သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ အုပ္ခ်ဳပ္ေရးနဲ႔တရားစီရင္ေရး AA စတင္လုပ္ေဆာင္ေန


ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႔မွ ေဒသခံမ်ား၊ ဂၽြန္ ၃၀၊ ၂၀၁၉ ။

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း တရား႐ုံးေတြ ဖြင့္လွစ္ၿပီး တရားစီရင္ေရးပိုင္းနဲ႔ အုပ္ခ်ဳပ္ေရး ပိုင္းေတြကို ရခိုင္ လက္နက္ကိုင္ AAအဖြဲ႕ဖက္က စတင္ၿပီး လုပ္ေဆာင္ေနၿပီလို႔ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခ ကေျပာပါတယ္။ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ရခိုင္လူထုက အျပည့္ အဝေထာက္ခံတယ္ဆိုေပမယ့္ တပ္မေတာ္နဲ႔ AAအဖြဲ႕ၾကားထိပ္တိုက္ေတြ႕လာရင္ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္တယ္လို႔လည္း ေထာက္ျပသူေတြရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပထားပါတယ္။

ရခိုင္ျပည္နယ္တြင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္ထားႏိုင္တဲ့ေနရာ၊ အထူးသျဖင့္ ရခိုင္ေက်းလက္ေဒသေတြမွာ AA ရဲ႕ တရားစီရင္မႈေတြ စတင္ဖို႔ အားထုတ္လာတာေတြ႕ရပါတယ္။ AA ထိန္းခ်ဳပ္ရာ ေက်းလက္ေဒသေတြမွာ ULA/AA အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို ဖြဲ႕စည္းေဆာင္႐ြက္ေနတာရွိသလို၊ အမႈအခင္းေတြျဖစ္လာရင္ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကတဆင့္ တိုင္ၾကား အမႈဖြင့္ဖို႔ ရခိုင္လူထုကို AA က အသိေပးထားပါတယ္။ AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ၾကား တိုက္ပြဲေတြ ရပ္တန႔္ထားတဲ့ရခိုင္ျပည္နယ္အတြင္း တရားစီရင္ေရးပိုင္းနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြကို ရခိုင္ လက္နက္ကိုင္ AAအဖြဲ႕ဖက္က စတင္ၿပီး လုပ္ေဆာင္ေနၿပီလို႔ ေျပာပါတယ္။

“ ရခိုင္ေဒသမွာ ရွိတဲ့ ျပည္သူလူထုေတြအေနနဲ႔ တရားဥပေဒအဆုံးအမကို ခံယူရမယ့္ အမႈ အခင္းေတြ အတြက္ ဘယ္ေနမွာ တိုင္တန္းလို႔ ရတယ္။ ဘယ္လိုတိုင္တန္း လို႔ရတယ္ဆိုတာ ကို ရွင္းရွင္းလင္းလင္းသိဖို႔အတြက္ ျဖစ္ပါတယ္။ ေနာက္နံပတ္ ၂ အခ်က္ ကေတာ့ ရခိုင္ ေဒသမွာ ေနထိုင္တဲ့ ျပည္သူေတြ အားလုံးအတြက္ ဥပေဒအရတရားမွ်တမႈရရွိေအာင္ ULA/ AAတရားေရး ဌာနအေနနဲ႔ မွန္မွန္ကန္ကန္ေဆာင္႐ြက္ေပးသြားဖို႔ လုပ္ေဆာင္ ေနပါ တယ္ဆို တာကို ရခိုင္ျပည္သူေတြ သိေအာင္ က်ေနာ္တို႔ ထုတ္ျပန္တာျဖစ္ပါတယ္။”

ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္၊ စက္တင္ဘာလ အကုန္ပိုင္းေလာက္ကတည္းက တပ္မေတာ္နဲ႔ AA အဖြဲ႕ၾကားတိုက္ပြဲေတြ ရပ္တန႔္ထားတာျဖစ္သလို တပ္နဲ႔ AAအဖြဲ႕တို႔ နယ္ေျမေခါင္းေဆာင္ေတြ သီးသန႔္ေတြ႕ဆုံးေဆြးေႏြးတာေတြလည္းရွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းက စၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနနဲ႔ ရခိုင္ျပည္နယ္မွာအုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားစီရင္ေရးပိုင္းေတြကို ကိုင္တြယ္ ႏိုင္ဖို႔ စတင္လုပ္ေဆာင္လာ တာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေက်း႐ြာအုပ္ စုကေနတစ္ ဆင့္ သက္ဆိုင္ရာ ခ႐ိုင္တရား႐ုံးေတြကိုပါ ဖြင့္လွစ္ထားၿပီးျဖစ္တယ္လို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“ တရား႐ုံးေတြကိုေတာ့ သက္ဆိုင္ရာ ေက်း႐ြာအုပ္စုအဆင့္ တိုက္နယ္အဆင့္ ခ႐ိုင္အဆင့္ စသျဖင့္ကို သတ္မွတ္ေနရာ အသီးသီးမွာ သက္ဆိုင္ရာ တရား႐ုံးေတြကို က်ေနာ္တို႔ ဖြင့္လွစ္ ထားရွိပါတယ္ဗ်ာ။”

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ၾကား ႏွစ္ႏွစ္ေက်ာ္ၾကာ တိုက္ပြဲ ျဖစ္ပြားၿပီးတဲ့ေနာက္ပိုင္းမွာ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး ပိုင္းေတြမသက္ေရာက္ ေတာ့တဲ့ ေနရာေတြ မ်ားလာတာေၾကာင့္ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕အေနနဲ႔ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးလုပ္ငန္းေတြကို မျဖစ္မေန လုပ္ေဆာင္လာရတာျဖစ္တယ္လို႔လည္း ရခိုင္အမ်ိဳးသားပါတီ ANP ေျပာခြင့္ရ ဦးေဖသန္းက ေျပာပါတယ္။

“ ေျမျပင္ပကတိအေနအထားအရ အထူးသျဖင့္ ULA/AA က စစ္ေရးအရ ျဖန႔္က်က္ထားတဲ့ ၿမိဳ႕နယ္ေတြမွာေပါ့ေနာ္၊ အစိုးရရဲ႕ ဥပေဒစိုးမိုးမႈဟာ ေတာ္ေတာ့ကို အရာမေရာက္ျဖစ္သြားၿပီ။ ၿမိဳ႕ေပၚမွာ ေတာင္မွ သူတို႔အေနနဲ႔ ဥပေဒစိုးမိုးမႈ အားနည္းသြားတယ္။ ဆိုေတာ့ တရားမႈခင္း ေတြ ျဖစ္လာရင္ ဘယ္သူေျဖရွင္းမလဲ ဆိုေတာ့ ေျဖရွင္းမယ့္သူ မရွိေတာ့ဘူး။ ရဲေတြကလည္း လာမဖမ္းေတာ့ဘူး။ သူတို႔ကလည္း မထြက္ ရင္ ျပႆနာ ေအးခ်မ္းတယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ နယ္ေတြကို မေရာက္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္တရား ဥပေဒစိုးမိုးေရးအတြက္ တရားစီရင္ေရး လုပ္ ငန္းဟာ အေရးႀကီးတဲ့ အတြက္ ဒီေန႔ ULAရဲ႕ လက္ထဲကို လုံးဝ မလုပ္မျဖစ္တဲ့ တာဝန္အေနနဲ႔ ေရာက္ရွိသြားတာေပါ့။”

ေျမျပင္အေနအထားအရလည္း ရခိုင္လက္နက္ကိုင္ AAအဖြဲ႕အေနနဲ႔ တရား႐ုံးေတြ ေတာ္ေတာ္ မ်ားမ်ား ဖြင့္လွစ္ထားတာရွိၿပီး တရားစီရင္ပိုင္းနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းေတြကို ထိထိေရာက္ ေရာက္ေဆာင္႐ြက္ႏိုင္တဲ့ အေနအထားမွာရွိတယ္လို႔လည္း သူကဆက္ေျပာပါတယ္။ ဒါပေမမယ့္လည္း တပ္နဲ႔ AAအဖြဲ႕တို႔ၾကား ထိပ္တိုက္ေတြ႕ၿပီး တိုက္ပြဲေတြျပန္ျဖစ္လာခဲ့ရင္ ရခိုင္ျပည္ နယ္မွာ တရားဥေပဒစိုးမိုးမႈ အားနည္းသြားၿပီး ဥပေဒမယ့္ လုပ္ရပ္ေတြ ပိုမ်ား လာႏိုင္တယ္လို႔လည္း ဦးေဖသန္းက သူ႔အျမင္ကို ေျပာပါတယ္။

“ထိပ္တိုက္ေတြ႕ရင္ေတာ့ ရခိုင္ျပည္နယ္ အေနနဲ႔ စစ္မီးေတာက္မွာေပါ့ေနာ္။ အရင္ကလည္း ခံစားဖူးပါၿပီ။ ၿပီးေတာ့ ထိပ္တိုက္ေတြ႕ရင္ေတာ့ တရား႐ုံးလုပ္ငန္းေတြ ပ်က္သြားမွာေပါ့။ ဥပေဒစိုးမိုးေရးေတြ အားနည္းသြားမယ္ ျပည္သူေတြ နစ္နာမယ္။ အစိုးရတရား႐ုံးေတြက လည္းဘာမွ မလုပ္ႏိုင္ေတာ့ဘူး နယ္ေျမတရား႐ုံးေတြကလည္း စစ္ပြဲေၾကာင့္ မလုပ္ႏိုင္ဘူး ဆိုရင္ေတာ့ ဒါ ပဋိပကၡေတြကို ေျဖရွင္းေပမယ့္ အဖြဲ႕အစည္းမရွိေတာ့ဘူးေပါ့။ ဆိုေတာ့ အဲဒီကာလမွာ ဥပေဒမယ့္ လုပ္ရပ္ေတြ မ်ားလာႏိုင္တာေပါ့။ တစ္ခုရွိတာကေတာ့ ULA/ AAရဲ႕ ေနရာမ်ိဳးမွာေတာ့ တရားဥပေဒစိုးမိုးမႈကို အတတ္ႏိုင္ဆုံး ထိန္းထားတယ္ဆိုတာကိုေတာ့ ေတြ႕ရတယ္။ ဥပေဒအရ မဟုတ္ရင္ေတာင္မွာ အုပ္ခ်ဳပ္ေရး လိုင္အရ သူတို႔ ထိန္းထားတယ္ဆိုတာကို ေတြ႕ရပါတယ္။”

ရခိုင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တရားစီရင္ေရး ပိုင္းေတြကို ရခိုင္လက္နက္ကိုင္AAအဖြဲ႕က လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ရွိသူေတြကို VOA ကစုံစမ္းေမးျမန္းထားေပမယ့္ လက္ရွိအခ်ိန္ထိ တစုံတရာ တုန႔္ျပန္ေျပာဆိုထားတာမ်ိဳးမရွိေသးပါဘူး။

(Unicode)

ရခိုင်ပြည်နယ်အတွင်း တရားရုံးတွေ ဖွင့်လှစ်ပြီး တရားစီရင်ရေးပိုင်းနဲ့ အုပ်ချုပ်ရေး ပိုင်းတွေကို ရခိုင် လက်နက်ကိုင် AAအဖွဲ့ဖက်က စတင်ပြီး လုပ်ဆောင်နေပြီလို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ကပြောပါတယ်။ ရခိုင်လက်နက်ကိုင် AAအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရခိုင်လူထုက အပြည့် အဝထောက်ခံတယ်ဆိုပေမယ့် တပ်မတော်နဲ့ AAအဖွဲ့ကြားထိပ်တိုက်တွေ့လာရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ထောက်ပြသူတွေရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားနိုင်တဲ့နေရာ၊ အထူးသဖြင့် ရခိုင်ကျေးလက်ဒေသတွေမှာ AA ရဲ့ တရားစီရင်မှုတွေ စတင်ဖို့ အားထုတ်လာတာတွေ့ရပါတယ်။ AA ထိန်းချုပ်ရာ ကျေးလက်ဒေသတွေမှာ ULA/AA အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းဆောင်ရွက်နေတာရှိသလို၊ အမှုအခင်းတွေဖြစ်လာရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကတဆင့် တိုင်ကြား အမှုဖွင့်ဖို့ ရခိုင်လူထုကို AA က အသိပေးထားပါတယ်။ AA ပြောခွင့်ရသူ ခိုင်သုခကတော့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို ရခိုင် လက်နက်ကိုင် AAအဖွဲ့ဖက်က စတင်ပြီး လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

“ ရခိုင်ဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ တရားဥပဒေအဆုံးအမကို ခံယူရမယ့် အမှု အခင်းတွေ အတွက် ဘယ်နေမှာ တိုင်တန်းလို့ ရတယ်။ ဘယ်လိုတိုင်တန်း လို့ရတယ်ဆိုတာ ကို ရှင်းရှင်းလင်းလင်းသိဖို့အတွက် ဖြစ်ပါတယ်။ နောက်နံပတ် ၂ အချက် ကတော့ ရခိုင် ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အားလုံးအတွက် ဥပဒေအရတရားမျှတမှုရရှိအောင် ULA/ AAတရားရေး ဌာနအနေနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးသွားဖို့ လုပ်ဆောင် နေပါ တယ်ဆို တာကို ရခိုင်ပြည်သူတွေ သိအောင် ကျနော်တို့ ထုတ်ပြန်တာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ အကုန်ပိုင်းလောက်ကတည်းက တပ်မတော်နဲ့ AA အဖွဲ့ကြားတိုက်ပွဲတွေ ရပ်တန့်ထားတာဖြစ်သလို တပ်နဲ့ AAအဖွဲ့တို့ နယ်မြေခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံးဆွေးနွေးတာတွေလည်းရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက စပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာအုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းတွေကို ကိုင်တွယ် နိုင်ဖို့ စတင်လုပ်ဆောင်လာ တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျေးရွာအုပ် စုကနေတစ် ဆင့် သက်ဆိုင်ရာ ခရိုင်တရားရုံးတွေကိုပါ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ တရားရုံးတွေကိုတော့ သက်ဆိုင်ရာ ကျေးရွာအုပ်စုအဆင့် တိုက်နယ်အဆင့် ခရိုင်အဆင့် စသဖြင့်ကို သတ်မှတ်နေရာ အသီးသီးမှာ သက်ဆိုင်ရာ တရားရုံးတွေကို ကျနော်တို့ ဖွင့်လှစ် ထားရှိပါတယ်ဗျာ။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား နှစ်နှစ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းတွေမသက်ရောက် တော့တဲ့ နေရာတွေ များလာတာကြောင့် ရခိုင်လက်နက်ကိုင် AAအဖွဲ့အနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို မဖြစ်မနေ လုပ်ဆောင်လာရတာဖြစ်တယ်လို့လည်း ရခိုင်အမျိုးသားပါတီ ANP ပြောခွင့်ရ ဦးဖေသန်းက ပြောပါတယ်။

“ မြေပြင်ပကတိအနေအထားအရ အထူးသဖြင့် ULA/AA က စစ်ရေးအရ ဖြန့်ကျက်ထားတဲ့ မြို့နယ်တွေမှာပေါ့နော်၊ အစိုးရရဲ့ ဥပဒေစိုးမိုးမှုဟာ တော်တော့ကို အရာမရောက်ဖြစ်သွားပြီ။ မြို့ပေါ်မှာ တောင်မှ သူတို့အနေနဲ့ ဥပဒေစိုးမိုးမှု အားနည်းသွားတယ်။ ဆိုတော့ တရားမှုခင်း တွေ ဖြစ်လာရင် ဘယ်သူဖြေရှင်းမလဲ ဆိုတော့ ဖြေရှင်းမယ့်သူ မရှိတော့ဘူး။ ရဲတွေကလည်း လာမဖမ်းတော့ဘူး။ သူတို့ကလည်း မထွက် ရင် ပြဿနာ အေးချမ်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ နယ်တွေကို မရောက်နိုင်တော့ဘူး။ ဒါကြောင့်တရား ဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေး လုပ် ငန်းဟာ အရေးကြီးတဲ့ အတွက် ဒီနေ့ ULAရဲ့ လက်ထဲကို လုံးဝ မလုပ်မဖြစ်တဲ့ တာဝန်အနေနဲ့ ရောက်ရှိသွားတာပေါ့။”

မြေပြင်အနေအထားအရလည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့အနေနဲ့ တရားရုံးတွေ တော်တော် များများ ဖွင့်လှစ်ထားတာရှိပြီး တရားစီရင်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို ထိထိရောက် ရောက်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါပမေမယ့်လည်း တပ်နဲ့ AAအဖွဲ့တို့ကြား ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေပြန်ဖြစ်လာခဲ့ရင် ရခိုင်ပြည် နယ်မှာ တရားဥပေဒစိုးမိုးမှု အားနည်းသွားပြီး ဥပဒေမယ့် လုပ်ရပ်တွေ ပိုများ လာနိုင်တယ်လို့လည်း ဦးဖေသန်းက သူ့အမြင်ကို ပြောပါတယ်။

“ထိပ်တိုက်တွေ့ရင်တော့ ရခိုင်ပြည်နယ် အနေနဲ့ စစ်မီးတောက်မှာပေါ့နော်။ အရင်ကလည်း ခံစားဖူးပါပြီ။ ပြီးတော့ ထိပ်တိုက်တွေ့ရင်တော့ တရားရုံးလုပ်ငန်းတွေ ပျက်သွားမှာပေါ့။ ဥပဒေစိုးမိုးရေးတွေ အားနည်းသွားမယ် ပြည်သူတွေ နစ်နာမယ်။ အစိုးရတရားရုံးတွေက လည်းဘာမှ မလုပ်နိုင်တော့ဘူး နယ်မြေတရားရုံးတွေကလည်း စစ်ပွဲကြောင့် မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါ ပဋိပက္ခတွေကို ဖြေရှင်းပေမယ့် အဖွဲ့အစည်းမရှိတော့ဘူးပေါ့။ ဆိုတော့ အဲဒီကာလမှာ ဥပဒေမယ့် လုပ်ရပ်တွေ များလာနိုင်တာပေါ့။ တစ်ခုရှိတာကတော့ ULA/ AAရဲ့ နေရာမျိုးမှာတော့ တရားဥပဒေစိုးမိုးမှုကို အတတ်နိုင်ဆုံး ထိန်းထားတယ်ဆိုတာကိုတော့ တွေ့ရတယ်။ ဥပဒေအရ မဟုတ်ရင်တောင်မှာ အုပ်ချုပ်ရေး လိုင်အရ သူတို့ ထိန်းထားတယ်ဆိုတာကို တွေ့ရပါတယ်။”

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေး ပိုင်းတွေကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီးတော့ စစ်အုပ်ချုပ်ရေးကောင်စီတာဝန်ရှိသူတွေကို VOA ကစုံစမ်းမေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ တစုံတရာ တုန့်ပြန်ပြောဆိုထားတာမျိုးမရှိသေးပါဘူး။

Rakhine AA
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG