သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္းမွာ ျမန္မာအလုပ္သမားတခ်ဳိ႕ ခိုးမႈစြပ္စဲြခ်က္နဲ႔ ဖမ္းဆီးခံရ


Photo - Foundation for Education and Development

(Zawgyi / Unicode)

ထိုင္းႏိုင္ငံေတာင္ပိုင္း စူရတ္ဌာနီျပည္နယ္ ေကာ့စေမြကြၽန္းမွာရွိတဲ့ ပိတ္ထားတဲ့ Chaweng Blue Lagoon The Teak Wing ဟိုတယ္က ဘတ္ ၁၄ သန္းခန္႔တန္ဖိုးရွိတဲ့ ပစၥည္းေတြ ခိုးယူရာမွာ ပါ၀င္ ပတ္သက္တယ္လို႔ သံသယရွိတဲ့ ျမန္မာလူငယ္ ၃ ဦးအပါအ၀င္ လူ ၉ ဦးကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးၿပီး အက်ဥ္းေထာင္ထဲ ပို႔ထားပါတယ္။

ျမန္မာလူငယ္ေတြကို အဲဒီအေဆာက္အဦးက သံေခ်ာင္းေတြကို ျဖတ္ဖို႔အတြက္ ထိုင္းအမ်ိဳးသမီးတဦးက ပုတ္ျပတ္အလုပ္သမားေတြ အျဖစ္ငွားရမ္းခဲ့တာျဖစ္ၿပီး ဒီလိုခိုးယူတာနဲ႔ ပတ္သက္မႈ မရွိဘူးလို႔လည္း မိသားစုေတြက ဆုိပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

ထုိင္းႏို္င္ငံေတာင္ပုိင္း ေကာ့စေမြကြ်န္းမွာ ရွိတဲ့ ဟိုတယ္ဟာ ကိုဗစ္ကာလ လာေရာက္တည္းခိုသူေတြ နည္းတဲ့အတြက္ ပိတ္ထားတာျဖစ္ျပီး ကြၽန္းေပၚက ဟိုတယ္ေဖာက္ထြင္းမႈမွာ ပစၥည္းအမ်ိဳးအစား ေပါင္းစုံ ၄၀၀ နီးပါး ခိုးယူခံရၿပီး ဟိုတယ္အတြက္ ႀကီးမားတဲ့ ထိခိုက္ပ်က္စီးမႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။ ဒါေပမယ့္ ဟိုတယ္ကလည္း လူမေနတာၾကာလို႔ ပ်က္စီးေနတဲ့ အေနအထားမွာရွိၿပီး ဟုိတယ္က သံထည္ပစၥည္းေတြ ျဖဳတ္တဲ့အခါမွာ ျမန္မာ ၃ ဦးကေတာ့ ေန႔စား အလုပ္လုပ္ရင္း ဖမ္းဆီးခံရတာျဖစ္ေၾကာင္း ဖမ္းဆီးခံထားရတဲ့ ကိုၿဖိဳးရဲ ့ မိခင္ျဖစ္သူ ေျပာျပပါတယ္။

“ အဓိက ပုလိပ္စစ္တုန္းကေတာ့ ပုလိပ္ကေျပာတယ္ စစ္ေတာ့ ကေလးေတြ၀န္ခံတယ္။ သူတို့က အလုပ္သမားေတြသာ ျဖစ္တယ္။ တေန့ ၁,၀၀၀ ေပးျပီးေခၚထားတာျဖစ္တယ္လို့ ေျပာႀကတယ္။ ဒါေပမယ့္ ရွမ္းမ (ထိုင္းမ) က ၀န္မခံဘူး ျဖစ္ေနတယ္။ သူတို႔ ေခၚထားတာ မဟုတ္ပါဘူးလို႔ ေျပာတယ္။ ကေလးေတြက ၃ရက္ေန႔က ဖမ္းတယ္။ ဖမ္းၿပီး စစ္တယ္။ ၄ ရက္ေန႔ မနက္ တနာရီခဲြမွာ ျပန္လႊတ္ေပးလိုက္တယ္။ ဒီ ၅ ရက္ေန႔နဲ႔ ၆ ရက္ေန႔မွာ လာျပန္ဖမ္းတယ္။ ရွမ္းမက ၀န္မခံလို႔ ဆုိၿပီး လာျပန္ဖမ္းတယ္။ ၇ ရက္ေန႔ က်ေတာ့ ယာယီပါ ဆိုၿပီး ေထာင္ထဲ ထည့္လိုက္တယ္။ ”

ျမန္မာလူငယ္ေတြ ၂ ဦးကေတာ့ အသက္ ၂၀ ေက်ာ္ လူငယ္ေတြျဖစ္ၿပီး ၁၉ ႏွစ္အရြယ္ မိန္းကေလး တဦးကေတာ့ သူခင္ပြန္းျဖစ္သူနဲ႔ လိုက္ပါသြားရာကေန အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ စက္တင္ဘာလ ၁ ရက္ေန႔ ကေတာ့ ေကာ့စေမြကြ်န္းေပၚက ထုိင္းအမ်ိဳးသမီးတဦးက အဲဒီဟုိတယ္က သံတုိင္ေတြကို ဖ်က္ေပးဖို႔ ပုတ္ျပတ္ငွားရမ္းခဲ့တာေၾကာင့္ သားျဖစ္သူကုိ ထည့္ေပးလိုက္ရာကေန ခိုးမႈနဲ႔ ဖမ္းဆီးတာခံရတယ္လို႔ ေျပာပါတယ္။

“ အဲဒီရွမ္းမက က်မအိမ္နားမွာပဲေနပါတယ္။ သူကေခၚခိုင္းလုိက္တာ။ လူရွိလား တေန႔ကို ၁,၀၀၀ ေပးမယ္။ မနက္ ၉ နာရီကေန ည ၃ နာရီ ထိ အလုပ္လုပ္ရမယ္။ ကေလးကုိ ေမးၾကည့္ေတာ့ ၀ရန္တာက သံတိုင္ေတြကိုျဖတ္ရတယ္။ ၿပီးေတာ့ ၆ ဘီးကားနဲ႔ တိုက္ရတယ္။ ၿပီးေတာ့ သြားေရာင္းတယ္။ ေရာင္းၿပီး ျပန္လာေတာ့ သားကို ပုိက္ဆံေပးတယ္။ သားကေမးၾကည့္ေတာ့ သူ႔ သူေဌးဟာလို႔ပဲေျပာတယ္။ ကုိယ့္ကေလးေတြ အလုပ္မရွိဘူးဆိုၿပီး တည့္ေပးလိုက္တာပါရွင္။ ဒီနားမွာလည္း သက္ေသေတြ အမ်ားႀကီး ရွိပါတယ္။ ”

ထိုင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ ဖံြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္က အလုပ္သမားေရးရာ တာ၀န္ခံ ဦးမင္းဦးကေတာ့ ျမန္မာအလုပ္သမားေတြဟာ အလုပ္ရွင္ခိုင္းတာ လုပ္ကိုင္ရင္း အခုလိုအျဖစ္ေတြကို ႀကံဳေနရတယ္လို႔ ဆုိပါတယ္။

“ ျမန္မာအလုပ္သမားေတြ အေနနဲ႔ အလုပ္ရွင္က ဒီအလုပ္ကို လုပ္ဆုိရင္ တရား၀င္ မ၀င္ဘူးလား မသိဘူးေလ သူခုိင္းတယ္ဆိုရင္ လုပ္ေပးလိုက္တာပဲ။ ဒါက ရာဇ၀တ္မႈနဲ႔ ၿငိေနလား မၿငိဘူးလား မသိဘူးေလ။ ဒါမ်ိဳးေတြ ခံေနရတာ။ ခိုင္းတဲ့သူက အဖမ္းခံရတဲ့အထဲမွာ ပါေနတယ္။ ဒီလူေတြက ခိုးတာပါဆုိၿပီး သူ အမႈေပါ့ေအာင္ လုပ္ေနတယ္။ ဒီလူေတြ ေန႔စားခိုင္းတာလို႔ မေျပာဘူး။ သူတို႔ ဘာသာ ခိုုးတာ ဆိုၿပီး လုပ္ေနတာ။ ”

လက္ရွိမွေတာ့ ဘတ္ ၁၄ သန္းဖိုး တန္ဖိုးရွိတဲ့ ဟုိတယ္က ပစၥည္းေတြ ေပ်ာက္ဆံုးမႈ အတြက္ ျမန္မာအလုပ္သမား ၃ ဦး အပါအ၀င္ လူ ၉ ဦးကို ဖမ္းဆီးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းတောင်ပိုင်းမှာ မြန်မာအလုပ်သမားတချို့ ခိုးမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီပြည်နယ် ကော့စမွေကျွန်းမှာရှိတဲ့ ပိတ်ထားတဲ့ Chaweng Blue Lagoon The Teak Wing ဟိုတယ်က ဘတ် ၁၄ သန်းခန့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ခိုးယူရာမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ မြန်မာလူငယ် ၃ ဦးအပါအဝင် လူ ၉ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ ပို့ထားပါတယ်။

မြန်မာလူငယ်တွေကို အဲဒီအဆောက်အဦးက သံချောင်းတွေကို ဖြတ်ဖို့အတွက် ထိုင်းအမျိုးသမီးတဦးက ပုတ်ပြတ်အလုပ်သမားတွေ အဖြစ်ငှားရမ်းခဲ့တာဖြစ်ပြီး ဒီလိုခိုးယူတာနဲ့ ပတ်သက်မှု မရှိဘူးလို့လည်း မိသားစုတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ ရှိတဲ့ ဟိုတယ်ဟာ ကိုဗစ်ကာလ လာရောက်တည်းခိုသူတွေ နည်းတဲ့အတွက် ပိတ်ထားတာဖြစ်ပြီး ကျွန်းပေါ်က ဟိုတယ်ဖောက်ထွင်းမှုမှာ ပစ္စည်းအမျိုးအစား ပေါင်းစုံ ၄၀၀ နီးပါး ခိုးယူခံရပြီး ဟိုတယ်အတွက် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဟိုတယ်ကလည်း လူမနေတာကြာလို့ ပျက်စီးနေတဲ့ အနေအထားမှာရှိပြီး ဟိုတယ်က သံထည်ပစ္စည်းတွေ ဖြုတ်တဲ့အခါမှာ မြန်မာ ၃ ဦးကတော့ နေ့စား အလုပ်လုပ်ရင်း ဖမ်းဆီးခံရတာဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးရဲ့ မိခင်ဖြစ်သူ ပြောပြပါတယ်။

“ အဓိက ပုလိပ်စစ်တုန်းကတော့ ပုလိပ်ကပြောတယ် စစ်တော့ ကလေးတွေဝန်ခံတယ်။ သူတို့က အလုပ်သမားတွေသာ ဖြစ်တယ်။ တနေ့ ၁,၀၀၀ ပေးပြီးခေါ်ထားတာဖြစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရှမ်းမ (ထိုင်းမ) က ဝန်မခံဘူး ဖြစ်နေတယ်။ သူတို့ ခေါ်ထားတာ မဟုတ်ပါဘူးလို့ ပြောတယ်။ ကလေးတွေက ၃ရက်နေ့က ဖမ်းတယ်။ ဖမ်းပြီး စစ်တယ်။ ၄ ရက်နေ့ မနက် တနာရီခွဲမှာ ပြန်လွှတ်ပေးလိုက်တယ်။ ဒီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ လာပြန်ဖမ်းတယ်။ ရှမ်းမက ဝန်မခံလို့ ဆိုပြီး လာပြန်ဖမ်းတယ်။ ၇ ရက်နေ့ ကျတော့ ယာယီပါ ဆိုပြီး ထောင်ထဲ ထည့်လိုက်တယ်။ ”

မြန်မာလူငယ်တွေ ၂ ဦးကတော့ အသက် ၂၀ ကျော် လူငယ်တွေဖြစ်ပြီး ၁၉ နှစ်အရွယ် မိန်းကလေး တဦးကတော့ သူခင်ပွန်းဖြစ်သူနဲ့ လိုက်ပါသွားရာကနေ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ကတော့ ကော့စမွေကျွန်းပေါ်က ထိုင်းအမျိုးသမီးတဦးက အဲဒီဟိုတယ်က သံတိုင်တွေကို ဖျက်ပေးဖို့ ပုတ်ပြတ်ငှားရမ်းခဲ့တာကြောင့် သားဖြစ်သူကို ထည့်ပေးလိုက်ရာကနေ ခိုးမှုနဲ့ ဖမ်းဆီးတာခံရတယ်လို့ ပြောပါတယ်။

“ အဲဒီရှမ်းမက ကျမအိမ်နားမှာပဲနေပါတယ်။ သူကခေါ်ခိုင်းလိုက်တာ။ လူရှိလား တနေ့ကို ၁,၀၀၀ ပေးမယ်။ မနက် ၉ နာရီကနေ ည ၃ နာရီ ထိ အလုပ်လုပ်ရမယ်။ ကလေးကို မေးကြည့်တော့ ဝရန်တာက သံတိုင်တွေကိုဖြတ်ရတယ်။ ပြီးတော့ ၆ ဘီးကားနဲ့ တိုက်ရတယ်။ ပြီးတော့ သွားရောင်းတယ်။ ရောင်းပြီး ပြန်လာတော့ သားကို ပိုက်ဆံပေးတယ်။ သားကမေးကြည့်တော့ သူ့ သူဌေးဟာလို့ပဲပြောတယ်။ ကိုယ့်ကလေးတွေ အလုပ်မရှိဘူးဆိုပြီး တည့်ပေးလိုက်တာပါရှင်။ ဒီနားမှာလည်း သက်သေတွေ အများကြီး ရှိပါတယ်။ ”

ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်ခိုင်းတာ လုပ်ကိုင်ရင်း အခုလိုအဖြစ်တွေကို ကြုံနေရတယ်လို့ ဆိုပါတယ်။

“ မြန်မာအလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်က ဒီအလုပ်ကို လုပ်ဆိုရင် တရားဝင် မဝင်ဘူးလား မသိဘူးလေ သူခိုင်းတယ်ဆိုရင် လုပ်ပေးလိုက်တာပဲ။ ဒါက ရာဇဝတ်မှုနဲ့ ငြိနေလား မငြိဘူးလား မသိဘူးလေ။ ဒါမျိုးတွေ ခံနေရတာ။ ခိုင်းတဲ့သူက အဖမ်းခံရတဲ့အထဲမှာ ပါနေတယ်။ ဒီလူတွေက ခိုးတာပါဆိုပြီး သူ အမှုပေါ့အောင် လုပ်နေတယ်။ ဒီလူတွေ နေ့စားခိုင်းတာလို့ မပြောဘူး။ သူတို့ ဘာသာ ခိုးတာ ဆိုပြီး လုပ်နေတာ။ ”

လက်ရှိမှတော့ ဘတ် ၁၄ သန်းဖိုး တန်ဖိုးရှိတဲ့ ဟိုတယ်က ပစ္စည်းတွေ ပျောက်ဆုံးမှု အတွက် မြန်မာအလုပ်သမား ၃ ဦး အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးထားပါတယ်။

XS
SM
MD
LG