သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက လူေမွာင္ခိုကူးဂိုဏ္းနဲ႔ ဆက္စပ္ေနသူ ၃ ဦး ထိုင္ဝမ္းအစိုးရ ဖမ္းဆီး


Stop sexual harassment and violence against women, rape and sexual abuse concept, STOP gesture with hand, Stop drugs, human rights violations, human trafficking, Copy space.

ျမန္မာႏိုင္ငံရွိ လူေမွာင္ခို ကူးရာေနရာက ျပန္လာတဲ့ ထိုင္ဝမ္သား ၃ ေယာက္ကို ထိုင္ဝမ္ရဲတပ္ဖြဲ႔က စေနေန႔က ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ ဟာ အေရွ႕ေတာင္အာရွ ရာဇဝတ္မႈဂိုဏ္းနဲ႔ ခ်ိတ္ဆက္ေနတဲ့သူေတြအျဖစ္ သံသယ ရွိေနေၾကာင္း ရဲ႕ တပ္ဖြဲ႔က တနဂၤေႏြေန႔က ေျပာတယ္လို႔ Focus Taiwan အင္တာနက္ သတင္းစာမ်က္ႏွာက ေျပာပါတယ္။

သူတို႔ဟာ ျမန္မာႏိုင္ငံမွာ ရွိတယ္ဆိုတဲ့ KK Park နဲ႔ ဆက္ႏြယ္မႈ ရွိေနေၾကာင္း၊ ထိုင္ဝမ္မွာ ရဲက အလိုရွိေနတဲ့ ေရွာင္တိမ္းထြက္ေျပးေနသူေတြ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ဆိုပါတယ္။ KK Park ဟာ ျမန္မာႏိုင္ငံမွာ ရွိတယ္လို႔ သတင္းမွာ ဆိုေပမဲ့ ဘယ္ေနရာမွာ ရွိေၾကာင္း တိတိက်က် ေဖာ္ျပမထားပါဘူး။ ဒါေပမဲ့ အျခားသတင္းေတြမွာေတာ့ ထိုင္း-ျမန္မာ နယ္စပ္က ေ႐ႊကုကၠိဳ ၿမိဳ႕သစ္ စီမံကိန္းကို ပိုင္ဆိုင္သူတစ္ဦး ျဖစ္တယ္ဆိုတဲ့ She Zhijiang နဲ႔ KK Park ဟာ ပတ္သက္တယ္လို႔ ဆိုပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ ေလာင္းကစားလုပ္မႈ နဲ႔ She Zhijiang ကို ထိုင္းရဲတပ္ဖြဲ႔က ဒီလ အေစာပိုင္းက ဖမ္းဆီးခဲ့ၿပီး၊ ကေမာၻဒီယားပတ္စပို႔ ကိုင္ေဆာင္ထားတဲ့ တ႐ုတ္လူမ်ိဳးကို တ႐ုတ္ႏိုင္ငံက အလိုရွိေနတဲ့အတိုင္း ျပန္ပို႔မယ္လို႔ ၾသဂုတ္လ ၁၅ ရက္ေန႔က ႐ိုက္တာသတင္းဌာနကို ေျပာၾကားပါတယ္။

KK Park ဟာ လိင္ဆိုင္ရာ လူကုန္ကူးမႈေတြနဲ႔ ပတ္သက္သလို၊ လူ႔ရဲ႕ ကိုယ္အဂၤါေတြ အေရာင္းအဝယ္ လုပ္ေနတဲ့ေနရာ ျဖစ္တယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

=== Unicode ===

မြန်မာနိုင်ငံရှိ လူမှောင်ခို ကူးရာနေရာက ပြန်လာတဲ့ ထိုင်ဝမ်သား ၃ ယောက်ကို ထိုင်ဝမ်ရဲတပ်ဖွဲ့က စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဟာ အရှေ့တောင်အာရှ ရာဇဝတ်မှုဂိုဏ်းနဲ့ ချိတ်ဆက်နေတဲ့သူတွေအဖြစ် သံသယ ရှိနေကြောင်း ရဲ့ တပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောတယ်လို့ Focus Taiwan အင်တာနက် သတင်းစာမျက်နှာက ပြောပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတဲ့ KK Park နဲ့ ဆက်နွယ်မှု ရှိနေကြောင်း၊ ထိုင်ဝမ်မှာ ရဲက အလိုရှိနေတဲ့ ရှောင်တိမ်းထွက်ပြေးနေသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ KK Park ဟာ မြန်မာနိုင်ငံမှာ ရှိတယ်လို့ သတင်းမှာ ဆိုပေမဲ့ ဘယ်နေရာမှာ ရှိကြောင်း တိတိကျကျ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ အခြားသတင်းတွေမှာတော့ ထိုင်း-မြန်မာ နယ်စပ်က ရွှေကုက္ကို မြို့သစ် စီမံကိန်းကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်တယ်ဆိုတဲ့ She Zhijiang နဲ့ KK Park ဟာ ပတ်သက်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်မှု နဲ့ She Zhijiang ကို ထိုင်းရဲတပ်ဖွဲ့က ဒီလ အစောပိုင်းက ဖမ်းဆီးခဲ့ပြီး၊ ကမ္ဘောဒီယားပတ်စပို့ ကိုင်ဆောင်ထားတဲ့ တရုတ်လူမျိုးကို တရုတ်နိုင်ငံက အလိုရှိနေတဲ့အတိုင်း ပြန်ပို့မယ်လို့ သြဂုတ်လ ၁၅ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

KK Park ဟာ လိင်ဆိုင်ရာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်သလို၊ လူ့ရဲ့ ကိုယ်အင်္ဂါတွေ အရောင်းအဝယ် လုပ်နေတဲ့နေရာ ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

XS
SM
MD
LG