သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ရက္ေစ့ ျမန္မာအလုပ္သမား ၁၆၀ ေက်ာ္ ထိုင္းကေနျပန္ပို႔


လြတ္ရက္ေစ့ ျမန္မာအလုပ္သမား ၁၆၀ ေက်ာ္ ထိုင္းကေနျပန္ပို႔ (ဓါတ္ပုံ ၊ FED)

ထိုင္းႏိုင္ငံ အက်ဥ္းေထာင္ေတြထဲမွာ ျပစ္ဒဏ္က်ခံေနရၿပီး လြတ္ရက္ေစ့လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၆၀ေက်ာ္ကို ထိုင္း ရေနာင္းျပည္နယ္ကေန တနသၤာရီတုိင္း၊ ေကာ့ေသာင္းၿမိဳ႕ဆီ ဇြန္္လ၂၉ရက္ေန့ျပန္လည္လႊဲေျပာင္းေပးလိုက္ပါတယ္။ ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

လြတ္ရက္ေစ့ ျမန္မာအလုပ္သမား ၁၆၀ ေက်ာ္ ထိုင္းကေနျပန္ပို႔

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ အက်ဥ္းေထာင္ေတြထဲမွာ ျပစ္ဒဏ္က်ခံေနရၿပီး လြတ္ရက္ေစ့လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၆၀ေက်ာ္ကို ထိုင္း- ျမန္မာနယ္စပ္၊ ရေနာင္းျပည္နယ္ကေန ျမန္မာႏိုင္ငံ၊ တနသၤာရီတုိင္း၊ ေကာ့ေသာင္းၿမိဳ႕ဆီ ဇြန္္လ၂၉ရက္ေန့ျပန္လည္လႊဲေျပာင္းေပးလိုက္ပါတယ္။ ဇြန္လ၂၈ရက္ေန့ကလဲ ျမန္မာႏိုင္ငံသား ၁၈၀ေက်ာ္ကုိ မဲဆိုင္အာဏာပုိင္ေတြက တာခ်ီလိတ္ အာဏာပုိင္ေတြထံကို လႊဲေျပာင္းေပးခဲ့ပါတယ္ ။ ဒီသတင္းအျပည့္အစံုကို ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံဘက္က ရေနာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ျမန္မာဘက္က အလုပ္သမား သံအရာရိွေတြ အပါအဝင္ ထိုင္းျမန္မာ နယ္ျခားေကာ္မတီက တာဝန္ရွိသူမ်ား၊ ရေနာင္းခ႐ိုင္လူဝင္မႈ ႀကီးၾကပ္ေရးဌာန တာဝန္ရွိသူေတြဟာ ထိုင္းႏိုင္ငံထဲမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပစ္ဒဏ္က်ခံၿပီး လြတ္ရက္ေစ့တဲ့ ျမန္မာေ႐ႊ႕‌‌ေျပာင္းလုပ္သား ၁၆၀ေက်ာ္ ကုိ ဇြန္လ၂၉ရက္ေန့က ျမန္မာႏုိင္ငံဘက္ကုိ ျပန္လႊဲေျပာင္းေပးခဲ့ပါတယ္။

နာမက်န္းျဖစ္ေနသူ တဦးအပါအ၀င္ လြတ္ရက္ေစ့သူေတြကို ျပန္လႊတ္ေပးခဲ့တာနဲ႔ ပတ္သက္လုိ႔ ပညာေရး နဲ့ ဖြံျဖိဳးတုိးတက္ေရးအဖဲြ႔ရဲ႕ ေကာ့ေသာင္းျမိဳ႕ ေရႊ႕ေျပာင္းအလုပ္သမား ပညာေပးစင္တာ တာဝန္ခံ ဦးမုိးေဝ က အခုလိုေျပာျပပါတယ္။

"ထိုင္းအလုပ္သမား သံအရာရွိရံုးကေန က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ေကာ့ေသာင္း က တာ၀န္ရွိသူေတြကုိအေႀကာင္းႀကားလာပါတယ္။ အလုပ္သမားေတြ အခ်ဳပ္လြတ္ေတြ အေႀကာင္းအမ်ိဳးအမ်ိဳးနဲ့ အဖမ္္းခံရသူေတြ ျပန္လြတ္မယ္လို့ ေျပာလာပါတယ္ ။ စာရင္းဇယားနဲ့ပုိ့လာပါတယ္။ အားလံုးေပါင္း ၁၆၆ေယာက္ျပန္လြတ္လာတယ္"

ဒီထဲမွာ အမ်ိဳးသမီး၅၀ ၀န္းက်င္ပါ၀င္ျပီး အမ်ားစုကေတာ့ နယ္စပ္လမ္းေတြထဲက ထုိ္င္းႏုိင္ငံထဲကုိ တရားမ၀င္ ၀င္ေရာက္တာေႀကာင့္ အဖမ္းခံရသူေတြမ်ားတယ္လို့ဆုိပါတယ္ ။

" တရားမ၀င္လမ္းေႀကာင္းကေန သူတို့ကူးသြားျပီး ထုိင္းမွာ ၃လ ၄လေလာက္ေနခဲ့ရတယ္။ ထုိင္းကုိ တခ်ိဳ့ဆုိရင္ ပထမဦးဆံုး အႀကိမ္ေရာက္ဖူးတဲ့သူေတြမ်ားတယ္။ အမ်ိဳးသမီးေတြဆိုရင္ေပါ့ ။ အမ်ိဳးသားေတြလည္းပါတယ္။ တျခားလူေတြကေတာ့ အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ အဖမ္းခံရျပီး ဥပေဒအရ ရင္ဆုိင္ရသူေတြပါတယ္"

ေကာ့ေသာင္းဘက္ကုိ ျပန္ေရာက္လာတဲ့သူေတြကုိေတာ့ ကုိဗစ္ကပ္ေရာဂါပုိး ရိွမရွိစစ္ေဆးတာ ကာကြယ္ေဆးမထုိးရေသးရင္ ကာကြယ္ေဆးထုိးေပးဖို့ စီစဥ္တာေတြရွိတယ္လို့လည္း ဦးမုိးေ၀ကဆုိပါတယ္။

" ျပန္လြတ္လာတဲ့ သူေတြကိုနယ္စပ္က ေကာ့ေသာင္းေဒသ အာဏာပုိင္ေတြကႀကိဳဆုိတယ္။ က်န္းမာေရးေတြစစ္တယ္ ေဆးထုိးျပီးမျပိီးစစ္ေဆးတယ္။ ေဆး၂ခါထုိးျပီးသားဆုိရင္ေတာ့ ေဒသကိုျပန္လႊတ္ေပးတယ္။ ေဆးမထုိးရေသးဘူးဆိုရင္ ကြာရမ္တင္း ၅ရက္၀င္ရမယ္ျပီးရင္ေတာ့ ေဆး၂ႀကိ္မ္ထပ္ထုိးေပးမယ္"

ဇြန္လ၂၈ရက္ေနတုန္းကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးအေရးယူခံခဲ့ရၿပီး ျပစ္ဒဏ္က်ျပီး လြတ္ရက္ေစသူ ျမန္မာႏိုင္ငံသား ၁၀၀နီးပါးနဲ့ ထုိင္းႏိုင္ငံမဲဆိုင္ျမိဳ ့ကေန ေနရပ္သူ ၈၀ေက်ာ္ စုစုေပါင္း ျမန္မာႏိုင္ငံသား၁၈၀ေက်ာ္ကုိ ထုိင္းႏိုင္ငံ ခ်င္းရိုင္ျပည္နယ္ မဲဆိုင္ျမိဳနယ္ကတာ၀န္ရွိသူေတြက ျမန္မာႏိုင္ငံရွမ္းျပည္နယ္ တာခ်ီလိတ္ျမိဳ့က အာဏာပို္င္ေတြထံကို လဲႊေျပာင္းေပးခဲ့ပါတယ္။ ျပစ္ဒဏ္က်ျပီး လြတ္ရက္ေစ့သူေတြ အပါအ၀င္ ေနရပ္ျပန္လာသူေတြ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးနဲ႔ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ CNCMC က လည္း ေနရပ္ျပန္ႏိုင္ေရး ကူညီေဆာင္ရြက္ေပးခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

...................................................

လွတ်ရက်စေ့ မြန်မာအလုပ်သမား ၁၆၀ ကျော် ထိုင်းကနေပြန်ပို့

{{Unicode}}

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်စေ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ကျော်ကို ထိုင်း- မြန်မာနယ်စပ်၊ ရနောင်းပြည်နယ်ကနေ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ဆီ ဇွန်လ၂၉ရက်နေ့ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ ဇွန်လ၂၈ရက်နေ့ကလဲ မြန်မာနိုင်ငံသား ၁၈၀ကျော်ကို မဲဆိုင်အာဏာပိုင်တွေက တာချီလိတ် အာဏာပိုင်တွေထံကို လွှဲပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံဘက်က ရနောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာဘက်က အလုပ်သမား သံအရာရှိတွေ အပါအဝင် ထိုင်းမြန်မာ နယ်ခြားကော်မတီက တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား ၁၆၀ကျော် ကို ဇွန်လ၂၉ရက်နေ့က မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

နာမကျန်းဖြစ်နေသူ တဦးအပါအဝင် လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ ပညာရေး နဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ တာဝန်ခံ ဦးမိုးဝေ က အခုလိုပြောပြပါတယ်။

"ထိုင်းအလုပ်သမား သံအရာရှိရုံးကနေ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကော့သောင်း က တာဝန်ရှိသူတွေကိုအကြောင်းကြားလာပါတယ်။ အလုပ်သမားတွေ အချုပ်လွတ်တွေ အကြောင်းအမျိုးအမျိုးနဲ့ အဖမ်းခံရသူတွေ ပြန်လွတ်မယ်လို့ ပြောလာပါတယ် ။ စာရင်းဇယားနဲ့ပို့လာပါတယ်။ အားလုံးပေါင်း ၁၆၆ယောက်ပြန်လွတ်လာတယ်"

ဒီထဲမှာ အမျိုးသမီး၅၀ ဝန်းကျင်ပါဝင်ပြီး အများစုကတော့ နယ်စပ်လမ်းတွေထဲက ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာကြောင့် အဖမ်းခံရသူတွေများတယ်လို့ဆိုပါတယ် ။

" တရားမဝင်လမ်းကြောင်းကနေ သူတို့ကူးသွားပြီး ထိုင်းမှာ ၃လ ၄လလောက်နေခဲ့ရတယ်။ ထိုင်းကို တချို့ဆိုရင် ပထမဦးဆုံး အကြိမ်ရောက်ဖူးတဲ့သူတွေများတယ်။ အမျိုးသမီးတွေဆိုရင်ပေါ့ ။ အမျိုးသားတွေလည်းပါတယ်။ တခြားလူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ဥပဒေအရ ရင်ဆိုင်ရသူတွေပါတယ်"

ကော့သောင်းဘက်ကို ပြန်ရောက်လာတဲ့သူတွေကိုတော့ ကိုဗစ်ကပ်ရောဂါပိုး ရှိမရှိစစ်ဆေးတာ ကာကွယ်ဆေးမထိုးရသေးရင် ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်တာတွေရှိတယ်လို့လည်း ဦးမိုးဝေကဆိုပါတယ်။

" ပြန်လွတ်လာတဲ့ သူတွေကိုနယ်စပ်က ကော့သောင်းဒေသ အာဏာပိုင်တွေကကြိုဆိုတယ်။ ကျန်းမာရေးတွေစစ်တယ် ဆေးထိုးပြီးမပြီးစစ်ဆေးတယ်။ ဆေး၂ခါထိုးပြီးသားဆိုရင်တော့ ဒေသကိုပြန်လွှတ်ပေးတယ်။ ဆေးမထိုးရသေးဘူးဆိုရင် ကွာရမ်တင်း ၅ရက်ဝင်ရမယ်ပြီးရင်တော့ ဆေး၂ကြိမ်ထပ်ထိုးပေးမယ်"

ဇွန်လ၂၈ရက်နေတုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူခံခဲ့ရပြီး ပြစ်ဒဏ်ကျပြီး လွတ်ရက်စေသူ မြန်မာနိုင်ငံသား ၁၀၀နီးပါးနဲ့ ထိုင်းနိုင်ငံမဲဆိုင်မြို့ကနေ နေရပ်သူ ၈၀ကျော် စုစုပေါင်း မြန်မာနိုင်ငံသား၁၈၀ကျော်ကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မဲဆိုင်မြိုနယ်ကတာဝန်ရှိသူတွေက မြန်မာနိုင်ငံရှမ်းပြည်နယ် တာချီလိတ်မြို့က အာဏာပိုင်တွေထံကို လွဲှပြောင်းပေးခဲ့ပါတယ်။ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့သူတွေ အပါအဝင် နေရပ်ပြန်လာသူတွေ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ CNCMC က လည်း နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။

XS
SM
MD
LG