သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္ ႏွစ္ဖြဲ႔အၾကား တိုက္ပြဲျပန္ျဖစ္ေန


SNLD

Zawgyi/Unicode

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္းမွာ ဒီကေန႔ မနက္အေစာပိုင္းက ရွမ္းလက္နက္ကိုင္ အဖြဲ႔ႏွစ္ဖြဲ႔ၾကား တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားခဲ့ပါတယ္။ စစ္အာဏာရွင္ေဘး၊ Covid 19 ကပ္ေရာဂါေဘးေၾကာင့္ ျပည္သူေတြစားဝတ္ေနေရး ခက္ခဲၿပီး စီးပြားေရး၊ က်န္းမာေရးခက္ခဲေနခ်ိန္မွာ တိုက္ပြဲေတြရပ္ဆိုင္းဖို႔ ရွမ္းႏိုင္ငံေရး ပါတီႀကီးျဖစ္တဲ့ SNLD က တိုက္တြန္းထားပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းတိုက္ပြဲသတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

သီေပါၿမိဳ႕နယ္အတြင္း ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ျဖစ္တဲ့ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ (RCSS/SSA) နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ (SSPP/SSA) တို႔အၾကား တိုက္ပြဲဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျပန္လည္ စတင္လာခဲ့တာပါ။

စေန၊ တနဂၤေႏြမွာ ၿငိမ္သက္ေနခဲ့ေပမဲ့ ဒီကေန႔မနက္မွာေတာ့ တိုက္ပြဲျပန္လည္ျဖစ္ပြားခဲ့ေၾကာင္း နမ့္လန္ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။

“မနက္ ၅ နာရီခြဲေလာက္က အသံၾကားတယ္။ လက္နက္ႀကီးေရာ၊ လက္နက္ငယ္ ရာပဲ။ စက္ေသနတ္ေတြေရာ အကုန္ၾကားရတယ္။ နမ့္လန္ရဲ႕ အေရွ႕ေတာင္ဘက္ က်မယ္ထင္တယ္။ ဒီ ဝမ္းစိမ္းနဲ႔ နမ့္လန္ၾကားထဲမွာ။ မနက္ ၅ နာရီခြဲေလာက္က စလိုက္ၿပီးေတာ့ ၉ ခြဲ၊ ၁၀ နာရီေလာက္အထိ တခ်က္၊ တခ်က္ လက္နက္ႀကီးသံေတြ ၾကားေနရတုံးဗ်။”

ဒီေန႔ တိုက္ပြဲနဲ႔ပတ္သက္ၿပီး စစ္ေရွာင္ေတြ ရွိ၊ မရွိကို မသိရေၾကာင္း၊ နမ့္လန္ၿမိဳ႕မွာ Stay at home သတ္မွတ္ ထားတာေၾကာင့္ တိုက္ပြဲျဖစ္ရာကို သြားေရာက္ကူညီဖို႔လည္း ခက္ခဲေနေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“ဒီမနက္ ဝမ္းစိမ္းဘက္ ျဖစ္တာကေတာ့ စစ္ေရွာင္ ဘယ္ဘက္ ေရွာင္ၾကလည္းေတာ့ မေျပာတတ္ေသးဘူး။ ေရွာင္ၾကလား၊ မေရွာင္ၾကလားေတာ့ မေျပာတတ္ဘူး။ က်ေနာ္တို႔ ဒီမွာက Covid ကိစၥလည္း တအားႀကီး ျဖစ္လာေတာ့ နမ့္လန္က Stay at home လုပ္လိုက္တဲ့အခါက်ေတာ့ အျပင္လည္း ထြက္လို႔ မရေတာ့ဘူးေလ။”

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သီေပါၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ခံရတဲ့ နမ္းမြမ္းမြမ္းေပါင္း ေခၚ နန္းဥမၼာက စစ္ေရွာင္ေတြ သတင္း မၾကားသိရေသးေၾကာင္းနဲ႔ ေလာေလာဆည္ အသြားအလာ ကန႔္သတ္ထားတာေၾကာင့္ စစ္ေရွာင္ေတြအေနနဲ႔ အနီးအနား ေက်း႐ြာေတြမွာသာ တိမ္းေရွာင္ေနႏိုင္ေၾကာင္း ေျပာပါတယ္။

“ဒီမွာလည္း Covid ေၾကာင့္ ဘယ္မွမသြားရေတာ့ အဲဒါေတြ အတိအက် မသိႏိုင္ ဘူးျဖစ္ေနတာ။ က်မတို႔ သီေပါမွာက်ေတာ့ တ႐ြာနဲ႔တ႐ြာ ကူးလူးခြင့္မေပးထားဘူး။ Covid ေရာဂါ အေျခအေနေၾကာင့္မို႔ေလ။ သူတို႔႐ြာမွာ ျဖစ္တယ္ဆိုရင္လည္း နီးစပ္ရာလြတ္ရာ နီးစပ္တဲ့႐ြာေတြ ဘုန္းႀကီးေက်ာင္းေတြမွာပဲ သြားခိုလႈံခိုင္းတယ္။ ၿမိဳ႕ေပၚဘုန္းႀကီးေက်ာင္းေတာင္ မလာခိုင္းေတာ့ဘူး။ ဒီေနာက္ပိုင္းက်ေတာ့။ ၿမိဳ႕မွာက်ေတာ့ ေရာဂါလည္း ျပန႔္ေနလို႔ေလ။”

ေလာေလာဆယ္မွာေတာ့ သီေပါၿမိဳ႕မွာ Covid 19 ပိုးေတြ႔လူနာ ၅၀၀ ေက်ာ္ရွိေနၿပီး ေသဆုံး ၂၀ ေက်ာ္ရွိ ေနတယ္လို႔ ပရဟိတအဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ရွမ္းျပည္နယ္က အင္အားႀကီးပါတီႀကီးတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ က ရွမ္းတပ္ဖြဲ႔ႏွစ္ဖြဲ႔အၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ ရပ္တန႔္ႏိုင္ေရး အျမန္ဆုံးေတြ႔ဆုံေဆြးေႏြးၾကဖို႔ တိုက္တြန္းခ်က္တေစာင္ ထုတ္ျပန္ထားပါတယ္။

SNLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္က ရွမ္း ျပည္သူေတြ အေထြေထြ အက်ပ္အတည္းႀကဳံေနခ်ိန္မွာ စစ္ေဘးဒဏ္ကို ထပ္မံမခံစားေစလိုေၾကာင္း ရွမ္းလက္နက္ကိုင္အဖြဲ႔ေတြကို အခုလို တိုက္တြန္းတာျဖစ္ေၾကာင္း ေျပာပါတယ္။

“ႏိုင္ငံကလည္း ဂေယာက္ဂယက္ျဖစ္ေနတယ္ဗ်ာ။ အာဏာသိမ္းထားတာနဲ႔ဆိုေတာ့ ဒုကၡသုကၡ မ်ိဳးစုံႀကဳံေနရတဲ့အခ်ိန္မွာ Covid 19 ကလည္း တအားကို အေျခအေန ဆိုးဝါးပါတယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔ စစ္ေဘးကလည္းပဲ မၿပီးႏိုင္ မစီးႏိုင္ဆက္ျဖစ္ေနမယ္ဆိုရင္ လူထု အင္မတန္နစ္နာပါတယ္။ အဲဒါေၾကာင့္မို႔လို႔လည္း သက္ဆိုင္ရာ ပုဂၢိဳလ္ေတြအကုန္လုံးကို က်ေနာ္တို႔က တိုက္တြန္းႏိုးေဆာ္တဲ့ စာေလး ထုတ္ရတာပါ။”

SNLD ရဲ႕ ထုတ္ျပန္ခ်က္မွာ ရွမ္းတပ္ဖြဲ႔ႏွစ္ဖြဲ႔နဲ႔ သူတို႔ကို အားေပးေထာက္ခံသူေတြအၾကားမွာ အျပန္အလွန္စြပ္စြဲေျပာဆိုတာေတြ၊ သတင္းမွားေတြ ေပးပို႔တာေတြ စတဲ့ အမုန္းစကားေတြ ပြားမ်ားေစတာေတြ မျပဳလုပ္ဖို႔လည္း တိုက္တြန္းထားပါတယ္။

ေလာေလာဆယ္မွာေတာ့ ရွမ္းတပ္ဖြဲ႔ႏွစ္ဖြဲ႔ၾကား ျဖစ္တဲ့တိုက္ပြဲေၾကာင့္ ေက်းသီး၊ မိုင္းကိုင္နဲ႔ လဲခ်ားၿမိဳ႕နယ္ဘက္ေတြမွာ ရာနဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရပါတယ္။

ၿပီးခဲ့တဲ့ မတ္လေလာက္ကစတင္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ (RCSS/SSA) နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ (SSPP/SSA)- တအန္း(ပေလာင္- TNLA )ပူးေပါင္းတပ္အၾကား ေက်ာက္မဲ၊ သီေပါ၊ နမၼတူ စတဲ့ၿမိဳ႕နယ္ေတြမွာ ျဖစ္ခဲ့တာေၾကာင့္ စစ္ေရွာင္ ေထာင္နဲ႔ခ်ီၿပီး တိမ္းေရွာင္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------

Unicode

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား တိုက်ပွဲပြန်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ ဒီကနေ့ မနက်အစောပိုင်းက ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ စစ်အာဏာရှင်ဘေး၊ Covid 19 ကပ်ရောဂါဘေးကြောင့် ပြည်သူတွေစားဝတ်နေရေး ခက်ခဲပြီး စီးပွားရေး၊ ကျန်းမာရေးခက်ခဲနေချိန်မှာ တိုက်ပွဲတွေရပ်ဆိုင်းဖို့ ရှမ်းနိုင်ငံရေး ပါတီကြီးဖြစ်တဲ့ SNLD က တိုက်တွန်းထားပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းတိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

သီပေါမြို့နယ်အတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြန်လည် စတင်လာခဲ့တာပါ။

စနေ၊ တနင်္ဂနွေမှာ ငြိမ်သက်နေခဲ့ပေမဲ့ ဒီကနေ့မနက်မှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း နမ့်လန်ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“မနက် ၅ နာရီခွဲလောက်က အသံကြားတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ် ရာပဲ။ စက်သေနတ်တွေရော အကုန်ကြားရတယ်။ နမ့်လန်ရဲ့ အရှေ့တောင်ဘက် ကျမယ်ထင်တယ်။ ဒီ ဝမ်းစိမ်းနဲ့ နမ့်လန်ကြားထဲမှာ။ မနက် ၅ နာရီခွဲလောက်က စလိုက်ပြီးတော့ ၉ ခွဲ၊ ၁၀ နာရီလောက်အထိ တချက်၊ တချက် လက်နက်ကြီးသံတွေ ကြားနေရတုံးဗျ။”

ဒီနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ရှောင်တွေ ရှိ၊ မရှိကို မသိရကြောင်း၊ နမ့်လန်မြို့မှာ Stay at home သတ်မှတ် ထားတာကြောင့် တိုက်ပွဲဖြစ်ရာကို သွားရောက်ကူညီဖို့လည်း ခက်ခဲနေကြောင်း အခုလို ဆက်ပြောပါတယ်။

“ဒီမနက် ဝမ်းစိမ်းဘက် ဖြစ်တာကတော့ စစ်ရှောင် ဘယ်ဘက် ရှောင်ကြလည်းတော့ မပြောတတ်သေးဘူး။ ရှောင်ကြလား၊ မရှောင်ကြလားတော့ မပြောတတ်ဘူး။ ကျနော်တို့ ဒီမှာက Covid ကိစ္စလည်း တအားကြီး ဖြစ်လာတော့ နမ့်လန်က Stay at home လုပ်လိုက်တဲ့အခါကျတော့ အပြင်လည်း ထွက်လို့ မရတော့ဘူးလေ။”

၂၀၂၀ ရွေးကောက်ပွဲမှာ သီပေါမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတဲ့ နမ်းမွမ်းမွမ်းပေါင်း ခေါ် နန်းဥမ္မာက စစ်ရှောင်တွေ သတင်း မကြားသိရသေးကြောင်းနဲ့ လောလောဆည် အသွားအလာ ကန့်သတ်ထားတာကြောင့် စစ်ရှောင်တွေအနေနဲ့ အနီးအနား ကျေးရွာတွေမှာသာ တိမ်းရှောင်နေနိုင်ကြောင်း ပြောပါတယ်။

“ဒီမှာလည်း Covid ကြောင့် ဘယ်မှမသွားရတော့ အဲဒါတွေ အတိအကျ မသိနိုင် ဘူးဖြစ်နေတာ။ ကျမတို့ သီပေါမှာကျတော့ တရွာနဲ့တရွာ ကူးလူးခွင့်မပေးထားဘူး။ Covid ရောဂါ အခြေအနေကြောင့်မို့လေ။ သူတို့ရွာမှာ ဖြစ်တယ်ဆိုရင်လည်း နီးစပ်ရာလွတ်ရာ နီးစပ်တဲ့ရွာတွေ ဘုန်းကြီးကျောင်းတွေမှာပဲ သွားခိုလှုံခိုင်းတယ်။ မြို့ပေါ်ဘုန်းကြီးကျောင်းတောင် မလာခိုင်းတော့ဘူး။ ဒီနောက်ပိုင်းကျတော့။ မြို့မှာကျတော့ ရောဂါလည်း ပြန့်နေလို့လေ။”

လောလောဆယ်မှာတော့ သီပေါမြို့မှာ Covid 19 ပိုးတွေ့လူနာ ၅၀၀ ကျော်ရှိနေပြီး သေဆုံး ၂၀ ကျော်ရှိ နေတယ်လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်က အင်အားကြီးပါတီကြီးတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ က ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းချက်တစောင် ထုတ်ပြန်ထားပါတယ်။

SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ရှမ်း ပြည်သူတွေ အထွေထွေ အကျပ်အတည်းကြုံနေချိန်မှာ စစ်ဘေးဒဏ်ကို ထပ်မံမခံစားစေလိုကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့တွေကို အခုလို တိုက်တွန်းတာဖြစ်ကြောင်း ပြောပါတယ်။

“နိုင်ငံကလည်း ဂယောက်ဂယက်ဖြစ်နေတယ်ဗျာ။ အာဏာသိမ်းထားတာနဲ့ဆိုတော့ ဒုက္ခသုက္ခ မျိုးစုံကြုံနေရတဲ့အချိန်မှာ Covid 19 ကလည်း တအားကို အခြေအနေ ဆိုးဝါးပါတယ်။ ဒီအချိန်မှာ ကျနော်တို့ စစ်ဘေးကလည်းပဲ မပြီးနိုင် မစီးနိုင်ဆက်ဖြစ်နေမယ်ဆိုရင် လူထု အင်မတန်နစ်နာပါတယ်။ အဲဒါကြောင့်မို့လို့လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအကုန်လုံးကို ကျနော်တို့က တိုက်တွန်းနိုးဆော်တဲ့ စာလေး ထုတ်ရတာပါ။”

SNLD ရဲ့ ထုတ်ပြန်ချက်မှာ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့နဲ့ သူတို့ကို အားပေးထောက်ခံသူတွေအကြားမှာ အပြန်အလှန်စွပ်စွဲပြောဆိုတာတွေ၊ သတင်းမှားတွေ ပေးပို့တာတွေ စတဲ့ အမုန်းစကားတွေ ပွားများစေတာတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

လောလောဆယ်မှာတော့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ကြား ဖြစ်တဲ့တိုက်ပွဲကြောင့် ကျေးသီး၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်ဘက်တွေမှာ ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (SSPP/SSA)- တအန်း(ပလောင်- TNLA )ပူးပေါင်းတပ်အကြား ကျောက်မဲ၊ သီပေါ၊ နမ္မတူ စတဲ့မြို့နယ်တွေမှာ ဖြစ်ခဲ့တာကြောင့် စစ်ရှောင် ထောင်နဲ့ချီပြီး တိမ်းရှောင်ခဲ့ရပါတယ်။

#MyanmarViolence #ShanFighting #SNLD #RCSS/SSA #SSPP/SSA #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG