သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္ဓါတ္ခြဲအတည္ျပဳ၁၈၁၈ ဦး၊ ေသဆုံး ၆၄ဦး


ကိုဗစ္ကုရေးျ မန္မာ ေဆးပညာ၀န္ထမ္းမ်ား

(Zawgyi/Unicode)

က်န္းမာေရး ဝန္ႀကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္ အရ၊ ျမန္မာႏိုင္ငံ မွာ ဒီကေန႔ ေနာက္ဆုံး ပိုးစစ္ေဆးသူ ၂၀,၁ရ၈ ဦး ရွိခဲ့ၿပီး၊ ပိုးေတြ႕သူ ၁,၈၁၈ ဦး ရွိပါတယ္။ ပိုးေတြ႕ရာႏႈန္း ၉.၀၁ % ပါ။ ေသဆုံးသြားသူ ၆၄ ဦး ရွိပါတယ္။ ေသဆုံးမႈ ရာႏႈန္း ၃.၈၂% လို႔ ေျပာပါတယ္။ ဒီကေန႔ အထိဆိုရင္၊ တရားဝင္စာရင္းအရ၊ ပိုးေတြ႕သူ စုစုေပါင္း ၄၅၁, ၆၆၃ ဦး ရွိေနပါၿပီ။ လူမႈ ကူညီေစာင့္ေရွာက္သူေတြ ကေတာ့ တကယ္ ျဖစ္ေနတာေတြ က တရားဝင္ စာရင္းထက္ မ်ားႏိုင္စရာ ရွိတယ္လို႔ ေျပာၾကပါတယ္။

႐ိုဟင္ဂ်ာ ဒုကၡသည္ စခန္းေတြ မွာေတာ့ ကာကြယ္ေဆး ၂ လုံးလုံး ကို တခ်ိဴ႕ က ရၿပီးၾကၿပီ လို႔ IOM လုပ္အားေပးသူ Mamunur Rashid က VOA ရဲ႕ ဘဂၤလား အစီအစဥ္ ကို ေျပာပါတယ္။ ေအဒီဘီ ရဲ႕ အစီရင္ခံစာမွာေတာ့ ျမန္မာ၊ ပါကစၥတန္ နဲ႔ ဗီယက္နမ္ ႏိုင္ငံေတြ မွာ လူဦးေရ နဲ႔ ၁၀ % ေအာက္ ပဲ ကာကြယ္ေဆး ထိုးၿပီးၾကၿပီး၊ စကၤာပူ ႏိုင္ငံမွာေတာ့ ၈၀ % ေလာက္ ထိုးၿပီးၾကၿပီ လို႔ ဆိုပါတယ္။

အစီရင္ခံစာပါ ၄၆ ႏိုင္ငံ မွာေတာ့ ဩုဂုတ္ ၃၁ ရက္ အထိ၊ လူဦးေရ ရဲ႕ ၂၇.၈၉ % ထိုးၿပီးၿပီ လို႔ ေျပာပါတယ္။

ကိုဗစ္ ကပ္ေၾကာင့္ အာရွ တခြင္ မွာ ၂၀၂၁ ခုႏွစ္ စီးပြါးေရး တိုးပြါးမႈ ၇.၁ % ကေန ၂၀၂၂ မွာ ၅.၄ % ကို က်သြားမယ္လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံ ကေတာ့ ၂၀၂၁ မွာ ၁၈ % စီးပြါးေရး က်သြားမယ္ လို႔ ေအဒီဘီ က ဆိုပါတယ္။ ေငြေဖာင္းပြမႈကလည္း ၂၀၂၁ မွာ ၂.၂ % ကေန ၂၀၂၂ မွာ ၂.၇ % ကို တက္သြားမယ္ လို႔ ဆိုပါတယ္။ ျမန္မာ ရဲ႕ ေငြေဖာင္းပြမႈ က ၂၀၂၁ မွာ ၆.၂ % လို႔ ေျပာပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု၁၈၁၈ ဦး၊ သေဆုံး ၆၄ဦး

(Unicode)

ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အရ၊ မြန်မာနိုင်ငံ မှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၂၀,၁ရ၈ ဦး ရှိခဲ့ပြီး၊ ပိုးတွေ့သူ ၁,၈၁၈ ဦး ရှိပါတယ်။ ပိုးတွေ့ရာနှုန်း ၉.၀၁ % ပါ။ သေဆုံးသွားသူ ၆၄ ဦး ရှိပါတယ်။ သေဆုံးမှု ရာနှုန်း ၃.၈၂% လို့ ပြောပါတယ်။ ဒီကနေ့ အထိဆိုရင်၊ တရားဝင်စာရင်းအရ၊ ပိုးတွေ့သူ စုစုပေါင်း ၄၅၁, ၆၆၃ ဦး ရှိနေပါပြီ။ လူမှု ကူညီစောင့်ရှောက်သူတွေ ကတော့ တကယ် ဖြစ်နေတာတွေ က တရားဝင် စာရင်းထက် များနိုင်စရာ ရှိတယ်လို့ ပြောကြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ မှာတော့ ကာကွယ်ဆေး ၂ လုံးလုံး ကို တချိူ့ က ရပြီးကြပြီ လို့ IOM လုပ်အားပေးသူ Mamunur Rashid က VOA ရဲ့ ဘင်္ဂလား အစီအစဉ် ကို ပြောပါတယ်။ အေဒီဘီ ရဲ့ အစီရင်ခံစာမှာတော့ မြန်မာ၊ ပါကစ္စတန် နဲ့ ဗီယက်နမ် နိုင်ငံတွေ မှာ လူဦးရေ နဲ့ ၁၀ % အောက် ပဲ ကာကွယ်ဆေး ထိုးပြီးကြပြီး၊ စင်္ကာပူ နိုင်ငံမှာတော့ ၈၀ % လောက် ထိုးပြီးကြပြီ လို့ ဆိုပါတယ်။

အစီရင်ခံစာပါ ၄၆ နိုင်ငံ မှာတော့ ဩုဂုတ် ၃၁ ရက် အထိ၊ လူဦးရေ ရဲ့ ၂၇.၈၉ % ထိုးပြီးပြီ လို့ ပြောပါတယ်။

ကိုဗစ် ကပ်ကြောင့် အာရှ တခွင် မှာ ၂၀၂၁ ခုနှစ် စီးပွါးရေး တိုးပွါးမှု ၇.၁ % ကနေ ၂၀၂၂ မှာ ၅.၄ % ကို ကျသွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ကတော့ ၂၀၂၁ မှာ ၁၈ % စီးပွါးရေး ကျသွားမယ် လို့ အေဒီဘီ က ဆိုပါတယ်။ ငွေဖောင်းပွမှုကလည်း ၂၀၂၁ မှာ ၂.၂ % ကနေ ၂၀၂၂ မှာ ၂.၇ % ကို တက်သွားမယ် လို့ ဆိုပါတယ်။ မြန်မာ ရဲ့ ငွေဖောင်းပွမှု က ၂၀၂၁ မှာ ၆.၂ % လို့ ပြောပါတယ်။[

XS
SM
MD
LG