သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ႔ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္ မရွိမျဖစ္ (ဖိလစ္ပိုင္ႏုိင္ငံျခားေရးဝန္ႀကီး)


ဖိလစ္ပုိင္ ႏုိင္ငံျခားေရးဝန္ႀကီး Teodoro Locsin. (ဇူလုိင္ ၃၁၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ျပန္လည္က်င့္သံုးႏုိင္ေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ မရွိမျဖစ္ ျဖစ္ေၾကာင္း၊ သူမကို ျပစ္ဒဏ္ ခ်မွတ္ထားေပမယ္လို႔လည္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ သူမ ပါဝင္ရမယ္လို႔ ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီးက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီ တရား႐ုံးရဲ႕ ျပစ္ဒဏ္စီရင္မႈကိုလည္း ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီးက ႐ႈတ္ခ်လိုက္ပါတယ္။

စစ္ေကာင္စီအေနနဲ႔ ႏုိင္ငံေရးအက်ဥ္းသား အားလံုးကို ျပန္လႊတ္ေပးေရး၊ အၾကမ္းဖက္မႈေတြရပ္ၿပီး လူ႔အခြင့္အေရးကို ေလးစားလိုက္နာေရး ေနာ္ေဝ ႏုိင္ငံျခားေရးဝန္ႀကီး Anniken Huitfeldt ရဲ႕ ေတာင္းဆိုခ်က္အတိုင္းပဲ ထပ္တူ ခံယူေၾကာင္းလည္း ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြ အေနနဲ႔ သက္ဆိုင္သူအားလံုး ပါဝင္တဲ့ ေတြ႔ဆံုေဆြးေႏြးေရးမွာ ပါဝင္ၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ လုပ္ငန္းစဥ္ကို ျပန္လည္ေဆာင္ရြက္ဖို႔လည္း ေတာင္းဆိုေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ဒါေပမယ့္ ေဆြးေႏြးပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ မပါရင္ေတာ့ အဓိပၸာယ္မဲ့ ျဖစ္မယ္လို႔လည္း ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာဆိုပါတယ္။

ျမန္မာ့ျပႆနာ ေျဖရွင္းေရး အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ တိုးတက္မႈရွိေစဖို႔ ဖိလစ္ပိုင္ဘက္က တိုက္တြန္း ေဆာင္ရြက္သြားမယ့္ အေၾကာင္းလည္း ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် မရှိမဖြစ် (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်ကြောင်း၊ သူမကို ပြစ်ဒဏ် ချမှတ်ထားပေမယ်လို့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူမ ပါဝင်ရမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ တရားရုံးရဲ့ ပြစ်ဒဏ်စီရင်မှုကိုလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်မှုတွေရပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာရေး နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ရဲ့ တောင်းဆိုချက်အတိုင်းပဲ ထပ်တူ ခံယူကြောင်းလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာစစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ဖို့လည်း တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင်တော့ အဓိပ္ပာယ်မဲ့ ဖြစ်မယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုရှိစေဖို့ ဖိလစ်ပိုင်ဘက်က တိုက်တွန်း ဆောင်ရွက်သွားမယ့် အကြောင်းလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

XS
SM
MD
LG