သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့ ထိုင်းရောက်မြန်မာ ၁၇၀ ကျော် နေရပ်ပြန်ပို့ 


Photo- Foundation for Education and Development
Photo- Foundation for Education and Development

(Zawgyi/ Unicode)


ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသမီး အများစု အပါအဝင် ပြစ်ဒဏ်ချခံပြီးသူ ၁၇၀ ကျော်ကို ထိုင်းနိုင်ငံက မြန်မာအာဏာပိုင်တွေထံ လွဲှပေးလိုက်ပါတယ်။ ကော့သောင်းမြို့က အာဏာပိုင်တွေထံ လွဲှပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့တဲ့ မြန်မာ နိုင်ငံသား ၁၇၃ ဦးကို ထိုင်းမြန်မာနယ်စပ် ရနောင်းပြည်နယ်က မြန်မာနိုင်ငံ ကော့သောင်းမြို့ ဘက်ကိုသြဂုတ်လ ၁၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်လွဲှပြောင်းပေးခဲ့တာပါ။ သူတို့တွေဟာ လွတ်ရက်စေ့ပြီးတာတောင် အနည်းဆုံး ၃ လ ကနေ ၄ လ၊ ၅ လအထိ ထိုင်းနိုင်ငံရဲ့အချုပ်ထောင်တွေထဲမှာ နေထိုင်နေရသူတွေ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမူဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ ဒီနေ့ပေါ့ လွတ်ရက်စေ့တာလဲ ကြာပြီ၊ မြန်မာဘက်ကိုပြန်ပု့ိ တာကတော့ ၁၇၀ ကျော် ရှိတယ်လို့ သိရပါတယ်။ တောင်ပိုင်းမှာ ဆိုရင် ရဲစခန်းတွေမှာပဲ ဖမ်းမိပြီး အကြာကြီး နေရတာလည်းရှိတယ်။ ပိုဆိုးတာက ရနောင်း လဝက အချုပ်ခန်းမှာ ယောကျ်ား ၊ မိန်းမတွေ အနည်းဆုံး ၁,၀၀၀ ဝန်းကျင်လောက် အမြဲတမ်း ရှိနေတယ်။ ကျနော်တို့ တွေ့နေရတာက အချုပ်ထဲမှာ ထိုင်းဥပဒေအရ တလထက် ချုပ်နှောင်လို့ မရဘူး။ ဒါပေမယ့် အခုကတော့ ၃ လ ၄ လလောက်ထိ အချုပ်ခံနေရတာရှိတယ်။ အဓိက ပြသနာကလည်း မြန်မာနိုင်ငံဘက်က လက်ခံဖို့ အဆင်သင့် မဖြစ်ဘူးလို့လည်း ကြားပါတယ်။ မြန်မာဘက်ခြမ်းရောက်ရင် ကွာရမ်တင်း ၅ ရက် ဝင်ရတော့ ကွာရမ်တင်း ထားဖို့ နေဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။”

အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့ပြီးတဲ့ သူတွေဟာ လူဝင်မူူကြီးကြပ်ရေး အချုပ်ရဲ့ အခန်းကျဉ်းလေးတွေထဲမှာ ကျဉ်းကြပ်စွာ နေထိုင်ရသလို အချုပ်ကနေ အမြန်လွတ်ဖို့ ကလည်း ငွေကြေးပေးရတာတွေ ရှိနေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

“ အဓိကကတော့ ပိုက်ဆံပေးနိုင်တဲ့သူတွေ ဒီဘက်ကမ်းမှာ ပေးနိုင်တဲ့သူတွေကပဲ စောစောထွက်ရတယ်။ ပိုက်ဆံပေးပြီး သူများထက် စောပြီးထွက်ရတယ်။ အချုပ်ထဲမှာပြည့်ကြပ်နေပြီး သောက်သုံးရေက အစ အစားအသောက်တွေက အစ အခက်အခဲဖြစ်နေတယ်။ ဒီအတွက် အမြန်ဆုံး မြန်မာအစိုးရကလည်း လက်ခံပေးဖို့ ထိုင်းအစိုးရလည်း အမြန်ဆုံး လွှတ်ပေးဖို့ ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

အခု ဇွန်၊ ဇူလိုင်၊ သြဂုတ် ၂ လခွဲအတွင်းမှာ ထိုင်းတောင်ပိုင်း ထိုင်းအချုပ်တွေကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက် ပြန်လည်လွဲှပြောင်းပေးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈၄၅ ဦး ရှိပါတယ်။ အခု တကြိမ်ဟာ ၂ လခွဲအတွင်း မှာ ၅ ကြိမ်မြောက် ပြန်လည်လွှဲပြောင်းပေးတာဖြစ်ပြီး ၂ လခွဲ အတွင်းမှာ အမျိုးသမီး ၃၀၀ နီးပါး ပါဝင်ပါတယ်။ သြဂုတ်လ ၁၇ရက်နေ့ လွှဲပြောင်းပေးတဲ့ အထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၅၀ ကျော် ပါဝင်ပါတယ်။ အများစုကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်မူတွေနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG