ျမန္မာစစ္ေကာင္စီ ဝင္ေငြလမ္းပိတ္ပင္ေရး ဝိုင္းဝန္းေဆာင္ရြက္ဖို႔ HRW တိုက္တြန္း
{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ ေဖေဖၚ၀ါရီက ၁ ရက္ေန့ အာဏာသိမ္းခဲ့တဲ့ စစ္တပ္အေနနဲ႔ ၁ ႏွစ္နီးပါးအတြင္း စစ္အုပ္ခ်ဳပ္ေရးကုိ ဆန့္က်င္တဲ့ ျမန္မာျပည္သူေတြအေပၚ အျပင္းအထန္ေခ်မွုန္း ဖိႏွိပ္ခဲ့ေၾကာင္းနဲ႔ ျမန္မာစစ္ေကာင္စီကို ႏုိင္ငံျခားဝင္ေငြမရေအာင္ အတူတကြ ဝိုင္းဝန္းပိတ္ဆုိ့ အေရးယူဖုိ႔ HRW လူ့အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ၾကီးက ေသာၾကာေန႔ က တုိက္တြန္းလုိက္ပါတယ္။
အာဏာသိမ္းစစ္ေကာင္စီရဲ့ မတရားတဲ့အုပ္ခ်ဳပ္ေရးအတြက္ အေထာက္အပံျဖစ္ေစတဲ့ ေရနံနဲ့ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္ေရာင္းခ်မႈေတြကုိ အေမရိကန္၊ ဥေရာပသမဂၢ၊ ၿဗိတိန္၊ ဂ်ပန္ စတဲ့ႏုိင္ငံေတြ အပါအဝင္ ျမန္မာ့အေရးအားေပးကူညီလုိတဲ့ႏုိင္ငံေတြ စုေပါင္းပိတ္ဆုိ႕႔အေရးယူမႈေတြလုပ္ေဆာင္ဖုိ႔ HRW က တုိက္တြန္းထားပါတယ္။
ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ဦးေဆာင္တဲ့ ျမန္မာစစ္တပ္ဟာ လူေတြကုိအစုလုိက္ အၿပဳံလုိက္သတ္ျဖတ္တာ၊ ညွင္းပန္းႏွိပ္စက္တာ၊ လိင္မႈဆုိင္ရာအၾကမ္းဖက္ေစာ္ကားတာ၊ တရားမဝင္ဖမ္းဆီးတာ၊ စတာေတြအျပင္ ဆႏၵျပသူေတြ၊ သတင္းသမားေတြ၊ ေရွ ႔ေနေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ အေပၚဖိႏွိပ္ညွင္းပန္းတာ စတာေတြဟာ လူသားမဆန္တဲ့ရာဇဝတ္မႈ Crime Against Humanity ေျမာက္တယ္လုိ့ HRW လူ့အခြင့္အေရးေစာင့္ၾကည့္အဖဲြ႔က သူတုိ့ရဲ႕ေၾကညာခ်က္ထဲမွာေဖၚျပထားပါတယ္။
ကမၻာေပၚမွာ ၾသဇာရွိတဲ့အစိုးရေတြအေနနဲ႔ ျမန္မာအာဏာသိမ္း စစ္ေကာင္စီကုိ ဝင္ေငြနဲ႔ လက္ႏွက္ေတြ ျဖတ္ေတာက္ပိတ္ဆုိ႔ဖုိ႔ ေနာက္ထပ္ျမန္မာျပည္သူေတြ ဘယ္ေလာက္အသတ္ခံ၊ အဖမ္းခံ၊ ႏွိပ္စက္ခံေနရမွာလဲလုိ႔HRW ရဲ့ အာရွေရးရာညြန္ၾကားေရးမွုး Brad Adams ကေျပာဆုိခဲ့ပါတယ္။
ရက္စက္ၾကမ္းၾကဳတ္မႈေတြကုိ ေန႔စဥ္ခံစားေနရေပမယ့္္ ဒီမုိကေရစီအေရးအတြက္ မဆုတ္မနစ္ ဆက္လက္တုိက္ပဲြဝင္ေနတဲ့ ျမန္မာျပည္သူေတြကုိ ကမၻာအသုိင္းအဝိုင္း တခုလုံးက အားေပးေထာက္ခံေနတယ္ဆုိတာကုိ သိေစလုိပါတယ္လုိ့လည္း Brad Adams ကHRW ရဲ့ေၾကညာခ်က္ထဲမွာ ေျပာဆုိထားပါတယ္။
.................................................
မြန်မာစစ်ကောင်စီ ဝင်ငွေလမ်းပိတ်ပင်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ HRW တိုက်တွန်း
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီက ၁ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ ၁ နှစ်နီးပါးအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေအပေါ် အပြင်းအထန်ချေမှုန်း ဖိနှိပ်ခဲ့ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ ဝိုင်းဝန်းပိတ်ဆို့ အရေးယူဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက သောကြာနေ့ က တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့အုပ်ချုပ်ရေးအတွက် အထောက်အပံဖြစ်စေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုတွေကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် မြန်မာ့အရေးအားပေးကူညီလိုတဲ့နိုင်ငံတွေ စုပေါင်းပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ HRW က တိုက်တွန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ လူတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ လိင်မှုဆိုင်ရာအကြမ်းဖက်စော်ကားတာ၊ တရားမဝင်ဖမ်းဆီးတာ၊ စတာတွေအပြင် ဆန္ဒပြသူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပေါ်ဖိနှိပ်ညှင်းပန်းတာ စတာတွေဟာ လူသားမဆန်တဲ့ရာဇဝတ်မှု Crime Against Humanity မြောက်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သူတို့ရဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ သြဇာရှိတဲ့အစိုးရတွေအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ဝင်ငွေနဲ့ လက်နှက်တွေ ဖြတ်တောက်ပိတ်ဆို့ဖို့ နောက်ထပ်မြန်မာပြည်သူတွေ ဘယ်လောက်အသတ်ခံ၊ အဖမ်းခံ၊ နှိပ်စက်ခံနေရမှာလဲလို့HRW ရဲ့ အာရှရေးရာညွန်ကြားရေးမှုး Brad Adams ကပြောဆိုခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဉ်ခံစားနေရပေမယ့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာအသိုင်းအဝိုင်း တခုလုံးက အားပေးထောက်ခံနေတယ်ဆိုတာကို သိစေလိုပါတယ်လို့လည်း Brad Adams ကHRW ရဲ့ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။