သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ၿမိဳ႔နယ္ မံုးကိုးေဒသမွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား တိုက္ပဲြျပင္းထန္


ရွမ္းျပည္နယ္ေျမက္ပိုင္းမွ စစ္ေဘးေရွာင္ဒုကၡသည္မ်ား (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္ မံုးကိုးေဒသဖက္မွာ စစ္ေကာင္စီတပ္နဲ႔ ကိုးကန္႔တိုင္းရင္းသား လက္နက္ကိုင္ MNDAA တို႔ၾကား တိုက္ပဲြျပင္းထန္ေနပါတယ္။ တိုက္ပြဲေတြအတြင္း လက္နက္ၾကီးက်ည္ထိမွန္တာေၾကာင့္ ေဒသခံ ၄ ဦးေသဆံုးခဲ့သလို မံုးကိုးၿမိဳ႕ေပၚအထိ ထြက္ေျပးလာၾကတဲ့ စစ္ေဘးဒုကၡသည္ ၆၀၀ ေက်ာ္ေလာက္ ႐ွိပါတယ္။ ႔ ၾကဴကုတ္(ပန္ဆိုင္း)ဘက္မွာလည္း ဒီေန႔ တိုက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။ ရန္ကုန္ကလာတဲ့ တရုတ္-ျမန္မာနယ္စပ္ဘက္က တိုက္ပဲြသတင္းကို ကိုေအာင္ျမတ္သူက တင္ျပထားပါတယ္။

တရုတ္-ျမန္မာနယ္စပ္ေဒသ မူဆယ္ၿမိဳ႔နယ္ က်ဴကုတ္(ပန္ဆိုင္း) နဲ႔ မုံးကုိးေဒသဘက္မွာ ဇူလိုင္လတည္းက တိုက္ပဲြေတြ ျပန္ျဖစ္ေနတာမွာ ဒီရက္ပိုင္းမွာေတာ့ မံုးကိုးၿမိဳ႔နားအထိ တုိက္ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။ ဒီကေန႔ ေန႔လည္ပိုင္းအထိလည္း မံုးကိုးၿမိဳ႔ေပၚကေန လက္နက္ၾကီး ပစ္ခတ္သံေတြ ၾကားေနရေၾကာင္း ေျပာသလို ပန္ဆိုင္းဘက္မွာလည္း တိုက္ပဲြျဖစ္ပြားတာေတြ ရိွတယ္လို႔ ပန္ဆိုင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“ အခုေတာင္မွ ဟိုမွာ ဖိုင္ေကာင္းေက်းရြာနဲ႔ ၾကဴကုတ္(ပန္ဆိုင္း) ၾကား။ အခုေတာင္မွာ ေသနတ္ျမည္ေနတယ္။ ဟိုဟာ လက္နက္ၾကီးသံပဲ ၾကားတယ္။ ဒုန္းဒုန္း ဒိုင္းဒိုင္းနဲ႔။ ”

လက္ရိွ ျဖစ္ပြားတဲ့ တုိက္ပဲြအေျခအေနနဲ႔ပတ္သက္ၿပီး MNDAA ကိုးကန္႔အဖဲြ႔ကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္း လက္ခံေျဖဆိုတာမရိွခဲ့ပါဘူး။ ကိုးကန္႔အဖဲြ႔ရဲ့ facebook စာမ်က္ႏွာမွာေတာ့ ဒီလ ၂၈ရက္ေန႔က တိုက္ပဲြ ၂ၾကိမ္ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ စစ္ေကာင္စီတပ္ဘက္က ၅ေယာက္က်ဆံုးၿပီး ၂၀ဦးေလာက္ထိခိုက္ဒဏ္ရာ ရခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီဘက္က ဒီလ ၂၈ရက္ေန႔ က လံုၿခံဳေရးတပ္ဖဲြ႔၀င္ေတြကို MNDAA လက္နက္ကိုင္ေသာင္းက်န္းသူေတြက ၂ၾကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ အရာရိွငယ္တစ္ဦးနဲ႔ စစ္သည္အခ်ိဳ႔ က်ဆံုးၿပီး လက္နက္ခဲယမ္းအခ်ိဳ႔ ေပ်ာက္ဆံုးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ေကာင္းလံုနဲ႔ နမ့္ဟာရြာအနီး တနဂၤေႏြေန႔က တိုက္ပဲြျပင္းထန္ခဲ့တာေၾကာင့္ မုံးကိုးကို တိမ္းေရွာင္လာေၾကာင္း ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္က အခုလို ေျပာပါတယ္။

“ဟိုတစ္ေန႔က စေနေန႔က စစ္ျဖစ္တယ္။ မေန႔က ပိုဆိုးတယ္ မေန႔က အၾကီးအက်ယ္ေလ။ အစေတာ့ ရြာျပင္မွာေပါ့။ ေနာက္ တျဖည္းျဖည္းနဲ႔ ရြာေရာက္လာတယ္။ နမ့္ဟာရြာမွာေတာ့ အိမ္ေတြ ပ်က္ဆီးတယ္။ လူလည္း ေသတယ္။ က်မတို႔က ကိုယ္လြတ္ေျပးလာရတာေပါ့။ ဘာမွ မပါဘူး။ အိမ္မွာ ပစၥည္းေတြ အကုန္လံုးက်န္ခဲ့တာေပါ့။ ဒါေၾကာင့္ စိတ္ကမေကာင္းဘူး။ စိတ္မေကာင္းဘူးေပါ့။ ”

တနဂၤေႏြေန႔ မနက္ပိုင္းျဖစ္တဲ့တိုက္ပဲြေၾကာင့္ နမ့္ဟာရြာက ေဒသခံ ၄ ဦး လက္နက္ၾကီး ထိမွန္ေသဆံုးခဲ့တယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူက ေျပာပါတယ္။

“ရြာသားက နမ့္ဟာရြာက ၄ေယာက္။ လက္နက္ၾကီးေပါ့ဗ်ာ။ အဲဒီလက္နက္ၾကီးက်လို႔ လက္နက္ထိလို႔ ဆုံးသြားတယ္လုိ႔ ေျပာတယ္။ အသက္အၾကီးဆံုးက အမ်ိဳးသမီးက ၇၀။ ၿပီးရင္ ၂၀ေက်ာ္က လူငယ္ေလး။ ၿပီးရင္ ၁၀ႏွစ္ေက်ာ္ ေကာင္မေလး တစ္ေယာက္၊ ၿပီးရင္ ၈ႏွစ္ ကေလးေလး တစ္ေယာက္။ ေလးေယာက္ဆံုးသြားတယ္လို႔ ေျပာတယ္။ တစ္မိသားစုတည္းကပဲ။ သူတို႔ အိမ္မွာ က်ရင္းနဲ႔ အိမ္လည္း ေလာင္သြားတယ္။ ”

မံုးကိုးအနီးေက်းရြာ ၄ ရြာေလာက္က ထြက္ေျပးလာၾကတဲ့ ေဒသခံ ၆၀၀ ေက်ာ္ကို စစ္ေျပးဒုကၡသည္ စခန္း ၄ ခုမွာ ေနရာခ်ေပးေနရပါတယ္။

“ မေန႔က ေကာက္တဲ့ စာရင္းထဲမွာ ၆၀၂ ဦး က်ေတာ့ စခန္း ၃ခုေပါ့။ ဒီေန႔မွ စခန္းေနာက္ထပ္တစ္ခု ၊ စခန္းအသစ္ အဲဒီမွာေတာ့ အခု ေကာက္ၿပီးသားစာရင္း ဒီေန႔မွာက်ေတာ့ ၅၀ ေက်ာ္ေလာက္ ျပန္ထပ္ေရာက္တယ္။ အခု ဒီမုံးကိုးၿမိဳ႔နယ္ထဲက ေကာင္းလံုရယ္၊ နမ့္ဟာရယ္၊ မန္ခံုေက်းရြာ၊ ၿပီးရင္ ေနာင္လန္းေက်းရြာ အဲဒီေက်းရြာေတြက။ အခုက ပေလာင္က ပိုမ်ားေနတယ္။ ထက္၀က္နီးပါးက ပေလာင္။ ”

စစ္ေျပးဒုကၡသည္ေတြဟာ ကခ်င္ႏွစ္ျခင္းဘုရားေက်ာင္း၊ လီဆူဘုရားေက်ာင္း၊ ဘုန္းၾကီးေက်ာင္းနဲ႔ ကက္သလစ္ဘုရားေက်ာင္းေတြမွာ ခိုလံႈေနၾကရပါတယ္။ ၀ိန္းခ်ဳံး တရုတ္ရြာသားေတြကေတာ့ နီးစပ္ရာ ေဆြမ်ိဳးေတြအိမ္မွာေနထိုင္ေနၾကပါတယ္။ စစ္ေဘးက လြတ္ေအာင္ေျပးလာရသူေတြကို မုန္းကိုးေဒသခံေတြ၊ လူမႈေရး၊ ဘာသာေရးအသင္းေတြက ကူညီေထာက္ပ့ံ ေပးထားၿပီး Covid ေရာဂါ ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္း Mask ေတြကိုလည္း ေဝငွေပးထားတယ္လို႔ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


မူဆယ်မြို့နယ် မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲပြင်းထန်

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသဖက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ထိမှန်တာကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့သလို မုံးကိုးမြို့ပေါ်အထိ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော်လောက် ရှိပါတယ်။ ့ ကြူကုတ်(ပန်ဆိုင်း)ဘက်မှာလည်း ဒီနေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်-မြန်မာနယ်စပ်ဘက်က တိုက်ပွဲသတင်းကို --- က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ဒေသ မူဆယ်မြို့နယ် ကျူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးဒေသဘက်မှာ ဇူလိုင်လတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေတာမှာ ဒီရက်ပိုင်းမှာတော့ မုံးကိုးမြို့နားအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းအထိလည်း မုံးကိုးမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောသလို ပန်ဆိုင်းဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ပန်ဆိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုတောင်မှ ဟိုမှာ ဖိုင်ကောင်းကျေးရွာနဲ့ ကြူကုတ်(ပန်ဆိုင်း) ကြား။ အခုတောင်မှာ သေနတ်မြည်နေတယ်။ ဟိုဟာ လက်နက်ကြီးသံပဲ ကြားတယ်။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့။ ”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး MNDAA ကိုးကန့်အဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။ ကိုးကန့်အဖွဲ့ရဲ့ facebook စာမျက်နှာမှာတော့ ဒီလ ၂၈ရက်နေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်က ၅ယောက်ကျဆုံးပြီး ၂၀ဦးလောက်ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ဒီလ ၂၈ရက်နေ့ က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို MNDAA လက်နက်ကိုင်သောင်းကျန်းသူတွေက ၂ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိငယ်တစ်ဦးနဲ့ စစ်သည်အချို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ကောင်းလုံနဲ့ နမ့်ဟာရွာအနီး တနင်္ဂနွေနေ့က တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မုံးကိုးကို တိမ်းရှောင်လာကြောင်း ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်က အခုလို ပြောပါတယ်။

“ဟိုတစ်နေ့က စနေနေ့က စစ်ဖြစ်တယ်။ မနေ့က ပိုဆိုးတယ် မနေ့က အကြီးအကျယ်လေ။ အစတော့ ရွာပြင်မှာပေါ့။ နောက် တဖြည်းဖြည်းနဲ့ ရွာရောက်လာတယ်။ နမ့်ဟာရွာမှာတော့ အိမ်တွေ ပျက်ဆီးတယ်။ လူလည်း သေတယ်။ ကျမတို့က ကိုယ်လွတ်ပြေးလာရတာပေါ့။ ဘာမှ မပါဘူး။ အိမ်မှာ ပစ္စည်းတွေ အကုန်လုံးကျန်ခဲ့တာပေါ့။ ဒါကြောင့် စိတ်ကမကောင်းဘူး။ စိတ်မကောင်းဘူးပေါ့။ ”

တနင်္ဂနွေနေ့ မနက်ပိုင်းဖြစ်တဲ့တိုက်ပွဲကြောင့် နမ့်ဟာရွာက ဒေသခံ ၄ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

“ရွာသားက နမ့်ဟာရွာက ၄ယောက်။ လက်နက်ကြီးပေါ့ဗျာ။ အဲဒီလက်နက်ကြီးကျလို့ လက်နက်ထိလို့ ဆုံးသွားတယ်လို့ ပြောတယ်။ အသက်အကြီးဆုံးက အမျိုးသမီးက ၇၀။ ပြီးရင် ၂၀ကျော်က လူငယ်လေး။ ပြီးရင် ၁၀နှစ်ကျော် ကောင်မလေး တစ်ယောက်၊ ပြီးရင် ၈နှစ် ကလေးလေး တစ်ယောက်။ လေးယောက်ဆုံးသွားတယ်လို့ ပြောတယ်။ တစ်မိသားစုတည်းကပဲ။ သူတို့ အိမ်မှာ ကျရင်းနဲ့ အိမ်လည်း လောင်သွားတယ်။ ”

မုံးကိုးအနီးကျေးရွာ ၄ ရွာလောက်က ထွက်ပြေးလာကြတဲ့ ဒေသခံ ၆၀၀ ကျော်ကို စစ်ပြေးဒုက္ခသည် စခန်း ၄ ခုမှာ နေရာချပေးနေရပါတယ်။

“ မနေ့က ကောက်တဲ့ စာရင်းထဲမှာ ၆၀၂ ဦး ကျတော့ စခန်း ၃ခုပေါ့။ ဒီနေ့မှ စခန်းနောက်ထပ်တစ်ခု ၊ စခန်းအသစ် အဲဒီမှာတော့ အခု ကောက်ပြီးသားစာရင်း ဒီနေ့မှာကျတော့ ၅၀ ကျော်လောက် ပြန်ထပ်ရောက်တယ်။ အခု ဒီမုံးကိုးမြို့နယ်ထဲက ကောင်းလုံရယ်၊ နမ့်ဟာရယ်၊ မန်ခုံကျေးရွာ၊ ပြီးရင် နောင်လန်းကျေးရွာ အဲဒီကျေးရွာတွေက။ အခုက ပလောင်က ပိုများနေတယ်။ ထက်ဝက်နီးပါးက ပလောင်။ ”

စစ်ပြေးဒုက္ခသည်တွေဟာ ကချင်နှစ်ခြင်းဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကက်သလစ်ဘုရားကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဝိန်းချုံး တရုတ်ရွာသားတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာနေထိုင်နေကြပါတယ်။ စစ်ဘေးက လွတ်အောင်ပြေးလာရသူတွေကို မုန်းကိုးဒေသခံတွေ၊ လူမှုရေး၊ ဘာသာရေးအသင်းတွေက ကူညီထောက်ပံ့ ပေးထားပြီး Covid ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တွေကိုလည်း ဝေငှပေးထားတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG