သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္လာခြင့္ေပးဖို႔ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ ျမန္မာစစ္ေခါင္းေဆာင္ကိုတိုက္တြန္း


အာဆီယံကိုယ္စားလွယ္လာခြင့္ေပးဖို႔ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ ျမန္မာစစ္ေခါင္းေဆာင္ကိုတိုက္တြန္း

အာဆီယံအထူးကိုယ္စားလွယ္ကို ျမန္မာႏိုင္ငံကို ဝင္ေရာက္ခြင့္ျပဳၿပီး လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ေပးခြင့္ျပဳဖို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ဒီကေန႔တိုက္တြန္းလိုက္ပါတယ္။

အာဆီယံအလွည့္က်ဉကၠဌ တာဝန္ယူထားတဲ့ ကေမာၻဒီယားႏိုင္ငံအႀကီးအကဲက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒီကေန႔ အြန္လိုင္းကေန ဗြီဒီယိုနဲ႔ ဆက္သြယ္ ေဆြးေႏြးတာမွာ ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြ ေျပလည္ေရးအတြက္ အာဆီယံ ဘုံေသဘာတူညီခ်က္ ၅ ခ်က္ကို လိုက္နာ အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းခဲ့ေၾကာင္း ေကမာၻဒီးယားႏိုင္ငံျခားေရးဌာန အတြင္းဝန္ Kao Kim Hourn က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အာဆီယံကိုယ္စားလွယ္လာခြင့္ေပးဖို႔ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ ျမန္မာစစ္ေခါင္းေဆာင္ကိုတိုက္တြန္း
အာဆီယံကိုယ္စားလွယ္လာခြင့္ေပးဖို႔ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ ျမန္မာစစ္ေခါင္းေဆာင္ကိုတိုက္တြန္း

ျမန္မာႏိုင္ငံမွာ လတ္တေလာ ရင္ဆိုင္ေနရတဲ့ ပဋိပကၡေတြ ေျပလည္ေရးအတြက္ တင္းမာမႈေတြ ေလ်ာ့ခ်တာ၊ စာနာမႈဆိုင္ရာ အကူအညီေတြ ေပးခြင့္ျပဳတာ၊ အားလုံးပါဝင္တဲ့ ေတြ႕ဆုံ ေဆြးေႏြးမႈ ျပဳလုပ္တာေတြ ပါဝင္တဲ့ အာဆီယံ ဘုံေသဘာတူညီခ်က္ ၅ ခ်က္ကို မႏွစ္ ဧၿပီလက အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ ျပလုပ္တဲ့ အာဆီယံ အေရးေပၚ ထိပ္သီးစည္းေဝးပြဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ပါ သေဘာတူခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို အာဆီယံ အထူးကိုယ္စားလွယ္ ပထမဆုံးအႀကိမ္ ဝင္ေရာက္ခြင့္ျပဳၿပီး အပစ္အခတ္ ရပ္စဲၾကဖို႔၊ ႏိုင္ငံအတြင္းမွာ အကူအညီ လိုအပ္ေနသူေတြအတြက္ အာဆီယံက စာနာမႈအကူအညီေတြ ေပးခြင့္ျပဳဖို႔ ၊ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေတာင္းဆိုခဲ့တယ္လို႔ Kao Kim Hourn က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဘက္က ဘယ္လို တုန႔္ျပန္ခဲ့တယ္ဆိုတာကိုေတာ့ Kao Kim Hourn က ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ အခုလ ေအစာပိုင္းက ျမန္မာႏိုင္ငံကို ၂ ရက္ၾကာ သြားေရာက္ၿပီး စစ္ေကာင္စီ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒါဟာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ပထမဆုံး ႏိုင္ငံအႀကီးအကဲ တဦးလည္းျဖစ္ပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


အာဆီယံကိုယ်စားလှယ်လာခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ် မြန်မာစစ်ခေါင်းဆောင်ကိုတိုက်တွန်း

(Unicode)

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပြုပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအလှည့်ကျဉက္ကဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီယားနိုင်ငံအကြီးအကဲက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ အွန်လိုင်းကနေ ဗွီဒီယိုနဲ့ ဆက်သွယ် ဆွေးနွေးတာမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် အာဆီယံ ဘုံသေဘာတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ကြောင်း ကေမ္ဘာဒီးယားနိုင်ငံခြားရေးဌာန အတွင်းဝန် Kao Kim Hourn က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် တင်းမာမှုတွေ လျော့ချတာ၊ စာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုတာ၊ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်တာတွေ ပါဝင်တဲ့ အာဆီယံ ဘုံသေဘာတူညီချက် ၅ ချက်ကို မနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြလုပ်တဲ့ အာဆီယံ အရေးပေါ် ထိပ်သီးစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ သဘောတူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံ အထူးကိုယ်စားလှယ် ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ပြုပြီး အပစ်အခတ် ရပ်စဲကြဖို့၊ နိုင်ငံအတွင်းမှာ အကူအညီ လိုအပ်နေသူတွေအတွက် အာဆီယံက စာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့ ၊ဝန်ကြီးချုပ် ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုခဲ့တယ်လို့ Kao Kim Hourn က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ဘယ်လို တုန့်ပြန်ခဲ့တယ်ဆိုတာကိုတော့ Kao Kim Hourn က ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အခုလ အေစာပိုင်းက မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ပထမဆုံး နိုင်ငံအကြီးအကဲ တဦးလည်းဖြစ်ပါတယ်။

XS
SM
MD
LG