သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး မျှတရေး


A medical worker shows vials with Russia's Sputnik V Coronavirus vaccine in a medical room, at a vaccination center in the GUM, State Department store, in Red Square in Moscow, Russia
A medical worker shows vials with Russia's Sputnik V Coronavirus vaccine in a medical room, at a vaccination center in the GUM, State Department store, in Red Square in Moscow, Russia
ကိုဗစ်ကာကွယ်ဆေး မျှတရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ပြင်းထန်တဲ့ ကိုဗစ်-19 မျိုးကွဲသစ် (Delta) ပေါ်လာအပြီး၊ ကာကွယ်ဆေးကို အလေးထားထိုးလာချိန်မှာ ထိရောက်နိုင်ရေးအတွက်၊ အားလုံးမျှတစွာ ရဖို့လိုနေပြီး၊ မလိုတဲ့ ထပ်မံထိုးနှံမူတွေ ဆင်ခြင်ဖို့၊ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ကိုဗစ်ကာကာကွယ်ဆေးကို တတ်နိုင်လျှင် (သို့မဟုတ်) ထိုးခွင့်ရလျှင် ထိုးသင့်ပေမဲ့၊ မလိုတဲ့ ထပ်မံထိုးနှံမူတွေလုပ်မဲ့အစား၊ မထိုးရသေးသူတွေအတွက် မျှတသွားအောင် (Vaccine Equity)၊ အခွင့်အလမ်း ပေးသင့်ပါတယ်။ အကြောင်းကတော့ မလိုအပ်တဲ့ ထိုးနှံမူကြောင့် ထိရောက်မူ ထပ်ရှိနိုင်တဲ့ အထောက်အထား မရှိသေးပေမဲ့၊ တခြား မထိုးရသေးသူတွေ အများကြီး ရှိနေလျှင်တော့၊ ကူးစက်မူတွေ ပြန်ရိုက်ခတ်လာနိုင်တာကို တွေ့ထားလို့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒီအတွက် အမေရိကန်မှာ ကာကွယ်ဆေးအများကြီး ထိုးထားနိုင်ခဲ့ချိန်မှာ၊ ကာကွယ်ဆေး ထိုးနည်းခဲ့တဲ့ အိန္ဒိယမှာ အဖြစ်များသွားပြီး၊ ပြင်းထန်တဲ့ မျိုးကွဲသစ် (Delta) ပေါ်လာတာကြောင့်၊ အခု အမေရိကန်အပါအဝင် တကမ္ဘာလုံးကို ပြန်ကူးတဲ့လှိုင်းအဆင့် ရောက်လာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်မှာ ထပ်ဆောင်းကာကွယ်ဆေး (၃ ကြိမ်မြောက်) ထိုးဖို့ပြင်နေချိန်မှာ၊၊ မထိုးရသေးသူတွေများတဲ့ နိုင်ငံတွေကို မကူညီနိုင်လျှင်၊ အလားတူ နောက်တစ်ခေါက် မျိုးကွဲသစ်နဲ့ ပြန့်ပွားလာနိုင်တာကို ထည့်တွက်ဖို့ လိုလာပါပြီ။

အလားတူ မြန်မာနိုင်ငံမှာလည်း အရင်က အိန္ဒိယကာကွယ်ဆေး (Covishield) အပြည့် (၂ လုံး) ထိုးဖို့ အခွင့်အလမ်း ရပြီးသားသူတွေ၊ တတ်နိုင်သူတွေအနေနဲ့ အခုအဓိကထိုးနေတဲ့ တရုတ်ကာကွယ်ဆေးတွေကို ထပ်ထိုးမဲ့အစား၊ ထိုးခွင့်မရသေးသူတွေကို အခွင့်အလမ်း မျှမျှတတ ပေးသင့်ပါတယ်။ ဒါ့အပြင် အခု တရုတ်ကာကွယ်ဆေး အပြည့် (၂ လုံး) ထိုးပြီးသားသူတွေအနေနဲ့လည်း နောက်ထပ် ထပ်ဆောင်းထိုးခြင်းဖြင့် ပိုထိရောက်နိုင်တဲ့ အထောက်အထား မရှိသေးတာမို့ ထပ်မထိုးသင့်ဘဲ ထိုးခွင့်မရသေးသူတွေပါ မျှတသွားအောင် လမ်းဖွင့်ပေးသင့်ပါတယ်။

ဒါ့အပြင် ကိုဗစ်ဖြစ်ခဲ့ပြီးသားသူတွေအနေနဲ့လည်း အမေရိကန်မှာ ထိုးတဲ့ကာကွယ်ဆေး (Pfizer နဲ့ Moderna) အပြည့်ရဖို့ နှစ်လုံး ထိုးစရာမလိုတော့ဘဲ တစ်လုံးနဲ့သာ လုံလောက်တာကို တွေ့ရှိထားပါတယ်။ အကြောင်းက ကိုဗစ်ဖြစ်ပြီးတာကြောင့်၊ ကာကွယ်ဆေး ပထမအကြိမ် ထိုးထားသလို၊ ကိုယ်ခံပစ္စည်း (Antibody) က သဘာဝအားဖြင့် ထွက်ထားပြီးသားမို့ပါ။ အလားတူပဲ အရင် အမေရိကန်က ကာကွယ်ဆေးထိုးပြီးမှ ကိုဗစ်ဖြစ်လာခဲ့သူတွေအတွက်လည်း၊ နောက်ထပ် တစ်လုံး ထိုးစရာမလိုတော့ပါဘူး၊ ရောဂါကနေ သဘာဝကိုယ်ခံပစ္စည်း ရထားလိုက်လို့ပါ။ ဒီကနေ ကာကွယ်ဆေး တစ်လုံး အပိုထွက်လာပြီး အခြားမထိုးရသေးသူတွေအတွက် အထောက်အကူ ပိုဖြစ်သွားစေနိုင်ပါတယ်။

မြန်မာအတွက်တော့ အခုလို အမေရိကန်ကာကွယ်ဆေးတွေ ထိရောက်မူက၊ အလားတူသဘော ထုတ်ထားတဲ့ အိန္ဒိယကာကွယ်ဆေးအတွက်လည်း ဆင်တူနိုင်ပေမဲ့၊ အထောက်အထားတော့ လိုနေသေးပြီး သမရိုးကျသဘောထုတ်တဲ့ တရုတ်ကာကွယ်ဆေးအတွက်တော့ မသေချာသေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကိုဗစ်ဖြစ်ပြီးသားသူတွေအနေနဲ့လည်း အနည်းဆုံး (၃) လ ရောဂါပြန်မဖြစ်နိုင်သေးတာကို အမေရိကန် CDC (ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန) က တွေ့ရှိထားတာကြောင့်၊ ပိုမျိုးကွဲသစ် ထပ်မပေါ်သေးလျှင် အလျှင်စလို ချက်ချင်း ကာကွယ်ဆေး ထိုးစရာမလိုသေးဘဲ လပိုင်းကာလတစ်ခု စောင့်ကြည့်ကာ အခြားကိုဗစ်မဖြစ်သေးသူတွေအတွက် ဦးစားပေးနိုင်ပါတယ်။

မြန်မာပြည်အတွက် အရေးကြီးတာက လက်ရှိမြို့ကြီးတွေမှာ ကိုဗစ် ကူးစက်မူ ကျဆင်းလာနေပေမဲ့၊ နိုင်ငံတကာမှာ ဖြစ်ခဲ့သလို နယ်ရွာတွေကို တဆင့်ဆက်ကူးသွားတာ များလာနိုင်ပါသေးတယ်။ အခုလိုအနေအထားမှာ ထပ်ထိုးဖို့ မလိုသူတွေကနေ ပိုထွက်လာနိုင်တဲ့ ကာကွယ်ဆေးတွေကို ကူးစက်မူမများသေးတဲ့ ကျေးရွာတွေအတွက် မျှမျှတတဖြစ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ကျေးရွာတွေမှာလည်း ကာကွယ်ဆေး ထိုးခွင့်ရတာနဲ့ ထိုးနှံသင့်ပါတယ်။ မိမိကိုယ်ကိုယ်နဲ့ မိသားစုအတွက်၊ မြို့ကြီးတွေမှာလို ထိခိုက်သေကြေလွယ်တဲ့ သက်ကြီးတွေအတွက် ကာကွယ်ပေးနိုင်လို့ပါ။ ဒါ့အပြင် အခုလိုအားလုံး မျှမျှတတ ကာကွယ်ဆေးရမှသာ၊ ကာကွယ်ဆေး မရတဲ့ဒေသတွေကနေ၊ အဖြစ်များပြီး ပိုမျိုးသစ်ပေါ်လာကာ၊ နိုင်ငံတကာမှာလို၊ ကာကွယ်ဆေး ရပြီးသားသူတွေဆီကို ပြန်ရိုက်ခတ် မကူးစက်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့မှာ ကိုဗစ်လူနာတွေကို ကိုင်တွယ်ကုသပေးနေပြီး၊ မြန်မာပြည်မှာရှိတဲ့ လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့ Wyckoff Heights ဆေးရုံ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။


== Unicode ==








XS
SM
MD
LG