သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာေတြပါတဲ့ကား ထိုင္းမွာမေတာ္တဆျဖစ္၊ ၃ ဦးေသ 


အေထာက္အထားမဲ့ ျမန္မာေတြပါတဲ့ကား ထိုင္းမွာမေတာ္တဆျဖစ္၊ ၃ ဦးေသ

အေထာက္အထားမဲ့ ျမန္မာေတြပါတဲ့ကား ထိုင္းမွာမေတာ္တဆျဖစ္၊ ၃ ဦးေသ

{{Zawgyi/Unicode}}

ထုိင္း၊ ျမန္မာနယ္စပ္ ရေနာင္းျပည္နယ္ကေန တရားမ၀င္ ျမန္မာ၁၅ဦးကို သယ္ေဆာင္လာတဲ့ ကားတစီးဟာ စစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းေမာင္ႏွင္ရင္းနဲ့ chumphon ျပည္နယ္ထဲမွ ာ ဇူလုိင္လ၁၅ရက္ညက ကုန္ကားတစီးနဲ့ တိုက္မိတာေႀကာင့္ ျမန္မာႏိုင္ငံသား၂ဦးအပါအ၀င္ လူ၃ဦး ေသဆံုးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ထုိင္းျမန္မာနယ္စပ္ ရေနာင္းျပည္နယ္ကေန တရားမ၀င္ ျမန္မာ၁၅ဦးကို သယ္ေဆာင္လာတဲ့ ကားတစီးဟာ စစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းေမာင္ႏွင္ရင္းနဲ့ chumphon ျပည္နယ္ထဲမွာ ကုန္ကားနဲ့ တိုက္မိမူျဖစ္ခဲ့တာပါ။ တရားမ၀င္ ျမန္မာေတြကို ကားေနာက္ပုိင္မွာ တာလပတ္အုပ္ျပီး သယ္ေဆာင္လာစဥ္မွာ ကားတုိက္မူ့ ျဖစ္ခဲ့တာေႀကာင့္ ျမန္မာႏိုင္ငံသားေတြ အပါအ၀င္ လူ၃ဦးေသဆံုးသြားခဲ့တယ္လို့ AAC အလုပ္သမားကူညီေရးအဖဲြက တာ၀န္ခံ ကုိရဲမင္း ကအခုလိုေျပာပါတယ္ ။

"ဇူလုိင္၁၅ ရက္ေပါ့ေနာ္ ၊ မေန့ညက ထိုင္းႏိုင္ငံ chumphon ခရိုင္ထဲက ဖတ္ကစန္ အေ၀းေျပးလမ္းမေပၚမွာေပါ့ ။ထုိင္း၊ ျမန္မာနယ္စပ္ ရေနာင္းဘက္ကေနလာျပီး တရားမ၀င္ ျမန္မာႏိုင္ငံသားေတြကုိ ကားေနာက္ပုိင္းမွာ လွဲအိပ္ခိုင္းျပီး သယ္လာတာေပါ့။ သူတိုကိုအေပၚကေန တာလပတ္အုပ္ျပီး သယ္လာတာေပါ့။ ထံုစံအတိုင္း ဒီပံုစံနဲ့ပဲ တရားမ၀င္လမ္းေႀကာင္းေတြမွာ အမုိးပြင့္ကားေတြနဲ့ တင္ေလ့ရွိတယ္ ။ စစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းျပီး ေမာင္းလာတဲ့အခ်ိန္မွာ ကုန္ကားနဲ့တိုက္ျပီး ကားေမာင္းသူနဲ့ တရားမ၀င္၀င္ေရာက္တဲ့ ျမန္မာႏိုင္ငံသားႏွစ္ဦး ပဲြခ်င္းျပီးေသဆံုးတာေပါ့"

ကားေပၚမွာ ပါလာတဲ့သူေတြထဲက ပဲြခ်င္းျပီး ေသဆံုးသူေတြရွိသလို က်န္တဲ့သူ၁၃ဦးကေတာ့ ဒဏ္ရာမ်ားရရိွထားပါတယ္။ ဒီထဲက ဒဏ္ရာျပင္းထန္သူေတြလည္းရွိေနျပီး ခ်ံဳဖြန္ျပည္နယ္ထဲက Udomsak ေဆးရံုကုိပုိျပီးကုသေပးေနရတယ္လို့လည္းဆုိပါတယ္။

"လက္ရွိသိရသေလာက္ေတာ့ ဒဏ္ရာရသူေတြအားလံုးကို chumphon မွာရွိတဲ့ udomsak hospitalဆိုတဲ့ ေဆးရံုကို ကယ္ဆယ္ေရးအဖဲြ ့ေတြက ပုိ့ေဆာင္ထားပါတယ္။ ဒီလူကုန္ကူးမူျဖစ္စဥ္နဲ့ ပတ္သက္သူေတြ တရားမ၀င္ လူပုိ့ေဆာင္တဲ့ လမ္းေႀကာင္းမွာ ပါ၀င္ပတ္သက္ေနသူေတြကိုေတာ့ ထုိင္းရဲေတြက ရွာေဖြစစ္ေဆး ဖမ္းဆီးေနတယ္လို့သိရပါတယ္ "

ျပီးခဲ့တဲ့ မတ္လ၁၆ရက္ေန႔က ထိုင္းႏိုင္ငံ ေတာင္ပိုင္း ပရာကြၽတ္ခီရီခန္ ျပည္နယ္အတြင္း တရားမဝင္ ျမန္မာ၁၈ေယာက္ကို တင္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္ခဲ့ရာ ၆ဉီးေသဆုံးၿပီး ၇ဦးဒဏ္ရာရခဲ့တာပါ .။

ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရျမိဳနယ္ထဲမွာေတာ့ ဧျပီလ ၅ရက္ေန႔က၊ ျမန္မာ ၁၈ ဦးကို လူေမွာင္ခုိသယ္ေဆာင္လာတဲ့ ကားတစီး တိမ္းေမွာက္မူျဖစ္ျပီး ျမန္မာ ၈ ဦးထိခိုက္ဒဏ္ရာရခဲ့ပါတယ္.။

ထို္င္းျမန္မာနယ္စပ္ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာ တရားမ၀င္ ျမန္မာေတြကို သယ္ေဆာင္လာတဲ့ ကားတစီးဟာ ေမလ၆ရက္ေန့ မနက္ ၄နာရီေက်ာ္ အခ်ိန္က လံုျခံုေရးစစ္ေဆးေရးဂိတ္မွာ အစစ္ေဆးမခံပဲ ေမာင္းေျပးျပီးတဲ့ေနာက္ ပစ္ခတ္ခံရမူျဖစ္ျပီး ျမန္မာ၁ဦးေသဆံုးျပီး ၃ဦးျပင္းထန္တဲ့ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။

ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြ သယ္ေဆာင္လာတဲ့ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကို ေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တုိက္မူေတြျဖစ္ျပီး မႀကာခန ေသဆံုးဒဏ္ရာရမူေတြလည္းျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

အထောက်အထားမဲ့ မြန်မာတွေပါတဲ့ကား ထိုင်းမှာမတော်တဆဖြစ်၊ ၃ ဦးသေ

{{Zawgyi/Unicode}}
ထိုင်း၊ မြန်မာနယ်စပ် ရနောင်းပြည်နယ်ကနေ တရားမဝင် မြန်မာ၁၅ဦးကို သယ်ဆောင်လာတဲ့ ကားတစီးဟာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်နှင်ရင်းနဲ့ chumphon ပြည်နယ်ထဲမှ ာ ဇူလိုင်လ၁၅ရက်ညက ကုန်ကားတစီးနဲ့ တိုက်မိတာကြောင့် မြန်မာနိုင်ငံသား၂ဦးအပါအဝင် လူ၃ဦး သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် ရနောင်းပြည်နယ်ကနေ တရားမဝင် မြန်မာ၁၅ဦးကို သယ်ဆောင်လာတဲ့ ကားတစီးဟာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်နှင်ရင်းနဲ့ chumphon ပြည်နယ်ထဲမှာ ကုန်ကားနဲ့ တိုက်မိမူဖြစ်ခဲ့တာပါ။ တရားမဝင် မြန်မာတွေကို ကားနောက်ပိုင်မှာ တာလပတ်အုပ်ပြီး သယ်ဆောင်လာစဉ်မှာ ကားတိုက်မူ့ ဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် လူ၃ဦးသေဆုံးသွားခဲ့တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲက တာဝန်ခံ ကိုရဲမင်း ကအခုလိုပြောပါတယ် ။

"ဇူလိုင်၁၅ ရက်ပေါ့နော် ၊ မနေ့ညက ထိုင်းနိုင်ငံ chumphon ခရိုင်ထဲက ဖတ်ကစန် အဝေးပြေးလမ်းမပေါ်မှာပေါ့ ။ထိုင်း၊ မြန်မာနယ်စပ် ရနောင်းဘက်ကနေလာပြီး တရားမဝင် မြန်မာနိုင်ငံသားတွေကို ကားနောက်ပိုင်းမှာ လှဲအိပ်ခိုင်းပြီး သယ်လာတာပေါ့။ သူတိုကိုအပေါ်ကနေ တာလပတ်အုပ်ပြီး သယ်လာတာပေါ့။ ထုံစံအတိုင်း ဒီပုံစံနဲ့ပဲ တရားမဝင်လမ်းကြောင်းတွေမှာ အမိုးပွင့်ကားတွေနဲ့ တင်လေ့ရှိတယ် ။ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး မောင်းလာတဲ့အချိန်မှာ ကုန်ကားနဲ့တိုက်ပြီး ကားမောင်းသူနဲ့ တရားမဝင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ပွဲချင်းပြီးသေဆုံးတာပေါ့"

ကားပေါ်မှာ ပါလာတဲ့သူတွေထဲက ပွဲချင်းပြီး သေဆုံးသူတွေရှိသလို ကျန်တဲ့သူ၁၃ဦးကတော့ ဒဏ်ရာများရရှိထားပါတယ်။ ဒီထဲက ဒဏ်ရာပြင်းထန်သူတွေလည်းရှိနေပြီး ချုံဖွန်ပြည်နယ်ထဲက Udomsak ဆေးရုံကိုပိုပြီးကုသပေးနေရတယ်လို့လည်းဆိုပါတယ်။

"လက်ရှိသိရသလောက်တော့ ဒဏ်ရာရသူတွေအားလုံးကို chumphon မှာရှိတဲ့ udomsak hospitalဆိုတဲ့ ဆေးရုံကို ကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ထားပါတယ်။ ဒီလူကုန်ကူးမူဖြစ်စဉ်နဲ့ ပတ်သက်သူတွေ တရားမဝင် လူပို့ဆောင်တဲ့ လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေသူတွေကိုတော့ ထိုင်းရဲတွေက ရှာဖွေစစ်ဆေး ဖမ်းဆီးနေတယ်လို့သိရပါတယ် "

ပြီးခဲ့တဲ့ မတ်လ၁၆ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ပရာကျွတ်ခီရီခန် ပြည်နယ်အတွင်း တရားမဝင် မြန်မာ၁၈ယောက်ကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ခဲ့ရာ ၆ဉီးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တာပါ .။

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြိုနယ်ထဲမှာတော့ ဧပြီလ ၅ရက်နေ့က၊ မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်မူဖြစ်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်.။

ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီးဟာ မေလ၆ရက်နေ့ မနက် ၄နာရီကျော် အချိန်က လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းပြေးပြီးတဲ့နောက် ပစ်ခတ်ခံရမူဖြစ်ပြီး မြန်မာ၁ဦးသေဆုံးပြီး ၃ဦးပြင်းထန်တဲ့ဒဏ်ရာများရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေ သယ်ဆောင်လာတဲ့ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မူတွေဖြစ်ပြီး မကြာခန သေဆုံးဒဏ်ရာရမူတွေလည်းဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG