သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ျမန္မာ ၂ဝဝ ေက်ာ္နဲ႔ ပဲြစားတခ်ဳိ႕ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ 


ကမ္ခ်နဘူရီျပည္နယ္အတြင္း ဖမ္းမိတဲ့ တရားမဝင္ ျမန္မာႏိုင္ငံသားမ်ား

ထိုင္းႏိုင္ငံအတြင္းမွာ ျမန္မာအပါအဝင္ ၄ႏိုင္ငံက အေထာက္အထားမဲ့ ေရႊေျပာင္း အလုပ္သမားေတြအတြက္ အေထာက္အထား လက္မွတ္ေတြ ျပဳလုပ္ေပးမယ္လို့ ေႀကညာထားတဲ့ ႀသဂုတ္လ ၄ရက္အတြင္း တရားမဝင္ျမန္မာ ၂ဝဝေက်ာ္ဖမ္းမိျပီး လူပဲြစား ၁၂ဦးကို ဖမ္းမိခဲ့ပါတယ္ ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို့ထားပါတယ္။

အေထာက္အထားမဲ့ ျမန္မာ ၂ဝဝ ေက်ာ္နဲ႔ ပဲြစားတခ်ဳိ႕ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ျမန္မာအပါအဝင္ အိမ္နီးခ်င္း ၄ ႏိုင္ငံက အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းႏိုင္ငံက တရားဝင္ အေထာက္အထားေတြ ထုတ္ေပးဖို႔ ေၾကညာထားခ်ိန္မွာပဲ ဒါဇင္နဲ႔ခ်ီတဲ့ အေထာက္အထားမဲ့ ျမန္မာအလုပ္သမားေတြ ဖမ္းဆီးခံရတာေတြလည္း ရွိေနပါတယ္။ ၾသဂုတ္လ ၄ ရက္ေန႔အထိ ဖမ္းဆီးခံရသူ အေထာက္အထားမဲ့ ျမန္မာ ၂ဝဝ ေက်ာ္နဲ႔ လူပဲြစား ၁၂ ဦးထက္ မနည္း ရွိခဲ့ေၾကာင္းလည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ ထိုင္းႏိုင္ငံကေန သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏို္င္ငံအတြင္းမွာ ျမန္မာ အပါအဝင္ အိမ္နီးခ်င္း၄ႏုိင္ငံက တရားမဝင္ ေနထုိင္ေနတဲ့ အလုပ္သမားေတြ အတြက္ အေထာက္အထားျပဳလုပ္ေပးဖို ့စတင္စာရင္းတင္ရတဲ့ ႀသဂုတ္လဆန္းကစျပီး ထုိင္းျမန္မာနယ္စပ္ေတြက ေနလူပဲြစားေတြ ေခၚလာတဲ့ ျမန္မာေတြ အစုလိုက္ အျပံဳလိုက္ ဖမ္းဆိီးခံေနရပါတယ္။ ဒီရက္ပုိင္းမွာပဲ တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ၂ဝဝေက်ာ္ နဲ႔ လူပဲြစား၁၂ဦးကို ဖမ္းမိခဲ့တယ္လို႔ ျမန္မာျပည္သားမ်ား အေရး ပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ႕ ဥကၠဌဦးမုိးႀကိဳးကအခုလိုေျပာပါတယ္ ။

"ပရာက်ြတ္ ခီရီကန္ျပည္နယ္ထဲမွာ တရားမဝင္ ျမန္မာ၁၂၄ေယာက္နဲ့ လူစုေဆာင္းတဲ့ လူပဲြစား၄ဦးနဲ႔အတူ သူတို့ အသံုးျပဳတဲ့ ကား၅စီးကုိဖမ္းမိပါတယ္။ အလားတူ ကမ္ခ်နဘူရီျပည္နယ္ထဲမွာေတာ့ ႀသဂုတ္လ ၂ရက္ေန႔နဲ႔ ၃ရက္ေန႔ေတြမွာပဲ တရားမဝင္ ျမန္မာ၄၅ဦးနဲ႔ လမ္းျပပဲြစား၅ဦး သူတို႔အသံုးျပဳတဲ့ကား ၅စီးနဲ႔ ဖမ္းမိပါတယ္။အလားတူ ႀသဂုတ္လ ၂ရက္ ၃ရက္နဲ႔ ၄ရက္ေတြမွာ ထုိင္းႏိုင္ငံ ေျမာက္ပုိင္း တာ့ခ္ျပည္နယ္ မဲေဆာက္ ၊ မယ္ရမတ္၊ ဖြတ္ဖရ ျမိဳ႔နယ္ထဲမွာ တရားမဝင္ ျမန္မာ၆ဝခန္႔ နဲ႔ လူေမွာင္ခိုပဲြစား ၂ေယာက္ကုိ ဖမ္းမိပါတယ္။ ႀသဂုတ္လဆန္း၂ရက္ေန႔က ၄ရက္အတြင္းမွာ ျမန္မာႏိုင္ငံသား၂၃၁ေယာက္နဲ႔ လူပဲြစား၁၂ေယာက္ကို ဖမ္းမိပါတယ္ "

ထုိင္းႏိုင္ငံမွာ အေထာက္အထားမဲ့ အလုပ္သမားေတြကုိ ပန္းေရာင္ကဒ္ လို႔ ေခၚတဲ့ အေထာက္အထားလက္မွတ္ေတြ လုပ္ေပးဖို႔ ေႀကညာထားတဲ့ ႀသဂုတ္လမွာ ျမန္မာႏိုင္ငံသားေတြ အစုလိုက္ အျပံဳလုိက္ ပုိျပီးဝင္ေရာက္လာႏိုင္တယ္လို႔လည္း ဦးမုိးႀကိဳးက သံုးသပ္ပါတယ္။

"ထိုင္းႏိုင္ငံမွာ ပန္းေရာင္ကဒ္လုိ႔ ေခၚတဲ့ ေနထိုင္အလုပ္အကုိင္ခြင့္ အေထာက္အထားေတြကုိ ျမန္မာအပါအဝင္ ၄ႏိုင္ငံ လုပ္သားေတြကို ႀသဂုတ္လ ၁ရက္ေန့က ႀသဂုတ္လ ၁၅ရက္ေန႔အထိ အသစ္ျပဳလုပ္ေပးမယ္ဆုိတဲ့ သတင္းစကားအရ ျမန္မာႏိုင္ငံအႏွံ႔က လူပဲြစားေတြက အိမ္နီးခ်င္း ထိုင္းႏိုင္ငံထဲကို အေထာက္အထားရယူဖို႔ ေစ့ေဆာ္ တိုက္တြန္းခ်က္ေတြအရ ႀသဂုတ္လအတြင္းမွာ တရားမဝင္ ျမန္မာေတြ ပိုျပီးဝင္ေရာက္လာတာကို ေတြ႔ရပါတယ္"

အခုဆိုရင္ အဖမ္းအဆီးေတြကလည္း ေန႔စဥ္ရွိေနေပမယ့္ အေထာက္အထားမဲ့ ျမန္မာေတြကလည္း ေန႔စဥ္ဝင္ေရာက္ေနပါတယ္ ။

ျမန္မာႏို္င္ငံမွာေတာ့ စီးပြားေရးႀကပ္တည္းမူေတြေႀကာင့္ လူကုန္ကူးမူေတြရွိေနသလို အိမ္နီးနားခ်င္း ႏိုင္ငံျဖစ္တဲ့ ထုိင္းနယ္စပ္ေတြမွာလည္း လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာေတြကုိ ထုိင္းအာဏာပုိင္ေတြက အစုလိုက္အျပံဳလိုက္ ဖမ္းဆီးတာေတြ ရိွေနပါတယ္ ။ ဒါဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းျပီးခ်ိန္ကစလို႔ တႏွစ္ခဲြေက်ာ္အတြင္းမွာ ျမန္မာျပည္တြင္းက ျပည္သူေတြဟာ အလုပ္အကုိင္ရွာေဖြဖို႔ အတြက္သာမက အသက္ရွင္ရပ္တည္ဖို႔အတြက္ ခက္ခဲလာတာေႀကာင့္ ထြက္ေျပးတိမ္းေရွာင္ရင္း လူကုန္ကူးသူေတြရဲ႕ သားေကာင္ေတြျဖစ္လာရတယ္လို႔လည္း အလုပ္သမားေရးလွဳပ္ရွားသူေတြက ေျပာဆုိႀကပါတယ္ ။အခုဆိုရင္၂ဝ၂၂ခုႏွစ္ထဲမွာပဲ နယ္စပ္အသီးသီးကေန ထုိင္းႏို္င္ငံထဲကို တရားမဝင္ ဝင္ေရာက္လာၾကတဲ့ ျမန္မာေတြ ေသာင္းဂဏန္းေလာက္ အဖမ္းအဆီး ခံရေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

အထောက်အထားမဲ့ မြန်မာ ၂ဝဝ ကျော်နဲ့ ပွဲစားတချို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

မြန်မာအပါအဝင် အိမ်နီးချင်း ၄ နိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံက တရားဝင် အထောက်အထားတွေ ထုတ်ပေးဖို့ ကြေညာထားချိန်မှာပဲ ဒါဇင်နဲ့ချီတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ သြဂုတ်လ ၄ ရက်နေ့အထိ ဖမ်းဆီးခံရသူ အထောက်အထားမဲ့ မြန်မာ ၂ဝဝ ကျော်နဲ့ လူပွဲစား ၁၂ ဦးထက် မနည်း ရှိခဲ့ကြောင်းလည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ အပါအဝင် အိမ်နီးချင်း၄နိုင်ငံက တရားမဝင် နေထိုင်နေတဲ့ အလုပ်သမားတွေ အတွက် အထောက်အထားပြုလုပ်ပေးဖို့စတင်စာရင်းတင်ရတဲ့ သြဂုတ်လဆန်းကစပြီး ထိုင်းမြန်မာနယ်စပ်တွေက နေလူပွဲစားတွေ ခေါ်လာတဲ့ မြန်မာတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရပါတယ်။ ဒီရက်ပိုင်းမှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ၂ဝဝကျော် နဲ့ လူပွဲစား၁၂ဦးကို ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဌဦးမိုးကြိုးကအခုလိုပြောပါတယ် ။

"ပရာကျွတ် ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင် မြန်မာ၁၂၄ယောက်နဲ့ လူစုဆောင်းတဲ့ လူပွဲစား၄ဦးနဲ့အတူ သူတို့ အသုံးပြုတဲ့ ကား၅စီးကိုဖမ်းမိပါတယ်။ အလားတူ ကမ်ချနဘူရီပြည်နယ်ထဲမှာတော့ သြဂုတ်လ ၂ရက်နေ့နဲ့ ၃ရက်နေ့တွေမှာပဲ တရားမဝင် မြန်မာ၄၅ဦးနဲ့ လမ်းပြပွဲစား၅ဦး သူတို့အသုံးပြုတဲ့ကား ၅စီးနဲ့ ဖမ်းမိပါတယ်။အလားတူ သြဂုတ်လ ၂ရက် ၃ရက်နဲ့ ၄ရက်တွေမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ပြည်နယ် မဲဆောက် ၊ မယ်ရမတ်၊ ဖွတ်ဖရ မြို့နယ်ထဲမှာ တရားမဝင် မြန်မာ၆ဝခန့် နဲ့ လူမှောင်ခိုပွဲစား ၂ယောက်ကို ဖမ်းမိပါတယ်။ သြဂုတ်လဆန်း၂ရက်နေ့က ၄ရက်အတွင်းမှာ မြန်မာနိုင်ငံသား၂၃၁ယောက်နဲ့ လူပွဲစား၁၂ယောက်ကို ဖမ်းမိပါတယ် "

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ အလုပ်သမားတွေကို ပန်းရောင်ကဒ် လို့ ခေါ်တဲ့ အထောက်အထားလက်မှတ်တွေ လုပ်ပေးဖို့ ကြေညာထားတဲ့ သြဂုတ်လမှာ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ပိုပြီးဝင်ရောက်လာနိုင်တယ်လို့လည်း ဦးမိုးကြိုးက သုံးသပ်ပါတယ်။

"ထိုင်းနိုင်ငံမှာ ပန်းရောင်ကဒ်လို့ ခေါ်တဲ့ နေထိုင်အလုပ်အကိုင်ခွင့် အထောက်အထားတွေကို မြန်မာအပါအဝင် ၄နိုင်ငံ လုပ်သားတွေကို သြဂုတ်လ ၁ရက်နေ့က သြဂုတ်လ ၁၅ရက်နေ့အထိ အသစ်ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းစကားအရ မြန်မာနိုင်ငံအနှံ့က လူပွဲစားတွေက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို အထောက်အထားရယူဖို့ စေ့ဆော် တိုက်တွန်းချက်တွေအရ သြဂုတ်လအတွင်းမှာ တရားမဝင် မြန်မာတွေ ပိုပြီးဝင်ရောက်လာတာကို တွေ့ရပါတယ်"

အခုဆိုရင် အဖမ်းအဆီးတွေကလည်း နေ့စဉ်ရှိနေပေမယ့် အထောက်အထားမဲ့ မြန်မာတွေကလည်း နေ့စဉ်ဝင်ရောက်နေပါတယ် ။

မြန်မာနိုင်ငံမှာတော့ စီးပွားရေးကြပ်တည်းမူတွေကြောင့် လူကုန်ကူးမူတွေရှိနေသလို အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနယ်စပ်တွေမှာလည်း လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ ရှိနေပါတယ် ။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တနှစ်ခွဲကျော်အတွင်းမှာ မြန်မာပြည်တွင်းက ပြည်သူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့ အတွက်သာမက အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း လူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်လာရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောဆိုကြပါတယ် ။အခုဆိုရင်၂ဝ၂၂ခုနှစ်ထဲမှာပဲ နယ်စပ်အသီးသီးကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာတွေ သောင်းဂဏန်းလောက် အဖမ်းအဆီး ခံရနေရပါတယ်။

XS
SM
MD
LG