သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္သစ္နဲ႔ ပူးေပါင္းေဆာင္ရြက္မည္ စစ္ေကာင္စီ ထုတ္ျပန္


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ အာဆီယံ သေကၤတ။

(Zawgyi / Unicode)

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အလွည့္က်ဥကၠ႒ ကေမၻာဒီးယားႏိုင္ငံက ခန္႔အပ္တဲ့ အာဆီယံ အထူးကိုယ္စားလွယ္သစ္နဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္လုိ႔ စစ္အစိုးရ ႏုိင္ငံျခားေရးဌာနက ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တရပ္မွာ ေဖာ္ျပထားပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္၊ ကေမၻာဒီးယား ႏုိင္ငံျခားေရးဝန္ႀကီး Prak Sokhonn ျမန္မာနုိင္ငံကိုလာဖို႔ ျပင္ဆင္ေနတယ္လို႔ ကေမၻာဒီးယား ႏုိင္ငံျခားေရးဌာနက သတင္းထုတ္ျပန္တဲ့ တရက္တည္းမွာပဲ စစ္ေကာင္စီ ႏုိင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ ထြက္လာတာပါ။ ဒါ့အျပင္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္အစည္းအေဝး လုပ္ခဲ့အၿပီး ေနာက္တရက္မွာ အခုလိုေျပာတာလည္း ျဖစ္ပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာႏုိင္ငံကို လာဖို႔ကိစၥ အာဆီယံဥကၠ႒နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လုိ႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

အာဆီယံေခါင္းေဆာင္ေတြအားလံုး တထပ္တည္း သေဘာတူညီထားတဲ့ အခ်က္ ၅ ခ်က္ပါ ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေနတယ္ ဆိုၿပီးေတာ့လည္း ဒီထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလ ၂၄ ရက္ေန႔ကလုပ္ခဲ့တဲ့ အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးေနာက္ပိုင္းမွာ ျပည္သူေတြ အသက္အိုးအိမ္စည္းစိမ္ လံုၿခံဳမႈနဲ႔ ျပည္တြင္း တရားဥပေဒ စိုးမိုးေရးအတြက္ အျမင့္မားဆံုး ထိန္းသိမ္းေဆာင္ရြက္ေန႐ံုသာမက အင္အားအနည္းဆံုး အသံုးျပဳၿပီး ကိုင္တြယ္ ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ တြန္းလွန္ေနသူေတြကေတာ့ စစ္ေကာင္စီတပ္ဖြဲ႔ေတြဟာ သူတို႔ကို လက္နက္ကိုင္ တိုက္ခိုက္ေနသူေတြကိုသာမက ကေလးေတြ အပါအဝင္ အရပ္သားေတြကိုပါ ဖမ္းဆီးတာ၊ ႏွိပ္စက္ညႇဥ္းပန္းၿပီး သတ္ျဖတ္တာ၊ အရပ္သား လူထုေနအိမ္ေတြကို မီး႐ိႈ႕တာေတြ လုပ္ေနတယ္လုိ႔ ေတာက္ေလွ်ာက္ ေျပာဆိုထားပါတယ္။

----------------------

(Unicode)

အာဆီယံကိုယ်စားလှယ်သစ်နဲ့ ပူးပေါင်းဆောင်ရွက်မည် စစ်ကောင်စီ ထုတ်ပြန်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်သစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံကိုလာဖို့ ပြင်ဆင်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်တဲ့ တရက်တည်းမှာပဲ စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက် ထွက်လာတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့အပြီး နောက်တရက်မှာ အခုလိုပြောတာလည်း ဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာဖို့ကိစ္စ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေအားလုံး တထပ်တည်း သဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နေတယ် ဆိုပြီးတော့လည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးနောက်ပိုင်းမှာ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနဲ့ ပြည်တွင်း တရားဥပဒေ စိုးမိုးရေးအတွက် အမြင့်မားဆုံး ထိန်းသိမ်းဆောင်ရွက်နေရုံသာမက အင်အားအနည်းဆုံး အသုံးပြုပြီး ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်နေသူတွေကတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို လက်နက်ကိုင် တိုက်ခိုက်နေသူတွေကိုသာမက ကလေးတွေ အပါအဝင် အရပ်သားတွေကိုပါ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်တာ၊ အရပ်သား လူထုနေအိမ်တွေကို မီးရှို့တာတွေ လုပ်နေတယ်လို့ တောက်လျှောက် ပြောဆိုထားပါတယ်။

XS
SM
MD
LG