သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္းမွာ အေထာက္အထားမဲ့ ျမန္မာ ၇ဝ ေက်ာ္ ဖမ္းဆီးခံရ


ဆံုခလာျပည္နယ္မွာဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား

ထိုင္း ၊ မေလးနယ္စပ္ ကေနတဆင့္ မေလးရွားႏိုင္ငံ ကုိ သြားေရာက္ႀကမယ့္ တရားမ၀င္ ျမန္မာ ၇၀ေက်ာ္ကုိ ထုိင္းေတာင္ပုိင္း ဆံုခလာျပည္နယ္ထဲမွာ ထုိင္းအာဏာပုိင္ေတြက စက္တင္ဘာလ ၂၆ရက္ေန့ကဖမ္းဆီးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပို့ထားပါတယ္ ။

ထိုင္းေတာင္ပိုင္းမွာ အေထာက္အထားမဲ့ ျမန္မာ ၇ဝ ေက်ာ္ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ထိုင္း ၊ မေလးနယ္စပ္ ကေနတဆင့္ မေလးရွားႏိုင္ငံ ကုိ သြားေရာက္ႀကမယ့္ တရားမ၀င္ ျမန္မာ ၇၀ေက်ာ္ကုိ ထုိင္းေတာင္ပုိင္း ဆံုခလာျပည္နယ္ထဲမွာ ထုိင္းအာဏာပုိင္ေတြက စက္တင္ဘာလ ၂၆ရက္ေန့ကဖမ္းဆီးခဲ့ပါတယ္။ ၂ရက္အတြင္းမွာပဲ မေလးရွားႏိုင္ငံထဲကို ခိုး၀င္ဖို့ႀကိဳးစားတဲ့ျမန္မာ ၁၀၀ေလာက္ဖမ္းမိခဲ့တာပါ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပို့ထားပါတယ္ ။

ထိုင္း ၊ မေလးနယ္စပ္ ကေနတဆင့္ မေလးရွားႏိုင္ငံ ကုိ သြားေရာက္ႀကမယ့္ တရားမ၀င္ ျမန္မာ ၇၀ေက်ာ္ကုိ ထုိင္းေတာင္ပုိင္း၊ ဆံုခလာျပည္နယ္ထဲမွာ ထုိင္းအာဏာပုိင္ေတြက စက္တင္ဘာလ ၂၆ရက္ေန႔ က ဖမ္းဆီးခဲ့တာပါ။ သူတို့ေတြဟာ ျမန္မာႏို္င္ငံ ကေနတဆင့္ ထုိင္းႏိုင္ငံကို ၀င္ေရာက္လာခဲ့ျပီး ထုိင္းမေလးနယ္စပ္၊ ဆံုခလာျပည္နယ္ကုိ အသြားမွာ အစုလိုက္ အျပံဳလိုက္ ဖမ္းမိခဲ့ျဖစ္တယ္လုိ႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈ ေကာ္မတီဥကၠဌ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။

" စက္တင္ဘာလ၂၆ ရက္ေန့က ထုိင္းႏိုင္ငံေတာင္ပုိင္း ဖတ္တလံုးျပည္နယ္ အျမန္လမ္းရဲတပ္ဖဲြ႔၀င္ေတြဟာ အရွိန္နဲ႔ေမာင္းႏွင္လာတဲ့ မီနီဘတ္စ္စကား၂စီးေနာက္ကုိ လိုက္တဲ့အခါမွာ မီနီဘတ္စ္ကားကုိ တားဆီးစစ္ေဆးရာမွာေတာ့ အဲဒီကားေပၚမွာ အလံုပိတ္သယ္ေဆာင္လာတဲ့တရားမ၀င္ ျမန္မာႏိုင္ငံသား ၇၁ဦးကုိ ဖမ္းမိပါတယ္။ ယာဥ္ေမာင္းနဲ႔ ထုိင္းႏိုင္ငံသား၃ဦးကိုလည္း ဖမ္းဆီးလိုက္ပါတယ္။ ယာဥ္ေမာင္း၃ဦးကို စစ္ေဆးတဲ့အခါမွာ ဆံုခလာခရိုင္ ဟတ္ရိုင္ဘက္ကုိ ေမာင္းျပီး ပုိ့ေဆာင္ခိုင္းပါတယ္။ တရားမ၀င္ျမန္မာတဦးကို ထုိင္းဘတ္ေငြ ၅၀၀၀ စီရတယ္လို႔ ထြက္ဆုိပါတယ္"

ျပီးခဲ့တဲ့ရက္ကပဲ ဆံုခလာျပည္နယ္ထဲမွာ မေလးရွားႏုိင္ငံကို ခိုး၀င္ဖုိ့ႀကိဳးစားေနၾကတဲ့ တရားမ၀င္ ျမန္မာ ၃၀ေက်ာ္ကို ဖမ္မိခဲ့ေသးတယ္ လို႔လည္းဆုိပါတယ္။

"ဆံုခလာျပည္နယ္ထဲမွာ ဗင္ကား၂စီးနဲ႔ သယ္ေဆာင္လာတဲ့ ျမန္မာနိုင္ငံသား၃၂ဦးကိုလည္း ထုိင္းႏိုင္ငံ ဆံုခလာ ရဲတပ္ဖဲြကဖမ္းမိခဲ့ပါတယ္"

ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္ထဲမွာလည္း ျမန္မာႏိုင္ငံသား၄၀ကို ျပီးခဲ့တဲ့အပတ္က ဖမ္းမိခဲ့တယ္လုိ႔လည္းေျပာပါတယ္။

" တဆက္တည္းမွာပဲ ထုိင္းႏိုင္ငံ၊ တာ့ခ္ျပည္နယ္၊ မဲလမတ္ျမိဳနယ္ထဲမွာ စက္တင္ဘာ၂၁ရက္ေန့က ၂၃ရက္ေန့အထိ တရားမ၀င္ ျမန္မာ ၄၀ဦးဖမ္းမိတယ္လုိ႔ မဲလမတ္ရဲစခန္းက ထုတ္ျပန္ထားတာရွိပါတယ္ "

ထိုင္းႏို္င္ငံမွာ အဖမ္းဆီးေတြႀကားက လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ အေထာက္အထားမဲ့ ျမန္မာေတြ အစုလိုက္ အျပံဳလိုက္ ေန့စဥ္ဖမ္းမိေနျပီး အမ်ားစုကေတာျမန္မာျပည္မွာ အလုပ္အကိုင္ အခြင့္အလန္းေတြမရွိတာ၊ လူငယ္ေတြအတြက္ လံုျခံုမူမရွိတာေတြေႀကာင့္ အိမ္နီးခ်င္းထုိင္းႏိုင္ငံထဲကို ၀င္ေရာက္လာႀကသူတာျဖစ္တယ္လို႔ ေျပာဆုိႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ထိုင်းတောင်ပိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ထိုင်း ၊ မလေးနယ်စပ် ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမယ့် တရားမဝင် မြန်မာ ၇၀ကျော်ကို ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၂၆ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။ ၂ရက်အတွင်းမှာပဲ မလေးရှားနိုင်ငံထဲကို ခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာ ၁၀၀လောက်ဖမ်းမိခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်း ၊ မလေးနယ်စပ် ကနေတဆင့် မလေးရှားနိုင်ငံ ကို သွားရောက်ကြမယ့် တရားမဝင် မြန်မာ ၇၀ကျော်ကို ထိုင်းတောင်ပိုင်း၊ ဆုံခလာပြည်နယ်ထဲမှာ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၂၆ရက်နေ့ က ဖမ်းဆီးခဲ့တာပါ။ သူတို့တွေဟာ မြန်မာနိုင်ငံ ကနေတဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး ထိုင်းမလေးနယ်စပ်၊ ဆုံခလာပြည်နယ်ကို အသွားမှာ အစုလိုက် အပြုံလိုက် ဖမ်းမိခဲ့ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" စက်တင်ဘာလ၂၆ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်တလုံးပြည်နယ် အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေဟာ အရှိန်နဲ့မောင်းနှင်လာတဲ့ မီနီဘတ်စ်စကား၂စီးနောက်ကို လိုက်တဲ့အခါမှာ မီနီဘတ်စ်ကားကို တားဆီးစစ်ဆေးရာမှာတော့ အဲဒီကားပေါ်မှာ အလုံပိတ်သယ်ဆောင်လာတဲ့တရားမဝင် မြန်မာနိုင်ငံသား ၇၁ဦးကို ဖမ်းမိပါတယ်။ ယာဉ်မောင်းနဲ့ ထိုင်းနိုင်ငံသား၃ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ယာဉ်မောင်း၃ဦးကို စစ်ဆေးတဲ့အခါမှာ ဆုံခလာခရိုင် ဟတ်ရိုင်ဘက်ကို မောင်းပြီး ပို့ဆောင်ခိုင်းပါတယ်။ တရားမဝင်မြန်မာတဦးကို ထိုင်းဘတ်ငွေ ၅၀၀၀ စီရတယ်လို့ ထွက်ဆိုပါတယ်"

ပြီးခဲ့တဲ့ရက်ကပဲ ဆုံခလာပြည်နယ်ထဲမှာ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားနေကြတဲ့ တရားမဝင် မြန်မာ ၃၀ကျော်ကို ဖမ်မိခဲ့သေးတယ် လို့လည်းဆိုပါတယ်။

"ဆုံခလာပြည်နယ်ထဲမှာ ဗင်ကား၂စီးနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား၃၂ဦးကိုလည်း ထိုင်းနိုင်ငံ ဆုံခလာ ရဲတပ်ဖွဲကဖမ်းမိခဲ့ပါတယ်"

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်ထဲမှာလည်း မြန်မာနိုင်ငံသား၄၀ကို ပြီးခဲ့တဲ့အပတ်က ဖမ်းမိခဲ့တယ်လို့လည်းပြောပါတယ်။

" တဆက်တည်းမှာပဲ ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲလမတ်မြိုနယ်ထဲမှာ စက်တင်ဘာ၂၁ရက်နေ့က ၂၃ရက်နေ့အထိ တရားမဝင် မြန်မာ ၄၀ဦးဖမ်းမိတယ်လို့ မဲလမတ်ရဲစခန်းက ထုတ်ပြန်ထားတာရှိပါတယ် "

ထိုင်းနိုင်ငံမှာ အဖမ်းဆီးတွေကြားက လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာတွေ အစုလိုက် အပြုံလိုက် နေ့စဉ်ဖမ်းမိနေပြီး အများစုကတောမြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလန်းတွေမရှိတာ၊ လူငယ်တွေအတွက် လုံခြုံမူမရှိတာတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြသူတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG