သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံ ဘုံ ၅ ခ်က္ စစ္ေကာင္စီလမ္းျပေျမပုံနဲ႔ မပတ္သက္သင့္ဟု အင္ဒိုတုံ႔ျပန္


အင္ဒုိနီးရွားသမၼတ Joko Widodo.

(Zawgyi / Unicode)

ျမန္မာ့အေရး အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (အာဆီယံ) က ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ရာမွာ စစ္ေကာင္စီရဲ႕ လမ္းျပေျမပုံ ၅ ခ်က္နဲ႔ သြားမခ်ိတ္ဆက္သင့္ဘူးလို႔ အင္ဒိုနီးရွားသမၼတ Joko Widodo က ေျပာလိုက္ပါတယ္။ ျမန္မာႏုိင္ငံအေပၚ ခ်ဥ္းကပ္မႈဟာ သေဘာတူညီထားၿပီး မူေတြ၊ အထူးသျဖင့္ ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚ အေျခခံ ခ်ဥ္းကပ္သင့္တယ္လို႔လည္း သူက ဆိုပါတယ္။

အားလုံးပါဝင္တဲ့ တႏိုင္ငံလုံးဆိုင္ရာ ႏိုင္ငံေရးေဆြးေႏြးပြဲတရပ္ ျဖစ္လာေအာင္ အာဆီယံဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ကို ပါဝင္ပတ္သက္သူေတြ၊ အဖြဲ႔ေတြနဲ႔ ေတြ႔ဆုံခြင့္ရေအာင္ စီစဥ္ေပးဖို႔လည္း စစ္ေကာင္စီကို အင္ဒိုနီးရွားသမၼတက တိုက္တြန္းလိုက္ပါတယ္။

ျမန္မာႏုိင္ငံကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ကေမၻာဒီးယားႏုိင္ငံရဲ႕ ေတာင္းဆိုခ်က္အရ စက္တင္ဘာလ ၂၁ ရက္ေန႔က ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဖုန္းကတဆင့္ ေျပာဆိုခဲ့ရာမွာ အင္ဒိုနီးရွားသမၼတက ခုလိုေျပာခဲ့တာ ျဖစ္ပါတယ္။ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ျမန္မာျပည္ခရီးစဥ္ဟာ တိုးတက္မႈ အဆင့္တဆင့္ ျဖစ္တယ္လို႔ ခရီးစဥ္အၿပီး သတင္းစာရွင္းလင္းပြဲမွာ ကေမၻာဒီးယား ႏုိင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ဆိုပါတယ္။

ခြဲျခားဆက္ဆံတာမရွိဘဲ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ျဖန႔္ေဝႏိုင္ေရးအတြက္ ညႇိႏႈိင္းတိုင္ပင္ေရး အစည္းအေဝးတရပ္ က်င္းပဖို႔ အဆိုျပဳခ်က္ကိုလည္း သူသေဘာတူတယ္လို႔ အင္ဒိုနီးရွားသမၼတက မစၥတာဟြန္ဆန္ကို ေျပာခဲ့ပါတယ္။

ျမန္မာ့အေရး အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) က ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ရာမွာ သိသာထင္ရွားတဲ့ တိုးတက္မႈေတြ မရေသးသမွ် အာဆီယံ အစည္းအေဝးေတြမွာ ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံေရးအဆင့္ ပုဂၢိဳလ္ကို မဖိတ္ဖို႔ အင္ဒိုနီးရွားႏိုင္ငံက ရပ္တည္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဆီယံ ဘုံ ၅ ချက် စစ်ကောင်စီလမ်းပြမြေပုံနဲ့ မပတ်သက်သင့်ဟု အင်ဒိုတုံ့ပြန်

မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ စစ်ကောင်စီရဲ့ လမ်းပြမြေပုံ ၅ ချက်နဲ့ သွားမချိတ်ဆက်သင့်ဘူးလို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုဟာ သဘောတူညီထားပြီး မူတွေ၊ အထူးသဖြင့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံ ချဉ်းကပ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

အားလုံးပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတရပ် ဖြစ်လာအောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို ပါဝင်ပတ်သက်သူတွေ၊ အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ရအောင် စီစဉ်ပေးဖို့လည်း စစ်ကောင်စီကို အင်ဒိုနီးရှားသမ္မတက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ တောင်းဆိုချက်အရ စက်တင်ဘာလ ၂၁ ရက်နေ့က ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖုန်းကတဆင့် ပြောဆိုခဲ့ရာမှာ အင်ဒိုနီးရှားသမ္မတက ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ တိုးတက်မှု အဆင့်တဆင့် ဖြစ်တယ်လို့ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဆိုပါတယ်။

ခွဲခြားဆက်ဆံတာမရှိဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်ရေး အစည်းအဝေးတရပ် ကျင်းပဖို့ အဆိုပြုချက်ကိုလည်း သူသဘောတူတယ်လို့ အင်ဒိုနီးရှားသမ္မတက မစ္စတာဟွန်ဆန်ကို ပြောခဲ့ပါတယ်။

မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရသေးသမျှ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်ကို မဖိတ်ဖို့ အင်ဒိုနီးရှားနိုင်ငံက ရပ်တည်ပါတယ်။

XS
SM
MD
LG