သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယကကြီး ဦးတင်ဦး ကိုဗစ်‌ကြောင့် ဆေးရုံတက်နေရပေမယ့် သက်သာလာ 


Myanmar Armed Forces
Myanmar Armed Forces

[[Zawgyi/Unicode]]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး ကိုဗစ်နဲ့ ရန်ကုန်ဆေးရုံကြီးရောက်နေပေမယ့် သက်သာလာပြီလို့ ဇနီးဖြစ်သူကပြောပါတယ်။

အသက် ၉၄ နှစ်အရွယ် လေဖြတ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး မနေ့က အဖျားရှိခဲ့ပေမယ့် ကိုဗစ်ပိုးစစ်ရလဒ်က ဒီနေ့မှ ထွက်လာတာပါ။ အခု ဂျပန်ဆေးရုံလို့ လူသိများတဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို ရောက်နေတယ်လို့ ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်တင်မိုးဝေက ဆိုပါတယ်။

“အခုဟာကတော့ နေကောင်းနေပြီးတော့ ဘာဖြစ်လို့လဲမသိပါဘူး။ သူတို့လာစစ်တော့ သန့်ဇင်ဦး (သားဖြစ်သူ) ရဲ့သူငယ်ချင်း ပရော်ဖက်ဆာတယောက်က လာစစ်တယ်လေ။ အဲဒီတော့ positive တဲ့။ အဲဒါနဲ့ တပ်ကလည်းပဲ အဆင့်သင့်လုပ်ထားတယ်တဲ့၊ သူတို့ဆီမှာတက်ဖို့ကို။ ဗိုလ်ချုပ် (မှူးကြီး) မင်းအောင်လှိုင်ကမှာခဲ့လို့လေ။ ဒါပေမယ့် ဒီက RGH ကလည်းပဲ သူတို့လုပ်ပေးမယ်ဆိုတော့ စဉ်းစားပြီးတော့ RGH က လက်ဦးတခါ၊ သုံးနှစ်လောက်၊ လေးနှစ်လောက်က တက်ဖူးတယ်မို့လား။ အဲဒါ ဒေါ်နွယ်နွယ်တို့၊ ဘာတို့ ပြောလို့ သူတို့အဆင်သင့်လုပ်ထားပြီဆိုတာနဲ့ RGH ကိုရောက်လာတာ။ တပ်ကို ပြန်အကြောင်းကြားရတာပေါ့-ဒီမှာ အဆင်သင့်ဖြစ်သွားလို့..လို့၊ ဒီမှာပဲ တက်တော့မယ်...လို့။”

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ မနေ့က အဖျား ၁၀၀ ကျော်လောက်တော့ရှိခဲ့ပေမဲ့ ဒီနေ့အဖျားမရှိတော့ဘဲ သွေးပေါင်နဲနဲကျတာတော့ရှိတယ်၊ တခြား ချောင်းဆိုး နှာစေး လက္ခဏာတွေလည်းမရှိဘဲ အခြေအနေထိန်းထားနိုင်ပါတယ်လို့ အနီးကပ်ပြုစုနေတဲ့ ဒေါက်တာတင်မိုးဝေက ဆက်ပြောပါတယ်။ ဇနီးသည် ဒေါက်တာ ဒေါ်တင်မိုးဝေအနေနဲ့တော့ ကိုဗစ်လက္ခဏာ သိသိသာသာ မပေါ်သေးပေမယ့် ကသိကအောက်ဖြစ်သလို ခံစားနေရတယ်လို့ ပြောပါတယ်။

ဦးတင်ဦးအနေနဲ့ အသက်ကြီးတာအပြင် ကိုဗစ်ကာကွယ်ဆေးလည်း မထိုးရသေးတာမို့ ဖြစ်တာသိသိချင်း စိုးရိမ်ခဲ့ပေမယ့် အခုတော့ အခြေအနေက တည်ငြိမ်နေပါတယ်လို့ အနီးကပ်ပြုစုပေးနေတဲ့ ကိုယ်ရေးအရာရှိ ကိုမြင့်ဦးက ဆိုပါတယ်။

အရင်ကာကွယ်ရေးဦစီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ နာယကကြီး ဦးတင်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းတုန်းက လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေအိမ်မှာ လာတွေ့ဆုံခဲ့ရာမှာ တိုင်းပြည်ငြိမ်းချမ်းစေလိုကြောင်း မှာခဲ့ပါသေးတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]







===========

XS
SM
MD
LG