သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္က အာဆီယံႏိုင္ငံတခ်ိဳ႕နဲ႔ ပူးေပါင္းၿပီး ျမန္မာကို ဖိအားေပးဖို႔ ႀကိဳးစားေနလို႔ စစ္ေကာင္စီေဝဖန္


ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲတခုမွာေတြ ့ရတဲ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ( ၂၃၊၃၊၂၀၂၁) (ဓာတ္ပံု - ရိုက္တာ)

အေမရိကန္ႏိုင္ငံက အာရွႏိုင္ငံတခ်ိဳ႕နဲ႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအေပၚ ဖိအားေပးဖို႔ ႀကိဳးစားေနတယ္လို႔ စစ္ေကာင္စီက ေျပာၾကားလိုက္ပါတယ္။ တ႐ုတ္နဲ႔ ဆက္ဆံေရးေျပလည္တဲ့ ျမန္မာႏိုင္ငံကို အာဆီယံႏိုင္ငံတခ်ိဳ႕ဘက္ကလွည့္ၿပီး ဖိအားေပးဖို႔ လုပ္ေနတယ္လို႔ ဒီေန႔က်င္းပတဲ့ သတင္းစာရွင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ဖိအားေတြကို ဂ႐ုစိုက္မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာပါတဲ့ သတင္းစာရွင္းပြဲအေၾကာင္း အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ကိုဝင္းမင္း က တင္ျပေပးပါမယ္။

ဒီေန႔ ဇန္နဝါရီလ ၁၄ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းပြဲအတြင္း အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ရဲ႕ျမန္မာႏိုင္ငံခရီးစဥ္ကိစၥကေန၊ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္႐ြက္ေနတဲ့ကိစၥေတြ၊ ေ႐ြးေကာက္ပြဲကိစၥ၊ ကိုဗစ္ကပ္ေရာဂါကာကြယ္ေရးေဆာင္႐ြက္မႈေတြကို စစ္ေကာင္စီက ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံတကာဆက္ဆံေရးနဲ႔ပါတ္သက္လို႔ ျမန္မာႏိုင္ငံအက်ိဳးကို လိုလားတဲ့ႏိုင္ငံေတြက ႏိုင္ငံကို ျမႇင့္တင္ေပးေနမွာျဖစ္သလို ဖိအားေပးေနသူေတြက ဆက္ၿပီး ဖိအားေတြ ေပးေနမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ သူနဲ႔သေဘာထားတူတဲ့ႏိုင္ငံေတြကို လႊမ္းမိုးထိန္းခ်ဳပ္ဖို႔ လုပ္ေနသလို ျပည္တြင္းေရးကိစၥေတြမွာ သူ႔အဆို လိုတမ်ိဳး မလိုတမ်ိဳး မူဝါဒက်င့္သုံးၿပီး နည္းလမ္းေပါင္းစုံနဲ႔ စြက္ဖက္ႏိုင္ဖို႔ ျပင္ဆင္လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားပါတယ္။ ျမန္မာႏိုင္ငံအေပၚ အာဆီယံႏိုင္ငံမ်က္ႏွာစာကေန ဖိအားေပးဖို႔ လုပ္ေဆာင္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“ က်ေနာ္တို႔ ႏိုင္ငံဟာတ႐ုတ္ႏိုင္ငံရဲ႕ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ပါတယ္။ ေကာင္းမြန္တဲ့ ဆက္ဆံ ေရးရွိတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ မဟာမိတ္ႏိုင္ငံလည္း ျဖစ္ပါတယ္။ အဲဒီအတြက္ အက်ိဳး သက္ ေရာက္မႈေတြဟာ က်ေနာ္တို႔ ႏိုင္ငံကိုလည္း သက္ေရာက္ေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံကို အာဆီယံ မ်က္ႏွာစာဖက္ကေန လွည့္ၿပီး ဖိအားေပးႏိုင္ဖို႔ အေမရိကန္ႏိုင္ငံက တာဝန္ရွိသူေတြဟာ သူတို႔နဲ႔ အက်ိဳးတူ ႏိုင္ငံေတြကို မၾကာခဏာ လာေရာက္ေနတာကို လည္း ေတြ႕ရတယ္။ ေျပာရရင္ေတာ့ အေၾကာင္းမယ့္ေငြကုန္ခံၿပီး အခ်ိန္ကုန္ခံၿပီး ဘယ္သူမွ လာစရာ အေၾကာင္းမရွိဘူး။ သူ႔ႏိုင္ငံအက်ိဳးစီးပြားအတြက္ သူတို႔ လုပ္ေဆာင္ေနျခင္းျဖစ္ တယ္လို႔ ေျပာ ခ်င္ပါတယ္။”

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ၿပီးခဲ့တဲ့သီတင္းပတ္က ျမန္မာႏိုင္ငံကိုလာခဲ့တဲ့ ခရီးစဥ္ကေန ရလာဒ္ေကာင္းေတြ ထြက္ခဲ့ ေပမယ့္ ဒီခရီးစဥ္ေၾကာင့္ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာက ဖိအားေပးတာ ေလ်ာ့က်သြားမွာ မဟုတ္ဘူးလို႔လည္း ခုလိုဆိုပါတယ္။

“ ေျပာရမယ္ဆိုလိုရွိရင္ေတာ့ ႏိုင္ငံတကာ ဖိအားေတြကေတာ့ ေလ်ာ့က်သြားတာမရွိပါဘူး၊ ဖိအားေပးတဲ့ ဖက္ကေတာ့ ဆက္လက္ၿပီး ဖိအားေပးေနအုံးမွာျဖစ္ပါတယ္။ ယခင္ကတည္းက ျမန္မာႏိုင္ငံ အေပၚမွာ မွန္မွန္ကန္ကန္သေဘာထားရွိတဲ့ ႏိုင္ငံေတြ ျမန္မာႏိုင္ငံရဲ႕ ရပ္တည္ခ်က္ မွန္ကန္တဲ့ ႏိုင္ငံေတြကေတာ့ ျမန္မာ့ႏိုင္ငံရဲ႕ ကမာၻ႔အခန္းက႑မွာ ျပန္လည္ျ့မင့္တင္ ေပးလ်က္ ရေၾကာင္းေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ ယခင္ကတိုင္း ဖိအားေပးေနတဲ့ သူမ်ားက လည္း ဖိအား ဆက္ေပးေနအုံးမွာပဲ ျဖစ္ပါတယ္။ ႏိုင္ငံကို ျမွင့္တင္ေပးေနတဲ့ သူေတြကလည္း ျမွင့္တင္ ေပးေနအုံးမွာ ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။ ေျပာရမယ္ဆိုလို႔ရွိရင္ေတာ့ ဖိအားေတြေၾကာင့္သာ ပိျပားၾကေစဆိုရင္ေတာ့ ဖိအားေပးတိုင္းသာ ျမန္မာႏိုင္ငံသည္ ပိရမယ္ ျပားရမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံဟာ ျပည္ေထာင္စု ႏိုင္ငံတစ္ခုအျဖစ္ေတာင္ လြတ္လပ္ေရး ရမွာ မဟုတ္တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ေျမပုံဟာလည္း ဒီအေနအထားအတိုင္း ဆက္ရွိစရာ အေၾကာင္းမရွိပါဘူး။”

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ စစ္ေကာင္စီက ႀကိဳးပမ္းေနတယ္လို႔လည္း သူကသတင္းစာရွင္းပြဲမွာ ေျပာသြားပါတယ္။ ၿငိမ္းခ်မ္းေရးရဖို႔ ျဖစ္ႏိုင္တဲ့ လမ္းေၾကာင္းမွန္သမ ွ် လမ္းဖြင့္ထားတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ PDF ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ စစ္သင္တန္းေတြေပးေနမယ္ဆိုရင္ေတာ့ NCA သေဘာတူညီခ်က္ ပ်က္မယ္ဆိုတာမ်ိဳးသတိေပးခဲ့ပါတယ္။

“ အၾကမ္းဖက္အဖြဲ႕ေတြကို တစ္ခ်ိဳ႕ EAO ေတြက သင္တန္းေပး လက္နက္ေထာက္ပံ့တာေတြ လုပ္ေဆာင္ေနမယ္ဆိုရင္ NCA ဆိုတဲ့ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းက ေသြဖယ္ၿပီး တစ္ႏိုင္ငံ လုံးက ျပည္သူေတြ လိုလားတဲ့ ထာဝရၿငိမ္းခ်မ္းေရးကို ဆန႔္က်င္တဲ့ လုပ္ရပ္သာ ျဖစ္တယ္ ဆိုတာ သတိျပဳဖို႔ လိုအပ္ေၾကာင္း ေျပာလိုပါတယ္။ က်ေနာ္တို႔ အစိုးရအေနနဲ႔ အမ်ိဳသား စည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရး ေကာ္မတီဟာ NCA လက္ မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္ အဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရး ပိုမိုခိုင္မာေစေရး၊ လက္မွတ္ မထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း NCAမွာ ပါဝင္လက္မွတ္ ေရးထိုး လာႏိုင္ေစေရးမွတ္တစ္ဆင့္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္အေရးတို႔ကို အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လုပ္ငန္းစဥ္မ်ားကို သတ္မွတ္ေပးထားတဲ့ အခ်ိန္ဇယားအတိုင္း ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ၂၀၂၂ခုႏွစ္မွာေတာ့ တစ္ႏိုင္ငံလုံး ေမ်ာ္လင့္ေတာင္းတေနတဲ့ ၿငိမ္းခ်မ္းေရးကို အဆင့္တစ္ခု အထိေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။”

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ခိုင္းေစမႈေၾကာင့္ ျမန္မာႏိုင္ငံထဲမွာ ေဖါက္ခြဲ တိုက္ခိုက္မႈလုပ္ငန္းေတြလုပ္ေနတယ္လို႔ သတင္းစာရွင္းပြဲမွာ ေျပာၾကားတာမွာ စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ ကိုၿဖိဳးေဇာယ်ာေသာ္ရဲ႕ ထြက္ဆိုခ်က္တခ်ိဳ႕ကိုလည္း Video ျပသခဲ့ပါတယ္။

“ က်ေနာ္တို႔ အေနနဲ႔ ရန္ကုန္တိုင္းထဲမွာ ဧၿပီလကေန စၿပီးေတာ့ ေဖာက္ခြဲေရးလုပ္ငန္း စုစုေပါင္း ၁၇၈ႀကိမ္ CCTVကင္မရာေတြကိုလည္း ေဖာက္ခြဲ ဖ်က္ဆီးတဲ့ အေနနဲ႔ လုပ္ကိုင္ ေဆာင္႐ြက္ ခဲ့ၾကပါတယ္။”

အာဏာသိမ္းၿပီးခ်ိန္ထဲက တိုက္ခိုက္ ေဖာက္ခြဲမႈေတြနဲ႔ ဆက္စပ္ၿပီး ဒီကေန႔အထိ အၾကမ္းဖက္မွာ ပါဝင္သူ ၁ ေသာင္း ၁ ေထာင္ေက်ာ္အထိ ဖမ္းဆီးထားတယ္ဆိုတာကိုလည္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားပါတယ္။ စစ္တပ္ အာဏာသိမ္းထားတာ ေဖေဖာ္ဝါရီလ ၁ ရက္မွာ ၁ ႏွစ္ျပည္ေတာ့မွာျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို သက္တမ္းတိုးႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာၾကားသြားပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


အမေရိကန်က အာဆီယံနိုင်ငံတချို့နဲ့ ပူးပေါင်းပြီး မြန်မာကို ဖိအားပေးဖို့ ကြိုးစားနေလို့ စစ်ကောင်စီဝေဖန်

(Unicode)

အမေရိကန်နိုင်ငံက အာရှနိုင်ငံတချို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံတချို့ဘက်ကလှည့်ပြီး ဖိအားပေးဖို့ လုပ်နေတယ်လို့ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖိအားတွေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါတဲ့ သတင်းစာရှင်းပွဲအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုဝင်းမင်း က တင်ပြပေးပါမယ်။

ဒီနေ့ ဇန်နဝါရီလ ၁၄ ရက် နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ရဲ့မြန်မာနိုင်ငံခရီးစဉ်ကိစ္စကနေ၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ရွေးကောက်ပွဲကိစ္စ၊ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုတွေကို စစ်ကောင်စီက ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ပါတ်သက်လို့ မြန်မာနိုင်ငံအကျိုးကို လိုလားတဲ့နိုင်ငံတွေက နိုင်ငံကို မြှင့်တင်ပေးနေမှာဖြစ်သလို ဖိအားပေးနေသူတွေက ဆက်ပြီး ဖိအားတွေ ပေးနေမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူနဲ့သဘောထားတူတဲ့နိုင်ငံတွေကို လွှမ်းမိုးထိန်းချုပ်ဖို့ လုပ်နေသလို ပြည်တွင်းရေးကိစ္စတွေမှာ သူ့အဆို လိုတမျိုး မလိုတမျိုး မူဝါဒကျင့်သုံးပြီး နည်းလမ်းပေါင်းစုံနဲ့ စွက်ဖက်နိုင်ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ပြောကြားပါတယ်။ မြန်မာနိုင်ငံအပေါ် အာဆီယံနိုင်ငံမျက်နှာစာကနေ ဖိအားပေးဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ ကျနော်တို့ နိုင်ငံဟာတရုတ်နိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံ ရေးရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီအတွက် အကျိုး သက် ရောက်မှုတွေဟာ ကျနော်တို့ နိုင်ငံကိုလည်း သက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံ မျက်နှာစာဖက်ကနေ လှည့်ပြီး ဖိအားပေးနိုင်ဖို့ အမေရိကန်နိုင်ငံက တာဝန်ရှိသူတွေဟာ သူတို့နဲ့ အကျိုးတူ နိုင်ငံတွေကို မကြာခဏာ လာရောက်နေတာကို လည်း တွေ့ရတယ်။ ပြောရရင်တော့ အကြောင်းမယ့်ငွေကုန်ခံပြီး အချိန်ကုန်ခံပြီး ဘယ်သူမှ လာစရာ အကြောင်းမရှိဘူး။ သူ့နိုင်ငံအကျိုးစီးပွားအတွက် သူတို့ လုပ်ဆောင်နေခြင်းဖြစ် တယ်လို့ ပြော ချင်ပါတယ်။”

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်ကနေ ရလာဒ်ကောင်းတွေ ထွက်ခဲ့ ပေမယ့် ဒီခရီးစဉ်ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးတာ လျော့ကျသွားမှာ မဟုတ်ဘူးလို့လည်း ခုလိုဆိုပါတယ်။

“ ပြောရမယ်ဆိုလိုရှိရင်တော့ နိုင်ငံတကာ ဖိအားတွေကတော့ လျော့ကျသွားတာမရှိပါဘူး၊ ဖိအားပေးတဲ့ ဖက်ကတော့ ဆက်လက်ပြီး ဖိအားပေးနေအုံးမှာဖြစ်ပါတယ်။ ယခင်ကတည်းက မြန်မာနိုင်ငံ အပေါ်မှာ မှန်မှန်ကန်ကန်သဘောထားရှိတဲ့ နိုင်ငံတွေ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် မှန်ကန်တဲ့ နိုင်ငံတွေကတော့ မြန်မာ့နိုင်ငံရဲ့ ကမ္ဘာ့အခန်းကဏ္ဍမှာ ပြန်လည် မြှင့်တင် ပေးလျက် ရကြောင်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ယခင်ကတိုင်း ဖိအားပေးနေတဲ့ သူများက လည်း ဖိအား ဆက်ပေးနေအုံးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံကို မြှင့်တင်ပေးနေတဲ့ သူတွေကလည်း မြှင့်တင် ပေးနေအုံးမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ပြောရမယ်ဆိုလို့ရှိရင်တော့ ဖိအားတွေကြောင့်သာ ပိပြားကြစေဆိုရင်တော့ ဖိအားပေးတိုင်းသာ မြန်မာနိုင်ငံသည် ပိရမယ် ပြားရမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံဟာ ပြည်ထောင်စု နိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေး ရမှာ မဟုတ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ မြေပုံဟာလည်း ဒီအနေအထားအတိုင်း ဆက်ရှိစရာ အကြောင်းမရှိပါဘူး။”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့လည်း သူကသတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်တဲ့ လမ်းကြောင်းမှန်သမ ျှ လမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်သင်တန်းတွေပေးနေမယ်ဆိုရင်တော့ NCA သဘောတူညီချက် ပျက်မယ်ဆိုတာမျိုးသတိပေးခဲ့ပါတယ်။

“ အကြမ်းဖက်အဖွဲ့တွေကို တစ်ချို့ EAO တွေက သင်တန်းပေး လက်နက်ထောက်ပံ့တာတွေ လုပ်ဆောင်နေမယ်ဆိုရင် NCA ဆိုတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းက သွေဖယ်ပြီး တစ်နိုင်ငံ လုံးက ပြည်သူတွေ လိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်သာ ဖြစ်တယ် ဆိုတာ သတိပြုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ အမျိုသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဟာ NCA လက် မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရေး၊ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCAမှာ ပါဝင်လက်မှတ် ရေးထိုး လာနိုင်စေရေးမှတ်တစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးတို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များကို သတ်မှတ်ပေးထားတဲ့ အချိန်ဇယားအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ တစ်နိုင်ငံလုံး မျော်လင့်တောင်းတနေတဲ့ ငြိမ်းချမ်းရေးကို အဆင့်တစ်ခု အထိရောက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခိုင်းစေမှုကြောင့် မြန်မာနိုင်ငံထဲမှာ ဖေါက်ခွဲ တိုက်ခိုက်မှုလုပ်ငန်းတွေလုပ်နေတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောကြားတာမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကိုဖြိုးဇောယျာသော်ရဲ့ ထွက်ဆိုချက်တချို့ကိုလည်း Video ပြသခဲ့ပါတယ်။

“ ကျနော်တို့ အနေနဲ့ ရန်ကုန်တိုင်းထဲမှာ ဧပြီလကနေ စပြီးတော့ ဖောက်ခွဲရေးလုပ်ငန်း စုစုပေါင်း ၁၇၈ကြိမ် CCTVကင်မရာတွေကိုလည်း ဖောက်ခွဲ ဖျက်ဆီးတဲ့ အနေနဲ့ လုပ်ကိုင် ဆောင်ရွက် ခဲ့ကြပါတယ်။”

အာဏာသိမ်းပြီးချိန်ထဲက တိုက်ခိုက် ဖောက်ခွဲမှုတွေနဲ့ ဆက်စပ်ပြီး ဒီကနေ့အထိ အကြမ်းဖက်မှာ ပါဝင်သူ ၁ သောင်း ၁ ထောင်ကျော်အထိ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ စစ်တပ် အာဏာသိမ်းထားတာ ဖေဖော်ဝါရီလ ၁ ရက်မှာ ၁ နှစ်ပြည်တော့မှာဖြစ်တဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို သက်တမ်းတိုးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။

XS
SM
MD
LG