သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားမွာ သံုးလ အတြင္း အေထာက္အထားမဲ႔ ျမန္မာ ၃၀၀၀ နီးပါး ဖမ္းဆီးခံရ


(Zawgyi / Unicode)

မေလးရွားအစိုးရက သူ႔ႏိုင္ငံထဲတရားမဝင္ ဝင္ေရာက္လာတဲ့သူေတြကို စီမံခ်က္နဲ႔ဖမ္းဆီးေနတာမွာ ျမန္မာႏိုင္ငံသား အမ်ားအျပားပါဝင္ေနတယ္လို႔ မေလးရွားေရာက္ ျမန္မာအဖြဲ႕အစည္းတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ သုံးလအတြင္းမွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားက ၃၀၀၀ ေလာက္ရွိမယ္လို႔ ခန္႔မွန္းထားၿပီး ဒါက စိုးရိမ္စရာအေျခအေန ျဖစ္တယ္လို႔ သူတို႔ကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ဒီသတင္းကို ကို၀င္းခန္႔ေမာင္ က ေျပာျပမွာပါ။

ပါမစ္သက္တမ္းကုန္ဆုံးၿပီး တရားမဝင္ေနထိုင္၊ အလုပ္လုပ္ေနသူေတြ အပါအဝင္ ထိုင္းနယ္စပ္ကတဆင့္ မေလးရွားႏိုင္ငံကို တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားအမ်ားအျပား ရာနဲ႔ခ်ီၿပီး အခုေနာက္ပိုင္းမွာ ဖမ္းဆီးခံေနရတယ္လို႔ မေလးရွားေရာက္ ျမန္မာအဖြဲ႕အစည္းေတြက ေျပာပါတယ္။ ၃ လအတြင္းမွာ ဖမ္းဆီခံရတဲ့ ျမန္မာႏိုင္ငံသားက ၃,၀၀၀ ေလာက္ရွိတယ္လို႔ ခန္႔မွန္းတဲအ့ေၾကာင္း ရခိုင္ဒုကၡသည္မ်ားဗဟိုရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးညီညီလြင္က ဗြီအိုေအကို ေျပာပါတယ္။

" သူတို႔က စီမံခ်က္နဲ႔လုပ္တာခင္ဗ်၊ ဇြန္လဆန္းကေန လုပ္လာတာ အခုဆိုရင္ ဩဂုတ္လထဲကို ဝင္လာၿပီေပါ့။ အမ်ားစုကေတာ့ အခုအာဏာသိမ္းၿပီး ေနာက္ပိုင္းေပါ့ေနာ္ အခက္အခဲအမ်ိဳးမ်ိဳးေတြ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ၊ ဖမ္းဆီးမႈ အဲလိုအေနအထား အမ်ိဳးမ်ိဳးေတြနဲ႔ သူတို႔ရတဲ့နည္းနဲ႔ ထြက္လာၾကတာမ်ားတယ္ ခင္ဗ်။"
ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားေတြထဲမွာ ရခိုင္ျပည္နယ္ကလာတဲ့သူက ၁,၀၀၀ နီးပါးရွိတယ္လို႔ ရခိုင္ဒုကၡသည္မ်ားဗဟိုက ထုတ္ျပန္ထားပါတယ္။

စီမံခ်က္နဲ႔ ဖမ္းဆီးခံရသူအမ်ားစုက တရား႐ုံးတင္စစ္ေဆးခံရၿပီး ေထာင္ဒဏ္ခ်မွတ္ခံရပါတယ္။ ေထာင္ဒဏ္သက္တမ္း ျပည့္ၿပီးသြားတဲ့အခါမွာ လဝက ထိန္းသိမ္းေရးစခန္းေတြမွာ ျပန္ၿပီးထိန္းသိမ္းခံရမွာပါ။ ဒီထဲမွာ ႏိုင္ငံေရးနဲ႔ ၿငိစြန္းမႈမရွိတဲ့သူေတြဆိုရင္ မေလးရွားအစိုးရက ျမန္မာသံ႐ုံးနဲ႔ခ်ိတ္ဆက္ၿပီး ေနရပ္ကိုျပန္ပို႔ပါတယ္။ ျပန္ပို႔လို႔မရတဲ့သူေတြကေတာ့ လဝက ထိန္းသိမ္းေရးစခန္းေတြမွာပဲ ဆက္ၿပီး ထိန္းသိမ္းခံထားရမွာပါ။ ဦးညီညီလြင္က ဆက္ေျပာပါတယ္။

" အခုလို အေနအထားနဲ႔ဆိုရင္ေတာ့ စိုးရိမ္ရတယ္ခင္ဗ်၊ အဖမ္းအဆီးေတြက တေန႔ထက္တေန႔ မ်ားလာတယ္၊ က်ေနာ္တို႔ အဖြဲ႕အစည္းကို သတင္းပို႔တာလည္း ေန႔စဥ္ေန႔တိုင္းလို ပို႔ေနၾကတယ္ဆိုေတာ့ သတင္းမပို႔ႏိုင္တဲ့ ေနရာရေတြကလည္း အမ်ားႀကီးရွိတယ္။ တခ်ိဳ႕ မသိလိုက္ရတဲ့ဟာေတြရွိတယ္၊ မိဘနဲ႔လည္း အဆက္အသြယ္မရ။"

ဩဂုတ္လ ၈ရက္က ဆလန္ေဂါျပည္နယ္ ကာဂ်မ္းၿမိဳ႕မွာ တရားမဝင္ေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အေယာက္ ၁၀၀နီးပါး အစုလိုက္ ဖမ္းဆီးခံရပါတယ္။ ၾကားကာလအစိုးရ NUGရဲ႕ အလုပ္သမားဝန္ႀကီးဌာနကေတာ့ မေလးရွားႏိုင္ငံမွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားေတြ လြတ္ေျမာက္ဖို႔အတြက္ ေဆာင္႐ြက္ေပးသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

" က်ေနာ္သတင္းၾကားတာေပါ့ NUGရဲ႕ ေမတၱာရပ္ခံခ်က္ေၾကာင့္ ဒီလူေတြဟာ ဒဏ္ေငြေဆာင္ၿပီးရင္ ေထာင္မက်ဘဲနဲ႔ camp ကိုေရာက္ၿပီးေတာ့ ေလယာဥ္လက္မွတ္ဝယ္ၿပီး ျပန္ပို႔မယ့္အစီအစဥ္ေတြ လုပ္ဖို႔ရွိတယ္။ အခုလည္း က်ေနာ္တို႔လူတေယာက္လိုက္တာလည္း က်ေနာ္တို႔ တရား႐ုံးေရာက္တဲ့အခါမွာ က်ေနာ္တို႔ ဒဏ္ေငြေဆာင္မွာ။ ဒဏ္ေငြေဆာင္ရင္ က်ေနာ္တို႔လူ ေထာင္မက်ေတာ့ဘူး။ camp ကိုေရာက္မယ္၊ ေလယာဥ္လက္မွတ္ စီစဥ္ၿပီးေတာ့ တလအတြင္းမွာပဲ ျပန္မွာပဲ။ အခုလည္းက်ေနာ္ အရာရွိနဲ႔ေတြ႕လာတာ။"

မေလးရွားႏိုင္ငံမွာရွိတဲ့ ျဖဴစင္ေမတၱာ လူမႈကူညီေရးအသင္းက ကိုသက္ေျပာသြားတာပါ။

ထိုင္း-မေလးရွားနယ္စပ္က ကလတန္းျပည္နယ္ (Kelantan) မွာ ျမန္မာႏိုင္ငံသားေတြ အမ်ားဆုံးဖမ္းဆီးခံရတာျဖစ္ၿပီး အဲဒီမွာရွိတဲ့ အခ်ဳပ္ခန္းေတြမွာပဲ ထိန္းသိမ္းခံရတာပါ။ ဒုတိယအမ်ားဆုံး ဖမ္းဆီးခံရေနရာကေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြမ်ားတဲ့ ဂ်ိဳဟိုးျပည္နယ္ျဖစ္ၿပီး၊ တတိယကေတာ့ ၿမိဳ႕ေတာ္ကြာလာလမ္ပူ အနားတဝိုက္က ၿမိဳ႕ေတြမွာျဖစ္တယ္လို႔ ျမန္မာအဖြဲ႕အစည္းေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မလေးရှားမှာသုံးလအတွင်း အထောက်အထားမဲ့ မြန်မာ ၃၀၀၀ နီးပါး ဖမ်းဆီးခံရ

မလေးရှားအစိုးရက သူ့နိုင်ငံထဲတရားမဝင် ဝင်ရောက်လာတဲ့သူတွေကို စီမံချက်နဲ့ဖမ်းဆီးနေတာမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်နေတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ သုံးလအတွင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားက ၃၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒါက စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ သူတို့ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို တော့ ကိုဝင်းခန့်မောင် က ပြောပြမှာပါ။

ပါမစ်သက်တမ်းကုန်ဆုံးပြီး တရားမဝင်နေထိုင်၊ အလုပ်လုပ်နေသူတွေ အပါအဝင် ထိုင်းနယ်စပ်ကတဆင့် မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအများအပြား ရာနဲ့ချီပြီး အခုနောက်ပိုင်းမှာ ဖမ်းဆီးခံနေရတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ ၃ လအတွင်းမှာ ဖမ်းဆီခံရတဲ့ မြန်မာနိုင်ငံသားက ၃,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းတဲအ့ကြောင်း ရခိုင်ဒုက္ခသည်များဗဟိုရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ဗွီအိုအေကို ပြောပါတယ်။

" သူတို့က စီမံချက်နဲ့လုပ်တာခင်ဗျ၊ ဇွန်လဆန်းကနေ လုပ်လာတာ အခုဆိုရင် ဩဂုတ်လထဲကို ဝင်လာပြီပေါ့။ အများစုကတော့ အခုအာဏာသိမ်းပြီး နောက်ပိုင်းပေါ့နော် အခက်အခဲအမျိုးမျိုးတွေ၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဖမ်းဆီးမှု အဲလိုအနေအထား အမျိုးမျိုးတွေနဲ့ သူတို့ရတဲ့နည်းနဲ့ ထွက်လာကြတာများတယ် ခင်ဗျ။"

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ရခိုင်ပြည်နယ်ကလာတဲ့သူက ၁,၀၀၀ နီးပါးရှိတယ်လို့ ရခိုင်ဒုက္ခသည်များဗဟိုက ထုတ်ပြန်ထားပါတယ်။

စီမံချက်နဲ့ ဖမ်းဆီးခံရသူအများစုက တရားရုံးတင်စစ်ဆေးခံရပြီး ထောင်ဒဏ်ချမှတ်ခံရပါတယ်။ ထောင်ဒဏ်သက်တမ်း ပြည့်ပြီးသွားတဲ့အခါမှာ လဝက ထိန်းသိမ်းရေးစခန်းတွေမှာ ပြန်ပြီးထိန်းသိမ်းခံရမှာပါ။ ဒီထဲမှာ နိုင်ငံရေးနဲ့ ငြိစွန်းမှုမရှိတဲ့သူတွေဆိုရင် မလေးရှားအစိုးရက မြန်မာသံရုံးနဲ့ချိတ်ဆက်ပြီး နေရပ်ကိုပြန်ပို့ပါတယ်။ ပြန်ပို့လို့မရတဲ့သူတွေကတော့ လဝက ထိန်းသိမ်းရေးစခန်းတွေမှာပဲ ဆက်ပြီး ထိန်းသိမ်းခံထားရမှာပါ။ ဦးညီညီလွင်က ဆက်ပြောပါတယ်။

" အခုလို အနေအထားနဲ့ဆိုရင်တော့ စိုးရိမ်ရတယ်ခင်ဗျ၊ အဖမ်းအဆီးတွေက တနေ့ထက်တနေ့ များလာတယ်၊ ကျနော်တို့ အဖွဲ့အစည်းကို သတင်းပို့တာလည်း နေ့စဉ်နေ့တိုင်းလို ပို့နေကြတယ်ဆိုတော့ သတင်းမပို့နိုင်တဲ့ နေရာရတွေကလည်း အများကြီးရှိတယ်။ တချို့ မသိလိုက်ရတဲ့ဟာတွေရှိတယ်၊ မိဘနဲ့လည်း အဆက်အသွယ်မရ။"

ဩဂုတ်လ ၈ရက်က ဆလန်ဂေါပြည်နယ် ကာဂျမ်းမြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အယောက် ၁၀၀နီးပါး အစုလိုက် ဖမ်းဆီးခံရပါတယ်။ ကြားကာလအစိုးရ NUGရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

" ကျနော်သတင်းကြားတာပေါ့ NUGရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဒီလူတွေဟာ ဒဏ်ငွေဆောင်ပြီးရင် ထောင်မကျဘဲနဲ့ camp ကိုရောက်ပြီးတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့မယ့်အစီအစဉ်တွေ လုပ်ဖို့ရှိတယ်။ အခုလည်း ကျနော်တို့လူတယောက်လိုက်တာလည်း ကျနော်တို့ တရားရုံးရောက်တဲ့အခါမှာ ကျနော်တို့ ဒဏ်ငွေဆောင်မှာ။ ဒဏ်ငွေဆောင်ရင် ကျနော်တို့လူ ထောင်မကျတော့ဘူး။ camp ကိုရောက်မယ်၊ လေယာဉ်လက်မှတ် စီစဉ်ပြီးတော့ တလအတွင်းမှာပဲ ပြန်မှာပဲ။ အခုလည်းကျနော် အရာရှိနဲ့တွေ့လာတာ။"

မလေးရှားနိုင်ငံမှာရှိတဲ့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းက ကိုသက်ပြောသွားတာပါ။

ထိုင်း-မလေးရှားနယ်စပ်က ကလတန်းပြည်နယ် (Kelantan) မှာ မြန်မာနိုင်ငံသားတွေ အများဆုံးဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီမှာရှိတဲ့ အချုပ်ခန်းတွေမှာပဲ ထိန်းသိမ်းခံရတာပါ။ ဒုတိယအများဆုံး ဖမ်းဆီးခံရနေရာကတော့ စက်ရုံ၊ အလုပ်ရုံတွေများတဲ့ ဂျိုဟိုးပြည်နယ်ဖြစ်ပြီး၊ တတိယကတော့ မြို့တော်ကွာလာလမ်ပူ အနားတဝိုက်က မြို့တွေမှာဖြစ်တယ်လို့ မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။

XS
SM
MD
LG