှိပါတယ်။ ဒါမှလည်း အနာဂတ် မှာရင်ဆိုင်ရမယ့် အမျိုးမျိုးသော စိန်ခေါ်မှုတွေအတွက် အာဆီယံက အဆင့်သင့်ရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ လတ်တလော နိုင်ငံတွင်းဖြစ်နေတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ အရမ်းစိုးရိမ်နေကြပါတယ်။ ဒါအပြင် အာဆီယံ အဆင့်မြင့်အစည်းအဝေးက ဆုံးဖြတ်ခဲ့တဲ့ အချက်ငါးချက်ကို အကောင်အထည်ဖေါ်ဖို့ အရေးကြီးပြီး ဒီအချက်တွေကို အားလုံးက မဖြစ်မနေ လေးစားလိုက်နာရမှာဖြစ်ပါတယ်။"


စစ်အာဏာသိမ်းထားတဲ့ မြန်မာနဲ့ ပတ်သက်လို့ အာဆီယံရဲ့ရပ်တည်ချက် ညီညွတ်ဖို့ဆိုတဲ့သဘောမျိုး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလာချိန်မှာ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်နဲ့ အနီးကပ်ဆက်ဆံရေးလိုလားတဲ့သဘောထားကို ထင်ထင်ရှားရှားပြသလာနေချိန်လည်းဖြစ်ပါတယ်။

ဒေသတွင်း ကျွမ်းကျင်သူတွေ စုပေါင်းရေးသားထားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၁ နှစ်လောက် ရှိလာတဲ့အချိန်အထိ အာဆီယံက ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကွဲပြားတဲ့ သဘောထားတွေရှိနေတယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ကြပါတယ်။ အထူးသဖြင့် ပထမအကြိမ် မြန်မာ့အရေး အာဆီယံအထူးသံတမန်ခန့်အပ်တဲ့ကိစ္စနဲ့ သူ့ရဲ့ မြန်မာခရီးစဉ်အရေး သတ်မှတ်ချက်တွေအတွက် အာဆီယံအတွင်း သဘောထားမတူညီတဲ့အပြင် စစ်ကောင်စီဘက်က ကန့်ကွက် တုန့်ပြန်ခဲ့တဲ့ရလာဒ်၊ နောက် ဟ ဇန်နဝါရီလ အစောပိုင်းက ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် စတာတွေဟာ အဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာနဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲပြားမှု ဘယ်လောက် ပြင်းထန်သလဲဆိုတာပြသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးကို စတင်ထူထောင်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကတော့ လက်ရှိအချိန်မှာ မြန်မာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ရပ်တည်ချက်သဘောထား တူညီနေတာတွေ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုးတက်အောင်လုပ်နိုင်တယ်ဆိုရင် ခြွင်းချက်နဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတရက်ထဲမှာပဲ အင်ဒိုနီးရှားသမ္မတနဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက- မနှစ်က ဆုံးဖြတ်ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်အတိုင်း အားလုံးပါဝင်ပတ်သက်ရေး အာဆီယံဥက္ကဌနဲ့ အထူးသံတမန်တို့မှာ တာဝန်ရှိကြောင်း သတိပေးပြောဆိုသွားပါတယ်။

"ဒေသတွင်း လက်ရှိဖြစ်နေတဲ့ ကိစ္စတွေ အထူးသဖြင့် အခြေအနေဆိုးရွားနေသေးတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ဂျကာတာမှာ ဆွေးနွေး ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို သိသိသာသာ အကောင်အထည်ဖေါ်ဆောင်ရွက်ရမယ့်အပိုင်းမှာ တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တာရှည်ခံပြီး ငြိမ်းချမ်းတဲ့ အဖြေရရှိရေး အကူအညီပေးဖို့ ကျနော်တို့ ကတိပြုထားတာပါ။ ဒါပေမယ့် သက်ဆိုင်သူအားလုံးပါဝင်ဖို့အရေး ညှိုနှိုင်းပေးဖို့ အာဆီယံဥက္ကဌနဲ့သူ့ရဲ့ အထူးသံတမန်မှာ တာဝန်ရှိပါတယ်။ ဒါအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်တဲ့ကိစ္စမှာလည်း တိုးတက်မှုရှိတာကို မြင်တွေ့လိုပါတယ်။"

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာတော့- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အွန်လိုင်း ဗွီဒီယို က တဆင့် စကားပြောမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးဟွန်ဆန်က သူရဲ့ ဖေ့စ်ဘုတ်ခ် မှာပြောထားပါတယ်။ ဒါအပြင် သူနဲ့ မလေးရှား ဝန်ကြီးချုပ် တို့ မြန်မာ့အရေး ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဖေါ်ပြထားရာမှာ- သူရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို စေလွှတ်တဲ့အခါ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို အတိအကျပြောဆိုထားကြောင်းလည်း သူက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြေရှင်းရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့တာ ၉ လ ကြာမြင့်လာပေမယ့် ဒီအချက်တွေ အကောင်အထည်ပေါ်လာဖို့ အာဆီယံဘက်က မဆောင်ရွက်နိုင်တာဟာ မြန်မာ့အကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာစေနိုင်သလို၊ အာဆီယံရဲ့ သိက္ခာနဲ့စွမ်းဆောင်ရည်အပေါ်မှာလည်း ထိခိုက်နိုင်တယ်လို့ အကဲခတ်တွေကတော့ သုံးသပ်ထားကြပါတယ်။

XS
SM
MD
LG