သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ျပည္သူအေပၚ ရန္သူလုိ ဆက္ဆံေန - Tom Andrews


ကုလသမဂၢ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Tom Andrews. (ဒီဇင္ဘာ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာျပည္သူေတြအေပၚ စစ္ေကာင္စီဟာ ရန္သူသဖြယ္ ျပဳမူဆက္ဆံေနတယ္လုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Tom Andrews က ေျပာလုိက္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္း အုပ္ခ်ဳပ္မႈ အဆုံးသတ္ၿပီး ဒီမုိကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖုိ႔ ႏုိင္ငံတကာ အသုိင္းအဝန္းက ဒီထက္ပုိ ဖိအားေပးဖုိ႔ လုိအပ္ေနၿပီလုိ႔လည္း စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္ သုံးသပ္ခ်က္အျဖစ္ ဗြီအုိေအ ကုလသမဂၢဆုိင္ရာ သတင္းေထာက္ Margaret Besheer နဲ႔ ေမးျမန္းခန္းမွာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က တုိက္တြန္းလုိက္ပါတယ္။ အျပည့္အစုံကုိ ကိုဝင္းမင္းက ေျပာျပထားပါတယ္။

ကုလ အထူးကိုယ္စားလွယ္ Tom Andrews က ျပင္းထန္တဲ့ သတ္ျဖတ္ ဖမ္းဆီး ဖိႏွိပ္မႈ မ်ဳိးစုံေအာက္မွာ ဒီမုိကေရစီေရး မေလွ်ာ့တမ္း ျပန္တြန္းလွန္ ႐ုန္းကန္ေနၾကတဲ့ ျမန္မာျပည္သူေတြကုိ လႈိက္လႈိက္လွဲလွဲ ေလးစားဂုဏ္ယူမိေၾကာင္း စေျပာလုိက္ၿပီး အျပစ္မဲ့ျပည္သူေတြ ဓားစာခံ ျဖစ္ေနတဲ့အေၾကာင္း အခုလို ကုိယ္ေတြ႔နဲ႔ ေဝဖန္လုိက္ပါတယ္။

“က်ေနာ္ အၿမဲ ေနရာေျပာင္းၿပီး ပုန္းေနရတဲ့သူေတြနဲ႔ စကားေျပာခဲ့ပါတယ္။ သူတို႔ တေနရာမွာ တရက္ေက်ာ္ေလးေတာင္ ဆက္ေနဖို႔ ခက္ပါတယ္။ ဖမ္းဖို႔ အမိန္႔ထုတ္ခံထားရသူေတြကို တပ္ဖြဲ႔ဝင္ေတြ ရွာမေတြ႔ရင္ သူတို႔မိဘေတြ၊ ကေလးေတြ၊ ေမာင္ႏွမေတြ၊ ဒီမွာ ၄ ႏွစ္အထိငယ္တဲ့ ကေလးေတြကိုပါ ျပန္ေပးဆြဲသြားပါတယ္။ သူတို႔ရဲ႕ကေလးေတြ အဖမ္းခံထားရတဲ့ မိသားစုဝင္ေတြနဲ႔လည္း စကားေျပာခဲ့ရပါတယ္။ ဒီကေလးေတြ အဖမ္းခံရတာက သူတို႔ကိုယ္တိုင္ လုပ္တာေၾကာင့္ တခုမွမဟုတ္ဘဲ ဖမ္းမိန္႔ ဝရမ္းထုတ္ခံထားရသူေတြနဲ႔ အမ်ိဳးေတာ္ေနလို႔သာ ျဖစ္ပါတယ္။”

ဒါ့အျပင္ စစ္ေကာင္စီဟာ ကုိယ့္ျပည္သူတခုလုံးကုိပါ ရန္သူ ျပန္လုပ္ေနၿပီလို႔လည္း Andrews က ျပတ္ျပတ္သားသား ေဝဖန္လုိက္ပါတယ္။

“အတိုက္အခံေတြကို ကူညီေပးေနတယ္လို႔ သံသယရွိခံလိုက္တာနဲ႔ ရပ္ကြက္ ေက်းရြာ အသိုင္းအဝိုင္းတခုလံုး စစ္ရဟတ္ယာဥ္ေတြ၊ လက္နက္ႀကီးေတြနဲ႔ပစ္တာ ခံရပါေတာ့တယ္။ ဒါက လက္ေတြ႔မွာ ျပည္သူေတြကို စစ္ေၾကညာလိုက္သလိုပါပဲ။ ျမန္မာႏိုင္ငံက ဒီလို ရြာေတြမွာေနတဲ့သူ အားလံုးကို ရန္သူလို႔ စစ္တပ္က သတ္မွတ္လိုက္တာပါ။ အဲ့ဒီေတာ့ သူတို႔လုပ္ေနပံုက သူတို႔မွာ ျပည္သူေတြကို တိုက္ခိုက္သတ္ျဖတ္ဖို႔ လိုင္စင္ရထားသလိုပါပဲ။”

ဒီေနရာမွာ စစ္ေကာင္စီ ေခါင္းေဆာင္ဟာလည္း အာဆီယံ အပါအဝင္ ႏုိင္ငံတကာဘက္က ႀကိဳးပမ္းမႈေတြကို ေျဗာင္လိမ္ေနတယ္လို႔ Andrews က စြပ္စြဲလုိက္ပါတယ္။

“ဧၿပီလကလုပ္ခဲ့တဲ့ ၂၄ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ ဒီ ဘံုသေဘာတူညီခ်က္ ခ်မွတ္ခဲ့တာကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ ဝါဒျဖန္႔ ဝိုင္းႀကံစည္တာလို႔ ျမင္ထားပံုရပါတယ္။ တကယ္က သူလည္း ဒီ ထိပ္သီးေဆြးေႏြးပြဲမွာ ပါၿပီးေတာ့ ကိုယ္တိုင္ သေဘာတူခဲ့တာပါ။ ဒီ ဘံုသေဘာတူခ်က္ထဲက တခုကေတာ့ အၾကမ္းဖက္မႈေတြကို စရပ္ဖို႔ပါ။ ဒါေပမယ့္ သူ ျမန္မာျပည္ထဲ ျပန္ေရာက္တဲ့အခါက်ေတာ့ ဒါက ဘံုသေဘာတူထားခ်က္ မဟုတ္ဘူးလို႔ ထလုပ္ျပန္ေရာ။ ဒီအခ်က္ေတြက အႀကံေပးခ်က္ေတြသာပါလို႔ သူ ေျပာင္းေျပာတယ္ေလ။”

အဲဒီေတာ့ ဒါကို ႏုိင္ငံတကာဘက္က ဘယ္လိုေက်ာ္လႊားသင့္ပါလဲလို႔ ေမးရာမွာ Andrews က အခုလို ဆက္ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို ယံုလို႔မရပါဘူး။ ျမန္မာ့ အက်ပ္အတည္းကေန အေျဖ ဒါမွမဟုတ္ ထြက္ေပါက္ရဖို႔ အခုလို အာဆီယံဘက္ကေန ႀကိဳးပမ္းမႈေတြကို သူ႔ဘက္က အဆိုးျမင္သေဘာနဲ႔ လွည့္ကစားသြားပါလိမ့္မယ္။ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ကို ကစားၿပီးၿပီေလ။ အဲ့ဒီေတာ့ တကယ္အေရးႀကီးတာက အခု ဘံုသေဘာတူညီခ်က္ ၅ ခ်က္ အပါအဝင္ လုပ္ရပ္တိုင္းမွာ တိုးတက္မႈ ရလာဖို႔ဆိုရင္ လံုေလာက္တဲ့ဖိအားမ်ိဳး ႏိုင္ငံတကာဘက္က ေပးရပါလိမ့္မယ္။ ဒါမွသာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ေရာ စစ္အုပ္စုကပါ သူတို႔ အခုလုပ္ေနပံုနဲ႔ ဆက္သြားလို႔ မရေတာ့ဘူး၊ ေရွ႕ဆက္ က်ဆုံးေတာ့မယ္ဆိုတာ သိျမင္လာမွာပါ။”

ဒီေနရာမွာ ဘယ္လိုမ်ဳိး ဖိအားအတိအက်ကို ဆုိလုိပါသလဲလုိ႔ ေမးရာမွာ Andrews က အခုလုိေျဖပါတယ္။

“ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဘက္ကေတာ့ ေနာက္တေန႔ေန႔မွာ ငါမွားသြားၿပီလို႔ နားလည္လာၿပီး တိုက္ခိုက္ သတ္ျဖတ္ေနတာေတြ ရပ္ေပးမွာေတာ့ မဟုတ္ပါဘူး။ ျပည္တြင္းေရာ ျပည္ပကပါ ဖိအားေတြ လံုလံုေလာက္ေလာက္ ျပင္းထန္လာမွသာ ျဖစ္မွာပါ။ ျပည္တြင္းမွာက ဒီလို ဖိအားေတြ လံုလုံေလာက္ေလာက္ ဆက္ေတြ႔ေနရပါၿပီ။ ဒါေပမယ့္ အခုက ျပည္ပကေနလည္း ထပ္ေပးဖို႔ လိုေနပါေသးတယ္။ အခုလို ဖိအားေတြ ေပါင္းစံု ျပင္းထန္လာမွသာ အခု က်ေနာ္တုိ႔ မ်က္ျမင္ေတြ႔ေနရတဲ့ ဆိုးဝါးလြန္းတဲ့ ျဖစ္ရပ္ေတြကို ေျပာင္းလဲပစ္ႏုိင္မယ့္ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာမွာပါ။”

Andrews ကပဲ စစ္ေကာင္စီ အဓိက က်န္ေနတာျဖစ္တဲ့ ေငြနဲ႔ လက္နက္ကုိ ျဖတ္ေတာက္ပစ္ဖို႔ လုံၿခံဳေရးေကာင္စီ တခုလုံးကျဖစ္ျဖစ္ ဒါမွမဟုတ္ အဖြဲ႔ဝင္ႏိုင္ငံ တခုစီက သူ႔နည္းသူ႔ဟန္နဲ႔ျဖစ္ျဖစ္ ဝုိင္းႀကိဳးပမ္း လုပ္ေပးၾကဖို႔ လုိတယ္၊ အခုလုိ ေျပာရတဲ့ အေၾကာင္းရင္းကုိလည္း Andrews က ဆက္ရွင္းျပပါတယ္။

“ဒီမွာ မတူတာက စစ္အုပ္စုမွာ လက္နက္ေတြပဲ ရွိေတာ့တာပါ။ ဒါပဲက်န္ေတာ့တာပါ။ အတိုက္အခံ လႈပ္ရွားမႈဘက္မွာက ျပည္သူေတြအားလံုး ရွိေနပါတယ္။ ဒါေၾကာင့္ ဒီ ျပည္သူအားလံုး ဝိုင္းပါၿပီး နည္းမ်ိဳးစံုနဲ႔ တခ်ိန္လံုး ေတာက္ေလွ်ာက္ ႀကိဳးပမ္းလာေနတာေၾကာင့္ ျဖစ္ေပၚလာတဲ့ အခု ႀကီမားက်ယ္ျပန္႔တဲ့အား အထိေရာက္ဆံုး ျဖစ္လာဖို႔က ျပည္ပကေနလည္း ႏုိင္ငံတကာ အသိုင္းအဝိုင္းေတြက ယံုၾကည္မႈအျပည့္နဲ႔ တစိုက္မတ္မတ္ လုပ္ေပးႏိုင္သမွ် အစြမ္းကုန္ ဖိအားေပးႏိုင္ရင္ေတာ့ ေနာက္ဆံုး ေအာင္ျမင္တဲ့အဆင့္ကို ေရာက္လာမွာပါ။”

ဒါ့အျပင္ စစ္ေဘးေရွာင္ျပည္သူေတြ အမ်ားအျပား ခံစားေနရတဲ့ စားနပ္ရိကၡာနဲ႔ ေဆးဝါး ျပတ္လပ္မႈေတြအတြက္လည္း ႏုိင္ငံတကာဘက္က အစြမ္းကုန္ ျဖည့္ဆည္းေပးဖုိ႔ Andrews က ေတာင္းဆုိလုိက္ပါတယ္။

စစ္ေကာင္စီ ျပည္သူအေပၚ ရန္သူလုိ ဆက္ဆံေန - Tom Andrews
please wait

No media source currently available

0:00 0:05:04 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စစ်ကောင်စီ ပြည်သူအပေါ် ရန်သူလို ဆက်ဆံနေ - Tom Andrews

မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီဟာ ရန်သူသဖွယ် ပြုမူဆက်ဆံနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်မှု အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဒီထက်ပို ဖိအားပေးဖို့ လိုအပ်နေပြီလို့လည်း စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် သုံးသပ်ချက်အဖြစ် ဗွီအိုအေ ကုလသမဂ္ဂဆိုင်ရာ သတင်းထောက် Margaret Besheer နဲ့ မေးမြန်းခန်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ပြောပြထားပါတယ်။

ကုလ အထူးကိုယ်စားလှယ် Tom Andrews က ပြင်းထန်တဲ့ သတ်ဖြတ် ဖမ်းဆီး ဖိနှိပ်မှု မျိုးစုံအောက်မှာ ဒီမိုကရေစီရေး မလျှော့တမ်း ပြန်တွန်းလှန် ရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ယူမိကြောင်း စပြောလိုက်ပြီး အပြစ်မဲ့ပြည်သူတွေ ဓားစာခံ ဖြစ်နေတဲ့အကြောင်း အခုလို ကိုယ်တွေ့နဲ့ ဝေဖန်လိုက်ပါတယ်။

“ကျနော် အမြဲ နေရာပြောင်းပြီး ပုန်းနေရတဲ့သူတွေနဲ့ စကားပြောခဲ့ပါတယ်။ သူတို့ တနေရာမှာ တရက်ကျော်လေးတောင် ဆက်နေဖို့ ခက်ပါတယ်။ ဖမ်းဖို့ အမိန့်ထုတ်ခံထားရသူတွေကို တပ်ဖွဲ့ဝင်တွေ ရှာမတွေ့ရင် သူတို့မိဘတွေ၊ ကလေးတွေ၊ မောင်နှမတွေ၊ ဒီမှာ ၄ နှစ်အထိငယ်တဲ့ ကလေးတွေကိုပါ ပြန်ပေးဆွဲသွားပါတယ်။ သူတို့ရဲ့ကလေးတွေ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေနဲ့လည်း စကားပြောခဲ့ရပါတယ်။ ဒီကလေးတွေ အဖမ်းခံရတာက သူတို့ကိုယ်တိုင် လုပ်တာကြောင့် တခုမှမဟုတ်ဘဲ ဖမ်းမိန့် ဝရမ်းထုတ်ခံထားရသူတွေနဲ့ အမျိုးတော်နေလို့သာ ဖြစ်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီဟာ ကိုယ့်ပြည်သူတခုလုံးကိုပါ ရန်သူ ပြန်လုပ်နေပြီလို့လည်း Andrews က ပြတ်ပြတ်သားသား ဝေဖန်လိုက်ပါတယ်။

“အတိုက်အခံတွေကို ကူညီပေးနေတယ်လို့ သံသယရှိခံလိုက်တာနဲ့ ရပ်ကွက် ကျေးရွာ အသိုင်းအဝိုင်းတခုလုံး စစ်ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ပစ်တာ ခံရပါတော့တယ်။ ဒါက လက်တွေ့မှာ ပြည်သူတွေကို စစ်ကြေညာလိုက်သလိုပါပဲ။ မြန်မာနိုင်ငံက ဒီလို ရွာတွေမှာနေတဲ့သူ အားလုံးကို ရန်သူလို့ စစ်တပ်က သတ်မှတ်လိုက်တာပါ။ အဲ့ဒီတော့ သူတို့လုပ်နေပုံက သူတို့မှာ ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ လိုင်စင်ရထားသလိုပါပဲ။”

ဒီနေရာမှာ စစ်ကောင်စီ ခေါင်းဆောင်ဟာလည်း အာဆီယံ အပါအဝင် နိုင်ငံတကာဘက်က ကြိုးပမ်းမှုတွေကို ဗြောင်လိမ်နေတယ်လို့ Andrews က စွပ်စွဲလိုက်ပါတယ်။

“ဧပြီလကလုပ်ခဲ့တဲ့ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဒီ ဘုံသဘောတူညီချက် ချမှတ်ခဲ့တာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဝါဒဖြန့် ဝိုင်းကြံစည်တာလို့ မြင်ထားပုံရပါတယ်။ တကယ်က သူလည်း ဒီ ထိပ်သီးဆွေးနွေးပွဲမှာ ပါပြီးတော့ ကိုယ်တိုင် သဘောတူခဲ့တာပါ။ ဒီ ဘုံသဘောတူချက်ထဲက တခုကတော့ အကြမ်းဖက်မှုတွေကို စရပ်ဖို့ပါ။ ဒါပေမယ့် သူ မြန်မာပြည်ထဲ ပြန်ရောက်တဲ့အခါကျတော့ ဒါက ဘုံသဘောတူထားချက် မဟုတ်ဘူးလို့ ထလုပ်ပြန်ရော။ ဒီအချက်တွေက အကြံပေးချက်တွေသာပါလို့ သူ ပြောင်းပြောတယ်လေ။”

အဲဒီတော့ ဒါကို နိုင်ငံတကာဘက်က ဘယ်လိုကျော်လွှားသင့်ပါလဲလို့ မေးရာမှာ Andrews က အခုလို ဆက်ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယုံလို့မရပါဘူး။ မြန်မာ့ အကျပ်အတည်းကနေ အဖြေ ဒါမှမဟုတ် ထွက်ပေါက်ရဖို့ အခုလို အာဆီယံဘက်ကနေ ကြိုးပမ်းမှုတွေကို သူ့ဘက်က အဆိုးမြင်သဘောနဲ့ လှည့်ကစားသွားပါလိမ့်မယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ကစားပြီးပြီလေ။ အဲ့ဒီတော့ တကယ်အရေးကြီးတာက အခု ဘုံသဘောတူညီချက် ၅ ချက် အပါအဝင် လုပ်ရပ်တိုင်းမှာ တိုးတက်မှု ရလာဖို့ဆိုရင် လုံလောက်တဲ့ဖိအားမျိုး နိုင်ငံတကာဘက်က ပေးရပါလိမ့်မယ်။ ဒါမှသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော စစ်အုပ်စုကပါ သူတို့ အခုလုပ်နေပုံနဲ့ ဆက်သွားလို့ မရတော့ဘူး၊ ရှေ့ဆက် ကျဆုံးတော့မယ်ဆိုတာ သိမြင်လာမှာပါ။”

ဒီနေရာမှာ ဘယ်လိုမျိုး ဖိအားအတိအကျကို ဆိုလိုပါသလဲလို့ မေးရာမှာ Andrews က အခုလိုဖြေပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်ကတော့ နောက်တနေ့နေ့မှာ ငါမှားသွားပြီလို့ နားလည်လာပြီး တိုက်ခိုက် သတ်ဖြတ်နေတာတွေ ရပ်ပေးမှာတော့ မဟုတ်ပါဘူး။ ပြည်တွင်းရော ပြည်ပကပါ ဖိအားတွေ လုံလုံလောက်လောက် ပြင်းထန်လာမှသာ ဖြစ်မှာပါ။ ပြည်တွင်းမှာက ဒီလို ဖိအားတွေ လုံလုံလောက်လောက် ဆက်တွေ့နေရပါပြီ။ ဒါပေမယ့် အခုက ပြည်ပကနေလည်း ထပ်ပေးဖို့ လိုနေပါသေးတယ်။ အခုလို ဖိအားတွေ ပေါင်းစုံ ပြင်းထန်လာမှသာ အခု ကျနော်တို့ မျက်မြင်တွေ့နေရတဲ့ ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေကို ပြောင်းလဲပစ်နိုင်မယ့် မျှော်လင့်ချက်တွေ ထွက်ပေါ်လာမှာပါ။”

Andrews ကပဲ စစ်ကောင်စီ အဓိက ကျန်နေတာဖြစ်တဲ့ ငွေနဲ့ လက်နက်ကို ဖြတ်တောက်ပစ်ဖို့ လုံခြုံရေးကောင်စီ တခုလုံးကဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့ဝင်နိုင်ငံ တခုစီက သူ့နည်းသူ့ဟန်နဲ့ဖြစ်ဖြစ် ဝိုင်းကြိုးပမ်း လုပ်ပေးကြဖို့ လိုတယ်၊ အခုလို ပြောရတဲ့ အကြောင်းရင်းကိုလည်း Andrews က ဆက်ရှင်းပြပါတယ်။

“ဒီမှာ မတူတာက စစ်အုပ်စုမှာ လက်နက်တွေပဲ ရှိတော့တာပါ။ ဒါပဲကျန်တော့တာပါ။ အတိုက်အခံ လှုပ်ရှားမှုဘက်မှာက ပြည်သူတွေအားလုံး ရှိနေပါတယ်။ ဒါကြောင့် ဒီ ပြည်သူအားလုံး ဝိုင်းပါပြီး နည်းမျိုးစုံနဲ့ တချိန်လုံး တောက်လျှောက် ကြိုးပမ်းလာနေတာကြောင့် ဖြစ်ပေါ်လာတဲ့ အခု ကြီမားကျယ်ပြန့်တဲ့အား အထိရောက်ဆုံး ဖြစ်လာဖို့က ပြည်ပကနေလည်း နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ယုံကြည်မှုအပြည့်နဲ့ တစိုက်မတ်မတ် လုပ်ပေးနိုင်သမျှ အစွမ်းကုန် ဖိအားပေးနိုင်ရင်တော့ နောက်ဆုံး အောင်မြင်တဲ့အဆင့်ကို ရောက်လာမှာပါ။”

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေ အများအပြား ခံစားနေရတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေအတွက်လည်း နိုင်ငံတကာဘက်က အစွမ်းကုန် ဖြည့်ဆည်းပေးဖို့ Andrews က တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG