သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေရာ တိုင္းရင္းသားလက္နက္ကိုင္ေတြကိုပါ ကိုဗစ္ကာကြယ္ေဆး တ႐ုတ္ေထာက္ပံ့


တရုတ္နိုင္ငံလုပ္ Sinopharm ကိုဗစ္ကာကြယ္ေဆး

(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံဟာ ျမန္မာအာဏာသိမ္း စစ္ေကာင္စီကိုသာမက ႏွစ္ႏုိင္ငံနယ္စပ္မွာ အေျခစိုက္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြကိုပါ COVID-19 ေရာဂါကာကြယ္ေဆးေတြ ကူညီေနတယ္လို႔ AFP သတင္းတပုဒ္မွာ ေရးထားပါတယ္။

စစ္ေကာင္စီကို ကာကြယ္ေဆးအလံုးေရ ၁၃ သန္း ေပးၿပီးျဖစ္သလို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြရဲ႕ ကိုဗစ္ ကြာရန္တင္းဌာနေတြအတြက္ ကာကြယ္ေဆး ေထာင္ေပါင္းမ်ားစြာနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြကို ပို႔ေပးေန႐ံုသာမက ေဆးဘက္ဝန္ထမ္းေတြပါလႊတ္ၿပီး ကူညီေနတယ္လုိ႔ လက္နက္ကိုင္အဖြဲ႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး AFP ကေရးထားပါတယ္။

တ႐ုတ္ၾကက္ေျခနီအဖြဲ႔ဝင္ေတြ တခါတခါလာၿပီး ကူၾကေပမယ့္ ၾကာၾကာမေနၾကတဲ့အေၾကာင္းနဲ႔ ခနလာၿပီး ျပန္သြားၾကတယ္လုိ႔ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ေျပာခြင့္ရ ဗိုလ္မွဴးႀကီးေနာ္ဘူက AFP ကိုေျပာပါတယ္။ KIA ဌာနခ်ဳပ္ လိုင္ဇာမွာ လူ ၁၀,၀၀၀ ကို တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး ထုိးေပးၿပီးၿပီလို႔လည္း ဗိုလ္မွဴးႀကီးေနာ္ဘူကေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းတပ္မေတာ္ SSPP ကလည္း သူတို႔ထိန္းခ်ဳပ္နယ္ေျမထဲမွာ လူ ၁,၀၀၀ ကို တ႐ုတ္ကာကြယ္ေဆး ထိုးေပးၿပီးၿပီလို႔ အဖြဲ႔ေျပာခြင့္ရတဦးက AFP ကိုေျပာပါတယ္။ ကာကြယ္ေဆး ၅ သိန္း မွာထားတယ္လုိ႔လည္း ေျပာခြင့္ရကဆုိပါတယ္။

SSPP ထိန္းခ်ုပ္နယ္ေျမနဲ႔ကပ္လ်က္မွာ အေျခစိုက္တဲ့ တအာန္းအမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) အတြက္လည္း ကာကြယ္ေဆးေပးမယ္လုိ႔ တရုတ္က ကတိေပးထားတဲ့အေၾကာင္း TNLA ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္တာဘုန္းေက်ာ္က AFP ကိုေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြကို COVID-19 ကာကြယ္ေဆး တရုတ္အစိုးရက ေပးေနသလားလို႔ ေမးတဲ့အခါ တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရတဦးက "ကပ္ေရာဂါကိုတိုက္ဖ်က္ေနတဲ့ ျမန္မာလူထုအတြက္ သူတို႔လိုအပ္ခ်က္အရ လိုအပ္တဲ့ အကူအညီ အေထာက္အပံ့ေတြကို တရုတ္ႏုိင္ငံက အျမဲေပးအပ္သြားမွာျဖစ္ပါတယ္" လို႔ AFP ကိုေျဖထားပါတယ္။

ေဟာင္ေကာင္တကၠသိုလ္၊ အမ်ားျပည္သူစီမံခန္႔ခြဲေရးပညာ တြဲဘက္ပါေမာကၡ Enze Han က တရုတ္အေနနဲ႔ COVID ရန္ကေန ကာကြယ္ခ်င္တယ္ဆိုရင္ ၾကားမွာ အခုအခံေနရာ ဖန္တီးဖို႔လိုတယ္လုိ႔ AFP ကိုေျပာပါတယ္။ "စစ္အစိုးရက ေသခ်ာေပါက္ ဒါကိုႀကိဳက္မွာမဟုတ္ပါဘူး၊ ဒါေပမယ့္ သူတုိ႔မွာ ေရြးခ်ယ္စရာမရွိပါဘူး" လို႔လည္း တြဲဘက္ပါေမာကၡ Han ကေျပာပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကောင်စီရော တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ကိုဗစ်ကာကွယ်ဆေး တရုတ်ထောက်ပံ့

(Unicode)

တရုတ်နိုင်ငံဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီကိုသာမက နှစ်နိုင်ငံနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ COVID-19 ရောဂါကာကွယ်ဆေးတွေ ကူညီနေတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

စစ်ကောင်စီကို ကာကွယ်ဆေးအလုံးရေ ၁၃ သန်း ပေးပြီးဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုဗစ် ကွာရန်တင်းဌာနတွေအတွက် ကာကွယ်ဆေး ထောင်ပေါင်းများစွာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ပေးနေရုံသာမက ဆေးဘက်ဝန်ထမ်းတွေပါလွှတ်ပြီး ကူညီနေတယ်လို့ လက်နက်ကိုင်အဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP ကရေးထားပါတယ်။

တရုတ်ကြက်ခြေနီအဖွဲ့ဝင်တွေ တခါတခါလာပြီး ကူကြပေမယ့် ကြာကြာမနေကြတဲ့အကြောင်းနဲ့ ခနလာပြီး ပြန်သွားကြတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက AFP ကိုပြောပါတယ်။ KIA ဌာနချုပ် လိုင်ဇာမှာ လူ ၁၀,၀၀၀ ကို တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP ကလည်း သူတို့ထိန်းချုပ်နယ်မြေထဲမှာ လူ ၁,၀၀၀ ကို တရုတ်ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ အဖွဲ့ပြောခွင့်ရတဦးက AFP ကိုပြောပါတယ်။ ကာကွယ်ဆေး ၅ သိန်း မှာထားတယ်လို့လည်း ပြောခွင့်ရကဆိုပါတယ်။

SSPP ထိန်းချုပ်နယ်မြေနဲ့ကပ်လျက်မှာ အခြေစိုက်တဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အတွက်လည်း ကာကွယ်ဆေးပေးမယ်လို့ တရုတ်က ကတိပေးထားတဲ့အကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးချုပ်တာဘုန်းကျော်က AFP ကိုပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေကို COVID-19 ကာကွယ်ဆေး တရုတ်အစိုးရက ပေးနေသလားလို့ မေးတဲ့အခါ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက "ကပ်ရောဂါကိုတိုက်ဖျက်နေတဲ့ မြန်မာလူထုအတွက် သူတို့လိုအပ်ချက်အရ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေကို တရုတ်နိုင်ငံက အမြဲပေးအပ်သွားမှာဖြစ်ပါတယ်" လို့ AFP ကိုဖြေထားပါတယ်။

ဟောင်ကောင်တက္ကသိုလ်၊ အများပြည်သူစီမံခန့်ခွဲရေးပညာ တွဲဘက်ပါမောက္ခ Enze Han က တရုတ်အနေနဲ့ COVID ရန်ကနေ ကာကွယ်ချင်တယ်ဆိုရင် ကြားမှာ အခုအခံနေရာ ဖန်တီးဖို့လိုတယ်လို့ AFP ကိုပြောပါတယ်။ "စစ်အစိုးရက သေချာပေါက် ဒါကိုကြိုက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိပါဘူး" လို့လည်း တွဲဘက်ပါမောက္ခ Han ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG