(Zawgyi/Unicode)
အျပည္ျပည္ဆိုင္ရာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ ့Amnesty International က ျမန္မာနိုင္ငံရဲ႕ အစိုးရသစ္အေနနဲ ့ လူ႔အခြင့္အေရး ျပဳျပင္ေျပာင္းလဲမွုမ်ားကို ဦးစားေပးလုပ္ေဆာင္ျပီး စစ္တပ္ရဲ႕ ခ်ိဳးေဖာက္မႈေတြကို ဟန္ ့တားဖုိ႔ ေတာင္းဆုိထားတဲ့ ေၾကညာခ်က္ကုိ ႏုိ၀င္ဘာ ၂၄ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ျမန္မာနိုင္ငံမွာ ေလာေလာလတ္လတ္ေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ NLD အစိုးရသစ္အေနနဲ ့ ပထမသက္တမ္းအတြင္း ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ေဆာင္နိုင္ျခင္းမရွိခဲ့တဲ့အတြက္ အခုအႀကိမ္မွာ လူ ့အခြင့္အေရးဆုိင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြကို ဦးစားေပး လုပ္ေဆာင္သင့္ေၾကာင္း ေၾကညာခ်က္မွာ တုိက္တြန္းထားပါတယ္။
AI က ထုတ္ျပန္တဲ့ အခ်က္ (၁၁) ခ်က္ပါ၀င္တဲ့ လူအခြင့္အေရးအစီအစဥ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အားလံုးအေနနဲ႔လည္း လူတိုင္းလူ ့အခြင့္အေရးေတြကို ေလးစားျမႇင့္တင္ဖို ကတိက၀တ္ျပဳၾကဖို ့တိုက္တြန္းထားပါတယ္။
စစ္မက္ျဖစ္ျဖစ္ပြားေနတဲ့ ေဒသတခ်ိဳ ့အပါအ၀င္ လူနည္းစုတိုင္းရင္းသားေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေရြးေကာက္ပြဲ က်င္းပနိုင္ျခင္းမရွိပဲ ရခိုင္ျပည္နယ္အတြင္း လူ တသန္းခြဲေလာက္ မဲေပးခြင့္မရွိခဲ့ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါရွိပါတယ္။
အစိုးရသစ္အေနနဲ ့ ဖိႏွိပ္တဲ့ ဥပေဒေတြကို ျပဳျပင္ေျပာင္းလဲဖို ့၊ စစ္တပ္ဘက္ကလည္း တာ၀န္ယူမႈ တာ၀န္ခံမႈရွိဖို ့အပါအ၀င္ လူသားခ်င္းစာနာမႈဆိုင္ရာ အေရးေပၚအေျခအေနေတြ ျဖစ္ေနတာေတြကုိလည္း ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။
AI ရဲ႕ အာရွပစိဖိတ္ဆိုင္ရာ ညြွန္ၾကားေရးမွဴး Yamini Mishra ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အစိုးရဟာ ပထမသက္တမ္းမွာ လူ ့အခြင့္အေရး အေျခအေနေတြကို တိုးတက္လာေအာင္လုပ္ဖို ့ဆႏၵနည္းပါးခဲ့ၿပီး အခုခ်ိန္မွာ ျပည္သူေပးလိုက္တဲ့ အာဏာသစ္ကိုသံုးၿပီး လူ ့အခြင့္အေရးကို အေလးေပးတဲ့ အေရးႀကီးတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို ့ အခ်ိန္ေကာင္းပဲလို ့ တိုက္တြန္း ေျပာဆိုတာကုိလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
.............
မြန်မာအစိုးရသစ် လူ့အခွင့်အရေးကို ဦးစားပေးဖို့ AI တိုက်တွန်း
(Unicode)
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့Amnesty International က မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးလုပ်ဆောင်ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေကို ဟန့်တားဖို့ တောင်းဆိုထားတဲ့ ကြေညာချက်ကို နိုဝင်ဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လောလောလတ်လတ်ရွေးကောက်တင်မြှောက်ခံထားရတဲ့ NLD အစိုးရသစ်အနေနဲ့ ပထမသက်တမ်းအတွင်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့အတွက် အခုအကြိမ်မှာ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
AI က ထုတ်ပြန်တဲ့ အချက် (၁၁) ချက်ပါဝင်တဲ့ လူအခွင့်အရေးအစီအစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးအနေနဲ့လည်း လူတိုင်းလူ့အခွင့်အရေးတွေကို လေးစားမြှင့်တင်ဖို ကတိကဝတ်ပြုကြဖို့တိုက်တွန်းထားပါတယ်။
စစ်မက်ဖြစ်ဖြစ်ပွားနေတဲ့ ဒေသတချို့အပါအဝင် လူနည်းစုတိုင်းရင်းသားဒေသ တော်တော်များများမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပဲ ရခိုင်ပြည်နယ်အတွင်း လူ တသန်းခွဲလောက် မဲပေးခွင့်မရှိခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အစိုးရသစ်အနေနဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့၊ စစ်တပ်ဘက်ကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိဖို့အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေ ဖြစ်နေတာတွေကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။
AI ရဲ့ အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Yamini Mishra ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ ပထမသက်တမ်းမှာ လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်လာအောင်လုပ်ဖို့ဆန္ဒနည်းပါးခဲ့ပြီး အခုချိန်မှာ ပြည်သူပေးလိုက်တဲ့ အာဏာသစ်ကိုသုံးပြီး လူ့အခွင့်အရေးကို အလေးပေးတဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်ကောင်းပဲလို့ တိုက်တွန်း ပြောဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။