သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မုံးကိုး စစ္ေဘးဒုကၡသည္ ၃၆ဦး ကိုဗစ္ပိုးေတြ႕ရွိ


ကိုးကန္ ့ေဒသ စစ္ေဘးေရွာင္တခ်ိဳ ့ (၂၀၁၅)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ မုံးကိုးၿမိဳ႕ေပၚကို စစ္ေရွာင္လာသူ ၃၆ဦးမွာ Covid ပိုးေတြ႕ရွိထားၿပီး သူတို႔ကို ေဆး႐ုံပို႔ ကုသထားပါတယ္။ ေလာေလာဆည္မွာေတာ့ တိုက္ပြဲေတြ မၿငိမ္သက္ေသးတာေၾကာင့္ စစ္ေရွာင္ ၇၀၀ေလာက္ဟာ ေနရပ္မျပန္ႏိုင္ေသးသလို စစ္ေရွာင္စခန္းမွာ လူအမ်ားစုေဝးေနထိုင္ရတာေၾကာင့္ ကူးစက္မႈ ပိုမိုျပန႔္ႏွံမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ မုံးကိုးၿမိဳ႕က အေျခအေန ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

တရုတ္ျမန္မာနယ္စပ္ေဒသ မူဆယ္ၿမိဳ႔နယ္မွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား ဇူလိုင္လဆန္းကစၿပီး တိုက္ပဲြျပင္းထန္ခဲ့တာေၾကာင့္ မံုးကိုးၿမိဳ႔ ပတ္၀န္းက်င္ေက်းရြာေတြက လူ ၇၀၀ေက်ာ္ဟာ မုန္းကိုးၿမိဳ႔က စစ္ေရွာင္စခန္း ၃ခုမွာ လာေရာက္ခုိလႈံေနၾကရတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက စစ္ေရွာင္အခ်ိဳ႔ နာမက်န္းျဖစ္ခဲ့ရာက စစ္ေဆးၾကည့္ရာမွာ Covid 19 ပိုးေတြ႔ရိွခဲ့ေၾကာင္း စစ္ေရွာင္စခန္းက IDP တစ္ဦးက VOA ကို ေျပာပါတယ္။

“ မံုးကိုးထဲမွာ တိမ္းေရွာင္တဲ့ စခန္းေတြမွာ အခု ေလာေလာဆည္ ၃၆ေယာက္ရိွၿပီ။ မေန႔က ၁၀ေယာက္ေတြ႔တာေပါ့။ မေန႔ကည ထပ္စစ္တာ အေျဖထြက္လာတာေပါ့။ ဒီေန႔ ၂၆ေယာက္ ထပ္တိုးတာေပါ့ဗ်ာ။ အကုန္လံုးေပါင္းဆုိရင္ ၃၆ေယာက္ေပါ့။အခုေလာေလာဆည္ သူတို႔ကို ေဆးရံုမွာ ပို႔ထားတယ္ဗ်။”

Covid ပိုးေတြ႔ၿပီးေနာက္မွာေတာ့ ဒုကၡသည္စခန္းအ၀င္အထြက္ေတြကို ကန္႔သတ္ထားပါတယ္။

စစ္ေရွာင္အခ်ိဳ႔ကေတာ့ Covid ကူးစက္မွာကို စိုးရိမ္ၿပီး ေနရပ္ျပန္ခ်င္ေနပါတယ္။ ဒါေပမဲ့ ေဖာင္းဆိုင္ ဘက္မွာေတာ့ ပစ္ခတ္သံေတြ ၾကားေနရသလို လက္နက္ကိုင္ေတြကလည္း ေနရပ္မျပန္ခိုင္း ေသးေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။

“ ေျပာမယ္ဆိုရင္ အခက္အခဲက ဒီ Covid နဲ႔ပဲ၊ ဆက္စပ္တာနဲ႔ပဲ၊ တခ်ိဳ႔ တ၀က္ေတြကေတာ့ ေၾကာက္လန္႔ၿပီးေတာ့ ျပန္ခ်င္တာေတြ ရိွတာေပါ့ေနာ။ ဒါေပမဲ့ တုိက္ပဲြဆိုတာ မံုးကိုးထဲမွာေတာ့ မၾကားဘူးေပါ့ေနာ္။ ေဖာင္းဆိုင္ဘက္္ ညေတာ့ နည္းနည္းရိွတယ္ၾကားရတာေပါ့ေနာ။ မဟာမိတ္ေတြက ေျပာေတာ့၊ အခုမင္းတို႔ ျပန္လို႔ မရဘူးဆုိၿပီး အဲဒါမ်ိဳးေျပာတာေပါ့ေနာ။ ဘယ္အဖဲြ႔မွ ျပန္လို႔ မရေသးဘူးေျပာတာေပါ့ဗ်ာ။”

မံုးကိုးၿမိဳ႔က စစ္ေရွာင္ေတြကို ကူညီေနသူတစ္ဦးကလည္း Covid ကူးစက္သူ စုစုေပါင္း ၃၆ေယာက္ေတြ႔ရိွထားၿပီး သူတုိ႔ကို မံုးကိုးျပည္သူ႔ေဆးရုံမွာ ပို႔ေဆာင္ကုသေနေၾကာင္းနဲ႔ ေလာေလာဆည္ စခန္းအတြင္းမွာ လူေတြ စုေ၀းေနထိုင္ေနရတာေၾကာင့္ စိုးရိမ္ရတဲ့အေျခအေနရိွေၾကာင္း ေျပာပါတယ္။

မံုးကိုးၿမိဳ႔ကိုေရာက္ေနတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ ကခ်င္ႏွစ္ျခင္းဘုရားေက်ာင္း၊ လီဆူဘုရားေက်ာင္းနဲ႔ ဗုဒၶဘာသာဘုန္းၾကီးေက်ာင္းေတြမွာ ခိုလႈံေနၾကတာျဖစ္ပါတယ္။

ၾကဴကုတ္(ပန္ဆိုင္း) ဘက္မွာေတာ့ ဖိုင္ေကာင္းေက်းရြာအုပ္စုက စစ္ေရွာင္ ၁၄၀၀ ေက်ာ္ဟာ တရုတ္ျမန္မာနယ္စပ္မွာ တိမ္းေရွာင္ေနၾကပါတယ္။

ဒီ ဖိုင္ေကာင္း IDP စခန္းမွာေတာ့ Covid ကူးစက္တာ မရိွေၾကာင္း စစ္ေရွာင္တစ္ဦးက ေျပာပါတယ္။

“ က်ေနာ္တို႔ စခန္းမွာက်ေတာ့ Covid နဲ႔ ပတ္သက္ၿပီးေတာ့ ေလာေလာဆည္ေတာ့ တစ္ေယာက္မွ မေတြ႔ေသးဘူး။ လကၡဏာကို၊ လကၡဏာကို မေတြ႔ဘူး။”

မူဆယ္ၿမိဳ႔နယ္ အေရွ႔ပိုင္း ၾကဴကုတ္(ပန္ဆိုင္း)၊ မံုးကိုးစတဲ့ ေဒသက စစ္ေရွာင္ေတြကို ကူညီေပးေနသူတစ္ဦးကေတာ့ မံုးေပၚေဒသဘက္မွာလည္း Covid ကူးစက္သူ ၅၀ ေလာက္ ေတြ႔ရိွထားေၾကာင္း ေျပာပါတယ္။

“ အခုေလာေလာဆည္ေတာ့ အဲဒီ မံုးကိုးမွာ ျဖစ္တာ။ ၿပီးေတာ့ ဒီ မံုးေပၚ၊ မံုးေပၚ အဲဒီဘက္မွာ ျဖစ္တာ အဲေလာက္ပဲ ၾကားပါတယ္။ ဒီမံုးေပၚဘက္ေတာ့ ၅၀ ၀န္းက်င္ေလာက္ေတာ့ ရထားတယ္။ ဒါေပမ့ဲ သူတို႔ Quarantine Center ေတြ ဘာေတြ အားလံုးကေတာ့ အသင္းေတာ္ကေရာ၊ ေက်းရြာကေရာေပါ့ ေနာ၊ အဲဒါမ်ိဳး လုပ္တာေတာ့ ရိွတာေပ့ါ။”

ေဒသခံျပည္သူေတြကို ေသခ်ာစစ္ေဆးမယ္ဆုိ ဒီထက္ ပိုမ်ားႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

ဒီလပိုင္းေတြအတြင္းျဖစ္ပြားတဲ့ တိုက္ပဲြေတြေၾကာင့္ မံုးကိုးၿမိဳ႔ အေရွ႔ ေဖာင္းဆိုင္ဘက္က ေဒသခံ ၂၀၀ေလာက္ဟာလည္း တရုတ္နယ္စပ္မွာ တိမ္းေရွာင္ေနဆဲျဖစ္ၿပီး ဆက္သြယ္ေရး ခက္ခဲတာ ေၾကာင့္ အေျခအေန အေသးစိတ္ မသိရေသးပါဘူး ။

....................................................................................

တိုက္႐ိုက္ လင့္ခ္


မုံးကိုး စစ်ဘေးဒုက္ခသည် ၃၆ဦး ကိုဗစ်ပိုးတွေ့ရှိ

(Unicode)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့ပေါ်ကို စစ်ရှောင်လာသူ ၃၆ဦးမှာ Covid ပိုးတွေ့ရှိထားပြီး သူတို့ကို ဆေးရုံပို့ ကုသထားပါတယ်။ လောလောဆည်မှာတော့ တိုက်ပွဲတွေ မငြိမ်သက်သေးတာကြောင့် စစ်ရှောင် ၇၀၀လောက်ဟာ နေရပ်မပြန်နိုင်သေးသလို စစ်ရှောင်စခန်းမှာ လူအများစုဝေးနေထိုင်ရတာကြောင့် ကူးစက်မှု ပိုမိုပြန့်နှံမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မုံးကိုးမြို့က အခြေအနေ ကိုအောင်မြတ်သူ ပြောပြပါမယ်။

တရုတ်မြန်မာနယ်စပ်ဒေသ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ဇူလိုင်လဆန်းကစပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မုံးကိုးမြို့ ပတ်ဝန်းကျင်ကျေးရွာတွေက လူ ၇၀၀ကျော်ဟာ မုန်းကိုးမြို့က စစ်ရှောင်စခန်း ၃ခုမှာ လာရောက်ခိုလှုံနေကြရတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ရှောင်အချို့ နာမကျန်းဖြစ်ခဲ့ရာက စစ်ဆေးကြည့်ရာမှာ Covid 19 ပိုးတွေ့ရှိခဲ့ကြောင်း စစ်ရှောင်စခန်းက IDP တစ်ဦးက VOA ကို ပြောပါတယ်။

“ မုံးကိုးထဲမှာ တိမ်းရှောင်တဲ့ စခန်းတွေမှာ အခု လောလောဆည် ၃၆ယောက်ရှိပြီ။ မနေ့က ၁၀ယောက်တွေ့တာပေါ့။ မနေ့ကည ထပ်စစ်တာ အဖြေထွက်လာတာပေါ့။ ဒီနေ့ ၂၆ယောက် ထပ်တိုးတာပေါ့ဗျာ။ အကုန်လုံးပေါင်းဆိုရင် ၃၆ယောက်ပေါ့။အခုလောလောဆည် သူတို့ကို ဆေးရုံမှာ ပို့ထားတယ်ဗျ။”

Covid ပိုးတွေ့ပြီးနောက်မှာတော့ ဒုက္ခသည်စခန်းအဝင်အထွက်တွေကို ကန့်သတ်ထားပါတယ်။

စစ်ရှောင်အချို့ကတော့ Covid ကူးစက်မှာကို စိုးရိမ်ပြီး နေရပ်ပြန်ချင်နေပါတယ်။ ဒါပေမဲ့ ဖောင်းဆိုင် ဘက်မှာတော့ ပစ်ခတ်သံတွေ ကြားနေရသလို လက်နက်ကိုင်တွေကလည်း နေရပ်မပြန်ခိုင်း သေးကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ ပြောမယ်ဆိုရင် အခက်အခဲက ဒီ Covid နဲ့ပဲ၊ ဆက်စပ်တာနဲ့ပဲ၊ တချို့ တဝက်တွေကတော့ ကြောက်လန့်ပြီးတော့ ပြန်ချင်တာတွေ ရှိတာပေါ့နော။ ဒါပေမဲ့ တိုက်ပွဲဆိုတာ မုံးကိုးထဲမှာတော့ မကြားဘူးပေါ့နော်။ ဖောင်းဆိုင်ဘက် ညတော့ နည်းနည်းရှိတယ်ကြားရတာပေါ့နော။ မဟာမိတ်တွေက ပြောတော့၊ အခုမင်းတို့ ပြန်လို့ မရဘူးဆိုပြီး အဲဒါမျိုးပြောတာပေါ့နော။ ဘယ်အဖွဲ့မှ ပြန်လို့ မရသေးဘူးပြောတာပေါ့ဗျာ။”

မုံးကိုးမြို့က စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးကလည်း Covid ကူးစက်သူ စုစုပေါင်း ၃၆ယောက်တွေ့ရှိထားပြီး သူတို့ကို မုံးကိုးပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသနေကြောင်းနဲ့ လောလောဆည် စခန်းအတွင်းမှာ လူတွေ စုဝေးနေထိုင်နေရတာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း ပြောပါတယ်။

မုံးကိုးမြို့ကိုရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ကချင်နှစ်ခြင်းဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ကြူကုတ်(ပန်ဆိုင်း) ဘက်မှာတော့ ဖိုင်ကောင်းကျေးရွာအုပ်စုက စစ်ရှောင် ၁၄၀၀ ကျော်ဟာ တရုတ်မြန်မာနယ်စပ်မှာ တိမ်းရှောင်နေကြပါတယ်။

ဒီ ဖိုင်ကောင်း IDP စခန်းမှာတော့ Covid ကူးစက်တာ မရှိကြောင်း စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ စခန်းမှာကျတော့ Covid နဲ့ ပတ်သက်ပြီးတော့ လောလောဆည်တော့ တစ်ယောက်မှ မတွေ့သေးဘူး။ လက္ခဏာကို၊ လက္ခဏာကို မတွေ့ဘူး။”

မူဆယ်မြို့နယ် အရှေ့ပိုင်း ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးစတဲ့ ဒေသက စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ မုံးပေါ်ဒေသဘက်မှာလည်း Covid ကူးစက်သူ ၅၀ လောက် တွေ့ရှိထားကြောင်း ပြောပါတယ်။

“ အခုလောလောဆည်တော့ အဲဒီ မုံးကိုးမှာ ဖြစ်တာ။ ပြီးတော့ ဒီ မုံးပေါ်၊ မုံးပေါ် အဲဒီဘက်မှာ ဖြစ်တာ အဲလောက်ပဲ ကြားပါတယ်။ ဒီမုံးပေါ်ဘက်တော့ ၅၀ ဝန်းကျင်လောက်တော့ ရထားတယ်။ ဒါပေမဲ့ သူတို့ Quarantine Center တွေ ဘာတွေ အားလုံးကတော့ အသင်းတော်ကရော၊ ကျေးရွာကရောပေါ့ နော၊ အဲဒါမျိုး လုပ်တာတော့ ရှိတာပေ့ါ။”

ဒေသခံပြည်သူတွေကို သေချာစစ်ဆေးမယ်ဆို ဒီထက် ပိုများနိုင်ကြောင်းလည်း ပြောပါတယ်။

ဒီလပိုင်းတွေအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ အရှေ့ ဖောင်းဆိုင်ဘက်က ဒေသခံ ၂၀၀လောက်ဟာလည်း တရုတ်နယ်စပ်မှာ တိမ်းရှောင်နေဆဲဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတာ ကြောင့် အခြေအနေ အသေးစိတ် မသိရသေးပါဘူး ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG