သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ တပတ်အတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ ၇ဝဝ ကျော်ဖမ်းဆီးခံရ


ထိုင်းနိုင်ငံမှာ တပတ်အတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ ၇ဝဝ ကျော်ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမှာ တပတ်အတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ ၇ဝဝ ကျော်ဖမ်းဆီးခံရ

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာ၃၆ယောက်ကို မေလ၁၂ရက်နေ့က ဖမ်းမိခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံမှာ တပတ်အတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ ၇ဝဝ ကျော်ဖမ်းဆီးခံရ


{{Zawgyi/Unicode}}

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာ၃၆ယောက်ကို မေလ၁၂ရက်နေ့က ဖမ်းမိခဲ့ပါတယ် ။ ထိုင်းနိုင်ငံထဲကို အလုပ်အကိုင် ရှာဖွေဖို့လာကြတဲ့ မြန်မာတွေဟာ နေ့စဉ်အစုလိုက်အပြုံလိုက် ဝင်လာနေကြဆဲဖြစ်ပြီး ပြည်နယ်အသီးသီးမှာ တပတ်အတွင်း မြန်မာ ၇၀၀ ကျော်ဖမ်းမိခဲ့သလို့ လူကုန်ကူးတဲ့ လူပွဲစား၁၄ယောက်ကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။

ထိုင်း ၊ မလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မလေးရှားနိုင်ငံထဲကို ခိုးဝင်မယ့် တရားမဝင်အထောက်အထားမဲ့ မြန်မာ ၃၆ယောက်ကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ကနေ ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် ရတ်တဖွတ်ခရိုင်ထဲကို ဗင်ကား၂စီးနဲ့ဝင်ရောက်လာတဲ့ မြန်မာ၃၆ယောက်ကို ကြာသပတေးနေ့ကဖမ်းမိခဲ့တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ က အလုပ်သမားရေး တာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ်။

"လဝကနဲ့ ရဲနဲ့ပေါင်းပြီး သတင်းရထားလို့ ဗင်ကား၂စီးကိုစစ်တာ စစ်တဲ့အခါ ပထမကားတစီးမှာ ၁၄ယောက် နောက်ကားတစီးမှာတော့ ၂၂ယောက်မိတယ် ။ ကားသမား နှစ်ယောက်ကိုလည်း မိတယ်။ ကားတစီးကို သူတို့ပို့ခ ဘတ်ငွေ ၂သောင်းရတယ်လို့ပြောတယ်။ ကားတစီးကို"

ထိုင်း မလေးနယ်စပ်၊ ဆုံခလာပြည်နယ် အပါအဝင် ပြည်နယ်၆ခုမှာ မေလ၅ ရက်နေ့က ၁၂ရက်နေ့အထိ တပတ်အတွင်း အထောက်အထားမဲ့ မြန်မာ ၇၀၀ကျော်ကို အစုလိုက် အပြုံလိုက် ဖမ်းမိကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးကလည်းအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံ တောင်ပိုင်း ၊ ပရာကျွတ်ခီရီကန်ပြည်နယ်၊ နာရာသီဝပြည်နယ်၊ ဆုံခလာပြည်နယ် ၊ ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ပြည်နယ်၊ လမ်းပွန်းပြည်နယ်၊ ချင်းမိုင်ပြည်နယ်၊ အဲဒီပြည်နယ်တွေက တရားမဝင်မြန်မာ ၇၀၂ယောက်လူပွဲစား ၁၄ယောက်ဖမ်းမိခဲ့ပါတယ်"

ထိုင်အစိုးကတော့ နယ်စပ်က ချစ်ကြည်ရေးတံတားကနေ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ အလုပ်သမားတွေကို စတင်ခေါ်ယူနေပြီဖြစ်လို့ အခုလို အထောက်အထားမဲ့တွေ ဝင်ရောက်လာတာတွေလျော့ချနိုင်မယ်လို့ယူဆထားတာပါ ။

ဒါအပြင် အဖမ်းအဆီးတွေကိုလည်း ဆက်တိုက်လုပ်နေတဲ့ အတွက် အထောက်အထားမဲ့တွေ ဝင်ရောက်မူတွေ နည်းလာဖို့လုပ်ဆောင်နေပါတယ်။ ဒီလို အဖမ်းအဆီးတွေများနေပေမယ့်။ လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်နေဆဲမို့ ကိုဗစ်ကပ်ရောဂါကိုထိမ်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမူတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

..........................................


{{Zawgyi/Unicode}}







XS
SM
MD
LG