သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာအမ်ားအျပား ထုိင္း-မေလး နယ္စပ္မွာဖမ္းဆီးခံရ 


ထို္င္းမေလးနယ္စပ္ဆံုခလာျပည္နယ္ထဲမွာဖမ္းဆီးခံထားရတဲ့ျမန္မာႏိုင္ငံသားမ်ား ( MWRN)

ထိုင္း ၊ မေလးနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ အေထာက္အထားမဲ့ ျမန္မာေတြ ေန႔စဥ္၀င္ေရာက္လာေနျပိီး မေန့က ဟတ္ရိုင္ျမိဳ့နယ္ထဲမွာ ဖမ္းမိသူ၄၀ေက်ာ္ အပါအ၀င္ ျမိဳနယ္ ရဲစခန္းအသီးသီးက အခ်ဳပ္ေတြမွာလည္း ျမန္မာေတြ ၄၀၀နီးပါးေလာက္ရွိေနတယ္လို့ ေရႊေျပာင္းအလုပ္သမားအခြင့္ေရး ကြန္ယက္ကေျပာပါတယ္ ။

အေထာက္အထားမဲ့ ျမန္မာအမ်ားအျပား ထုိင္း-မေလး နယ္စပ္မွာဖမ္းဆီးခံရ

{{Zawgyi/Unicode}}
ထိုင္း ၊ မေလးနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ အေထာက္အထားမဲ့ ျမန္မာေတြ ေန႔စဥ္၀င္ေရာက္လာေနျပိီး မေန့က ဟတ္ရိုင္ျမိဳ့နယ္ထဲမွာ ဖမ္းမိသူ၄၀ေက်ာ္ အပါအ၀င္ ျမိဳနယ္ ရဲစခန္းအသီးသီးက အခ်ဳပ္ေတြမွာလည္း ျမန္မာေတြ ၄၀၀နီးပါးေလာက္ရွိေနတယ္လို့ ေရႊေျပာင္းအလုပ္သမားအခြင့္ေရး ကြန္ယက္ကေျပာပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ထိုင္းမေလးနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ အေထာက္အထားမဲ့ ျမန္မာေတြ ေန႔စဥ္၀င္ေရာက္လာေနျပိီး မေန့ကဖမ္းမိသူ၄၀ေက်ာ္ရွိပါတယ္။ အခုဆုိရင္ ဆုန္ခလာျပည္နယ္ထဲမွာ ျမန္မာႏို္င္ငံသား ၄၀၀နီးပါးေလာက္ဟာ ျမိဳနယ္ အသီးသီးက အခ်ဳပ္နဲ့ ရဲစခန္းေတြမွာ ဖမ္းဆီးခံထားရတယ္လို့ ေရႊေျပာင္းအလုပ္သမား အခြင့္ေရး ကြန္ယက္ ရဲဟတ္ရိုင္ျမိဳ ့တာ၀န္ခံဦးဘရီကအခုလိုေျပာပါတယ္ ။

"အရင္ရက္က ၁၆ေယာက္ေလာက္ဖမ္းထားတယ္။ ပထမေန့ကေပါ့။ မေန့ညကေတာ့၄၁ေယာက္ကုိဖမ္းထားတယ္။ သူတို့ကေတာ့ မေလးရွားကုိသြားတဲ့လမ္းခရီးမွာဖမ္းမိတာပါ။ သူတိုကုိဖမ္းထားတဲ့ ရဲစခန္းမွာ က်ေနာ္သြားေတြ ့ေတာ့ သူတို့မွာလည္းအခက္အခဲေတြရွိတယ္။ အမ်ိဳးသမီးဆိုလည္း အ၀တ္အစားေတြမရွိဘူး။ အဲဒီအတြက္ သူတို့အတြက္ အ၀တ္ေတြသြားေပးတယ္။ လာတယ္။ ေနစဥ္ရက္ဆက္ဖမ္းမိတယ္။ ဟုိရက္ကေတာ့ ရိုဟင္ဂ်ာ နဲ့ ဟိႏၵဴေတြ ၂၆ေယာက္ကုိေတြ ့ခဲ့တယ္ ။ ဘန္ကလန္ရဲစခန္းမွာ က်ေနာ္ထမင္းသြားေက်ြးရင္းနဲ့ေတြ ့ခဲ့တာပါ ။ အခု က်ေနာ္တို့ ဆုန္ခလာခရိုင္အတြင္းထဲမွာေတာ့ ရဲစခန္းတိုင္းမွာျပည့္ေနတယ္။ ဖမ္းဆီးခံရသူေတြမ်ားတယ္။ ရဲစခန္း ၁၀မွာလူ၄၀၀နီးပါးရွိေနျပီအဲဒီမွာအားလံုးျပည့္ေနတယ္"

ဖမ္းဆီးခံထားရတဲ့ ျမန္မာေတြဟာ ျမန္မာျပည္ထဲမွာ ႏိုင္ငံေရး မတည္ျငိမ္မူ့ စီးပြားေရးနဲ့ အလုပ္အခက္အခဲေတြ ရြာေတြမွာေနအိမ္ေတြ မီးရွိႈ႕ခံရတဲ့အတြက္ အိမ္နီးနားခ်င္းနိုင္ငံေတြမွာရရာအလုပ္လုပ္ဖို့အတြက္ ထြက္လာခဲ့ႀကတာလို့လည္းဆုိပါတယ္။

"လာတာကေတာ့ တရက္ထက္တရက္ ပိုမ်ားလာတယ္။ ဘယ္ေလာက္ပဲ ဖမ္းဖမ္းလာတာက ပုိမ်ားလာတယ္ဆုိတာ ရဲရဲတင္းတင္းက်ေနာ္ေျပာႏိုင္တယ္။ ျပည္တြင္းျပသနာေတြေႀကာင့္ပဲ ။အခုက လူေတြကျပည္တြင္းမွ ာအိမ္ကိုေရာင္းရင္ေရာင္း မီးရွို့ခံရမယ့္အတူတူ အိမ္ကိုေရာင္းျပီး ထုိင္းတို့မေလးရွားတုိ့ကို အသက္စြန္ျပီး ထြြက္လာခဲ့ႀကတာလို့ အခ်ဳပ္ထဲကလူေတြကေျပာျပႀကပါတယ္"

ျပီးခဲ့တဲ့ရက္ကေတာ့ ထုိင္းျမန္မာနယ္စပ္ ရေနာင္းျပည္နယ္ကေန မေလးနယ္စပ္ကုိသြားမယ့္ ကားတစီးဟာ စူရတ္ဌာနီျပည္နယ္ထဲမွာ တိ္မ္းေမွာက္ခဲ့တာေႀကာင့္ ကားေပၚမွာပါလာတဲ့ အေထာက္အထားမဲ့ ျမန္မာ၂၀ေက်ာ္ထိခိုက္ဒဏ္ရာေတြလည္းရခဲ့ပါတယ္ ။

ထိုင္းလံုျခံုေရးတပ္ဖဲြ ့ေတြက လံုျခံုေရးတင္းႀကပ္စြာခ်ထားျ႔ပီး ဖမ္းဆိီးေနေပမယ့္ ထိုင္းျမန္မာနယ္စပ္ျပည္နယ္ အသီးသီးကေန ေန႔စဥ္ျမန္မာႏိုင္ငံသားေတြဟာ အစုလိုက္အျပံုလိုက္ ၀င္လာေနဆဲျဖစ္ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

........................................

အထောက်အထားမဲ့ မြန်မာအများအပြား ထိုင်း-မလေး နယ်စပ်မှာဖမ်းဆီးခံရ

{{Zawgyi/Unicode}}
ထိုင်း ၊ မလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာတွေ နေ့စဉ်ဝင်ရောက်လာနေပြီး မနေ့က ဟတ်ရိုင်မြို့နယ်ထဲမှာ ဖမ်းမိသူ၄၀ကျော် အပါအဝင် မြိုနယ် ရဲစခန်းအသီးသီးက အချုပ်တွေမှာလည်း မြန်မာတွေ ၄၀၀နီးပါးလောက်ရှိနေတယ်လို့ ရွှေပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ကပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာတွေ နေ့စဉ်ဝင်ရောက်လာနေပြီး မနေ့ကဖမ်းမိသူ၄၀ကျော်ရှိပါတယ်။ အခုဆိုရင် ဆုန်ခလာပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၄၀၀နီးပါးလောက်ဟာ မြိုနယ် အသီးသီးက အချုပ်နဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးခံထားရတယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက် ရဲဟတ်ရိုင်မြို့တာဝန်ခံဦးဘရီကအခုလိုပြောပါတယ် ။

"အရင်ရက်က ၁၆ယောက်လောက်ဖမ်းထားတယ်။ ပထမနေ့ကပေါ့။ မနေ့ညကတော့၄၁ယောက်ကိုဖမ်းထားတယ်။ သူတို့ကတော့ မလေးရှားကိုသွားတဲ့လမ်းခရီးမှာဖမ်းမိတာပါ။ သူတိုကိုဖမ်းထားတဲ့ ရဲစခန်းမှာ ကျနော်သွားတွေ့တော့ သူတို့မှာလည်းအခက်အခဲတွေရှိတယ်။ အမျိုးသမီးဆိုလည်း အဝတ်အစားတွေမရှိဘူး။ အဲဒီအတွက် သူတို့အတွက် အဝတ်တွေသွားပေးတယ်။ လာတယ်။ နေစဉ်ရက်ဆက်ဖမ်းမိတယ်။ ဟိုရက်ကတော့ ရိုဟင်ဂျာ နဲ့ ဟိန္ဒူတွေ ၂၆ယောက်ကိုတွေ့ခဲ့တယ် ။ ဘန်ကလန်ရဲစခန်းမှာ ကျနော်ထမင်းသွားကျွေးရင်းနဲ့တွေ့ခဲ့တာပါ ။ အခု ကျနော်တို့ ဆုန်ခလာခရိုင်အတွင်းထဲမှာတော့ ရဲစခန်းတိုင်းမှာပြည့်နေတယ်။ ဖမ်းဆီးခံရသူတွေများတယ်။ ရဲစခန်း ၁၀မှာလူ၄၀၀နီးပါးရှိနေပြီအဲဒီမှာအားလုံးပြည့်နေတယ်"

ဖမ်းဆီးခံထားရတဲ့ မြန်မာတွေဟာ မြန်မာပြည်ထဲမှာ နိုင်ငံရေး မတည်ငြိမ်မူ့ စီးပွားရေးနဲ့ အလုပ်အခက်အခဲတွေ ရွာတွေမှာနေအိမ်တွေ မီးရှှို့ခံရတဲ့အတွက် အိမ်နီးနားချင်းနိုင်ငံတွေမှာရရာအလုပ်လုပ်ဖို့အတွက် ထွက်လာခဲ့ကြတာလို့လည်းဆိုပါတယ်။

"လာတာကတော့ တရက်ထက်တရက် ပိုများလာတယ်။ ဘယ်လောက်ပဲ ဖမ်းဖမ်းလာတာက ပိုများလာတယ်ဆိုတာ ရဲရဲတင်းတင်းကျနော်ပြောနိုင်တယ်။ ပြည်တွင်းပြသနာတွေကြောင့်ပဲ ။အခုက လူတွေကပြည်တွင်းမှ ာအိမ်ကိုရောင်းရင်ရောင်း မီးရှို့ခံရမယ့်အတူတူ အိမ်ကိုရောင်းပြီး ထိုင်းတို့မလေးရှားတို့ကို အသက်စွန်ပြီး ထွက်လာခဲ့ကြတာလို့ အချုပ်ထဲကလူတွေကပြောပြကြပါတယ်"

ပြီးခဲ့တဲ့ရက်ကတော့ ထိုင်းမြန်မာနယ်စပ် ရနောင်းပြည်နယ်ကနေ မလေးနယ်စပ်ကိုသွားမယ့် ကားတစီးဟာ စူရတ်ဌာနီပြည်နယ်ထဲမှာ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာပါလာတဲ့ အထောက်အထားမဲ့ မြန်မာ၂၀ကျော်ထိခိုက်ဒဏ်ရာတွေလည်းရခဲ့ပါတယ် ။

ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်စွာချထားြ့ပီး ဖမ်းဆီးနေပေမယ့် ထိုင်းမြန်မာနယ်စပ်ပြည်နယ် အသီးသီးကနေ နေ့စဉ်မြန်မာနိုင်ငံသားတွေဟာ အစုလိုက်အပြုံလိုက် ဝင်လာနေဆဲဖြစ်ပါတယ် ။

XS
SM
MD
LG