သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားနယ္စပ္အနီး အေထာက္အထားမဲ့ျမန္မာ ၂ဝ ေက်ာ္ ထိုင္းရဲဖမ္းဆီး 


Myanmarese illegal migrant worker (မွတ္တမ္းဓါတ္ပုံ )

ထိုင္းႏိုင္ငံ ကေနတဆင့္ မေလးရွားႏိုင္ငံ ကို သြားေရာက္ၾကမဲ့ ျမန္မာ ၂၁ဦးကို ထုိင္းအာဏာပုိင္ေတြက ဖမ္းမိခဲ့သလို အစုိးရယူနီေဖာင္းေတြ ၀တ္ဆင္ျပီး ခိုး၀င္လာတဲ့ ျမန္မာ ၄ဦးကိုလည္း ထုိင္းနယ္ျခားေစာင့္တပ္က ရေနာင္းျမိဳ႔မွာ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကိုိ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

မေလးရွားနယ္စပ္အနီး အေထာက္အထားမဲ့ျမန္မာ ၂ဝ ေက်ာ္ ထိုင္းရဲဖမ္းဆီး

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ ကေနတဆင့္ မေလးရွားႏိုင္ငံ ကို သြားေရာက္ၾကမဲ့ ျမန္မာ ၂၁ဦးကို ထုိင္းအာဏာပုိင္ေတြက ေအာက္တုိဘာလ ၃ ရက္ေန႔က ခ်ြန္ေဖာ္ခရိုင္ထဲမွာ ဖမ္းမိခဲ့သလို အစုိးရယူနီေဖာင္းေတြ ၀တ္ဆင္ျပီး ခိုး၀င္လာတဲ့ ျမန္မာ ၄ဦးကိုလည္း ထုိင္းနယ္ျခားေစာင့္တပ္က ရေနာင္းျမိဳ႔မွာ ဖမ္းမိခဲ့ပါတယ္။ အခုရက္ပုိင္းအတြင္း ဖမ္းမိတဲ့ အေထာက္အထားမဲ့ ျမန္မာေတြ ၃၀၀ေလာက္ရွိျပီလို႔ အလုပ္သမားအေရး ေဆာင္ရြက္ေနၾကသူေတြက ဆုိပါတယ္။ ဒီသတင္းကိုိ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ထိုင္းႏိုင္ငံကတဆင့္ မေလးရွားႏိုင္ငံကုိ ခိုး၀င္ဖုိ့ႀကိဳစားၾကတဲ့ ျမန္မာေတြကို အခုရက္ပုိင္းအတြင္း ဆက္တုိက္ဖမ္းမိေနတာပါ။ ေအာက္တုိဘာလ ၃ရက္ေန႔ကေတာ့ အသက္ ၃ႏွစ္ နဲ႔ ၆ႏွစ္အရြယ္ကေလး၂ဦး အပါအ၀င္ ျမန္မာ ၂၁ဦးကို ဖမ္းမိခဲ့ေႀကာင္း ထုိင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံျဖိဳး တုိးတက္ေရး ေဖာင္ေဒးရွင္း က အလုပ္သမားေရးရာ တာ၀န္ခံ ဦးမင္းဦး က အခုလိုေျပာပါတယ္။

" မေလးကိုသြားမယ့္ တရားမ၀င္ ျမန္မာ၂၁ေယာက္ပါ။ ကေလးေတြ အပါအ၀င္ ေပါ့။ ဖမ္းမိတဲ့ေနရာက ထုိင္းေတာင္ပုိင္း ခ်ြန္ေဖာ္ခရိုင္ ၊ စ၀ီျမိဳ႔မွာေပါ့ အမ်ိဳးသားက ၁၂ေယာက္၊ အမ်ိဳသမီးက ၇ ေယာက္ သူတို႔ နဲ႔ အတူ ပါလာတာက ကေလးက ၂ေယာက္ပါတယ္။ သူတို့က ဘယ္ကလာသလဲဆုိေတာ့ မဟာခ်ိဳင္ကေန မေလးကုိသြားမယ္။ မေလးကုိ ဆက္သြားဖို႔လုပ္တာ လမ္းမွာ ခ်ံဳဖြန္ကုိသြားတုန္းမိတာ။ ေစာင့္ေနတုန္း ပဲြစားကိုေစာင့္တုန္းဖမ္းမိတာ ။ ရပ္ကြက္အာဏာပုိင္ေတြကလာဖမ္းမိတာ"

သူတုိ့ဟာ ျမန္မာႏိုင္ငံ ၊ ခ်င္းျပည္နယ္ က လာႀကသူေတြျဖစ္ျပီး ေရလမ္းကေန ထုိင္းႏို္င္ငံကို ေရာက္လာႀကသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္ ။

ေအာက္တိုဘာလ ၄ရက္ေန႔ မွာေတာ့ ရေနာင္းျပည္နယ္ထဲမွာ ထုိင္းအစိုးရ ဌာနဆုိင္ရာ ယူနီေဖာင္းေတြ ၀တ္ဆင္ထားတဲ့ တရားမ၀င္ ျမန္မာေတြကို ရေနာင္းခ႐ိုင္ အေျခစိုက္ အမွတ္ (၂၅) ေျချမန္တပ္ရင္း အထူးတပ္ဖြဲ႔ က ဖမ္းမိခဲ့တယ္လို႔ ဦးမင္းဦး ကေျပာပါတယ္။

" နည္းလမ္းေပါင္းစံုသံုးျပီး ၀င္တယ္။ ျမန္မာႏိုင္ငံသား အမ်ိဳးသား၂ဦး ၊ အမ်ိဳးသမီးတဦး နဲ႔ ယဥ္ေမာင္းက ထုိင္းတဦးနဲ႔ မိတာ။ သူတို႔က အစိုးရယူနီေဖာင္းေတြ ၀တ္ျပီးေခၚလာတာ။ ပထမဖမ္းမိတာက ၃ဦး၊ ေနာက္ေတာ့တဦး ထပ္ဖမ္းမိတယ္။ အားလံုးေပါင္း ၄ေယာက္ လာတယ္ ။ သူတို႔က ထား၀ယ္ဘက္က လာတယ္ေျပာတယ္"

အခုဆိုရင္ ဒီရက္ပိုင္းမွာပဲ ျပည္နယ္အလိုက္ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းမိတာဟာ ၃၀၀ ၀န္းက်င္ေလာက္ရိွတယ္လုိ႔ အလုပ္သမားေရးေ ဆာင္ရြက္ေနသူေတြက ဆုိပါတယ္ ။ ေအာက္တုိဘာလထဲမွာေတာ့ ျမန္မာေတြ အစုလိုက္ အျပံဳလိုက္ ၃ႀကိမ္ခန္႔ ဖမ္းမိခဲ့ျပီး စက္တင္ဘာလထဲမွာေတာ့ အစုအေ၀းနဲ႔ ဖမ္းမိတာ ၁၁ႀကိမ္ေလာက္ ရွိတယ္လို႔ ဆုိပါတယ္ ။ ၂၀၂၂ခုႏွစ္ထဲမွာေတာ့ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းမိတာ ေသာင္းဂဏန္းေလာက္ ရွိတယ္လို႔လည္း အလုပ္သမားေရး ေဆာင္ရြက္ေနၾကတဲ့ အဖဲြ႔အစည္းေတြက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

မလေးရှားနယ်စပ်အနီး အထောက်အထားမဲ့မြန်မာ ၂ဝ ကျော် ထိုင်းရဲဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမဲ့ မြန်မာ ၂၁ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၃ ရက်နေ့က ချွန်ဖော်ခရိုင်ထဲမှာ ဖမ်းမိခဲ့သလို အစိုးရယူနီဖောင်းတွေ ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာ ၄ဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က ရနောင်းမြို့မှာ ဖမ်းမိခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းမိတဲ့ အထောက်အထားမဲ့ မြန်မာတွေ ၃၀၀လောက်ရှိပြီလို့ အလုပ်သမားအရေး ဆောင်ရွက်နေကြသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုစားကြတဲ့ မြန်မာတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းမိနေတာပါ။ အောက်တိုဘာလ ၃ရက်နေ့ကတော့ အသက် ၃နှစ် နဲ့ ၆နှစ်အရွယ်ကလေး၂ဦး အပါအဝင် မြန်မာ ၂၁ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး က အခုလိုပြောပါတယ်။

" မလေးကိုသွားမယ့် တရားမဝင် မြန်မာ၂၁ယောက်ပါ။ ကလေးတွေ အပါအဝင် ပေါ့။ ဖမ်းမိတဲ့နေရာက ထိုင်းတောင်ပိုင်း ချွန်ဖော်ခရိုင် ၊ စဝီမြို့မှာပေါ့ အမျိုးသားက ၁၂ယောက်၊ အမျိုသမီးက ၇ ယောက် သူတို့ နဲ့ အတူ ပါလာတာက ကလေးက ၂ယောက်ပါတယ်။ သူတို့က ဘယ်ကလာသလဲဆိုတော့ မဟာချိုင်ကနေ မလေးကိုသွားမယ်။ မလေးကို ဆက်သွားဖို့လုပ်တာ လမ်းမှာ ချုံဖွန်ကိုသွားတုန်းမိတာ။ စောင့်နေတုန်း ပွဲစားကိုစောင့်တုန်းဖမ်းမိတာ ။ ရပ်ကွက်အာဏာပိုင်တွေကလာဖမ်းမိတာ"

သူတို့ဟာ မြန်မာနိုင်ငံ ၊ ချင်းပြည်နယ် က လာကြသူတွေဖြစ်ပြီး ရေလမ်းကနေ ထိုင်းနိုင်ငံကို ရောက်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ် ။

အောက်တိုဘာလ ၄ရက်နေ့ မှာတော့ ရနောင်းပြည်နယ်ထဲမှာ ထိုင်းအစိုးရ ဌာနဆိုင်ရာ ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ တရားမဝင် မြန်မာတွေကို ရနောင်းခရိုင် အခြေစိုက် အမှတ် (၂၅) ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့ က ဖမ်းမိခဲ့တယ်လို့ ဦးမင်းဦး ကပြောပါတယ်။

" နည်းလမ်းပေါင်းစုံသုံးပြီး ဝင်တယ်။ မြန်မာနိုင်ငံသား အမျိုးသား၂ဦး ၊ အမျိုးသမီးတဦး နဲ့ ယဉ်မောင်းက ထိုင်းတဦးနဲ့ မိတာ။ သူတို့က အစိုးရယူနီဖောင်းတွေ ဝတ်ပြီးခေါ်လာတာ။ ပထမဖမ်းမိတာက ၃ဦး၊ နောက်တော့တဦး ထပ်ဖမ်းမိတယ်။ အားလုံးပေါင်း ၄ယောက် လာတယ် ။ သူတို့က ထားဝယ်ဘက်က လာတယ်ပြောတယ်"

အခုဆိုရင် ဒီရက်ပိုင်းမှာပဲ ပြည်နယ်အလိုက် အထောက်အထားမဲ့ မြန်မာတွေ ဖမ်းမိတာဟာ ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ အလုပ်သမားရေးေ ဆာင်ရွက်နေသူတွေက ဆိုပါတယ် ။ အောက်တိုဘာလထဲမှာတော့ မြန်မာတွေ အစုလိုက် အပြုံလိုက် ၃ကြိမ်ခန့် ဖမ်းမိခဲ့ပြီး စက်တင်ဘာလထဲမှာတော့ အစုအဝေးနဲ့ ဖမ်းမိတာ ၁၁ကြိမ်လောက် ရှိတယ်လို့ ဆိုပါတယ် ။ ၂၀၂၂ခုနှစ်ထဲမှာတော့ အထောက်အထားမဲ့ မြန်မာတွေ ဖမ်းမိတာ သောင်းဂဏန်းလောက် ရှိတယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG