သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္ေျမာက္ပုိင္း လုံၿခံဳေရးစစ္ေဆးမႈေတြ တုိးျမႇင့္ 


MYANMAR CONFLICT Rakhine State (ယခင္မွတ္တမ္းဓါတ္ပုံ  )

ရခုိင္ျပည္နယ္ေျမာက္ပုိင္း လုံၿခံဳေရးစစ္ေဆးမႈေတြ တုိးျမႇင့္

{{Zawgyi/Unicode}}
ရခိုင္လက္နက္ကိုင္ AA အေျခစိုက္တဲ့ ရခိုင္ေျမာက္ပိုင္းမွာ ခရီးသြားေတြကို စစ္တပ္က တင္းတင္းၾကပ္ၾကပ္စစ္ေဆးေနၿပီး ရိကၡာသယ္ယူခြင့္ကို ကန႔္သတ္ထားတာေၾကာင့္ ေဒသခံေတြ အခက္ေတ့ြေနၾကပါတယ္။ ရခိုင္ေျမာက္ပိုင္းမွာ AA နဲ႔ စစ္တပ္ၾကား နားလည္မႈနဲ႔ အပစ္ရပ္ထားေပမဲ့ ေမာင္ေတာၿမိဳ႕နယ္ဖက္မွာဆိုရင္ စစ္တပ္က လုံၿခဳံေရးတင္းၾကပ္ ေနသလို ေသနတ္ပစ္ခတ္သံေတြ မၾကာခဏ ၾကားေနရတာေၾကာင့္ တိုက္ပြဲျဖစ္မွာ ေဒသခံေတြ က စိုးရိမ္ေနၾကတာပါ။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ရန္ကုန္ကလာ တဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း ကတင္ျပေပးပါမယ္။

ရခိုင္လက္နက္ကိုင္ AA တပ္ဖြဲ႕ေတြ ရွိေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ ခရီးသြားလာသူေတြကို စစ္တပ္က ၿပီးခဲ့တဲ့လကစလို႔ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတယ္လို႔ ေဒသ ခံေတြက ေျပာျပၾကပါတယ္။ ေတာင္ကုတ္ၿမိဳ႕နယ္ကေန စစ္ေတြၿမိဳ႕နယ္ကိုသြားတဲ့ လမ္းတစ္ ေလ ွ်ာက္မွာ စစ္ေဆးဂိတ္ ၁၀ ခုေလာက္အထိထားၿပီး စစ္ေဆးေနသလို၊ ရိကၡာ သယ္ယူခြင့္ေတြလည္း ကန႔္သတ္ခံရတယ္လို႔ ကိုယ္တိုင္စစ္ေဆးခံခဲ့ရတဲ့ ခရီးသည္တဦးက ေျပာပါတယ္။

“ ေတာင္ကုတ္ကေန စစ္ေတြအထိဆိုရင္ အနည္းဆုံးဂိတ္ဆယ္ခုေလာက္မွာ အစစ္ခံရတာေပါ့။ အဓိကကေတာ့ အမ်ားဆုံး စစ္တာက အမ္းမွာ ၃ ခုေလာက္ စစ္တယ္ ။ ဘာစစ္လဲဆိုေတာ့ လူနဲ႔ မွတ္ပုံတင္တြဲၿပီး စစ္တာရွိတယ္။ ေနာက္ရိကၡာေျခာက္ေတြ ငါးေျခာက္ေတြ ဘာေတြကို သူတို႔က နယ္လုံရဲ႕ ခြင့္ျပဳခ်က္နဲ႔မွ ယူရတယ္ဆိုၿပီး ရစ္တာ။ တကယ္ထုတ္ျပန္ထားလာေတာ့မသိဘူး။ နယ္လုံေထာက္ခံခ်က္ပါရမယ္ဆိုၿပီး ေၾကျငာထားတာလည္းမေတြ႕ဘူး။ ယိုးေခ်ာင္းတံတားထိပ္မွာလည္း ၁ ခါစစ္တယ္၊ ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၾကား ၁ ခါ၊ ေက်ာက္ေတာ္ ပုဏၰားကြၽန္းၾကားက ကန္ေစာက္ေတာင္မွာလည္းစစ္တယ္၊ ေနာက္ပုဏၰားကြၽန္းနဲ႔ စစ္ေတြၿမိဳ႕ဝင္ၾကားမွာဆိုရင္ ၂ ခုေပါ့၊ ေတာ္ေတာ္မ်ားမ်ား တင္းတင္းၾကပ္ၾကပ္ကိုစစ္တာ”

၂၀၂၁ခုႏွစ္ ႏိုင္ဝင္ဘာလေလာက္က AA အဖြဲ႕နဲ႔ စစ္တပ္ၾကား တိုက္ပြဲအနည္းငယ္ျဖစ္ပြားခဲ့တဲ့ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ဆိုရင္လည္း စစ္ေဆးေရးတင္းၾကပ္ေနတယ္လို႔ ေမာင္ေတာေဒသခံတစ္ဦးကေျပာပါတယ္။

“ အစစ္အေဆးမ်ားတာကေတာ့မွန္ပါတယ္။ က်ေနာ္တို႔ ဝန္ထမ္းေတြေတာင္မွာ အစစ္ေဆးခံရတာ ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ က်ေနာ္အျမင္ေျပာရရင္ေတာ့ တအားလြန္တယ္လို႔ ထင္တယ္၊ ဝန္ထမ္းလည္းမသိဘူး။ အရပ္သားလည္းမသိဘူး၊ က်ေနာ္တို႔ခံေနရတာ ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ အိပ္ေတြကို ေမႊတယ္၊ ဆိုင္ကယ္နဲ႔ သြားရင္ ဆိုင္ကယ္ေဘာက္ေတြကို ဖြင့္ခိုင္းတယ္၊ ဖြင့္ျပတယ္။ သူတို႔ဘာလိုခ်င္တယ္ဆိုတာေတာ့ က်ေနာ္တို႔ မေျပာတတ္ဘူး၊ ေနာက္ေမးတယ္။ ဘယ္ကလည္း ဘယ္႐ြာကလည္း ဘယ္ကိုသြားမွာလည္း၊ ဒါေတြေမးတယ္။ သူတို႔ေမးတာအကုန္ေျဖတယ္၊ ဌာနခ်ဳပ္ နဲ႔ ႀကိမ္ေခ်ာင္ ၂၄ ဂိတ္ မွာစစ္တာ”


ရခိုင္ျပည္နယ္အတြင္း တစ္ၿမိဳ႕နဲ႔ တစ္ၿမိဳ႕ ကူးသန္းသြားလာေနတဲ့ ခရီးသြားေတြကို အခုလို တင္းတင္းၾကပ္ၾကပ္စစ္ေဆးေနတာေတြေၾကာင့္ ေဒသခံေတြ အခက္အခဲႀကဳံေနရသလို အခုရက္ပိုင္းအတြင္း ေမာင္ေတာၿမိဳ႕နယ္ဖက္မွာ ေသနတ္သံေတြလည္း မၾကာခဏ ၾကားေနရတာေၾကာင့္ ေဒသခံေတြပိုၿပီးေတာ့ စိုးရိမ္ေနၾကတယ္လို႔လည္း ေမာင္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေမာင္အုန္းကေျပာပါတယ္။

“ ႀကိမ္ေခ်ာင္းဖက္ကေတာ့ ေဆးလိပ္ေတြယူတာကိုလည္း ကန႔္သတ္တယ္၊ စစ္ေဆးတယ္။ အတင္းအၾကပ္လုပ္တယ္၊ လူေတြက ကားေပၚက ဆင္းၿပီးေတာ့ ေျခလ်င္ေလွ်ာက္ရတယ္၊ အဲလိုဟာမ်ိဳးေတြေပါ့ေနာ္၊ နယ္ျခားေစာင့္ဌာနခ်ဳပ္နဲ႔ အဲဒီႀကိမ္ေခ်ာင္းမွာေပါ့ေနာ္၊ အမွန္အတိုင္းေျပာျပရင္ အဲဒါမ်ိဳးက မလုပ္သင့္တဲ့ အလုပ္ျဖစ္တယ္၊ သူတို႔က မလုပ္သင့္တဲ့ဟာကို အလာကားေလ်ာက္လုပ္ေနတယ္။ ဘာမွလည္းအဓိပၺာယ္ရွိတာ မဟုတ္ဘူးေနာ္။ ႏိုင္ငံသား တစ္ေယာက္အေနနဲ႔ ခရီးသြားလာလို႔ရတာပဲ ကိုယ့္ႏိုင္ငံအတြင္းမွာ အဲဒါကို စစ္တယ္ ဘာညာဆိုေတာ့ ခရီးသြားေတြအေနနဲ႔ စိတ္အေႏွာက္အယွက္ျဖစ္ရတယ္ေလ၊ ၿပီးေတာ့ ေသနတ္ေဖာက္သံေတြ ၾကားရတာကလည္း ေဒသခံေတြ ျပည္သူေတြအေနနဲ႔ စိုးရိမ္ရတာေပါ့ဗ်ာ ။ ဒီေနရာမွာ ျဖစ္လာမလား။ ျပႆနာတက္မလားဆိုၿပီး စိုးရိမ္ၾကတာေပါ့။”

ရခိုင္ျပည္နယ္ ၊ အမ္းၿမိဳ႕နယ္မွာဆိုလည္း ဒလက္ေခ်ာင္းေက်း႐ြာအုပ္စုဘက္ကို ကုန္းလမ္းေၾကာင္းအတိုင္း ဆန္သယ္ယူတာေတြကို လမ္းမွာရွိတဲ့ စစ္ေကာင္စီ စစ္ေဆးဂိတ္ေတြက ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၃ ရက္ေန႔ ကတည္းက ကန႔္သတ္ထားတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ နဲ႔ စစ္တပ္တို႔ တိုက္ပြဲေတြ စတင္ျဖစ္ပြားကတည္းက ေဒသခံျပည္သူရဲ႕ ခရီးသြားလာေရးေတြကို တပ္ဖက္က ကန႔္သတ္ထားခဲ့တာပါ။ ဒါေပမယ့္လည္း AA အဖြဲ႕နဲ႔ တပ္မေတာ္တို႔ၾကား နားလည္မႈနဲ႔ အပစ္ရပ္ၿပီးတဲ့ေနာက္ပိုင္းမွာ စစ္ေဆးတာေတြကို ေျဖေလ်ာ့ေပးခဲ့ၿပီး အခုေနာက္ပိုင္းမွာ ျပန္ၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးလာတာလည္းျဖစ္ပါတယ္။ အခုလို ရခိုင္ေျမာက္ပိုင္းမွာ ခရီးသည္ေတြကို တင္းၾကပ္စစ္ေဆးလာတာနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရကို ဆက္သြယ္ခဲ့ ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

.....................................................

တိုက္႐ိုက္ လင့္ခ္

ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးစစ်ဆေးမှုတွေ တိုးမြှင့်

{{Zawgyi/Unicode}}
ရခိုင်လက်နက်ကိုင် AA အခြေစိုက်တဲ့ ရခိုင်မြောက်ပိုင်းမှာ ခရီးသွားတွေကို စစ်တပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အခက်တေ့ွနေကြပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA နဲ့ စစ်တပ်ကြား နားလည်မှုနဲ့ အပစ်ရပ်ထားပေမဲ့ မောင်တောမြို့နယ်ဖက်မှာဆိုရင် စစ်တပ်က လုံခြုံရေးတင်းကြပ် နေသလို သေနတ်ပစ်ခတ်သံတွေ မကြာခဏ ကြားနေရတာကြောင့် တိုက်ပွဲဖြစ်မှာ ဒေသခံတွေ က စိုးရိမ်နေကြတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာ တဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တစ်ချို့မှာ ခရီးသွားလာသူတွေကို စစ်တပ်က ပြီးခဲ့တဲ့လကစလို့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသ ခံတွေက ပြောပြကြပါတယ်။ တောင်ကုတ်မြို့နယ်ကနေ စစ်တွေမြို့နယ်ကိုသွားတဲ့ လမ်းတစ် လေ ျှာက်မှာ စစ်ဆေးဂိတ် ၁၀ ခုလောက်အထိထားပြီး စစ်ဆေးနေသလို၊ ရိက္ခာ သယ်ယူခွင့်တွေလည်း ကန့်သတ်ခံရတယ်လို့ ကိုယ်တိုင်စစ်ဆေးခံခဲ့ရတဲ့ ခရီးသည်တဦးက ပြောပါတယ်။

“ တောင်ကုတ်ကနေ စစ်တွေအထိဆိုရင် အနည်းဆုံးဂိတ်ဆယ်ခုလောက်မှာ အစစ်ခံရတာပေါ့။ အဓိကကတော့ အများဆုံး စစ်တာက အမ်းမှာ ၃ ခုလောက် စစ်တယ် ။ ဘာစစ်လဲဆိုတော့ လူနဲ့ မှတ်ပုံတင်တွဲပြီး စစ်တာရှိတယ်။ နောက်ရိက္ခာခြောက်တွေ ငါးခြောက်တွေ ဘာတွေကို သူတို့က နယ်လုံရဲ့ ခွင့်ပြုချက်နဲ့မှ ယူရတယ်ဆိုပြီး ရစ်တာ။ တကယ်ထုတ်ပြန်ထားလာတော့မသိဘူး။ နယ်လုံထောက်ခံချက်ပါရမယ်ဆိုပြီး ကြေငြာထားတာလည်းမတွေ့ဘူး။ ယိုးချောင်းတံတားထိပ်မှာလည်း ၁ ခါစစ်တယ်၊ ကျောက်တော်နဲ့ မြောက်ဦးကြား ၁ ခါ၊ ကျောက်တော် ပုဏ္ဏားကျွန်းကြားက ကန်စောက်တောင်မှာလည်းစစ်တယ်၊ နောက်ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့ဝင်ကြားမှာဆိုရင် ၂ ခုပေါ့၊ တော်တော်များများ တင်းတင်းကြပ်ကြပ်ကိုစစ်တာ”

၂၀၂၁ခုနှစ် နိုင်ဝင်ဘာလလောက်က AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဆိုရင်လည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ မောင်တောဒေသခံတစ်ဦးကပြောပါတယ်။

“ အစစ်အဆေးများတာကတော့မှန်ပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေတောင်မှာ အစစ်ဆေးခံရတာ တော်တော်များများရှိတယ်၊ ကျနော်အမြင်ပြောရရင်တော့ တအားလွန်တယ်လို့ ထင်တယ်၊ ဝန်ထမ်းလည်းမသိဘူး။ အရပ်သားလည်းမသိဘူး၊ ကျနော်တို့ခံနေရတာ တော်တော်များများရှိတယ်၊ အိပ်တွေကို မွှေတယ်၊ ဆိုင်ကယ်နဲ့ သွားရင် ဆိုင်ကယ်ဘောက်တွေကို ဖွင့်ခိုင်းတယ်၊ ဖွင့်ပြတယ်။ သူတို့ဘာလိုချင်တယ်ဆိုတာတော့ ကျနော်တို့ မပြောတတ်ဘူး၊ နောက်မေးတယ်။ ဘယ်ကလည်း ဘယ်ရွာကလည်း ဘယ်ကိုသွားမှာလည်း၊ ဒါတွေမေးတယ်။ သူတို့မေးတာအကုန်ဖြေတယ်၊ ဌာနချုပ် နဲ့ ကြိမ်ချောင် ၂၄ ဂိတ် မှာစစ်တာ”


ရခိုင်ပြည်နယ်အတွင်း တစ်မြို့နဲ့ တစ်မြို့ ကူးသန်းသွားလာနေတဲ့ ခရီးသွားတွေကို အခုလို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာတွေကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရသလို အခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်ဖက်မှာ သေနတ်သံတွေလည်း မကြာခဏ ကြားနေရတာကြောင့် ဒေသခံတွေပိုပြီးတော့ စိုးရိမ်နေကြတယ်လို့လည်း မောင်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောပါတယ်။

“ ကြိမ်ချောင်းဖက်ကတော့ ဆေးလိပ်တွေယူတာကိုလည်း ကန့်သတ်တယ်၊ စစ်ဆေးတယ်။ အတင်းအကြပ်လုပ်တယ်၊ လူတွေက ကားပေါ်က ဆင်းပြီးတော့ ခြေလျင်လျှောက်ရတယ်၊ အဲလိုဟာမျိုးတွေပေါ့နော်၊ နယ်ခြားစောင့်ဌာနချုပ်နဲ့ အဲဒီကြိမ်ချောင်းမှာပေါ့နော်၊ အမှန်အတိုင်းပြောပြရင် အဲဒါမျိုးက မလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်၊ သူတို့က မလုပ်သင့်တဲ့ဟာကို အလာကားလျောက်လုပ်နေတယ်။ ဘာမှလည်းအဓိပ္ဗာယ်ရှိတာ မဟုတ်ဘူးနော်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ခရီးသွားလာလို့ရတာပဲ ကိုယ့်နိုင်ငံအတွင်းမှာ အဲဒါကို စစ်တယ် ဘာညာဆိုတော့ ခရီးသွားတွေအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ရတယ်လေ၊ ပြီးတော့ သေနတ်ဖောက်သံတွေ ကြားရတာကလည်း ဒေသခံတွေ ပြည်သူတွေအနေနဲ့ စိုးရိမ်ရတာပေါ့ဗျာ ။ ဒီနေရာမှာ ဖြစ်လာမလား။ ပြဿနာတက်မလားဆိုပြီး စိုးရိမ်ကြတာပေါ့။”

ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်မှာဆိုလည်း ဒလက်ချောင်းကျေးရွာအုပ်စုဘက်ကို ကုန်းလမ်းကြောင်းအတိုင်း ဆန်သယ်ယူတာတွေကို လမ်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးဂိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ကတည်းက ကန့်သတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက ဒေသခံပြည်သူရဲ့ ခရီးသွားလာရေးတွေကို တပ်ဖက်က ကန့်သတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း AA အဖွဲ့နဲ့ တပ်မတော်တို့ကြား နားလည်မှုနဲ့ အပစ်ရပ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ဆေးတာတွေကို ဖြေလျော့ပေးခဲ့ပြီး အခုနောက်ပိုင်းမှာ ပြန်ပြီးတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးလာတာလည်းဖြစ်ပါတယ်။ အခုလို ရခိုင်မြောက်ပိုင်းမှာ ခရီးသည်တွေကို တင်းကြပ်စစ်ဆေးလာတာနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

XS
SM
MD
LG