သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္စတုတၳလႈိင္းအတြင္း ေနာက္ဆက္တြဲအဖ်ား


Virus Outbreak-Pfizer-Omicron Vaccine

Omicron မ်ိဳးကြဲသစ္ေတြ႔အၿပီး ျမန္မာႏိုင္ငံထဲမွာ လူအေတာ္မ်ားမ်ား ကိုဗစ္ျဖစ္လာကာ၊ ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ေနရခ်ိန္မွာ၊ အဖ်ားက်သြားၿပီး ျပန္တက္လာတာကို သတိထားၾကဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။

လူငယ္အမ်ားစုနဲ႔ ကာကြယ္ေဆးထိုးထားသူအမ်ားစုမွာ (၅) ရက္ တပတ္အတြင္း ျပန္သက္သာလာႏိုင္ေပမဲ့၊ တခ်ဳိ ႔ကေတာ့ (၁၀) ရက္နဲ႔ (၂) ပတ္ ဝန္းက်င္းမွာ ကိုယ္အပူခ်ိန္အဖ်ားႀကီးလာကာ ၁၀၃၊ ၁၀၄ (ဒီဂရီ ဖာရင္ဟိုက္) ေန႔စဥ္ ျပန္ျမင့္တက္လာလွ်င္ေတာ့ အထူးသတိထားဖို႔ အေရးႀကီးပါတယ္။ အခုလို အေျခအေနမွာ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ အေၾကာင္းက ကိုယ္ခႏၶာအတြင္း ကိုယ္ခံအားစနစ္ (Immune system) ကိုယ့္ကိုယ္ကို ျပန္တိုက္ၿပီး အသက္အႏၲရာယ္ ရိွလာႏိုင္တာနဲ႔ ေနာက္ဆက္တြဲ ဘက္တီးရီးယားပိုး ဆက္ဝင္တာ (Secondary Bacteria Infection) ျဖစ္ၿပီး၊ အဆုပ္ေရာင္တာ (Pneumonia) ကို ခြဲျခားကုသႏိုင္ဖို႔ အေရးႀကီးလာလို႔ပါ။ ဒီအတြက္ ေသြးစစ္တာ၊ ဓာတ္မွန္႐ိုက္တာနဲ႔ လိုအပ္လွ်င္ ဘက္တီးရီးယားပိုးသတ္ ပဋိဇီဝေဆး (Antibiotics) ေပးတာ၊ အေရာင္က်ေဆး (Steroid) ေပးတာေတြ လုပ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ပဋိဇီဝပိုးသတ္ေဆးနဲ႔ အေရာင္က်ေဆးေတြက မလိုအပ္လွ်င္ေတာ့ အဖ်ားတက္တိုင္း မသုံးသင့္ပါဘူး၊ ေဘးထြက္ဆိုးက်ိဳးရွိလို႔ပါ။ တကမ္တမ္း ကိုဗစ္က ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာမို႔ အမ်ားစုက ဒီပဋိဇီဝပိုးသတ္ေဆးနဲ႔ အေရာင္က်ေဆးေတြမလိုဘဲ ျပန္ေကာင္းေလ့ရွိပါတယ္။

ေနာက္ၿပီးေတာ့ မလိုအပ္ဘဲ အလြယ္တကူ မသံုးသင့္တဲ့ ကိုဗစ္ထိုးေဆး Remdesivir လည္းရွိပါတယ္။ ဥပမာ လက္ဖ်ားမွာတိုင္းတဲ့ စက္ေလးနဲ႔ တိုင္းႏိုင္တဲ့ ေသြးတြင္းေအာက္ဆီဂ်င္ ရာခိုင္ႏႈန္း (၉၂) အထက္နဲ႔ အသက္႐ွဴမႈ ပုံမွန္ျဖစ္ေနလွ်င္ ဒီေဆးမ်ဳိး ထိုးေပးဖို႔ မလိုေသးပါဘူး။ ဒါေပမဲ့ ေအာက္ဆီဂ်င္ ရာခိုင္ႏႈန္း (၉၂) ေအာက္က်လာတာ၊ ကိုဗစ္လကၡဏာေတြ ပိုျပလာၿပီး၊ အထူးသျဖင့္ အသက္႐ွဴၾကပ္ ဟပ္ထိုးဆြဲတာပါ ျဖစ္လာလွ်င္ေတာ့ Remdesivir ေဆးကို ထုိးေပးဖို႔ လိုအပ္လာႏိုင္ပါတယ္။ အခုလို လိုအပ္ခ်ိန္မွာ ေငြေၾကးမတတ္ႏိုင္သူေတြအတြက္ ဒီေဆးကို ကူညီေပးသင့္သလို၊ တတ္ႏိုင္သူေတြအေနနဲ႔လည္း ေအာက္ဆီဂ်င္မက်၊ မလိုအပ္ဘဲ ဥပမာ ေခ်ာင္းေလးဆိုး႐ုံနဲ႔ ဒီေဆးကို တလြဲမသုံးသင့္ပါဘူး။ တကယ္က လည္ပင္းဆိုးဆိုးဝါးဝါးနာ၊ ဝမ္းအမ်ားႀကီးေလွ်ာသူေတြအတြက္ေတာ့ ဒီေဆး မလိုအပ္တဲ့အေျခအေနမွာ ရွိခဲ့ၿပီး၊ ျပန္ေကာင္းသြားခဲ့တဲ့ အေထာက္အထားေတြ ရွိေနပါတယ္။

ေနာက္တခ်က္က မလိုအပ္ဘဲ မလုပ္သင့္တာက ေသြးစစ္၊ ဓာတ္မွန္႐ိုက္တာပါ။ ဒီေရာဂါက ေသြးစစ္တာနဲ႔ ေတြ႔တာမ်ိဳး မဟုတ္ပါဘူး၊ ေအာက္ဆီဂ်င္မက်တဲ့ သာမန္ကိုဗစ္ဖ်ားနာမူမွာ ဓာတ္မွန္႐ိုက္လို႔လည္း ဘာမွပိုမထူးပါဘူး။ ဒါေပမဲ့ ေအာက္ဆီဂ်င္ရာခိုင္ႏႈန္း တကယ္က်လာခ်ိန္မွာေတာ့ ေသြးစစ္၊ ဓာတ္မွန္႐ိုက္တာေတြနဲ႔ လိုအပ္လွ်င္ ကြန္ျပဴတာသုံး CAT Scan ႐ိုက္တာေတြအထိ အေရးတႀကီး လိုလာပါတယ္။ တကယ္က လူငယ္အမ်ားစု (၈၀% ေက်ာ္) မွာ ကာကြယ္ေဆး မထိုးထားလွ်င္ေတာင္ ရက္အနည္းငယ္အတြင္း ျပန္ေကာင္းသြားႏိုင္ေပမဲ့ အသက္ (၆၅) ႏွစ္ေက်ာ္ သက္ႀကီးေတြကေတာ့ ကာကြယ္ေဆး မထိုးထားလွ်င္ အသက္အႏၲရာယ္ ရွိလာႏိုင္ၿပီး၊ တခ်ဳိ ႔ (၁၆% ဝန္းက်င္) က အထူးၾကပ္မတ္ေဆာင္ (ICU) ေရာက္တာနဲ႔ ေရာက္လာတဲ့အထဲက ထက္ဝက္ခန႔္က ေသဆုံးႏိုင္တဲ့ အေထာက္အထားေတြ ရွိေနပါတယ္။

ကိုဗစ္ျဖစ္ခ်ိန္မွာ တျခား အားေဆးေတြကလည္း မျဖစ္မေနေတာ့ မလိုပါဘူး။ ဥပမာ ဗီတာမင္ ဒီ၊ စီ၊ Zinc (သတၱဳဓာတ္) စတာေတြ အိမ္မွာရွိထားၿပီး၊ ေသာက္ခ်င္လွ်င္ေတာ့ ပုံမွန္ပမာဏ ေသာက္ႏိုင္ေပမဲ့၊ မျဖစ္မေန သြားဝယ္ေသာက္တာမ်ိဳးေတာ့ လုပ္ဖို႔ မလိုအပ္ပါဘူး။ အဓိက အေရးႀကီးတာက ေရမ်ားမ်ားေသာက္၊ အားရွိတဲ့ အစာစားၿပီး၊ အနားေကာင္းေကာင္းယူေပးဖို႔ပါ။ ကိုဗစ္လကၡဏာ တခ်ဳိ ႔ရွိလာလွ်င္၊ ဥပမာ လည္ပင္းနာလွ်င္ လည္ေခ်ာင္းပလုပ္က်င္းတာ (Listerine လို ေဆးရည္မ်ိဳ (သို႔မဟုတ္) ဆားရည္ေႏြးေႏြးနဲ႔)၊ ပုံမွန္အဖ်ားတိုင္းၿပီး အဖ်ားရွိလွ်င္ အဖ်ားက်ေဆး ေသာက္တာ၊ ေခ်ာင္းဆိုးလွ်င္ ေခ်ာင္းဆိုးေပ်ာက္ေဆး ေသာက္တာ၊ ဝမ္းေလွ်ာလွ်င္ ေရနဲ႔ဓာတ္ဆားျပန္ျဖည့္တာနဲ႔ သာမန္ကိုဗစ္လူနာမ်ားစု သက္သာသြားေလ့ ရွိပါတယ္။

ကိုဗစ္အတြက္ ေနာက္တစ္ခု သတိထားရမွာက ကိုဗစ္ျဖစ္ေနခ်ိန္မွာ သၾကားအမ်ားႀကီး မစားဖို႔ပါ။ ကိုဗစ္ေၾကာင့္ ေသြးထဲရိွ သၾကားဓာတ္တက္ေစတာမို႔ ဆီးခ်ိဳရွိထားၿပီးလွ်င္ သၾကားပိုမစားမိဖို႔၊ ဆီးခ်ဳိကို ပိုထိန္းထားဖို႔ သတိထားရပါမယ္။ ကိုဗစ္ျဖစ္ခ်ိန္ ႏုံးလြန္းလွ်င္လည္း ဆီးခ်ဳိ ရိွမရွိ စစ္ေဆးႏိုင္ပါတယ္။ လိုအပ္လွ်င္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး လိုအပ္သလို ေသြးထဲက သၾကားဓာတ္ကို ျပန္ခ်ႏိုင္ပါတယ္။ ဆီးခ်ဳိလူနာေတြမွာ ကိုဗစ္ဒဏ္ ပိုျပင္းတတ္လို႔ပါ။ အခု ကိုဗစ္စတုတၳလႈိင္းကာလအတြင္း ေဆးခန္းေတြ မဖြင့္ႏိုင္ေသးခ်ိန္မွာ ဆရာဝန္ေတြအပါအဝင္ က်န္းမာေရးဝန္ထမ္းေတြအားလုံးအေနနဲ႔လည္း လူနာေတြကို ဖုန္းေျပာတာနဲ႔ ဗီဒီယိုသုံးဖုန္းေခၚတာ (Video Call) ေတြကတဆင့္ အမ်ားႀကီး ထိထိေရာက္ေရာက္ ကူညီေပးႏိုင္ပါတယ္။

ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္အတြင္းရိွ ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္, ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

Omicron မျိုးကွဲသစ်တွေ့အပြီး မြန်မာနိုင်ငံထဲမှာ လူအတော်များများ ကိုဗစ်ဖြစ်လာကာ၊ ကိုယ်တိုင်ပြုစုစောင့်ရှောက်နေရချိန်မှာ၊ အဖျားကျသွားပြီး ပြန်တက်လာတာကို သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

လူငယ်အများစုနဲ့ ကာကွယ်ဆေးထိုးထားသူအများစုမှာ (၅) ရက် တပတ်အတွင်း ပြန်သက်သာလာနိုင်ပေမဲ့၊ တချို့ကတော့ (၁၀) ရက်နဲ့ (၂) ပတ် ဝန်းကျင်းမှာ ကိုယ်အပူချိန်အဖျားကြီးလာကာ ၁၀၃၊ ၁၀၄ (ဒီဂရီ ဖာရင်ဟိုက်) နေ့စဉ် ပြန်မြင့်တက်လာလျှင်တော့ အထူးသတိထားဖို့ အရေးကြီးပါတယ်။ အခုလို အခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အကြောင်းက ကိုယ်ခန္ဓာအတွင်း ကိုယ်ခံအားစနစ် (Immune system) ကိုယ့်ကိုယ်ကို ပြန်တိုက်ပြီး အသက်အန္တရာယ် ရှိလာနိုင်တာနဲ့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဆက်ဝင်တာ (Secondary Bacteria Infection) ဖြစ်ပြီး၊ အဆုပ်ရောင်တာ (Pneumonia) ကို ခွဲခြားကုသနိုင်ဖို့ အရေးကြီးလာလို့ပါ။ ဒီအတွက် သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာနဲ့ လိုအပ်လျှင် ဘက်တီးရီးယားပိုးသတ် ပဋိဇီဝဆေး (Antibiotics) ပေးတာ၊ အရောင်ကျဆေး (Steroid) ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပဋိဇီဝပိုးသတ်ဆေးနဲ့ အရောင်ကျဆေးတွေက မလိုအပ်လျှင်တော့ အဖျားတက်တိုင်း မသုံးသင့်ပါဘူး၊ ဘေးထွက်ဆိုးကျိုးရှိလို့ပါ။ တကမ်တမ်း ကိုဗစ်က ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အများစုက ဒီပဋိဇီဝပိုးသတ်ဆေးနဲ့ အရောင်ကျဆေးတွေမလိုဘဲ ပြန်ကောင်းလေ့ရှိပါတယ်။

နောက်ပြီးတော့ မလိုအပ်ဘဲ အလွယ်တကူ မသုံးသင့်တဲ့ ကိုဗစ်ထိုးဆေး Remdesivir လည်းရှိပါတယ်။ ဥပမာ လက်ဖျားမှာတိုင်းတဲ့ စက်လေးနဲ့ တိုင်းနိုင်တဲ့ သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်း (၉၂) အထက်နဲ့ အသက်ရှူမှု ပုံမှန်ဖြစ်နေလျှင် ဒီဆေးမျိုး ထိုးပေးဖို့ မလိုသေးပါဘူး။ ဒါပေမဲ့ အောက်ဆီဂျင် ရာခိုင်နှုန်း (၉၂) အောက်ကျလာတာ၊ ကိုဗစ်လက္ခဏာတွေ ပိုပြလာပြီး၊ အထူးသဖြင့် အသက်ရှူကြပ် ဟပ်ထိုးဆွဲတာပါ ဖြစ်လာလျှင်တော့ Remdesivir ဆေးကို ထိုးပေးဖို့ လိုအပ်လာနိုင်ပါတယ်။ အခုလို လိုအပ်ချိန်မှာ ငွေကြေးမတတ်နိုင်သူတွေအတွက် ဒီဆေးကို ကူညီပေးသင့်သလို၊ တတ်နိုင်သူတွေအနေနဲ့လည်း အောက်ဆီဂျင်မကျ၊ မလိုအပ်ဘဲ ဥပမာ ချောင်းလေးဆိုးရုံနဲ့ ဒီဆေးကို တလွဲမသုံးသင့်ပါဘူး။ တကယ်က လည်ပင်းဆိုးဆိုးဝါးဝါးနာ၊ ဝမ်းအများကြီးလျှောသူတွေအတွက်တော့ ဒီဆေး မလိုအပ်တဲ့အခြေအနေမှာ ရှိခဲ့ပြီး၊ ပြန်ကောင်းသွားခဲ့တဲ့ အထောက်အထားတွေ ရှိနေပါတယ်။

နောက်တချက်က မလိုအပ်ဘဲ မလုပ်သင့်တာက သွေးစစ်၊ ဓာတ်မှန်ရိုက်တာပါ။ ဒီရောဂါက သွေးစစ်တာနဲ့ တွေ့တာမျိုး မဟုတ်ပါဘူး၊ အောက်ဆီဂျင်မကျတဲ့ သာမန်ကိုဗစ်ဖျားနာမူမှာ ဓာတ်မှန်ရိုက်လို့လည်း ဘာမှပိုမထူးပါဘူး။ ဒါပေမဲ့ အောက်ဆီဂျင်ရာခိုင်နှုန်း တကယ်ကျလာချိန်မှာတော့ သွေးစစ်၊ ဓာတ်မှန်ရိုက်တာတွေနဲ့ လိုအပ်လျှင် ကွန်ပြူတာသုံး CAT Scan ရိုက်တာတွေအထိ အရေးတကြီး လိုလာပါတယ်။ တကယ်က လူငယ်အများစု (၈၀% ကျော်) မှာ ကာကွယ်ဆေး မထိုးထားလျှင်တောင် ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားနိုင်ပေမဲ့ အသက် (၆၅) နှစ်ကျော် သက်ကြီးတွေကတော့ ကာကွယ်ဆေး မထိုးထားလျှင် အသက်အန္တရာယ် ရှိလာနိုင်ပြီး၊ တချို့ (၁၆% ဝန်းကျင်) က အထူးကြပ်မတ်ဆောင် (ICU) ရောက်တာနဲ့ ရောက်လာတဲ့အထဲက ထက်ဝက်ခန့်က သေဆုံးနိုင်တဲ့ အထောက်အထားတွေ ရှိနေပါတယ်။

ကိုဗစ်ဖြစ်ချိန်မှာ တခြား အားဆေးတွေကလည်း မဖြစ်မနေတော့ မလိုပါဘူး။ ဥပမာ ဗီတာမင် ဒီ၊ စီ၊ Zinc (သတ္တုဓာတ်) စတာတွေ အိမ်မှာရှိထားပြီး၊ သောက်ချင်လျှင်တော့ ပုံမှန်ပမာဏ သောက်နိုင်ပေမဲ့၊ မဖြစ်မနေ သွားဝယ်သောက်တာမျိုးတော့ လုပ်ဖို့ မလိုအပ်ပါဘူး။ အဓိက အရေးကြီးတာက ရေများများသောက်၊ အားရှိတဲ့ အစာစားပြီး၊ အနားကောင်းကောင်းယူပေးဖို့ပါ။ ကိုဗစ်လက္ခဏာ တချို့ရှိလာလျှင်၊ ဥပမာ လည်ပင်းနာလျှင် လည်ချောင်းပလုပ်ကျင်းတာ (Listerine လို ဆေးရည်မျို (သို့မဟုတ်) ဆားရည်နွေးနွေးနဲ့)၊ ပုံမှန်အဖျားတိုင်းပြီး အဖျားရှိလျှင် အဖျားကျဆေး သောက်တာ၊ ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေး သောက်တာ၊ ဝမ်းလျှောလျှင် ရေနဲ့ဓာတ်ဆားပြန်ဖြည့်တာနဲ့ သာမန်ကိုဗစ်လူနာများစု သက်သာသွားလေ့ ရှိပါတယ်။

ကိုဗစ်အတွက် နောက်တစ်ခု သတိထားရမှာက ကိုဗစ်ဖြစ်နေချိန်မှာ သကြားအများကြီး မစားဖို့ပါ။ ကိုဗစ်ကြောင့် သွေးထဲရှိ သကြားဓာတ်တက်စေတာမို့ ဆီးချိုရှိထားပြီးလျှင် သကြားပိုမစားမိဖို့၊ ဆီးချိုကို ပိုထိန်းထားဖို့ သတိထားရပါမယ်။ ကိုဗစ်ဖြစ်ချိန် နုံးလွန်းလျှင်လည်း ဆီးချို ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ လိုအပ်လျှင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်သလို သွေးထဲက သကြားဓာတ်ကို ပြန်ချနိုင်ပါတယ်။ ဆီးချိုလူနာတွေမှာ ကိုဗစ်ဒဏ် ပိုပြင်းတတ်လို့ပါ။ အခု ကိုဗစ်စတုတ္ထလှိုင်းကာလအတွင်း ဆေးခန်းတွေ မဖွင့်နိုင်သေးချိန်မှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအားလုံးအနေနဲ့လည်း လူနာတွေကို ဖုန်းပြောတာနဲ့ ဗီဒီယိုသုံးဖုန်းခေါ်တာ (Video Call) တွေကတဆင့် အများကြီး ထိထိရောက်ရောက် ကူညီပေးနိုင်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်အတွင်းရှိ ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG