သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံအတြင္း ကားေမွာက္မႈေၾကာင့္ အေထာက္အထားမဲ့ ျမန္မာ ၄ ဦး ေသဆုံး


ဓါတ္ပံု - ထိုင္းလူမူ႔ကယ္ဆယ္ေရးအဖြဲ႔

ထိုင္းႏိုင္ငံ၊ စံခရဘူရီ ျပည္နယ္ထဲက အေဝးေျပးလမ္းမႀကီးမွာ အေထာက္အထားမဲ့ ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ကားတစီး ၾသဂုတ္လ၂၈ ရက္၊ ဒီေန႔မနက္ အေစာပိုင္းမွာ ကားတိမ္းေမွာက္ခဲ့တာေၾကာင့္ တရားမဝင္ျမန္မာအလုပ္သမား (၄) ဦး၊ ေသဆုံးၿပီး (၉) ဦး ျပင္းထန္တဲ့ဒဏ္ရာ ရခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ၊ စံခရဘူရီျပည္နယ္ထဲမွာ ၾသဂုတ္လ၂၈ ရက္ေန႔ မနက္ ၄ နာရီေက်ာ္အခ်ိန္မွာပဲ၊ ကားတစီးတိမ္းေမွာက္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံသား ၄ ဦး ေသဆုံးခဲ့ၿပီး၊ ၉ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေရာင္ျခည္ဦးအလုပ္သမားအဖြဲ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးေက်ာ္က ေျပာပါတယ္။

"စံခရဘူရီ အေဝးေျပးကားလမ္းမႀကီးေပၚမွာ ကားတိမ္းေမွာက္မူ႔မွာပါသြားတဲ့ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ ေကတာ့ေသဆုံးတယ္။ ၉ ဦးကေတာ့ ဒဏ္ရာရတယ္။ ဒဏ္ရာရသူေတြကို ပရဟိဟအဖြဲ႔အစည္းေတြကေတာ့ စံခရဘူရီ ေဆး႐ုံႀကီးကို ပို႔ေဆာင္တာ ရွိပါတယ္။ ေသဆုံး ဒဏ္ရာရသူေတြရဲ႕ အေၾကာင္းအခ်က္ေတြကို ဘန္ေကာက္က မူးခင္းအဖြဲ႔ေတြဆီကို တာဝန္ရွိတဲ့ရဲစခန္းကေန ေပးပို႔တာရွိတယ္။ အဲဒါကေနတဆင့္ သူတို႔ ဘယ္သူေတြ ဘယ္ဝါေတြကို ေဖာ္ထုတ္စုံစမ္းတာေတြ လုပ္ဖို႔ေတြ ရွိပါတယ္။"

လမ္းေဘးကို ကားတိမ္းေမွာက္မူ႔အၿပီးမွာေတာ့ ကားေမာင္းသမားနဲ႔အတူ ကားေပၚမွာပါလာသူတဦး ထြက္ေျပးသြားေၾကာင္း ကားေပၚပါလာသူေတြကေတာ့ တရားမဝင္ ေအထာက္အထားမဲ့ေတြ ျဖစ္တယ္လို႔လည္း ဦးမိုးေက်ာ္က ဆိုပါတယ္ု။

"ကားေမာင္းသမားကလည္း ထြက္ေျပးေနရတယ္။ ကယ္ဆယ္ေရးသမားေတြေကာ စုံစမ္းစစ္ေဆးသူေတြဆီက သိရတာကေတာ့ ကားေပၚမွာ ပါလာသူေတြထဲက ေသဆုံးသူေတြေကာ၊ ဒဏ္ရာရသူေတြေကာ အားလံုးက ေအထာက္အထား တစံုတရာမ႐ိွၾကဘူးလို႔ သိရပါတယ္။"

ကားေမာင္းသူကို ဖမ္းမမိေသးေၾကာင္း ကားေမာင္းသူ ထြက္ေျပးသြားေၾကာင္း Sangkhlaburi ရဲစခန္းက ရဲမႉးႀကီး Thanakorn Rodruang ကလည္း သတင္းေထာက္ေတြကို ေျပာပါတယ္။

ထိုင္းႏိုင္ငံ နကြန္စီဌာမရတ္ျပည္နယ္ထဲမွာလည္း ၾသဂုတ္လ ၁၇ ရက္ေန႔က တရားမဝင္ ျမန္မာ ၃၀ ေက်ာ္ကို တင္လာတဲ့ကား တိမ္းေမွာက္တာေၾကာင့္ ျမန္မာ ၃ ဦး ပြဲခ်င္းၿပီး ေသဆံုးၿပီး ၄ ဦးက ျပင္းထန္တဲ့ဒဏ္ရာေတြ ရခဲ့ပါတယ္။

ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြ သယ္ေဆာင္လာတဲ့ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တိုက္မူေတြျဖစ္ၿပီး မၾကာခန ေသဆုံးဒဏ္ရာရမူေတြလည္း ျဖစ္ပြားေနပါတယ္။

=== Unicode ====

ထိုင်းနိုင်ငံ၊ စံခရဘူရီ ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီးမှာ အထောက်အထားမဲ့ မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီး သြဂုတ်လ၂၈ ရက်၊ ဒီနေ့မနက် အစောပိုင်းမှာ ကားတိမ်းမှောက်ခဲ့တာကြောင့် တရားမဝင်မြန်မာအလုပ်သမား (၄) ဦး၊ သေဆုံးပြီး (၉) ဦး ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက မေအးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ စံခရဘူရီပြည်နယ်ထဲမှာ သြဂုတ်လ၂၈ ရက်နေ့ မနက် ၄ နာရီကျော်အချိန်မှာပဲ၊ ကားတစီးတိမ်းမှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး၊ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်က ပြောပါတယ်။

စံခရဘူရီ အဝေးပြေးကားလမ်းမကြီးပေါ်မှာ ကားတိမ်းမှောက်မူ့မှာပါသွားတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ကေတာ့သေဆုံးတယ်။ ၉ ဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ပရဟိဟအဖွဲ့အစည်းတွေကတော့ စံခရဘူရီ ဆေးရုံကြီးကို ပို့ဆောင်တာ ရှိပါတယ်။ သေဆုံး ဒဏ်ရာရသူတွေရဲ့ အကြောင်းအချက်တွေကို ဘန်ကောက်က မူးခင်းအဖွဲ့တွေဆီကို တာဝန်ရှိတဲ့ရဲစခန်းကနေ ပေးပို့တာရှိတယ်။ အဲဒါကနေတဆင့် သူတို့ ဘယ်သူတွေ ဘယ်ဝါတွေကို ဖော်ထုတ်စုံစမ်းတာတွေ လုပ်ဖို့တွေ ရှိပါတယ်။

လမ်းဘေးကို ကားတိမ်းမှောက်မူ့အပြီးမှာတော့ ကားမောင်းသမားနဲ့အတူ ကားပေါ်မှာပါလာသူတဦး ထွက်ပြေးသွားကြောင်း ကားပေါ်ပါလာသူတွေကတော့ တရားမဝင် အေထာက်အထားမဲ့တွေ ဖြစ်တယ်လို့လည်း ဦးမိုးကျော်က ဆိုပါတယ်ု။

ကားမောင်းသမားကလည်း ထွက်ပြေးနေရတယ်။ ကယ်ဆယ်ရေးသမားတွေကော စုံစမ်းစစ်ဆေးသူတွေဆီက သိရတာကတော့ ကားပေါ်မှာ ပါလာသူတွေထဲက သေဆုံးသူတွေကော၊ ဒဏ်ရာရသူတွေကော အားလုံးက အေထာက်အထား တစုံတရာမရှိကြဘူးလို့ သိရပါတယ်။

ကားမောင်းသူကို ဖမ်းမမိသေးကြောင်း ကားမောင်းသူ ထွက်ပြေးသွားကြောင်း Sangkhlaburi ရဲစခန်းက ရဲမှူးကြီး Thanakorn Rodruang ကလည်း သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံ နကွန်စီဌာမရတ်ပြည်နယ်ထဲမှာလည်း သြဂုတ်လ ၁၇ ရက်နေ့က တရားမဝင် မြန်မာ ၃၀ ကျော်ကို တင်လာတဲ့ကား တိမ်းမှောက်တာကြောင့် မြန်မာ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေ သယ်ဆောင်လာတဲ့ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မူတွေဖြစ်ပြီး မကြာခန သေဆုံးဒဏ်ရာရမူတွေလည်း ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG