သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီေပါၿမိဳ႕နယ္မွာ ရွမ္းလက္နက္ကိုင္အဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္


SSA ေတာင္ပိုင္းတပ္ဖြဲ႔ဝင္တခ်ိဳ ့ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

တိုက္ပြဲေတြရပ္ေနတာ တလၾကာၿပီျဖစ္တဲ့ ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္မွာ မေန႔ကနဲ႔ ဒီကေန႔ မနက္ပိုင္းက ရွမ္းလက္နက္ကိုင္အဖြဲ႔ႏွစ္ဖြဲ႕ၾကား တိုက္ပြဲျပန္ျဖစ္ပါတယ္။ ဒီလက္နက္ကိုင္အဖြဲ႔ေတြၾကားမွာ နယ္ေျမပိုင္ဆိုင္မႈနဲ႔ပတ္သက္လို႔ မၾကာခန တိုက္ပြဲျဖစ္ေလ့ရွိၿပီး ျဖစ္တိုင္းမွာလည္း ေဒသခံအရပ္သားေတြ အိုးအိမ္စြန္႔ ထြက္ေျပးၾကရပါတယ္။ ဒီအေျခအေနအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ (RCSS/SSA) နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ (SSPP/SSA) တို႔ သီေပါၿမိဳ႕နယ္ ေနာင္အန္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ RCSS ေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းစံကေျပာပါတယ္။

"ဒီေန႕လည္း သူက အနဲအက်ဥ္းေတာ့ျဖစ္တယ္။ ဒါေပမဲ့ တိုက္ပြဲႀကီး ျဖစ္လားမျဖစ္လား မသိဘူးေပါ့။ ေနာက္ဆုံးအေျခအေနၾကေတာ့ မသိေသးဘူး။ မေန႕က မိုးလင္းအရုဏ္တက္ခါနီးမွာ၊ ဒီမနက္ပိုင္း ၄ နာရီ၀န္းက်င္ ေလာက္မွာ သီေပါၿမိဳ႕နယ္ နန္႕လန္နဲ႕သီေပါကားလမ္းတေလွ်ာက္မွာ ေနာင္အန္ေက်းရြာအုပ္စုရွိမယ္။ ေနာင္ေကာ္ႀကီးေက်းရြာအုပ္စုရွိမယ္။ ကားလမ္းရဲ႕အေရွ႕ဘက္ျခမ္းကေန SSPP တို႕က သူတို႕အင္အားအလုံးအရင္းနဲ႕ထိုးစစ္ဆင္လာတယ္။ ထိုးစစ္ဆင္လာေတာ့ တိုက္ပြဲျဖစ္တယ္ခင္ဗ်။ မေန႕က မနက္ပိုင္းျဖစ္ၿပီးေတာ့မွ ေန႕လည္ပိုင္းျငိမ္သြားတယ္။ ညေနပိုင္း နည္းနည္းပါးပါးျဖစ္တယ္ေပါ့ေနာ္။ ၅ ေနရာ ၆ ေနရာေလာက္ျဖစ္ေနတာေပါ့။ ထိခိုက္မွဳအေျခအေနေတာ့ မသိေသးဘူးခင္ဗ်။ စစ္ေရးအေျခအေနက်ေတာ့ တင္းမာေနတယ္။"

သီေပါၿမိဳ႕နယ္ဘက္ တိုက္ပြဲျဖစ္တာကို SSPP တပ္မွဴးတဦးက အတည္ျပဳေျပာေပမဲ့ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။
"သီေပါတ၀ိုက္မွာျဖစ္တယ္။ ၂၂ ရက္အထိေတာ့ျဖစ္တယ္။ ထိခိုက္မွဳေတြမၾကားဘူး။"

တိုက္ပြဲေၾကာင့္ သီေပါၿမိဳ႕နယ္ ေနာင္အန္ေက်းရြာနဲ႔ အနီးနားရြာသားေတြ စစ္ေရွာင္ေနရတယ္လို႔ RCSS ေျပာခြင့္ရ ဗိုလ္မွဴးစိုင္းခမ္းစံကေျပာပါတယ္။
"တိုက္ပြဲနဲ႕နီးစပ္တဲ့ရြာသားေတြ ေျပးရတာေပါ့ေနာ္။ အနည္းဆုံးေတာ့ ေလးငါးရြာေလာက္ေတာ့ရွိမယ္ခင္ဗ်။ စစ္ေရွာင္ေတာ့ နည္းနည္းဒုကၡေရာက္တာက အခုက ကိုဗစ္အခ်ိန္ဆိုေတာ့ နီးစပ္ရာရြာေတြကို သြားေပါင္းေနတာဆို အဲဒီရြာကလည္း ကိုဗစ္ကူးမွာစိုးရိမ္တဲ့အေျခအေန အေနအထားရွိတယ္။"

လက္ရွိစစ္ေရွာင္ရြာသားေတြဟာ ေနရပ္ျပန္ဖို႕အေျခအေနေစာင့္ၾကည့္ေနတယ္လို႕ ေဒသခံအကူညီေပးေရးအဖြဲ႔ဝင္ အမ်ိဳးသမီးတဦးကေျပာပါတယ္။
"ဒီရြာသားေတြ ေသနတ္သံၾကားရင္ သူတို႔ကေၾကာက္ေနတာပဲ။ ေၾကာက္ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းကိုေရွာင္လာတယ္။ အေျခအေနျငိမ္သြားၿပီဆိုရင္ ျပန္သင့္ရင္လည္းျပန္မယ္လို႔ ေျပာၾကတာပဲ။ တခ်ိဳ႕ကေတာ့ေျပာတယ္။ ျငိမ္သြားေပမယ့္ က်မတို႔ တရက္ႏွစ္ရက္ေစာင့္ၾကည့္ဦးမယ္လို႔ အဲဒီလိုေျပာတယ္။"

RCSS/SSA နဲ႕ SSPP/SSA တို႕ဟာ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါ၊ နမၼတူ၊ ေက်ာက္မဲဘက္မွာ တိုက္ပြဲေတြျဖစ္ေနသလို ရွမ္းျပည္ေတာင္ပိုင္း ေက်းသီး၊ မိုင္းကိုင္ေဒသဘက္မွာလည္း တိုက္ပြဲျဖစ္တာေတြ ရွိေနပါတယ္။
ရွမ္းျပည္နယ္အတြင္း နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားတဲ့ ရွမ္းလက္နက္ကိုင္အခ်င္းခ်င္း တိုက္ပြဲေတြေၾကာင့္ေရာ၊ စစ္တပ္နဲ႔ျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ပါ ရြာသား ေသာင္းနဲ႔ခ်ီ စစ္ေဘးေရွာင္ေနရၿပီး စားဝတ္ေနေရးခက္ခဲေနသလို COVID-19 ေရာဂါ ကူးစက္ခံရမွာကိုလည္း စိုးရိမ္ေနၾကရပါတယ္။

ရွမ္းျပည္နယ္တြင္း ရွမ္းလက္နက္ကိုင္အဖြဲ႔အခ်င္းခ်င္းၾကား တိုက္ခိုက္ေနတာရပ္တန႔္ဖို႔ ရွမ္းနိုင္ငံေရး အဖြဲ႕အစည္းေတြ ရွမ္းသံဃာေတာ္ေတြက အႀကိမ္ႀကိမ္ ဝင္ေရာက္ညႇိႏွိုင္းေပးခဲ့ေပမဲ့ တိုက္ပြဲေတြ ရပ္သြားျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..................................................................................................

သီပေါမြို့နယ်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်

(Unicode)

တိုက်ပွဲတွေရပ်နေတာ တလကြာပြီဖြစ်တဲ့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှာ မနေ့ကနဲ့ ဒီကနေ့မနက်ပိုင်းက ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲပြန်ဖြစ်ပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေကြားမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မကြာခန တိုက်ပွဲဖြစ်လေ့ရှိပြီး ဖြစ်တိုင်းမှာလည်း ဒေသခံအရပ်သားတွေ အိုးအိမ်စွန့် ထွက်ပြေးကြရပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ သီပေါမြို့နယ် နောင်အန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။

"ဒီနေ့လည်း သူက အနဲအကျဉ်းတော့ဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲကြီး ဖြစ်လားမဖြစ်လား မသိဘူးပေါ့။ နောက်ဆုံးအခြေအနေကြတော့ မသိသေးဘူး။ မနေ့က မိုးလင်းအရုဏ်တက်ခါနီးမှာ၊ ဒီမနက်ပိုင်း ၄ နာရီဝန်းကျင် လောက်မှာ သီပေါမြို့နယ် နန့်လန်နဲ့သီပေါကားလမ်းတလျှောက်မှာ နောင်အန်ကျေးရွာအုပ်စုရှိမယ်။ နောင်ကော်ကြီးကျေးရွာအုပ်စုရှိမယ်။ ကားလမ်းရဲ့အရှေ့ဘက်ခြမ်းကနေ SSPP တို့က သူတို့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်လာတော့ တိုက်ပွဲဖြစ်တယ်ခင်ဗျ။ မနေ့က မနက်ပိုင်းဖြစ်ပြီးတော့မှ နေ့လည်ပိုင်းငြိမ်သွားတယ်။ ညနေပိုင်း နည်းနည်းပါးပါးဖြစ်တယ်ပေါ့နော်။ ၅ နေရာ ၆ နေရာလောက်ဖြစ်နေတာပေါ့။ ထိခိုက်မှုအခြေအနေတော့ မသိသေးဘူးခင်ဗျ။ စစ်ရေးအခြေအနေကျတော့ တင်းမာနေတယ်။"

သီပေါမြို့နယ်ဘက် တိုက်ပွဲဖြစ်တာကို SSPP တပ်မှူးတဦးက အတည်ပြုပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
"သီပေါတဝိုက်မှာဖြစ်တယ်။ ၂၂ ရက်အထိတော့ဖြစ်တယ်။ ထိခိုက်မှုတွေမကြားဘူး။"

တိုက်ပွဲကြောင့် သီပေါမြို့နယ် နောင်အန်ကျေးရွာနဲ့ အနီးနားရွာသားတွေ စစ်ရှောင်နေရတယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။
"တိုက်ပွဲနဲ့နီးစပ်တဲ့ရွာသားတွေ ပြေးရတာပေါ့နော်။ အနည်းဆုံးတော့ လေးငါးရွာလောက်တော့ရှိမယ်ခင်ဗျ။ စစ်ရှောင်တော့ နည်းနည်းဒုက္ခရောက်တာက အခုက ကိုဗစ်အချိန်ဆိုတော့ နီးစပ်ရာရွာတွေကို သွားပေါင်းနေတာဆို အဲဒီရွာကလည်း ကိုဗစ်ကူးမှာစိုးရိမ်တဲ့အခြေအနေ အနေအထားရှိတယ်။"

လက်ရှိစစ်ရှောင်ရွာသားတွေဟာ နေရပ်ပြန်ဖို့အခြေအနေစောင့်ကြည့်နေတယ်လို့ ဒေသခံအကူညီပေးရေးအဖွဲ့ဝင် အမျိုးသမီးတဦးကပြောပါတယ်။
"ဒီရွာသားတွေ သေနတ်သံကြားရင် သူတို့ကကြောက်နေတာပဲ။ ကြောက်ပြီးတော့ ဘုန်းကြီးကျောင်းကိုရှောင်လာတယ်။ အခြေအနေငြိမ်သွားပြီဆိုရင် ပြန်သင့်ရင်လည်းပြန်မယ်လို့ ပြောကြတာပဲ။ တချို့ကတော့ပြောတယ်။ ငြိမ်သွားပေမယ့် ကျမတို့ တရက်နှစ်ရက်စောင့်ကြည့်ဦးမယ်လို့ အဲဒီလိုပြောတယ်။"

RCSS/SSA နဲ့ SSPP/SSA တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူ၊ ကျောက်မဲဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ ရှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေကြောင့်ရော၊ စစ်တပ်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေကြောင့်ပါ ရွာသား သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေသလို COVID-19 ရောဂါ ကူးစက်ခံရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

ရှမ်းပြည်နယ်တွင်း ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ခိုက်နေတာရပ်တန့်ဖို့ ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေ ရှမ်းသံဃာတော်တွေက အကြိမ်ကြိမ် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ရပ်သွားခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG