သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ တွင်းထွက်နဲ့ဓါတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ HRW တိုက်တွန်း


ကျောက်ဖြူဆိပ်ကမ်းက တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု (ဓာတ်ပုံ - VOA)
ကျောက်ဖြူဆိပ်ကမ်းက တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု (ဓာတ်ပုံ - VOA)

စစ်ကောင်စီ ရဲ့ နိုင်ငံခြား ဝင်ငွေ လမ်းကြောင်း ကို ပိတ်နိုင်မယ့် အရေးယူမှု အသစ်တွေ ကို မချမှတ်နိုင်ရင် မြန်မာ စစ်တပ် ဟာ သဘာဝ ဓာတ်ငွေ့ နဲ့ အခြား ဓာတ်သတ္တု နဲ့ သဘာဝ အရင်းအမြစ် ထုတ်လုပ်မှု က ရတဲ့ ဝင်ငွေတွေ ကို ဆက်လက် ရရှိနေလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch HRW က ဒီနေ့ ကြေညာချက် ထုတ် သတိပေးလိုက်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူနိုင်ရေးအတွက် ဘုံရပ်တည်ချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ကြဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာ ကို ထောက်ခံကြောင်းအမေရိကန် နဲ့ ပြင်သစ် အာဏာပိုင်တွေ ကို အကြောင်းကြားခဲ့ပြီး ဖြစ် ကြောင်း Total ကုမ္ပဏီ ရဲ့ အမှုဆောင် အရာရှိချုပ် Patrick Pouyanné က HRW ကို ဇန်နဝါရီ လ ၁၈ ရက်နေစွဲ နဲ့ ပေးပို့တဲ့ စာမှာ ဖော်ပြထားတယ်လို့ HRW အဖွဲ့ က ဆိုပါတယ်။

အာဏာ ရပြီး တစ်နှစ် လောက် ရှိလာပေမဲ့ မြန်မာ စစ်ကောင်စီ ဟာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဆက်လက်လုပ်ဆောင်နေပြီး ဒီအတွက် နိုင်ငံတကာ အသိုက်အဝန်း က လုပ်တာတွေကို စစ်ကောင်စီက ဘာမှ ပေးဆပ်ရင်ဆိုင်ရတာမရှိဘူးလို့ HRW ရဲ့ အာရှ ဒေသဆိုင်ရာ ဆော်သြစည်းရုံးရေး ညွှန်ကြားရေးမှူး John Sifton က ပြောပါတယ်။

စစ်ကောင်စီ ရဲ့ သဘာဝ ဓာတ်ငွေ့ က ဝင်ငွေ ဟာ ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မှာ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နေကြတဲ့ Total နဲ့ Chevron ကုမ္ပဏီကြီးတွေ က မြန်မာ နိုင်ငံ ကနေ ထွက်ခွါဖို့ စီစဉ်နေကြတယ်လို့ ကြေညာခဲ့ပါတယ်။

.......................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG