သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆီေစ်းတက္လို႔ ထိုင္းငါးဖမ္းလုပ္ငန္းက ျမန္မာအလုပ္သမားေတြ အလုပ္အကိုင္ဆုံး႐ႈံး 


ထုိင္းပင္လယ္ျပင္က ျမန္မာငါးဖမ္းေလွလုပ္သားမ်ား

ထိုင္းႏိုင္ငံမွာ ေလာင္စာဆီေစ်း ျမင့္တက္မႈေၾကာင့္ ငါးဖမ္းလုပ္ငန္းေတြကို ထိခိုက္လာေနရာက ျမန္မာအလုပ္သမားေတြ အလုပ္အကိုင္ ဆုံး႐ႈံးေနၾကရတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။ 

ဆီေစ်းတက္လို႔ ထိုင္းငါးဖမ္းလုပ္ငန္းက ျမန္မာအလုပ္သမားေတြ အလုပ္အကိုင္ဆုံး႐ႈံး

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ ေလာင္စာဆီေစ်း ျမင့္တက္မႈေၾကာင့္ ငါးဖမ္းလုပ္ငန္းေတြကို ထိခိုက္လာေနရာက ျမန္မာအလုပ္သမားေတြ အလုပ္အကိုင္ ဆုံး႐ႈံးေနၾကရတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အခုအခါ အလုပ္လက္မဲ့ျဖစ္ေနၾကတဲ့ ျမန္မာအလုပ္သမား ေထာင္ဂဏန္းအထိ ရွိေနၿပီလို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ အတြင္းမွာ ေလာင္စာဆီေတြ ျမင့္တက္ေနတဲေနတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြ အဆင္မေျပၾကတာေႀကာင့္ ငါးဖမ္းေလွ ၁၀၀ ေက်ာ္ ရပ္နားထားရကာ ျမန္မာအလုပ္သမားေတြ အလုပ္လက္မဲ့ ျဖစ္ေနႀကတယ္လို႔ ဆိုပါတယ္ ။ တခ်ဳိ႔ဆိုရင္ အလုပ္ကေန ရပ္နားထားျပီး ဘယ္အခ်ိန္ အလုပ္ျပန္ခန္႔မလဲဆုိတာလည္း မေရရာသလို ေလွနားထားရတဲ့အခ်ိန္မွာ အက်ိဳးခံစားခြင့္ေတြလည္းမရႀကဘူးလို႔ ပညာေရးနဲ႔ ဖြံ႔ျဖိဳးတိုးတက္ေရးအဖဲြ႔က အလုပ္သမားေရး လွုပ္ရွားသူ ဦးမင္းဦး က ေျပာပါတယ္ ။

" ဒီဇယ္ေစ်း ေလာင္စာဆီ ေစ်းႀကီးတယ္ ဆိုျပီးေတာ့ ေလွေတြက တခ်ိဳ႔ေလွေတြဆုိ လံုးလံုးနားတယ္။ တခ်ို႔ေလွေတြဆိုရင္ ႏွစ္ေခါက္ ထြက္ရမယ့္ဟာကို တေခါက္ပဲထြက္ေတာ့တယ္။ ေလွသားေတြကို ေျပာရမယ္ဆုိရင္ ေလွေတြထြက္မယ္ဆိုရင္ ပုိက္ခ်စားရိပ္လို႔ ေခၚတဲ့ႀကိဳတင္ေငြ ေပးရတာရွိတယ္။ အရင္တုံးက ဘတ္၈ေထာင္ ေပးရတယ္ဆိုရင္ အခုဆိုရင္ ၇ ေထာင္တို႔ ၆ေထာင္တို႔ပဲ ေပးျပီးေလ်ာ့ေပးႀကတယ္။ တခ်ဳိ႕ေလွေတြဆိုရင္ သူေဌးတဦးတည္းကပဲ ေလွ၃စီးပုိင္တယ္ဆုိရင္ အခုဆိုရင္ ေလွႏွစ္စီးပဲသြားေတာ့မယ္ ေနာက္တစီးကို ျဖဳတ္လုိက္တယ္ဆိုရင္ေတာ့ အဲဒီတစီးက လူေတြက အလုပ္ေတြျပဳတ္ကုန္တယ္ ။ တခ်ိဳ႔ဆုိရင္ သူေဌးက လံုးလံုးကိုျဖဳတ္လုိက္တယ္ ။ အလုပ္ရွိရင္ ျပန္ေခၚမယ္ဆုိျပီး အက်ိဳးခံစားခြင့္ေတြလည္း မေပးေတာ့ဘူး"

အခုဆိုရင္ ေလွေပါင္း ၁၀၀ေက်ာ္ ရပ္နားလိုက္ရတဲ့အတြက္ အဲဒီမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားေတြ ေထာင္ဂဏန္းနဲ႔ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျပသနာကို ရင္ဆုိင္ေနရတယ္ လို႔လည္းေျပာပါတယ္။

" ပ်မ္းမ်ွဆိုရင္ ေလွတစီးကို ေလွက အမ်ိဳးအစားေတြက အမ်ားစုက ၀ါးတန္းနဲ့ ၀ါးလတ္လို႔ ေခၚတယ္။ ၀ါးတန္းဆိုတာကေတာ့ တရြတ္တိုိက္ဆဲြတဲ့ပိုက္ နဲ႔ ဖမ္းတဲ့ေလွ ၀ါးတန္းဆုိတာကေတာ့ ၀ိုင္းခ်ုပ္ျပီး ငါးဖမ္းတဲ့ေလွျဖစ္တယ္။ ၀ါးတန္းဆုိရင္ တစီးကို လူက ၃၀ေက်ာ္တယ္။ အခုဆိုရင္ ပ်မ္းမ်ွ လူ၃၀ေလာက္ပါတယ္။ တစီးကုိ ပ်ွမ္းမ်ွ ၂၅ေယာက္ပဲတြက္ အစီး၁၀၀ေလာက္ဆုိရင္ အဲဒီလူေတြက ဒုကၡေရာက္ျပီေပါ့"

ျမန္မာ အလုပ္သမားေတြကေတာ့ အလုပ္လက္မဲ့ျဖစ္တာနဲ႔ ပတ္သက္လုိ႔ တိုင္ႀကာတာမ်ိဳးေတြမလုပ္ႀကပဲ အလုပ္ေတြျပန္ေခၚတဲ့အခါမွာ ျပန္အလုပ္ရဖို႔အတြက္သာ ေစာင့္ေမ်ွာ္ေနႀကတယ္လို႔ လည္းေျပာပါတယ္။

" အေႀကာင္းေႀကာင္းေတြေႀကာင့္ အလုပ္ရွင္ကို အားနာတာ ေႀကာက္တာ မိသားစုနဲ႔ဆိုျပီး အလုပ္လက္မဲ့ျဖစ္မွ ာကိုယ့္ကုိမီွခိုသူေတြအခက္အခဲျဖစ္မွာကို စိုးရိမ္ျပီး အဲဒီလိုပဲသြားေနႀကတယ္"

ထိုင္းႏိုင္ငံအတြင္းမွာ ေလွလုပ္သားေတြဟာ အက္ဒမန္ပင္လယ္ျပင္ထဲမွာ ငါးဖမ္းထြက္ႀကျပီး ရာသီဥတုဆိုး၀ါးတဲ့အခါမွာ ေလွေတြရပ္နားထားရတာမ်ိဳးေတြရွိသလို အခုလိုေလာင္စာဆီ အခက္အခဲနဲ႔ ငါးဖမ္းေလွ လုပ္ငန္းရွင္ေတြက အရွံုးေပၚတဲ့အခါမွာလည္း ေလွေတြ ရပ္နားထားရတာေတြေႀကာင့္ အလုပ္လက္မဲ့ျဖစ္ရတဲ့ ျပသနာေတြရင္ဆုိင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

ဆီဈေးတက်လို့ ထိုင်းငါးဖမ်းလုပ်ငန်းက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံး

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ လောင်စာဆီဈေး မြင့်တက်မှုကြောင့် ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်လာနေရာက မြန်မာအလုပ်သမားတွေ အလုပ်အကိုင် ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခုအခါ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ မြန်မာအလုပ်သမား ထောင်ဂဏန်းအထိ ရှိနေပြီလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ် အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အတွင်းမှာ လောင်စာဆီတွေ မြင့်တက်နေတဲနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြတာကြောင့် ငါးဖမ်းလှေ ၁၀၀ ကျော် ရပ်နားထားရကာ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ် ။ တချို့ဆိုရင် အလုပ်ကနေ ရပ်နားထားပြီး ဘယ်အချိန် အလုပ်ပြန်ခန့်မလဲဆိုတာလည်း မရေရာသလို လှေနားထားရတဲ့အချိန်မှာ အကျိုးခံစားခွင့်တွေလည်းမရကြဘူးလို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦး က ပြောပါတယ် ။

" ဒီဇယ်ဈေး လောင်စာဆီ ဈေးကြီးတယ် ဆိုပြီးတော့ လှေတွေက တချို့လှေတွေဆို လုံးလုံးနားတယ်။ တချို့လှေတွေဆိုရင် နှစ်ခေါက် ထွက်ရမယ့်ဟာကို တခေါက်ပဲထွက်တော့တယ်။ လှေသားတွေကို ပြောရမယ်ဆိုရင် လှေတွေထွက်မယ်ဆိုရင် ပိုက်ချစားရိပ်လို့ ခေါ်တဲ့ကြိုတင်ငွေ ပေးရတာရှိတယ်။ အရင်တုံးက ဘတ်၈ထောင် ပေးရတယ်ဆိုရင် အခုဆိုရင် ၇ ထောင်တို့ ၆ထောင်တို့ပဲ ပေးပြီးလျော့ပေးကြတယ်။ တချို့လှေတွေဆိုရင် သူဌေးတဦးတည်းကပဲ လှေ၃စီးပိုင်တယ်ဆိုရင် အခုဆိုရင် လှေနှစ်စီးပဲသွားတော့မယ် နောက်တစီးကို ဖြုတ်လိုက်တယ်ဆိုရင်တော့ အဲဒီတစီးက လူတွေက အလုပ်တွေပြုတ်ကုန်တယ် ။ တချို့ဆိုရင် သူဌေးက လုံးလုံးကိုဖြုတ်လိုက်တယ် ။ အလုပ်ရှိရင် ပြန်ခေါ်မယ်ဆိုပြီး အကျိုးခံစားခွင့်တွေလည်း မပေးတော့ဘူး"

အခုဆိုရင် လှေပေါင်း ၁၀၀ကျော် ရပ်နားလိုက်ရတဲ့အတွက် အဲဒီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ထောင်ဂဏန်းနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြသနာကို ရင်ဆိုင်နေရတယ် လို့လည်းပြောပါတယ်။

" ပျမ်းမျှဆိုရင် လှေတစီးကို လှေက အမျိုးအစားတွေက အများစုက ဝါးတန်းနဲ့ ဝါးလတ်လို့ ခေါ်တယ်။ ဝါးတန်းဆိုတာကတော့ တရွတ်တိုက်ဆွဲတဲ့ပိုက် နဲ့ ဖမ်းတဲ့လှေ ဝါးတန်းဆိုတာကတော့ ဝိုင်းချုပ်ပြီး ငါးဖမ်းတဲ့လှေဖြစ်တယ်။ ဝါးတန်းဆိုရင် တစီးကို လူက ၃၀ကျော်တယ်။ အခုဆိုရင် ပျမ်းမျှ လူ၃၀လောက်ပါတယ်။ တစီးကို ပျှမ်းမျှ ၂၅ယောက်ပဲတွက် အစီး၁၀၀လောက်ဆိုရင် အဲဒီလူတွေက ဒုက္ခရောက်ပြီပေါ့"

မြန်မာ အလုပ်သမားတွေကတော့ အလုပ်လက်မဲ့ဖြစ်တာနဲ့ ပတ်သက်လို့ တိုင်ကြာတာမျိုးတွေမလုပ်ကြပဲ အလုပ်တွေပြန်ခေါ်တဲ့အခါမှာ ပြန်အလုပ်ရဖို့အတွက်သာ စောင့်မျှော်နေကြတယ်လို့ လည်းပြောပါတယ်။

" အကြောင်းကြောင်းတွေကြောင့် အလုပ်ရှင်ကို အားနာတာ ကြောက်တာ မိသားစုနဲ့ဆိုပြီး အလုပ်လက်မဲ့ဖြစ်မှ ာကိုယ့်ကိုမှီခိုသူတွေအခက်အခဲဖြစ်မှာကို စိုးရိမ်ပြီး အဲဒီလိုပဲသွားနေကြတယ်"

ထိုင်းနိုင်ငံအတွင်းမှာ လှေလုပ်သားတွေဟာ အက်ဒမန်ပင်လယ်ပြင်ထဲမှာ ငါးဖမ်းထွက်ကြပြီး ရာသီဥတုဆိုးဝါးတဲ့အခါမှာ လှေတွေရပ်နားထားရတာမျိုးတွေရှိသလို အခုလိုလောင်စာဆီ အခက်အခဲနဲ့ ငါးဖမ်းလှေ လုပ်ငန်းရှင်တွေက အရှုံးပေါ်တဲ့အခါမှာလည်း လှေတွေ ရပ်နားထားရတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ ပြသနာတွေရင်ဆိုင်နေရပါတယ်။M

XS
SM
MD
LG