သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၃ ႏွစ္ၾကာ ရခိုင္ျပည္နယ္ လကၠာရြာသား ၂၃ ေယာက္အမႈ မၾကာခင္အမိန္႔ခ်မည္


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနားဓါတ္ပုံေဟာင္း (ဓါတ္ပံု- AA Info Desk)

{{Zawgyi/Unicode}}

အၾကမ္းဖက္မွုတိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုနွစ္ ဧၿပီလကတည္းက ဖမ္းဆီးတရားစြဲခံထားရတဲ့ ေျမာက္ဦးၿမိဳ႕နယ္ လကၠာေက်း ရြာသား ၂၃ ဦးအမႈကို ႏိုဝင္ဘာ ၁၉ ရက္က်ရင္ အမိန္႔ခ်ေတာ့မွာျဖစ္ပါတယ္။ ၃ ႏွစ္နီးပါးၾကာ စစ္ေဆးခဲ့တဲ့ အမႈမွာ တရားလိုဖက္ကလည္း ျပစ္မႈေျမာက္ေၾကာင္း သက္ေသ မျပႏုိင္တာမို႔ ဖမ္းဆီးခံထားရသူေတြကို လြတ္ေပးေစခ်င္ တယ္လို႔ လကၠာေက်းရြာသားေတြအတြက္ အမႈ လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနက ေျပာပါတယ္။ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ကိုရဲမြန္ က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕ မွာ ၂၀၁၉ ခုႏွစ္က ကိုေသာင္းဘုရားအနီးက ရဲတပ္ရင္းကို ရခိုင္လက္နက္ကိုင္ AA အဖဲြ႔ တိုက္ခိုက္ေနစဥ္ စစ္ကူေပးဖုိ႔လာတဲ့ တပ္မေတာ္စစ္ေၾကာင္း လကၠာေက်း႐ြာအနီးမွာ ၾကားျဖတ္ တိုက္ခိုက္ခံခဲ့ရပါတယ္။ ဒီတိုက္ခိုက္မႈမွာ လကၠာေက်းရြာသားေတြ ပါဝင္ပတ္သက္ ေနတယ္ဆိုၿပီး လကၠာေက်းရြာသား ၂၇ ဦး ကို ၂၀၁၉ ခုနွစ္ ဧၿပီလမွာ တပ္မေတာ္က ဖမ္းဆီးခဲ့ပါတယ္။
ဖမ္းဆီးခံရတဲ့ လကၠာေက်းရြာသား ၂၇ ဦးထဲက သံုးဦးမွာ စစ္ေၾကာေရးအတြင္း ေသဆံုးခဲ့ၿပီး တစ္ဦးျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။

ဒီေန႔အထိ ဆက္လက္ ဖမ္းဆီးခံရတဲ့ ၂၃ ဦးကို အၾကမ္းဖက္မွုတိုက္ဖ်က္ ေရး ဥပေဒပုဒ္မေတြျဖစ္တဲ့ ဥပေဒပုဒ္မ ၅၀ (က)၊ ၅၂ (က)၊ ၅၀ (စ်)၊ ၅၄ တို႔နဲ႔ တရားစြဲဆိုထားပါတယ္။ ၃ ႏွစ္နီးပါး စစ္ေဆးေနတဲ့ အမႈအတြက္ လာမယ့္ ႏိုင္ဝင္ဘာလ ၁၉ ရက္ေန႔မွာ အမိန္႔ခ်မွာျဖစ္တယ္လုိ႔လည္း အဲဒီအမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ တရားလြတ္ေတာ္ေရွ႕ေန ဦးေအာင္စစ္မင္းက ေျပာပါတယ္။

“ ဒီအမွုကို စစ္ေဆးတဲ့ အခ်ိ္န္မွာ ၂ႏွစ္ေက်ာ္ သံုးနွစ္ နီးပါးေလာက္ ၾကာသြားၿပီ ဘာျဖစ္လို႔ ၾကာတာလည္းဆိုေတာ့ သက္ေသေခၚလို႔မရတာက တေၾကာင္း ကိုဗစ္ကာလက တမ်ိဳး အဲတာေတြေၾကာင့္ အမ်ိဳးမ်ိုးၾကာသြားတယ္။ ၂နွစ္ေက်ာ္ သံုးနွစ္ေလာက္ ၾကာၿပီး အခုအခ်ိိန္မွာ ရာဇသတ္ႀကီးပုဒ္မ ၆၀/၂၀၁၉နဲ႔ ၂/ ၂၀၂၀ အဲဒီအမွုေတြကေတာ့ အခု အၿပီးသတ္ အမိန္႔ခ်မယ့္ အခ်ိန္ေရာက္သြားၿပီေပါ့ေနာ္။”

အဲဒီလကၠာေက်းရြာသား ၂၃ ဦး ဖမ္းဆီးခံခဲ့ရခ်ိန္ ၂၀၁၉ ခုနွစ္ ဧၿပီလ ၉ ရက္ကေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကျငာထားျခင္း မ႐ွိေသးပါဘူး။ ဒါေပမဲ့ အၾကမ္းဖက္မွု တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ေတြနဲ႔ တရားစြဲ ဆိုထားတာဟာ ဥပေဒလုပ္ထံုးလုပ္နည္းအရ မမွ်တသလို ဖမ္းဆီးခံထားရသူေတြ နစ္နာတယ္လို႔လည္း ေရွ႕ေန ဦးေအာင္စစ္မင္းကေျပာပါတယ္။

“ အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ AA တပ္ေတာ္ကို မေၾကညာခင္ကတည္း ၉၇က္ ၄လပိုင္း ၂၀၁၉ကတည္းက ဖမ္းဆီးၿပီးေတာ့ အၾကမ္းဖက္ တို္က္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲတယ္။ ဒါေပမယ့္ သူတို႔AAကို အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ မေၾကညာပဲနဲ႔ အၾကမ္ဖက္ဥပေဒနဲ႔ တရားစြဲတာကေတာ့ ဥပေဒလုပ္ထံုးလုပ္နည္း လိုအပ္တယ္လို႔ေတာ့ က်ေနာ္ထင္တယ္။ အဲဒါ တရားခံေတြလည္း တအားနစ္နာတယ္။”

တရားလိုေတြဖက္ကလည္း လက္ရွိဖမ္းဆီးခံထားရတဲ့ လကၠာေက်းရြာသား ၂၃ ဦးဟာ ျပစ္မွုက်ဴးလြန္တယ္လို႔ မတင္ျပႏိုင္ခဲ့ဘူးလို႔ ေ႐ွ႕ေနက ေျပာပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း AA အဖြ႔ဲကိုလည္း အၾကမ္းဖက္အဖြဲ႔သတ္မွတ္ထားတာေန ပယ္ဖ်က္လိုက္တာေၾကာင့္ လက္ရွိ ဖမ္းဆီးခံထားရတဲ့ လကၠာေက်းရြာသား ၂၃ ဦးကုိ အျပီးသတ္ အမိန္႔ခ်မယ့္ေနမွာ လြတ္ေပးေစခ်င္တယ္လို႔ တရားလြတ္ေတာ္ေရွ႕ ေနဦးေအာင္ စစ္မင္းက ေျပာပါတယ္။

“အျပီးသတ္ အမိန္႔ခ်မယ့္အခ်ိန္က်ရင္ေတာ့ တရားခံေတြကို တရားစီရင္ေရးအေနနဲ႔ လြတ္လြတ္လပ္လပ္ စီရင္ ဆံုးျဖတ္ေစခ်င္တယ္ေပါ့ေနာ္။ အဲဒီတခ်က္ပါပဲ။ က်ေနာ္တို႔ တရားခံေတြက အမွုေပၚေပါက္ခ်က္အရ ျပစ္မွု က်ဴးလြန္ပါတယ္လို႔ တရားလိုဖက္က တင္ျပႏိုင္တာလည္းမရွိပါဘူး။ အဲတာေၾကာင့္ အမိန္႔အမိန္႔ခ်တဲ့ ေန႔မွာ လြတ္ေပးဖို႔ အဲဒီတခ်က္ေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ခ်ိန္က AA အဖြဲ႔နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးခံရသူေတြ အမ်ားအျပားရွိခဲ့တာပါ။

လက္ရွိမွာေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္ၾကား နာလည္မွုနဲ႔ အပစ္ရပ္ထားသလို တပ္မေတာ္ဖက္ကလည္း AA အဖြဲ႔နဲ႔ ဆက္စပ္ၿပီး ဖမ္းဆီးထားသူေတြကို ျပန္လြတ္ေပးတာေတြ ရွိေပမယ့္ အၾကမ္းဖက္မွု ဥပေဒပုဒ္မေတြနဲ႔ ဖမ္းဆီးတရားစြဲဆိုခံထားရၿပီး သံုးနွစ္နီးပါး အမွုရင္ဆိုင္ေနရတဲ့လကၠာေက်းရြာသား ၂၃ ဦးကိုေတာ့ လြတ္ေပးတာမရွိေသး ပါဘူး။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးတရားစွဲခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေး ရွာသား ၂၃ ဦးအမှုကို နိုဝင်ဘာ ၁၉ ရက်ကျရင် အမိန့်ချတော့မှာဖြစ်ပါတယ်။ ၃ နှစ်နီးပါးကြာ စစ်ဆေးခဲ့တဲ့ အမှုမှာ တရားလိုဖက်ကလည်း ပြစ်မှုမြောက်ကြောင်း သက်သေ မပြနိုင်တာမို့ ဖမ်းဆီးခံထားရသူတွေကို လွတ်ပေးစေချင် တယ်လို့ လက္ကာကျေးရွာသားတွေအတွက် အမှု လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့ မှာ ၂၀၁၉ ခုနှစ်က ကိုသောင်းဘုရားအနီးက ရဲတပ်ရင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ခိုက်နေစဉ် စစ်ကူပေးဖို့လာတဲ့ တပ်မတော်စစ်ကြောင်း လက္ကာကျေးရွာအနီးမှာ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုမှာ လက္ကာကျေးရွာသားတွေ ပါဝင်ပတ်သက် နေတယ်ဆိုပြီး လက္ကာကျေးရွာသား ၂၇ ဦး ကို ၂၀၁၉ ခုနှစ် ဧပြီလမှာ တပ်မတော်က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ လက္ကာကျေးရွာသား ၂၇ ဦးထဲက သုံးဦးမှာ စစ်ကြောရေးအတွင်း သေဆုံးခဲ့ပြီး တစ်ဦးပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒီနေ့အထိ ဆက်လက် ဖမ်းဆီးခံရတဲ့ ၂၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က)၊ ၅၀ (ဈ)၊ ၅၄ တို့နဲ့ တရားစွဲဆိုထားပါတယ်။ ၃ နှစ်နီးပါး စစ်ဆေးနေတဲ့ အမှုအတွက် လာမယ့် နိုင်ဝင်ဘာလ ၁၉ ရက်နေ့မှာ အမိန့်ချမှာဖြစ်တယ်လို့လည်း အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောပါတယ်။

“ ဒီအမှုကို စစ်ဆေးတဲ့ အချိန်မှာ ၂နှစ်ကျော် သုံးနှစ် နီးပါးလောက် ကြာသွားပြီ ဘာဖြစ်လို့ ကြာတာလည်းဆိုတော့ သက်သေခေါ်လို့မရတာက တကြောင်း ကိုဗစ်ကာလက တမျိုး အဲတာတွေကြောင့် အမျိုးမျိုးကြာသွားတယ်။ ၂နှစ်ကျော် သုံးနှစ်လောက် ကြာပြီး အခုအချိန်မှာ ရာဇသတ်ကြီးပုဒ်မ ၆၀/၂၀၁၉နဲ့ ၂/ ၂၀၂၀ အဲဒီအမှုတွေကတော့ အခု အပြီးသတ် အမိန့်ချမယ့် အချိန်ရောက်သွားပြီပေါ့နော်။”

အဲဒီလက္ကာကျေးရွာသား ၂၃ ဦး ဖမ်းဆီးခံခဲ့ရချိန် ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်ကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ တွေနဲ့ တရားစွဲ ဆိုထားတာဟာ ဥပဒေလုပ်ထုံးလုပ်နည်းအရ မမျှတသလို ဖမ်းဆီးခံထားရသူတွေ နစ်နာတယ်လို့လည်း ရှေ့နေ ဦးအောင်စစ်မင်းကပြောပါတယ်။

“ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် AA တပ်တော်ကို မကြေညာခင်ကတည်း ၉ရက် ၄လပိုင်း ၂၀၁၉ကတည်းက ဖမ်းဆီးပြီးတော့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတယ်။ ဒါပေမယ့် သူတို့AAကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် မကြေညာပဲနဲ့ အကြမ်ဖက်ဥပဒေနဲ့ တရားစွဲတာကတော့ ဥပဒေလုပ်ထုံးလုပ်နည်း လိုအပ်တယ်လို့တော့ ကျနော်ထင်တယ်။ အဲဒါ တရားခံတွေလည်း တအားနစ်နာတယ်။”

တရားလိုတွေဖက်ကလည်း လက်ရှိဖမ်းဆီးခံထားရတဲ့ လက္ကာကျေးရွာသား ၂၃ ဦးဟာ ပြစ်မှုကျူးလွန်တယ်လို့ မတင်ပြနိုင်ခဲ့ဘူးလို့ ရှေ့နေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း AA အဖွ့ဲကိုလည်း အကြမ်းဖက်အဖွဲ့သတ်မှတ်ထားတာနေ ပယ်ဖျက်လိုက်တာကြောင့် လက်ရှိ ဖမ်းဆီးခံထားရတဲ့ လက္ကာကျေးရွာသား ၂၃ ဦးကို အပြီးသတ် အမိန့်ချမယ့်နေမှာ လွတ်ပေးစေချင်တယ်လို့ တရားလွတ်တော်ရှေ့ နေဦးအောင် စစ်မင်းက ပြောပါတယ်။

“အပြီးသတ် အမိန့်ချမယ့်အချိန်ကျရင်တော့ တရားခံတွေကို တရားစီရင်ရေးအနေနဲ့ လွတ်လွတ်လပ်လပ် စီရင် ဆုံးဖြတ်စေချင်တယ်ပေါ့နော်။ အဲဒီတချက်ပါပဲ။ ကျနော်တို့ တရားခံတွေက အမှုပေါ်ပေါက်ချက်အရ ပြစ်မှု ကျူးလွန်ပါတယ်လို့ တရားလိုဖက်က တင်ပြနိုင်တာလည်းမရှိပါဘူး။ အဲတာကြောင့် အမိန့်အမိန့်ချတဲ့ နေ့မှာ လွတ်ပေးဖို့ အဲဒီတချက်ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်က AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့တာပါ။

လက်ရှိမှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်ကြား နာလည်မှုနဲ့ အပစ်ရပ်ထားသလို တပ်မတော်ဖက်ကလည်း AA အဖွဲ့နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးတာတွေ ရှိပေမယ့် အကြမ်းဖက်မှု ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရပြီး သုံးနှစ်နီးပါး အမှုရင်ဆိုင်နေရတဲ့လက္ကာကျေးရွာသား ၂၃ ဦးကိုတော့ လွတ်ပေးတာမရှိသေး ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG