သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္မႈ ျပန္ဆိုးလာေန 


Virus Outbreak Myanmar

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈအေျခအေန တေက်ာ့ျပန္ ဆိုးလာေနၿပီလို႔ ပုဂၢလိကေဆး႐ုံမ်ားအသင္းဥကၠ႒ ေဒါက္တာထင္ေပၚက ဗြီအိုေအကိုေျပာပါတယ္။
“ကိုဗစ္အေျခအေနကေတာ့ စတုတၳလိႈင္းလို႔ ေျပာရမွာေပါ့ဗ်ာ။ အထူးသျဖင့္ ရန္ကုန္တုိင္းေဒသႀကီးမွာ ကိုဗစ္လူနာေတြ ေတာ္ေတာ္ေလးမ်ားပါတယ္။ သိတဲ့အတုိင္းပဲ-ရန္ကုန္တုိင္းေဒသ ၇ သန္းေက်ာ္မွာ vaccine ထုိးထားတဲ့လူဦးေရက အမ်ားစုျဖစ္ေပမယ့္လည္း vaccine ထုိးထားတဲ့လူမွာကို ကုိဗစ္ေရာဂါလကၡဏာေတြ အခု ေတြ႔ၿပီးေတာ့ တခ်ဳိ႕စစ္တာေတြလည္း Positive ေတာ္ေတာ္မ်ားမ်ားေတြ႔တယ္။”
ပုဂၢလိကေဆး႐ုံေတြအျပင္ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနရဲ႕ ကိုဗစ္ကုသေရးစင္ေတြမွာလည္း လူနာ ၆ ေထာင္၊ ၇ ေထာင္ ဝန္းက်င္ရွိလာၿပီလို႔ ၾကားထားရတဲ့အေၾကာင္းလည္း ဗြီအိုေအက သီးသန႔္ဆက္သြယ္ေမးျမန္းတာမွာ ေဒါက္တာထင္ေပၚက ေျပာပါတယ္။
ေဆးစစ္တာမွာလည္း က်န္းမာေရးဝန္ႀကီးဌာနက စစ္တာအျပင္ ပုဂၢလိကစစ္ေဆးမူေတြနဲ႔အတူ ျပင္ပမွာလည္း အလြယ္တကူ ဝယ္လို႔ရတဲ့ Test Kit ေတြနဲ႔ စစ္ေနၾကၿပီး စစ္သူတိုင္း ေတြ႔သေလာက္နီးပါးကို မ်ားလာေနတာမို႔ တရားဝင္ထုတ္ျပန္တာမွာ မေပၚတာေတြ အမ်ားႀကီး ရွိႏိုင္တယ္လို႔ ေဒါက္တာထင္ေပၚက ေထာက္ျပပါတယ္။
ဒါ့အျပင္ က်န္းမာေရးဝန္ေဆာင္မႈ ေပးတဲ့ေနရာေတြမွာ Omicron မ်ိဳးကြဲသစ္ကို မစစ္ႏိုင္ေပမဲ့ လက္ရွိ က်န္းမာေရးဝန္ႀကီးဌာနက စစ္ႏိုင္သမွ် ေတြ႕ႏႈန္းကို ၾကည့္မယ္ဆိုရင္ေတာ့ အမ်ားစုက Omicron ျဖစ္ဖို႔ အရမ္းကိုမ်ားပါတယ္လို႔လည္း ေဒါက္တာထင္ေပၚက ေျပာပါတယ္။
အခုေလာေလာဆယ္မွာ ေရာဂါျပင္းထန္တာ မေတြ႕ရေသးေပမဲ့ တာဝန္ရွိသူေတြနဲ႔ ပုဂၢလိကေဆး႐ုံေတြအၾကား ခ်ိတ္ဆက္ ေဆာင္႐ြက္ ကာကြယ္ထိန္းသိမ္းမူေတြ အားနည္းေနရင္ေတာ့ ကူးစက္မူ တဟုန္ထိုး ဆက္မ်ားလာၿပီး သက္ႀကီးသူေတြ၊ ေရာဂါ အခံရွိသူေတြ၊ ကာကြယ္ေဆး ထိုးမထားသူေတြဆီ ေရာက္လာရင္ အမ်ားႀကီး ျပင္းထန္ၿပီး ေသဆုံးမူေတြ လိုက္လာႏိုင္တယ္လို႔ ေဒါက္တာထင္ေပၚက သတိေပးပါတယ္။

ျမန္မာ ကိုဗစ္ကူးစက္မႈ ျပန္ဆိုးလာေန
please wait

No media source currently available

0:00 0:01:42 0:00
တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

မြန်မာ ကိုဗစ်ကူးစက်မှု ပြန်ဆိုးလာနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုအခြေအနေ တကျော့ပြန် ဆိုးလာနေပြီလို့ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ဗွီအိုအေကိုပြောပါတယ်။
“ကိုဗစ်အခြေအနေကတော့ စတုတ္ထလှိုင်းလို့ ပြောရမှာပေါ့ဗျာ။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်လူနာတွေ တော်တော်လေးများပါတယ်။ သိတဲ့အတိုင်းပဲ-ရန်ကုန်တိုင်းဒေသ ၇ သန်းကျော်မှာ vaccine ထိုးထားတဲ့လူဦးရေက အများစုဖြစ်ပေမယ့်လည်း vaccine ထိုးထားတဲ့လူမှာကို ကိုဗစ်ရောဂါလက္ခဏာတွေ အခု တွေ့ပြီးတော့ တချို့စစ်တာတွေလည်း Positive တော်တော်များများတွေ့တယ်။”
ပုဂ္ဂလိကဆေးရုံတွေအပြင် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနရဲ့ ကိုဗစ်ကုသရေးစင်တွေမှာလည်း လူနာ ၆ ထောင်၊ ၇ ထောင် ဝန်းကျင်ရှိလာပြီလို့ ကြားထားရတဲ့အကြောင်းလည်း ဗွီအိုအေက သီးသန့်ဆက်သွယ်မေးမြန်းတာမှာ ဒေါက်တာထင်ပေါ်က ပြောပါတယ်။
ဆေးစစ်တာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက စစ်တာအပြင် ပုဂ္ဂလိကစစ်ဆေးမူတွေနဲ့အတူ ပြင်ပမှာလည်း အလွယ်တကူ ဝယ်လို့ရတဲ့ Test Kit တွေနဲ့ စစ်နေကြပြီး စစ်သူတိုင်း တွေ့သလောက်နီးပါးကို များလာနေတာမို့ တရားဝင်ထုတ်ပြန်တာမှာ မပေါ်တာတွေ အများကြီး ရှိနိုင်တယ်လို့ ဒေါက်တာထင်ပေါ်က ထောက်ပြပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့နေရာတွေမှာ Omicron မျိုးကွဲသစ်ကို မစစ်နိုင်ပေမဲ့ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက စစ်နိုင်သမျှ တွေ့နှုန်းကို ကြည့်မယ်ဆိုရင်တော့ အများစုက Omicron ဖြစ်ဖို့ အရမ်းကိုများပါတယ်လို့လည်း ဒေါက်တာထင်ပေါ်က ပြောပါတယ်။
အခုလောလောဆယ်မှာ ရောဂါပြင်းထန်တာ မတွေ့ရသေးပေမဲ့ တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေအကြား ချိတ်ဆက် ဆောင်ရွက် ကာကွယ်ထိန်းသိမ်းမူတွေ အားနည်းနေရင်တော့ ကူးစက်မူ တဟုန်ထိုး ဆက်များလာပြီး သက်ကြီးသူတွေ၊ ရောဂါ အခံရှိသူတွေ၊ ကာကွယ်ဆေး ထိုးမထားသူတွေဆီ ရောက်လာရင် အများကြီး ပြင်းထန်ပြီး သေဆုံးမူတွေ လိုက်လာနိုင်တယ်လို့ ဒေါက်တာထင်ပေါ်က သတိပေးပါတယ်။

===========

XS
SM
MD
LG