သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗီဇာသက္တမ္းတိုးေပးေရး လိမ္လည္မႈနဲ႔ ျမန္မာပြဲစားကို ထိုင္းေရာက္ ျမန္မာအလုပ္သမားေတြ တရားစြဲ


ထိုင္းေရာက္ ျမန္မာအလုပ္သမားမ်ား။ (စက္တင္ဘာ ၁၄၊ ၂၀၂၂)

ထိုင္းႏိုင္ငံ၊ စမုပရာကမ္ျပည္နယ္အတြင္းက ျမန္မာအလုပ္သမားေတြဟာ သူတို႔ရဲ႕ အလုပ္လက္မွတ္ေတြနဲ႔ ဗီဇာေတြ သက္တမ္းတိုးေပးဖို႔အတြက္ ျမန္မာပဲြစားအမ်ိဳးသမီး တဦးကုိ လုပ္ေဆာင္ခိုင္းရာကေန ပဲြစားက လိမ္လည္သြားတာေႀကာင့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၃ ဦးဟာ ထုိင္းေရွ႕ေနနဲ႔ အတူ Samrong Tai ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏို္င္ငံ စမုပရာကမ္ျပည္နယ္အတြင္းမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏို္င္ငံသား ေရႊ႕ေျပာင္းအလုပ္သမား ၃၀ ေက်ာ္ဟာ ပဲြစားကေနတဆင့္ ႏိုင္ငံကူးလက္မွတ္ကို သက္တမ္းတုိးတာ ဗီဇာလုပ္တာေတြ လုပ္ခဲ့ရာမွာ တဦးကို ဘတ္ေငြ ၁၀,၀၀၀ ထိေပးရေပမဲ့ ပဲြစားက လိမ္လည္ျပီး ထြက္ေျပးသြားတဲ့အတြက္ အဲဒီထဲက အလုပ္သမား ၁၃ ဦးက ေရွ႕ေနနဲ႔အတူ အမႈဖြင့္ခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ ေရွ႕ေန Mr.Krisada Trisanputtachart က သတင္းေထာက္ေတြကို အခုလို ေျပာသြားပါတယ္။

သူေျပာသြားတာကေတာ့ လိမ္လည္ခံရတဲ့ ျမန္မာအလုပ္သမားေတြက အကူညီေတာင္းခံလာတဲ့အတြက္ ရဲစခန္းမွာ အမႈလာဖြင့္ေပးတာပါ။ ျမန္မာအလုပ္သမားေတြဟာ သူတို႔ရဲ႕ ေခ်ြးနည္းစာ လခေတြနဲ႔ ျမန္မာျပည္က မိသားစုေတြဆီကုိ ျပန္ပို႔ေပးေနရတာပါ။ အခုလိုလိမ္လည္ခံရတာေၾကာင့္ သူတို႔အမ်ားႀကီး ဒုကၡေရာက္ပါတယ္လို႔ ထိုင္းဘာသာနဲ႔ ေျပာသြားပါတယ္။

ထိုင္းေရာက္ ျမန္မာအလုပ္သမားမ်ား။ (စက္တင္ဘာ ၁၄၊ ၂၀၂၂)
ထိုင္းေရာက္ ျမန္မာအလုပ္သမားမ်ား။ (စက္တင္ဘာ ၁၄၊ ၂၀၂၂)

စက္တင္ဘာလ ၁၃ ရက္ေန႔ မနက္ ၁၁ နာရီေလာက္က စမုပရာကမ္ျပည္နယ္ Samrong Tai စံရြန္တိုင္ရဲစခန္းကို ေရွ႕ေန Krisada Trisarnputthachart နဲ႔ အတူ ျမန္မာအလုပ္သမားေတြ ကုိယ္တိုင္လိုက္ပါလာျပီး အမႈဖြင့္ခဲ့ပါတယ္။

ေရွ႕ေနကေတာ့ ဒီအမႈဟာ လိမ္လည္မႈျဖစ္တယ္။ ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား ထိခိုက္နစ္နာခဲ့ရတယ္။ တဦးကို ဘတ္ေငြ ေသာင္းနဲ႔ခ်ီ ေပးေဆာင္ရၿပီး အလုပ္လုပ္ခြင့္အတြက္ မွတ္ပုံတင္တာေတြ ဗီဇာသက္တမ္းတုိးတာေတြ လုပ္ေဆာင္တာမ်ိဳးမရွိဘဲ လိမ္လည္ျပီး ေငြေတာင္းထားတာပါ။ ဒီပဲြစားဟာ တျခားသူေတြကို ထပ္ျပီး လိမ္လည္လွည့္ဖ်ားမႈ မရွိေစဖို႔အတြက္ အျမန္ဆံုးဖမ္းဆီးေပးဖို႔ တရားဥပေဒအေရ အေရးယူေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္ဆိုျပီး အာဏာပိုင္ေတြကို ေျပာဆုိသြားပါတယ္။ ဒီအမႈဟာ ျမန္မာႏိုင္ငံသူ မစမ္း၀င္းဆုိသူက ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃၃ ဦးကို တဦးကို ဘတ္ေငြ ၁၀,၀၀၀ စီနဲ႔ လိမ္လည္ထားတဲ့အမႈျဖစ္ျပီး အလုပ္သမားေတြက အလုပ္လုပ္ခြင့္လက္မွတ္နဲ႔ ဗီဇာသက္တမ္းတိုးဖို႔အတြက္ ေငြေတြ လဲႊေပးျပီးခါမွ လိမ္လည္သြားတာျဖစ္တယ္လို႔လည္း အလုပ္သမားေတြက ရဲစခန္းမွာ ထြက္ဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗီဇာသက်တမ်းတိုးပေးရေး လိမ်လည်မှုနဲ့ မြန်မာပွဲစားကို ထိုင်းရောက် မြန်မာအလုပ်သမားတွေ တရားစွဲ

ထိုင်းနိုင်ငံ၊ စမုပရာကမ်ပြည်နယ်အတွင်းက မြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ အလုပ်လက်မှတ်တွေနဲ့ ဗီဇာတွေ သက်တမ်းတိုးပေးဖို့အတွက် မြန်မာပွဲစားအမျိုးသမီး တဦးကို လုပ်ဆောင်ခိုင်းရာကနေ ပွဲစားက လိမ်လည်သွားတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးဟာ ထိုင်းရှေ့နေနဲ့ အတူ Samrong Tai ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမုပရာကမ်ပြည်နယ်အတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ဟာ ပွဲစားကနေတဆင့် နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးတာ ဗီဇာလုပ်တာတွေ လုပ်ခဲ့ရာမှာ တဦးကို ဘတ်ငွေ ၁၀,၀၀၀ ထိပေးရပေမဲ့ ပွဲစားက လိမ်လည်ပြီး ထွက်ပြေးသွားတဲ့အတွက် အဲဒီထဲက အလုပ်သမား ၁၃ ဦးက ရှေ့နေနဲ့အတူ အမှုဖွင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရှေ့နေ Mr.Krisada Trisanputtachart က သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

သူပြောသွားတာကတော့ လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမားတွေက အကူညီတောင်းခံလာတဲ့အတွက် ရဲစခန်းမှာ အမှုလာဖွင့်ပေးတာပါ။ မြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ ချွေးနည်းစာ လခတွေနဲ့ မြန်မာပြည်က မိသားစုတွေဆီကို ပြန်ပို့ပေးနေရတာပါ။ အခုလိုလိမ်လည်ခံရတာကြောင့် သူတို့အများကြီး ဒုက္ခရောက်ပါတယ်လို့ ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၁၁ နာရီလောက်က စမုပရာကမ်ပြည်နယ် Samrong Tai စံရွန်တိုင်ရဲစခန်းကို ရှေ့နေ Krisada Trisarnputthachart နဲ့ အတူ မြန်မာအလုပ်သမားတွေ ကိုယ်တိုင်လိုက်ပါလာပြီး အမှုဖွင့်ခဲ့ပါတယ်။

ရှေ့နေကတော့ ဒီအမှုဟာ လိမ်လည်မှုဖြစ်တယ်။ ရွှေ့ပြောင်းအလုပ်သမား အများအပြား ထိခိုက်နစ်နာခဲ့ရတယ်။ တဦးကို ဘတ်ငွေ သောင်းနဲ့ချီ ပေးဆောင်ရပြီး အလုပ်လုပ်ခွင့်အတွက် မှတ်ပုံတင်တာတွေ ဗီဇာသက်တမ်းတိုးတာတွေ လုပ်ဆောင်တာမျိုးမရှိဘဲ လိမ်လည်ပြီး ငွေတောင်းထားတာပါ။ ဒီပွဲစားဟာ တခြားသူတွေကို ထပ်ပြီး လိမ်လည်လှည့်ဖျားမှု မရှိစေဖို့အတွက် အမြန်ဆုံးဖမ်းဆီးပေးဖို့ တရားဥပဒေအရေ အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်ဆိုပြီး အာဏာပိုင်တွေကို ပြောဆိုသွားပါတယ်။ ဒီအမှုဟာ မြန်မာနိုင်ငံသူ မစမ်းဝင်းဆိုသူက မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးကို တဦးကို ဘတ်ငွေ ၁၀,၀၀၀ စီနဲ့ လိမ်လည်ထားတဲ့အမှုဖြစ်ပြီး အလုပ်သမားတွေက အလုပ်လုပ်ခွင့်လက်မှတ်နဲ့ ဗီဇာသက်တမ်းတိုးဖို့အတွက် ငွေတွေ လွဲှပေးပြီးခါမှ လိမ်လည်သွားတာဖြစ်တယ်လို့လည်း အလုပ်သမားတွေက ရဲစခန်းမှာ ထွက်ဆိုခဲ့ကြပါတယ်။

XS
SM
MD
LG