သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာေတြတင္ေဆာင္လာတဲ့ကား ထိုင္းတပ္ဖဲြ႕ပစ္ခတ္ဖမ္းဆီး


Myanmarese illegal migrant worker (မွတ္တမ္းဓါတ္ပုံ)

ထိုင္းျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္မွာ တရားမ၀င္ ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ကားတစီးဟာ စစ္ေဆးမူကို မခံပဲ ေမာင္းေျပးတာေႀကာင့္ ထုိင္းလံုျခံဳေရးတပ္ဖဲြ့ေတြက ေနာက္ကေန လုိက္လံပစ္ခတ္ ဖမ္းဆိီးမူျဖစ္ခဲ့ျပီး ကားေပၚမွာပါလာတဲ့ ျမန္မာ၉ဦး ဖမ္းခံရပါတယ္။ ဒီသတင္းကို ဗီြအုိေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

အေထာက္အထားမဲ့ ျမန္မာေတြတင္ေဆာင္လာတဲ့ကား ထိုင္းတပ္ဖဲြ႕ပစ္ခတ္ဖမ္းဆီး

{{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ ့အထြက္ စစ္ေဆးေရးဂိတ္မွာ တရားမ၀င္ ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ထရပ္ကားတစီးဟာ စစ္ေဆးမူကို မခံပဲ ေမာင္းေျပးတာေႀကာင့္ ထုိင္းလံုျခံဳေရးတပ္ဖဲြ့ေတြက ေနာက္ကေန လုိက္လံပစ္ခတ္ ဖမ္းဆိီးမူျဖစ္ခဲ့ျပီး ကားေပၚမွာပါလာတဲ့ ျမန္မာ၉ဦး ဖမ္းခံရပါတယ္။ ဒီ၃ရက္အတြင္းမွာပဲ ျပည္နယ္အသီးသီးမွာ အစုလိုက္ အျပံဳလိုက္ဖမ္းမိတဲ့ ျမန္မာႏို္င္ငံသား ၁၀၀ေက်ာ္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗီြအုိေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္ တာခ့္ျပည္နယ္ မဲေဆာက္ျမို့အထြက္ ဘန္ေကာက္ကိုတက္မဲ့လမ္းက စစ္ေဆးေရးဂိတ္မွာ လူေမွာင္ခို သယ္ေဆာင္လာတဲ့ ကားတစီးကို ထုိင္းလံုျခံု့ေရးတပ္ဖဲြေတြက စစ္ေဆးဖို့ တားဆီးခဲ့တာပါ။ ဇြန္လ၁၀ရက္ေန့ည ၁၀နာရီအခ်ိန္ေလာက္မွာ တရားမ၀င္ ျမန္မာေတြကို လူေမွာင္ခို သယ္ေဆာင္လာတဲ့ကားဟာ စစ္ေဆးတာကို မခံပဲ ေမာင္းေျပးတာေႀကာင့္ ပစ္ခတ္ဖမ္းဆီးမူေတြ ရွိေနတယ္လို့ AAC အလုပ္သမား ကူညီေရးအဖဲြ ့က အလုပ္သမားေရး တက္ႀကြလွဳပ္ရွားသူ ကုိရဲမင္း က အခုလိုေျပာျပပါတယ္ ။

"ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ ့အထြက္ ေဟြ့လ်ားအူး လို့ ေခၚတဲ့ ျမန္မာေတြကို စစ္ေဆးတဲ့ေနရာမွာ အဲဒီမွာအေထာက္အထားမဲ့ ျမန္မာႏို္င္ငံသားေတြကုိ သယ္ေဆာင္လာတဲ့ ထရပ္ကားတစီးကို မေန့ည ၁၀နာရီေလ ာက္က ပစ္ခတ္ဖမ္းဆီးခဲ့ပါတယ္ ။ အဲဒီမွာေတာ့ ကားသမားက စစ္ေဆးမခံတဲ့အတြက္ ပစ္ခတ္ဖမ္းဆိီးတာပါ။ အဲဒီမွာ ကားသမားကေတာ့ ထြက္ေျပးသြားတယ္ ။ အဲဒီကားမွာပါတဲ့ ျမန္မာနို္င္ငံသား၉ဦးကေတာ့ ဖမ္းဆိီးခံရတယ္လို့ ထုိင္းအာဏာပို္င္ေတြက ေျပာပါတယ္ ။ ဥပေဒအရ အေရးယူသြားမွာျဖစ္တယ္။ ကားနံပါတ္နဲ့ လူေမွာင္ခိုသမာေးတြကိုေတာ့ ေနာက္ဆက္တဲြ စစ္ေဆးေနပါတယ္"

ဇြန္လ ၈ရက္ေန့ကေန ၁၀ရက္ေန့အတြင္းမွာ ျမန္မာႏိုင္ငံသားေတြ အစုလိုက္အျပံုလိုက္ ဖမ္းမိတာဟာ လူ၁၀၀ေက်ာ္ရွိတယ္လို့လည္းဆိုပါတယ္ ။

"လူေမွာင္ခို ပိုေဆာင္တဲ့သူ ကားေမာင္းတဲ့၄ဦးနဲ့အတူ ျမန္မာနိုင္ငံသား ၃၉ဦးကိုေတာ့ ခ်ိဳင္နတ္ခရိုင္ထဲမွာ ဖမ္းမိတယ္။ သယ္ေဆာင္လာတဲ့ ကားေတြနဲ့အတူ လမ္းေႀကာင္းႀကည့္တဲ့ကား အရင္ဖမ္းမိျပီး ကား၄စီးနဲ့လာတဲ့သူေတြ အဖမ္းခံရတယ္။ စခံဘူရီျမိဳ ့ေနာင္လူျမိဳ ့မွာလည္း လူေမွာင္ခိုသမားေတြကိုေစာင့္ေနတဲ့ တရားမ၀င္ျမန္မာႏို္င္ငံသား ၁၈ဦးလည္း ဖမ္းမိတယ္။ ပရာက်ြတ္ခရိုင္ထဲမွာလည္း ျမန္မာႏုိ္င္ငံသား ၇၃ဦးဖမ္းမိတာလည္းရွိတယ္။ ကမ္ခ်နဘူရီျပည္နယ္ထဲမွာပဲ တရားမ၀င္ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ကားတစီး တိမ္းေမွာက္တာလည္းရွိတယ္ ။ ဒီရက္ပုိ္င္းမွာပဲ ျမန္မာေတြ ၁၀၀ေက်ာ္ဖမ္းမိပါတယ္"

အဖမ္းဆီးေတြ ဆက္တိုက္ရွိေနတဲ့ႀကားက ျမန္မာႏိုင္ငံသားေတြဟာ နယ္စပ္လမ္းေတြကေန တရားမ၀င္၀င္ေရာက္ေနဆဲ ျဖစ္ပါတယ္ ။ အခုဆုိရင္ အေထာက္အထားမဲ့ ျမန္မာေတြဟာ နည္းလမ္းေပါင္းစံုနဲ့ ထုိင္းႏို္င္ငံအတြင္းပုိင္းကို ၀င္ေရာက္ဖို့ႀကိဳးစားေနရာမွာ တခ်ိဳကေတာ့ ဟင္းသီးဟင္ရြက္ကားေတြထဲမွာ ပုန္းေအာင္းျပီး လိုက္ပါလာႀကတာမ်ိဳး တခ်ိဳကေတာ့ ေျပာင္းဖူးသယ္ေဆာင္တဲ့ကားေပၚမွာ လိုက္ပါလာရင္း အသက္ရူႀကပ္ေသဆံုးတာမ်ိဳး အခုလိုမ်ိဳး စစ္ေဆးေ၇းဂိတ္ကိုျဖတ္ျပီး ေမာင္းေျပးလို့ ပစ္ခတ္ခံရျပီး ေသဆံုးရတာ ကားတိမ္းေမွာက္ျပီး ေသဆံုဒဏ္ရာရတာမ်ိဳးေတြလည္းျဖစ္ေပၚေနတာပါတယ္။

၂၀၂၂ခုႏွစ္ထဲမွာပဲ အလုပ္အကုိင္ရွာေဖြဖို့ လာႀကတဲ့ျမန္မာေတြ ေသာင္းဂဏန္းနဲ့ ဖမ္းဆီးခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

............................................

အထောက်အထားမဲ့ မြန်မာတွေတင်ဆောင်လာတဲ့ကား ထိုင်းတပ်ဖွဲ့ပစ်ခတ်ဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတစီးဟာ စစ်ဆေးမူကို မခံပဲ မောင်းပြေးတာကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နောက်ကနေ လိုက်လံပစ်ခတ် ဖမ်းဆီးမူဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာ၉ဦး ဖမ်းခံရပါတယ်။ ဒီ၃ရက်အတွင်းမှာပဲ ပြည်နယ်အသီးသီးမှာ အစုလိုက် အပြုံလိုက်ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ့်ပြည်နယ် မဲဆောက်မြို့အထွက် ဘန်ကောက်ကိုတက်မဲ့လမ်းက စစ်ဆေးရေးဂိတ်မှာ လူမှောင်ခို သယ်ဆောင်လာတဲ့ ကားတစီးကို ထိုင်းလုံခြုံ့ရေးတပ်ဖွဲတွေက စစ်ဆေးဖို့ တားဆီးခဲ့တာပါ။ ဇွန်လ၁၀ရက်နေ့ည ၁၀နာရီအချိန်လောက်မှာ တရားမဝင် မြန်မာတွေကို လူမှောင်ခို သယ်ဆောင်လာတဲ့ကားဟာ စစ်ဆေးတာကို မခံပဲ မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးမူတွေ ရှိနေတယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ကိုရဲမင်း က အခုလိုပြောပြပါတယ် ။

"ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အထွက် ဟွေ့လျားအူး လို့ ခေါ်တဲ့ မြန်မာတွေကို စစ်ဆေးတဲ့နေရာမှာ အဲဒီမှာအထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ထရပ်ကားတစီးကို မနေ့ည ၁၀နာရီလေ ာက်က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ် ။ အဲဒီမှာတော့ ကားသမားက စစ်ဆေးမခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးတာပါ။ အဲဒီမှာ ကားသမားကတော့ ထွက်ပြေးသွားတယ် ။ အဲဒီကားမှာပါတဲ့ မြန်မာနိုင်ငံသား၉ဦးကတော့ ဖမ်းဆီးခံရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ် ။ ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်။ ကားနံပါတ်နဲ့ လူမှောင်ခိုသမာေးတွကိုတော့ နောက်ဆက်တွဲ စစ်ဆေးနေပါတယ်"

ဇွန်လ ၈ရက်နေ့ကနေ ၁၀ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဖမ်းမိတာဟာ လူ၁၀၀ကျော်ရှိတယ်လို့လည်းဆိုပါတယ် ။

"လူမှောင်ခို ပိုဆောင်တဲ့သူ ကားမောင်းတဲ့၄ဦးနဲ့အတူ မြန်မာနိုင်ငံသား ၃၉ဦးကိုတော့ ချိုင်နတ်ခရိုင်ထဲမှာ ဖမ်းမိတယ်။ သယ်ဆောင်လာတဲ့ ကားတွေနဲ့အတူ လမ်းကြောင်းကြည့်တဲ့ကား အရင်ဖမ်းမိပြီး ကား၄စီးနဲ့လာတဲ့သူတွေ အဖမ်းခံရတယ်။ စခံဘူရီမြို့နောင်လူမြို့မှာလည်း လူမှောင်ခိုသမားတွေကိုစောင့်နေတဲ့ တရားမဝင်မြန်မာနိုင်ငံသား ၁၈ဦးလည်း ဖမ်းမိတယ်။ ပရာကျွတ်ခရိုင်ထဲမှာလည်း မြန်မာနိုင်ငံသား ၇၃ဦးဖမ်းမိတာလည်းရှိတယ်။ ကမ်ချနဘူရီပြည်နယ်ထဲမှာပဲ တရားမဝင်မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်တာလည်းရှိတယ် ။ ဒီရက်ပိုင်းမှာပဲ မြန်မာတွေ ၁၀၀ကျော်ဖမ်းမိပါတယ်"

အဖမ်းဆီးတွေ ဆက်တိုက်ရှိနေတဲ့ကြားက မြန်မာနိုင်ငံသားတွေဟာ နယ်စပ်လမ်းတွေကနေ တရားမဝင်ဝင်ရောက်နေဆဲ ဖြစ်ပါတယ် ။ အခုဆိုရင် အထောက်အထားမဲ့ မြန်မာတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ဖို့ကြိုးစားနေရာမှာ တချိုကတော့ ဟင်းသီးဟင်ရွက်ကားတွေထဲမှာ ပုန်းအောင်းပြီး လိုက်ပါလာကြတာမျိုး တချိုကတော့ ပြောင်းဖူးသယ်ဆောင်တဲ့ကားပေါ်မှာ လိုက်ပါလာရင်း အသက်ရူကြပ်သေဆုံးတာမျိုး အခုလိုမျိုး စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး မောင်းပြေးလို့ ပစ်ခတ်ခံရပြီး သေဆုံးရတာ ကားတိမ်းမှောက်ပြီး သေဆုံဒဏ်ရာရတာမျိုးတွေလည်းဖြစ်ပေါ်နေတာပါတယ်။

၂၀၂၂ခုနှစ်ထဲမှာပဲ အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာတွေ သောင်းဂဏန်းနဲ့ ဖမ်းဆီးခံနေရပါတယ်။

XS
SM
MD
LG