သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း လုံၿခဳံေရးတင္းၾကပ္လာ


ရခိုင္ေဒသမွ လံုျခံဳေရးယူနေတဲ့ စစ္သားတဦး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးပိုင္းေတြကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ ဖက္စတင္လုပ္ေဆာင္ေနၿပီလို႔ ေျပာဆိုၿပီးေနာက္ ရခိုင္ကၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ ျမန္မာစစ္အာဏာပိုင္ေတြဖက္က လုံၿခဳံတင္းၾကပ္ စစ္ေဆးတာေတြ လုပ္ေဆာင္ေနပါတယ္။ တိုက္ပြဲေတြ ရပ္တန႔္ထားတဲ့ ရခိုင္ျပည္နယ္မွာ အခုလို စစ္ေဆးမႈေတြ တင္းၾကပ္လာတာနဲ႔ ပတ္သတ္ၿပီး စိုးေနရတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ဒီေၾကာင္းအျပည့္အစုံ ရန္ကုန္က လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရခိုင္ျပည္နယ္အတြင္း တရား႐ုံးေတြ ဖြင့္လွစ္ၿပီး တရားစီရင္ေရးပိုင္းနဲ႔ အုပ္ခ်ဳပ္ေရး ပိုင္းေတြကို ရခိုင္ လက္နက္ကိုင္ AAအဖြဲ႕ဖက္က စတင္ၿပီး လုပ္ေဆာင္ေနၿပီလို႔ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခ ဒီလဆန္းပိုင္းကေျပာဆိုထားပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ျမန္မာအာဏာ ပိုင္ေတြက ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ တစ္ခ်ိဳ႕မွာ လုံၿခဳံေရး တင္းၾကပ္စစ္ေဆးတာေတြ လုပ္ေဆာင္လာတာပါ။

ရခိုင္ျပည္နယ္ေတာင္ပိုင္းက ေက်ာက္ျဖဴၿမိဳ႕နယ္မွာ ဆိုရင္လည္း လမ္းဆုံလမ္းခြေတြနဲ႔ ၿမိဳ႕ေပၚေတြမွာ စစ္ေဆးေနတာေတြရွိေနၿပီး အဓိကအားျဖင့္ လူငယ္ပိုင္းေတြကို စစ္ေဆး ေနတာမ်ားတယ္လို႔ ေက်ာက္ျဖဴ ေဒသခံတစ္ဦးကေျပာပါတယ္။

“ လူငယ္ပိုင္းေတြကို စစ္တာမ်ားတယ္။ ဆိုင္ကယ္ေဘာက္ေတြ ဖုန္းေတြ ဘာေတြ စစ္တယ္။ အဓိကေတာ့ ဖုန္းကို စစ္ေဆးတာ မ်ားတယ္။ လမ္းဆုံေတြမွာ။ အခုဆိုရင္ စစ္ေဆးေနတာ သုံးရက္ေလာက္ရွိသြားၿပီ။ စိုးရိမ္တာေပါ့ သူတို႔ ဘယ္လို စစ္ေဆးၿပီး အျပစ္ရွာမလည္း တစ္ခ်ိဳ႕က်ေတာ့လည္း စစ္ေဆးတယ္လို႔ ေျပာတာနဲ႔ အဲဒီလမ္းကို မသြားရဲက်ေတာ့ဘူး။ က်န္းမာကိစၥေတြနဲ႔ သြားစရာလာစရာရွိရင္လည္း သူတို႔ အဲလို စစ္ေဆးေနတယ္လို႔ ေျပာသံၾကားတာနဲ႔ မသြားရၾကေတာ့ဘူး။ သူတို႔ကို တစ္ခုခုမ်ား အျပစ္ရွာၿပီးေတာ့ ဖမ္းသြားမလား ဆိုၿပီး စိုးရိမ္ၾကတာေပါ့။”

ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြမွာ ဆိုရင္လည္း ရဲနဲ႔ စစ္သားေတြ စုေပါင္းၿပီး ၿမိဳ႕နယ္ လမ္းေတြမွာ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာကို ေတြ႕ရသလို အမ္းနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာလည္း လုံၿခဳံေရး တင္းၾကပ္စစ္ေဆးေနတာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျမန္မာစစ္အာဏာပိုင္ေတြအေနနဲ႔ အခုလို စစ္ေဆးမႈေတြဟာ လုံျခဳေရးအတြက္အေထာက္အပံ့ျဖစ္မွာမဟုတ္ပဲ၊ ေဒသခံလူထုအတြက္ပဲ အေႏွာက္အယွက္ျဖစ္ေစတယ္လ္ို႔ ရခိုင္အမ်ိဳးသားပါတီက ဦးေဖသန္းက သူ႔အျမင္ေျပာပါတယ္ ။

“စစ္ေဆးမႈတခု ျဖစ္လာၿပီဆိုေတာ့ အဟန႔္အတား တခုျဖစ္တာေပါ့ေလ ဒါကလည္း သူတို႔ အဲလို စစ္ေဆးလို႔လည္းပဲ ေဒသလုံၿခဳံေရး ပိုၿပီးေတာ့ တိုးတက္လာတာမရွိဘူး။ လူထုကေတာ့ ဒီမေပၚမွာ သူတို႔ရဲ႕ လုပ္ငန္းေဆာင္တာေတြ ေႏွာင့္ေႏွးတာတို႔ မလိုအပ္ပဲ လုပ္ေဆာင္ေန တာလို႔ျမင္ၿပီးေတာ့ ျပည္သူေတြကေတာ့ စိတ္ညိဳျငင္မွာပဲေလ။ တိုက္ပြဲေတြ ရပ္တန႔္ထားတဲ့ အခ်ိန္မွာ အခုလို မလုပ္သင့္ဘူးလို႔လည္း ျပည္သူေတြ ေျပာဆိုေနၾကတယ္။ ဒီဟာ ျပည္သူ ေတြကို အေႏွာင့္အယွက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဟာေတြကို ေျဖေလ်ာ့ၿပီး ေတာ့ မလိုအပ္ပဲနဲ႔ ပုံစံတက် လုပ္ေနတာမ်ိဳး ဒါက ျဖစ္ကိုျဖစ္ရမယ္ လုပ္ကိုလုပ္ရ မယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ စစ္ေဆး ေနၿပီးဆိုရင္ ဒါျပည္သူက စိတ္အႏွာင့္ အယွက္ျဖစ္ေစမွာပဲ။ အဲတာမ်ိဳးကို တပ္မေတာ္အေနနဲ႔ မလုပ္ေစခ်င္ဘူး။ အဲလိုလုပ္လို႔လည္း လုံၿခဳံေရးက ပိုၿပီးေတာ့ တိုးတက္လာမွာ မဟုတ္ဘူးေပါ့။”

အာဏာပိုင္ေတြက အခုလို စစ္ေဆးမႈေတြ တင္းၾကပ္ေဆာင္႐ြက္လာတာဟာ ULA/AAရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထိန္းခ်ဳပ္ေစခ်င္တဲ့အတြက္ လုပ္ေဆာင္ေနတာျဖစ္ၿပီး ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပန္ျဖစ္မွာကို ျပည္သူေတြက စိုးရိမ္ေနၾကတယ္လို႔လည္း ဦးေဖသန္းက ေျပာပါတယ္။

“သူတို႔ကေတာ့ သူတို႔ဖက္က အားနည္းခ်က္ေတြကို သိလာတယ္ ျမင္လာတယ္လို႔ က်ေနာ္ ထင္တယ္ေပါ့ေနာ္။ သူတို႔ဖက္က ULA/AAနဲ႔ လုပ္ပိုင္ခြင့္ ၾသဇာအရွိန္အဝါကို ၿပိဳင္ ဆိုင္ လာတဲ့ အခါမွာ သူတို႔ဖက္က တစ္ျဖည္းျဖည္း အားနည္းလာတယ္။ ေနာက္ ဆုတ္လာတယ္လို႔ သူတို႔ျမင္တဲ့အတြက္ ဒါလုံၿခဳံေရး စည္းကို အရင္တည္ေဆာက္တာေပါ့ေနာ္။ လုံၿခဳံေရး စည္းကို တည္ၿပီးမွ က်န္တာကို တစ္ေျဖးေျဖးလုပ္ေဆာင္သြားမယ္ဆိုတဲ့ ေရွ႕ေျပးလုပ္တာျဖစ္တယ္။ တစ္ဖက္မွာလည္း ULA/ AA နဲ႔ တပ္မေတာ္ၾကားမွာ တိုက္ပြဲေတြ ျဖစ္လာမလားဆိုတာလည္း ျပည္သူေတြက ရင္တမတ္မတ္နဲ႔ စိုးရိမ္ေနၾကတာေပါ့။ အဓိကေတာ့ တပ္မေတာ္နဲ႔ AA တိုက္ပြဲ ေတြ ျပန္ျဖစ္လာၿပီဆိုရင္ေတာ့ ဒီထက္ပိုၿပီးေတာ့ ျပင္းထန္တဲ့ လႈပ္ရွားမႈေတြ တစ္ဖက္နဲ႔ တစ္ဖက္ စစ္ေရး အရ အႏိုင္ယူမႈေတြ ဒီလိုအေျခအေနမ်ိဳးျဖစ္ေပၚလာႏိုင္တာကေတာ့ တစ္ပိုင္း ေပါ့ေနာ္။ ဒီအခ်ိန္မွာ ဒီလိုလုပ္တာက ULA/AAရဲ႕ စည္း႐ုံးေရးေတြ အုပ္ခ်ဳပ္ေရး တရား စီရင္ေရး ပိုင္းကို ဘယ္လိုမွ မထိခိုက္ႏိုင္ဘူး ျပည္သူေတြရဲ႕ ညိဳျငင္တာကိုပဲ ခံရႏိုင္တယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ရခိုင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားစီရင္ေရး ပိုင္းေတြကို ရခိုင္လက္နက္ကိုင္AAအဖြဲ႕က လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ရွိသူေတြဖက္က ဒီကေန႔အထိ ဘာမွ ထုတ္ျပန္ေျပာဆိုထားတာမရွိေသးပါဘူး။ ရခိုင္ျပည္ တြင္း လုံၿခဳံေရးတင္းၾကပ္ၿပီး လမ္းသြားလမ္းလာလူေတြကို စစ္ေဆးေနတာနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ရခိုင္ျပည္နယ္တြင္း လုံၿခဳံေရးတင္းၾကပ္လာ
please wait

No media source currently available

0:00 0:05:01 0:00
တိုက္႐ိုက္ လင့္ခ္


..................................................................................................

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတင်းကြပ်လာ

(Unicode)

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေကို ရခိုင်လက်နက်ကိုင် AAအဖွဲ့ ဖက်စတင်လုပ်ဆောင်နေပြီလို့ ပြောဆိုပြီးနောက် ရခိုင်ကမြို့နယ်တစ်ချို့မှာ မြန်မာစစ်အာဏာပိုင်တွေဖက်က လုံခြုံတင်းကြပ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ်မှာ အခုလို စစ်ဆေးမှုတွေ တင်းကြပ်လာတာနဲ့ ပတ်သတ်ပြီး စိုးနေရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်း တရားရုံးတွေ ဖွင့်လှစ်ပြီး တရားစီရင်ရေးပိုင်းနဲ့ အုပ်ချုပ်ရေး ပိုင်းတွေကို ရခိုင် လက်နက်ကိုင် AAအဖွဲ့ဖက်က စတင်ပြီး လုပ်ဆောင်နေပြီလို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ဒီလဆန်းပိုင်းကပြောဆိုထားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာအာဏာ ပိုင်တွေက ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့မှာ လုံခြုံရေး တင်းကြပ်စစ်ဆေးတာတွေ လုပ်ဆောင်လာတာပါ။

ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာ ဆိုရင်လည်း လမ်းဆုံလမ်းခွတွေနဲ့ မြို့ပေါ်တွေမှာ စစ်ဆေးနေတာတွေရှိနေပြီး အဓိကအားဖြင့် လူငယ်ပိုင်းတွေကို စစ်ဆေး နေတာများတယ်လို့ ကျောက်ဖြူ ဒေသခံတစ်ဦးကပြောပါတယ်။

“ လူငယ်ပိုင်းတွေကို စစ်တာများတယ်။ ဆိုင်ကယ်ဘောက်တွေ ဖုန်းတွေ ဘာတွေ စစ်တယ်။ အဓိကတော့ ဖုန်းကို စစ်ဆေးတာ များတယ်။ လမ်းဆုံတွေမှာ။ အခုဆိုရင် စစ်ဆေးနေတာ သုံးရက်လောက်ရှိသွားပြီ။ စိုးရိမ်တာပေါ့ သူတို့ ဘယ်လို စစ်ဆေးပြီး အပြစ်ရှာမလည်း တစ်ချို့ကျတော့လည်း စစ်ဆေးတယ်လို့ ပြောတာနဲ့ အဲဒီလမ်းကို မသွားရဲကျတော့ဘူး။ ကျန်းမာကိစ္စတွေနဲ့ သွားစရာလာစရာရှိရင်လည်း သူတို့ အဲလို စစ်ဆေးနေတယ်လို့ ပြောသံကြားတာနဲ့ မသွားရကြတော့ဘူး။ သူတို့ကို တစ်ခုခုများ အပြစ်ရှာပြီးတော့ ဖမ်းသွားမလား ဆိုပြီး စိုးရိမ်ကြတာပေါ့။”

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ဆိုရင်လည်း ရဲနဲ့ စစ်သားတွေ စုပေါင်းပြီး မြို့နယ် လမ်းတွေမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို တွေ့ရသလို အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း လုံခြုံရေး တင်းကြပ်စစ်ဆေးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အခုလို စစ်ဆေးမှုတွေဟာ လုံခြုရေးအတွက်အထောက်အပံ့ဖြစ်မှာမဟုတ်ပဲ၊ ဒေသခံလူထုအတွက်ပဲ အနှောက်အယှက်ဖြစ်စေတယ်လ်ို့ ရခိုင်အမျိုးသားပါတီက ဦးဖေသန်းက သူ့အမြင်ပြောပါတယ် ။

“ စစ်ဆေးမှု တစ်ခု ဖြစ်လာပြီဆိုတော့ အဟန့်အတား တစ်ခုဖြစ်တာပေါ့လေ ဒါကလည်း သူတို့ အဲလို စစ်ဆေးလို့လည်းပဲ ဒေသလုံခြုံရေး ပိုပြီးတော့ တိုးတက်လာတာမရှိဘူး။ လူထုကတော့ ဒီမပေါ်မှာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ နှောင့်နှေးတာတို့ မလိုအပ်ပဲ လုပ်ဆောင်နေ တာလို့မြင်ပြီးတော့ ပြည်သူတွေကတော့ စိတ်ညိုငြင်မှာပဲလေ။ တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ အချိန်မှာ အခုလို မလုပ်သင့်ဘူးလို့လည်း ပြည်သူတွေ ပြောဆိုနေကြတယ်။ ဒီဟာ ပြည်သူ တွေကို အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာတွေကို ဖြေလျော့ပြီး တော့ မလိုအပ်ပဲနဲ့ ပုံစံတကျ လုပ်နေတာမျိုး ဒါက ဖြစ်ကိုဖြစ်ရမယ် လုပ်ကိုလုပ်ရ မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ဆေး နေပြီးဆိုရင် ဒါပြည်သူက စိတ်အနှာင့် အယှက်ဖြစ်စေမှာပဲ။ အဲတာမျိုးကို တပ်မတော်အနေနဲ့ မလုပ်စေချင်ဘူး။ အဲလိုလုပ်လို့လည်း လုံခြုံရေးက ပိုပြီးတော့ တိုးတက်လာမှာ မဟုတ် ဘူး ပေါ့။”

အာဏာပိုင်တွေက အခုလို စစ်ဆေးမှူတွေ တင်းကြပ်ဆောင်ရွက်လာတာဟာ ULA/AAရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်စေချင်တဲ့အတွက် လုပ်ဆောင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

“ သူတို့ကတော့ သူတို့ဖက်က အားနည်းချက်တွေကို သိလာတယ် မြင်လာတယ်လို့ ကျနော် ထင်တယ်ပေါ့နော်။ သူတို့ဖက်က ULA/AAနဲ့ လုပ်ပိုင်ခွင့် သြဇာအရှိန်အဝါကို ပြိုင် ဆိုင် လာတဲ့ အခါမှာ သူတို့ဖက်က တစ်ဖြည်းဖြည်း အားနည်းလာတယ်။ နောက် ဆုတ်လာတယ်လို့ သူတို့မြင်တဲ့အတွက် ဒါလုံခြုံရေး စည်းကို အရင်တည်ဆောက်တာပေါ့နော်။ လုံခြုံရေး စည်းကို တည်ပြီးမှ ကျန်တာကို တစ်ဖြေးဖြေးလုပ်ဆောင်သွားမယ်ဆိုတဲ့ ရှေ့ပြေးလုပ်တာဖြစ်တယ်။ တစ်ဖက်မှာလည်း ULA/ AA နဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေ ဖြစ်လာမလားဆိုတာလည်း ပြည်သူတွေက ရင်တမတ်မတ်နဲ့ စိုးရိမ်နေကြတာပေါ့။ အဓိကတော့ တပ်မတော်နဲ့ AA တိုက်ပွဲ တွေ ပြန်ဖြစ်လာပြီဆိုရင်တော့ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ တစ်ဖက်နဲ့ တစ်ဖက် စစ်ရေး အရ အနိုင်ယူမှုတွေ ဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာနိုင်တာကတော့ တစ်ပိုင်း ပေါ့နော်။ ဒီအချိန်မှာ ဒီလိုလုပ်တာက ULA/AAရဲ့ စည်းရုံးရေးတွေ အုပ်ချုပ်ရေး တရား စီရင်ရေး ပိုင်းကို ဘယ်လိုမှ မထိခိုက်နိုင်ဘူး ပြည်သူတွေရဲ့ ညိုငြင်တာကိုပဲ ခံရနိုင်တယ်လို့ ကျနော်မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေး ပိုင်းတွေကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီးတော့ စစ်အုပ်ချုပ်ရေးကောင်စီတာဝန်ရှိသူတွေဖက်က ဒီကနေ့အထိ ဘာမှ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။ ရခိုင်ပြည် တွင်း လုံခြုံရေးတင်းကြပ်ပြီး လမ်းသွားလမ်းလာလူတွေကို စစ်ဆေးနေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG