သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ ဝင္ေရာက္သူ ျမန္မာ ၈ဝ ခန္႔ နဲ႔ လူပဲြစားေတြ ထိုင္းရဲဖမ္းဆီး


အေထာက္အထားမဲ႔ ဝင္ေရာက္သူ ျမန္မာ ၈၀ ခန္႔ နဲ႔ လူပဲြစားေတြ ထိုင္းရဲဖမ္းဆီး

ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲလမ ျမိဳနယ္ထဲမွာ လူကုန္ကူးသမားေတြ ၀င္ေရာက္လာမယ္ဆုိတာကို သတင္္းရတဲ့အတြက္ ထိုင္းအာဏာပုိင္ေတြက ေစာင့္ျပီး ဖမ္းဆီးရာမွာ ကား၂စီးနဲ႔လာတဲ့ ျမန္မာႏိုင္ငံသား ၁၅ေယာက္ကို ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

အေထာက္အထားမဲ႔ ဝင္ေရာက္သူ ျမန္မာ ၈ဝ ခန္႔ နဲ႔ လူပဲြစားေတြ ထိုင္းရဲဖမ္းဆီး

{{Zawgyi/Unicode}}
ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲလမ ျမိဳနယ္ထဲမွာ လူကုန္ကူးသမားေတြ ၀င္ေရာက္လာမယ္ဆုိတာကို သတင္္းရတဲ့အတြက္ ထိုင္းအာဏာပုိင္ေတြက ေစာင့္ျပီး ဖမ္းဆီးရာမွာ ကား၂စီးနဲ႔လာတဲ့ ျမန္မာႏိုင္ငံသား ၁၅ေယာက္ကို ဖမ္းမိခဲ့ပါတယ္။ စက္တင္ဘာ ၁၃ရက္ေန႔ကေန ၁၅ရက္ေန႔အထိ ကမ္ခ်နဘူရီျပည္နယ္ နဲ႔ တာ့ခ္ျပည္နယ္ထဲမွာ ျမန္မာ၈၀ေလာက္ အစုလိုက္ အျပံုလိုက္ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ထုိင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲလမျမိဳ႔နယ္ထဲမွာ စက္တင္ဘာ၁၅ရက္ေန႔ ညက လူကုန္ကူးသမားေတြဟာျမန္မာႏို္င္ငံသားေတြကို သယ္ေဆာင္လာမယ္လို႔ သတင္းရတာေႀကာင့္ ထိုင္းအမွတ္(၃၅)နယ္ျခားေစာင့္တပ္က ေစာင့္ျပီးဖမ္းဆီးခဲ့ရာမွာ ကား၂စီးနဲ႔ လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ ျမန္မာႏို္င္ငံသား ၁၅ဦးကို ဖမ္းမိခဲ့တယ္လို႔ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမူေကာ္မတီရဲ႕ ဥကၠဌ ဦးမုိးႀကိဳး က အခုလိုေျပာပါတယ္။

" တာ၀န္ရွိတဲ့သူေတြက သတင္းရတာေႀကာင့္ အမွတ္ (၃၅) နယ္ျခားေစာင့္တပ္ေတြက ႀကိဳတင္ ေစာင့္ဆုိင္းတယ္။ မသကၤာစရာ ကားတစီးက Ban Sam Muen ဘန္ ့စန္မင္ ဆုိတဲ့ ကာလမ္းမေပၚမွာ ေမာင္းႏွင္လာတာကို တားဆီးစစ္ေဆး ဖမ္းမိတယ္။ အဲဒီကားေပၚမွာ ေယာက္က်ာေလး ၉ေယာက္၊ မိန္းကေလး ၆ေယာက္၊ စုစုေပါင္း ျမန္မာ ၁၅ေယာက္ဖမ္းမိတယ္။ ေနာက္ထပ္ မယ္လမ ျမိဳနယ္ထဲမွာ ဆုိင္ကယ္ ၅စီးကို စစ္ေဆးခဲ့ရာမွာ ေယာက္က်ားေလး ၁ေယာက္နဲ႔ မိန္းကေလး ၆ေယာက္ စုစုေပါင္း ၇ ေယာက္ကုိဖမ္းမိခဲ့တယ္"

အခုဆိုရင္ စက္တင္ဘာလ ၁၃ရက္ေန႔ကေန ၁၅ရက္ေန႔အထိ ၃ရက္အတြင္း ျမန္မာႏိုင္ငံသား ၈၀ေလာက္ အစုလိုက္ အျပံဳလိုက္ ဖမ္းမိခဲ့တယ္လို႔ လည္းေျပာပါတယ္။

" စက္တင္ဘာလ ၁၃ ရက္ေန႔ နဲ႔ ၁၄ရက္ေန႔ေတြမွာ ထိုင္းနဲ႔မြန္ျပည္နယ္ နယ္စပ္ ကမ္ခ်နဘူရီျပည္နယ္ထဲမွာ တရားမ၀င္ ျမန္မာ ၅၉ေယာက္နဲ႔ လူပဲြစား ၅ေယာက္ကုိ ဖမ္းမိခဲ့တယ္။ အဲဒါေႀကာင့္ စက္တင္ဘာလ ၁၃၊ ၁၄၊ ၁၅ရက္ေန႔ေတြမွာ ထိုင္းႏုိင္ငံ ရဲ႔ နယ္စပ္ ၀င္ေပါက္ ၂ခုမွာ လူကုန္ကူးတဲ့ပဲြစား၅ဦးနဲ႔ ျမန္မာႏိုင္ငံသား ၈၀ေလာက္ကုိ လံုျခံဳေရးတပ္ဖဲြ ့ေတြက ဖမ္းမိတယ္"

မဲ့လမျမိဳနယ္ထဲမွာေတာ့ ျမန္မာႏို္င္ငံသားေတြကုိ သယ္ေဆာင္လာတဲ့ ကားေမာင္းသမားေတြကေတာ့ ထြက္ေျပးသြားတဲ့အတြက္ ကားပိုင္ရွင္ေတြကို စံုစမ္းျပီး စစ္ေဆးမူေတြ လုပ္ေနတယ္လို႔လည္း အာဏာပုိ္င္ေတြ က ဆိုပါတယ္။ ထြက္ေျပးသြားတဲ့ ကားေမာင္းသမားေတြကုိလည္း ဖမ္းဆီးႏုိင္္ဖို႔ လူကုန္ကူးတဲ့ ဂိုဏ္းကိုလည္း ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အာဏာပုိ္င္ေတြက သတင္းထုတ္ျပန္ခဲ႔ပါတယ္ရွင္ ။

တိုက္႐ိုက္ လင့္ခ္

........................................................

အထောက်အထားမဲ့ ဝင်ရောက်သူ မြန်မာ ၈၀ ခန့် နဲ့ လူပွဲစားတွေ ထိုင်းရဲဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲလမ မြိုနယ်ထဲမှာ လူကုန်ကူးသမားတွေ ဝင်ရောက်လာမယ်ဆိုတာကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေက စောင့်ပြီး ဖမ်းဆီးရာမှာ ကား၂စီးနဲ့လာတဲ့ မြန်မာနိုင်ငံသား ၁၅ယောက်ကို ဖမ်းမိခဲ့ပါတယ်။ စက်တင်ဘာ ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ ကမ်ချနဘူရီပြည်နယ် နဲ့ တာ့ခ်ပြည်နယ်ထဲမှာ မြန်မာ၈၀လောက် အစုလိုက် အပြုံလိုက်ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲလမမြို့နယ်ထဲမှာ စက်တင်ဘာ၁၅ရက်နေ့ ညက လူကုန်ကူးသမားတွေဟာမြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာမယ်လို့ သတင်းရတာကြောင့် ထိုင်းအမှတ်(၃၅)နယ်ခြားစောင့်တပ်က စောင့်ပြီးဖမ်းဆီးခဲ့ရာမှာ ကား၂စီးနဲ့ လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၅ဦးကို ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုး က အခုလိုပြောပါတယ်။

" တာဝန်ရှိတဲ့သူတွေက သတင်းရတာကြောင့် အမှတ် (၃၅) နယ်ခြားစောင့်တပ်တွေက ကြိုတင် စောင့်ဆိုင်းတယ်။ မသင်္ကာစရာ ကားတစီးက Ban Sam Muen ဘန့်စန်မင် ဆိုတဲ့ ကာလမ်းမပေါ်မှာ မောင်းနှင်လာတာကို တားဆီးစစ်ဆေး ဖမ်းမိတယ်။ အဲဒီကားပေါ်မှာ ယောက်ကျာလေး ၉ယောက်၊ မိန်းကလေး ၆ယောက်၊ စုစုပေါင်း မြန်မာ ၁၅ယောက်ဖမ်းမိတယ်။ နောက်ထပ် မယ်လမ မြိုနယ်ထဲမှာ ဆိုင်ကယ် ၅စီးကို စစ်ဆေးခဲ့ရာမှာ ယောက်ကျားလေး ၁ယောက်နဲ့ မိန်းကလေး ၆ယောက် စုစုပေါင်း ၇ ယောက်ကိုဖမ်းမိခဲ့တယ်"

အခုဆိုရင် စက်တင်ဘာလ ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ ၃ရက်အတွင်း မြန်မာနိုင်ငံသား ၈၀လောက် အစုလိုက် အပြုံလိုက် ဖမ်းမိခဲ့တယ်လို့ လည်းပြောပါတယ်။

" စက်တင်ဘာလ ၁၃ ရက်နေ့ နဲ့ ၁၄ရက်နေ့တွေမှာ ထိုင်းနဲ့မွန်ပြည်နယ် နယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၅၉ယောက်နဲ့ လူပွဲစား ၅ယောက်ကို ဖမ်းမိခဲ့တယ်။ အဲဒါကြောင့် စက်တင်ဘာလ ၁၃၊ ၁၄၊ ၁၅ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ရဲ့ နယ်စပ် ဝင်ပေါက် ၂ခုမှာ လူကုန်ကူးတဲ့ပွဲစား၅ဦးနဲ့ မြန်မာနိုင်ငံသား ၈၀လောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိတယ်"

မဲ့လမမြိုနယ်ထဲမှာတော့ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ကားမောင်းသမားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ကားပိုင်ရှင်တွေကို စုံစမ်းပြီး စစ်ဆေးမူတွေ လုပ်နေတယ်လို့လည်း အာဏာပိုင်တွေ က ဆိုပါတယ်။ ထွက်ပြေးသွားတဲ့ ကားမောင်းသမားတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ လူကုန်ကူးတဲ့ ဂိုဏ်းကိုလည်း ဖော်ထုတ်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင် ။

XS
SM
MD
LG