သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်သူ အပါအဝင် အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ 


ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားများဖမ်းဆီးခံရစဉ်
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားများဖမ်းဆီးခံရစဉ်

ထိုင်းနိုင်ငံ၊ ကမ်ချနဘူရီပြည်နယ်၊ ထုံဖာပွန် မြိုနယ်ထဲမှာ တရားမဝင် မြန်မာတွေသယ်ဆောင်လာတဲ့ ကားတစီးကို ရဲ၊ စစ်တပ်၊ နယ်မြေအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးရာကနေ ကားကမောင်းပြေးတာကြောင့် လိုက်လံဖမ်းဆီးမူတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ကိုဗစ်ကူးစက်သူ အပါအဝင် အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် ထောင်ဖာပွန်မြို့နယ်မှာ မသင်္ကာဖွယ်ရာ ကားတစင်းကို ဒေသခံအာဏာပိုင်တွေ တားဆီးစစ်ဆေးရာမှာ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာက အထောက်အထားမဲ့ မြန်မာတွေ တင်ဆောင်လာတာ တွေ့ရှိခဲ့ပါတယ်။ ကားအနောက်ခန်းထဲမှာ အလုံပိတ် တင်ဆောင်လာတဲ့ မြန်မာ ၁၅ ဦးအနက် ၂ ဦးဟာ ကိုဗစ်ရောဂါ ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံ ၊ ကမ်ချနဘူရီပြည်နယ်၊ ထုံဖာပွန်မြို့နယ်ထဲမှာ တရားမဝင် မြန်မာတွေ သယ်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ ရဲစစ်ဆေးမူတွေကိုမခံပဲ မောင်းပြေးခဲ့တာပါ။ ဒီနောက် အာဏာပိုင်တွေက နောက်ကနေ လိုက်လံဖမ်းဆီးတာကြောင့် ကားသမားနဲ့ ကားပေါ်မှာပါလာတဲ့ မြန်မာတွေ ဖမ်းမိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦ းက အခုလိုပြောပါတယ်။

" ကားထဲမှာ ကုန်တင်ကားပေါ့ ။ ပစ်ကပ်ကားကို နှစ်ထပ်လုပ်ပြီး လူတွေကို ပြည့်သိတ်ပြီး အဲဒီထဲမှ ာခေါ်တင်လာတာပါ။ ခေါ်လာတာကို အဖွဲ့စုံက သတင်းရတာပေါ့နော်။ သတင်းရတဲ့ အခါကျတော့ စနေ နေ့ မနက်အစောကြီးမှာ အဲဒီနေရာကို ဟွေ့ကဲရောက်လို့ ခေါ်တာပေါ့ ။ ထုံဖာဖွန်အပိုင်မှာ သူတို့ကားကို ရပ်ခိုင်းတာကို မောင်းပြေးကြတယ်။ နောက်မှာ သူတို့ကားကို တနေရာမှာမိတေ့ာ စစ်တော့ ကားထဲမှာ လူ၁၅ ယောက်ကိုမိတယ် ဒရိုက်ဘာကိုလည်းမိတယ်"

ဖမ်းမိတဲ့ မြန်မာတွေထဲမှာ ကိုဗစ်ကပ် ရောဂါပိုးတွေရှိသူ ၂ဦးရှိတာကြောင့် ထုံဖာဖွန်ဆေးရုံကို ပို့ပြီးကုသနေရတယ်လို့လည်း ဦးမင်းဦး က ဆိုပါတယ် ။

"အားလုံးထဲမှာ ၂ယောက်က ကိုဗစ်ဖြစ်နေတာတွေ့ရတယ်။ ATK နဲ့ ပဲစစ်တာ။ သူတို့ကို ထုံဖာပွန်ဆေးရုံကိုပို့ပြီး ကျန်တဲ့ လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်တာပေါ့။ သူတိုကတော့ အများစု ရန်ကုန်နဲ့ မော်လမြိုင်ဘက်ကနေ လာကြတာ။ ပွဲစားကတော့ ရတ်ဘူရီကနေ ချုံဖွန်မှ ာအလုပ်ရမယ်ဆိုပြီး ပွဲစားခ ၂သောင်းခွဲပေးပြီး တက်လာကြတာပါ"

အခု ဆိုရင် စက်တင်ဘာလထဲမှာပဲ ထိုင်းတောင်ပိုင်းမှာ အစုလိုက် အပြုံလိုက် ဖမ်းမီတာ ၅ကြိမ်လောက်ရှိသွားပြီ ဖြစ်သလို လုံခြုံရေး စစ်ဆေးမူကိုမခံယူပဲ ထွက်ပြေးတာတွေကြောင့် ကားတိမ်းမှောက်တာတွေလည်း မကြာခနဖြစ်နေပါတယ် ။

ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ် လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်များ လုပ်ပေးနေတဲ့ကာလဖြစ်တာကြောင့် မြန်မာပြည်တွင်းက အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ နေ့စဉ်နယ်စပ်လမ်းတွေကနေ ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

09-19-22 (15)Myanmar Trafficking Case (AAM).mp3
please wait

No media source currently available

0:00 0:02:03 0:00
တိုက်ရိုက် လင့်ခ်

.................................................


{{Zawgyi/Unicode}}








XS
SM
MD
LG